Background
ကျွန်တော်တို့မြန်မာနိုင်ငံမှာ တစ်ဦးနဲ့တစ်ဦး သာရေး၊ နာရေး၊ လူမှုရေးကိစ္စ အကျိုးအကြောင်းစုံလင်ကို စာနဲ့ ရေးသားဆက်သွယ်တဲ့အခါ စက္ကူ စာအိတ်နဲ့ထည့်ပြီး ဆက်သွယ်ကြတဲ့ ဓလေ့က နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ အဲဒီမှာ စက္ကူကို စနစ်တကျအိတ်ချိုးပြီး စာအိတ်လုပ်ရောင်းတဲ့ သာမန် လုပ်ငန်း တစ်ခုအနေနဲ့သိခဲ့ကြပါတယ်။ ဒါပေမဲ့ ထူးခြားတာက ဂျပန်နိုင်ငံမှာ အထက်မှာ ဖော်ပြခဲ့တဲ့ အချင်းချင်းဆက်သွယ် စက္ကူ စာအိတ်လေးများအပြင် မင်္ဂလာ လက်ဖွဲ့ လှူရေး၊ တန်းရေး၊ နှစ်သစ်ကူးမင်္ဂလာစတဲ့ အလှူမင်္ဂလာ ထောက်ပံ့ တဲ့ ငွေထည့်စာအိတ်၊ ဆေးရုံတွင် တက် ရောက်နေတဲ့ လူနာများအတွက် ထောက်ပံ့ငွေထည့်စာအိတ်၊ နာရေး ကိစ္စများအတွက် ထောက်ပံ့ငွေ ထည့်စာအိတ်၊ ကုမ္ပဏီဝန်ထမ်းများ၊ အစိုးရ ဝန်ထမ်းများ ရာထူးတိုးမြှင့်တဲ့ အခါ ထောက်ပံ့ငွေထည့် စာအိတ်ဆိုပြီး အမျိုးမျိုးမတူညီ ကွဲပြားတဲ့ စာအိတ် အမှတ်အသားပုံဖော်ထားတဲ့ သင်္ကေတများ ခွဲခြားထားကြ ပါတယ်။ ၎င်းင်းစာ အိတ်ပေါ်မှာ ပုံဖော်ထားတဲ့သင်္ကေတ အမှတ်အသား၊ အနုပညာလုပ်ငန်းဟာ သူတို့နိုင်ငံမှာ တွင်ကျယ်စွာ လုပ်ကိုင်နေ ကြပါတယ်။ ဂျပန်နိုင်ငံမှာ စက္ကူကြိုးမျှင် ပန်းချိုး ပုံဖော်ထားတဲ့ စက္ကူစာအိတ်ချိုး လုပ်ငန်းက ဝယ်လိုအားကောင်းပြီး၊ အောင်မြင်လာတဲ့အတွက် တိုးချဲ့လုပ်ကိုင်ရန် နေရာအခက်အခဲနဲ့ လုပ်သား အင်အား အခက်အခဲရှိလာခဲ့ပါတယ်။ ဒါကြောင့်လည်း မြေနေရာနဲ့ လုပ်သား စရိတ်သက်သာတဲ့ မြန်မာနိုင်ငံက လုပ်ငန်းရှင်တစ်ဦးမှ အဲဒီအတတ် ပညာကို ဂျပန်တွင်သင်ယူခဲ့ပြီး၊ မန္တလေးတိုင်း ဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုန်မှာ "နေ" လက်မှုပညာ ကုမ္ပဏီ လီမိတက် တည်ထောင်ပြီး လုပ်သား အင်အား ၇၀ ကျော်နဲ့ ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်မှာ လုပ်ငန်း စတင်ခဲ့တာအောင်မြင်မှုအတိုင်းအတာ တစ်ခု ရရှိနေပါပြီ။ ''ကျွန်တော်တို့ကုမ္ပဏီဟာ ဂျပန် နိုင်ငံနဲ့ဆက်သွယ်ဆောင်ရွက်ပြီး၊ ကုန်ကြမ်းဖြစ်တဲ့ စက္ကူကြိုးမျှင် (ရောင်စုံ) များနဲ့စာအိတ်စက္ကူများကို ဂျပန်ကတင် သွင်းပါတယ်။ကျွန်တော်တို့က ရောင်စုံ ကြိုးမျှင်လေးများကို ပန်းချိုးပုံဖော်ပြီး၊ စက္ကူစာအိတ်ပေါ်မှာ တပ်ဆင်ပေးရပါတယ်။ စာအိတ်ပေါ်မှာ သတ်မှတ်ထား တဲ့ ပန်းချိုးပုံဖော် သင်္ကေတများကို ကွက်တိဝင်အောင်ပုံဖော်ပြီး၊ CMP လုပ်ခစားစနစ်ဖြင့်ပြုလုပ်ပြီးနောက် ဂျပန်နိုင်ငံသို့ ပင်လယ် ရေကြောင်းမှ တင်ပို့ ပေးပါတယ်။ သူတို့နိုင်ငံရဲ့ ယဉ်ကျေးမှုတစ်ရပ်ဖြစ်တဲ့ စက္ကူကြိုးမျှင် ရောင်စုံများကို အလှဆင်ထား တဲ့ သတ်မှတ် စာအိတ်ထဲကို ငွေကြေး ထောက်ပံ့မှုနဲ့ပတ်သက်လို့၊ မင်္ဂလာ လက်ဖွဲ့ငွေ၊ ဆေးရုံတက်နေတဲ့ လူနာရှင် ထောက်ပံ့ငွေ၊ နာရေးအတွက် ကူညီထောက်ပံ့ငွေ၊ ဝန်ထမ်းများ ရာထူး တိုးမြှင့်တဲ့အခါ ချီးမြှင့်ထောက် ပံ့ငွေ စသည်များကို ပေးတဲ့နေရာမှာ စက္ကူ အိတ်ပေါ်မှာ သတ်မှတ်ထားတဲ့ သင်္ကေတ ပုံလေးတွေပါတဲ့ စာအိတ်ထဲ သို့ထည့်ပြီး ပေးကြတဲ့ဓလေ့ ရှိကြပါတယ်။ အဲဒီပုံဖော်ထားတဲ့ စာအိတ် လုပ်ငန်းကို ကျွန်တော်တို့ သင်ယူခဲ့ပြီး၊ မြေနေရာနဲ့ လုပ်သား စရိတ်သက်သာ တဲ့ မန္တလေးကိုရွေး ချယ်ပြီးဆောင်ရွက် ခဲ့တာကြောင့် ဒေသတွင်း လုပ်သား များအတွက် အလုပ်အကိုင်အခွင့် အလမ်းများ ပိုမို ရရှိခြင်းနဲ့ လက်မှုပညာ အသစ်တစ်ရပ်လည်း တတ်မြောက် လာကြပါတယ်။ ဒီနေ့အထိ ဂျပန်ကို ပင်လယ်ရေကြောင်းမှ သင်္ဘောဖြင့်ပို့ တာ ၂ ခေါက်ရှိပါပြီ။ တစ်ခေါက်ကို ၆ တန်ဆန့် ကွန်တိန်နာ တစ်စီးအတွင်း စက္ကူကြိုးမျှင် ပန်းချိုးပုံဖော် စာအိတ် များကို ဂျပ်ဖာများနဲ့ စနစ်တကျစီ ထပ်တင်ပို့ကြပါတယ်။ စာအိတ်တစ် အိတ်ကို ပုံဖော်ပေးတဲ့ လက်ခကတော့ ပျမ်းမျှတစ်ခုကို သုည ဒသမ ၀၀၂၉၅ ဒေါ်လာရရှိပါတယ်" လို့ တစ်ဖက် တစ် လမ်းက နိုင်ငံခြားငွေ ရရှိအောင် ရှာ ဖွေပေးနေတဲ့ "နေ" လက်မှု ပညာ ကုမ္ပဏီ လီမိတက် အုပ်ချုပ်မှု ဒါရိုက် တာ ဦးနိုင်ဝင်းအောင်ရဲ့ ပြောကြားချက် များကို ဖော်ပြလိုက်ရပါတယ်။ ကျော်ဦး
ရက်ကန်းထည်ဈေးကွက်တွင် ကိုယ်တိုင်ထိုးဖောက်မှုထက် လက်ဝေခံထုတ်လုပ်မှုများ ရွှေဘိုမြို့၊ ဆိပ်ခွန်ရွာဟာ ရက်ကန်းလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြု လုပ်ကိုင်လျက်ရှိရာ ယခင်က လက်ရက်ကန်းဖြင့် လုပ်ကိုင်ခဲ့ရာမှ ခေတ်ကာလ ရွေ့လျားလာတာနဲ့အမျှ စက်ရက်ကန်း များ အစားထိုးလုပ်ကိုင်လာပါတယ်။ ဆိပ်ခွန်ရွာမှာ စက်ရက်ကန်းစင် ၈၀၀ ကျော်ဖြင့် လွန်ခဲ့တဲ့ ၁၀ နှစ်ကလုပ်ကိုင် ခဲ့ပြီး ယခုအခါ ဈေးကွက်အတွင်း ကိုယ်တိုင်ထိုးဖောက်မှုထက် လက်ဝေခံထုတ် လုပ်မှုများကြောင့် စင် ၃၀၀ ခန့် လျော့ ကျလာကြောင်း သိရပါတယ်။ ဆိပ်ခွန်ရွာမှ ရက်ကန်းပိုင်ရှင် ဦးဝင်း မော်ဦးက ''လက်ရက်ကန်းကနေ စက် ရက်ကန်း အစားထိုးလိုက်တော့ အရင် ကထက် အထည်များများ ထွက်တယ်။ ဈေးကွက်မှာက အရင်ကထက် ပိုပြီး မသုံးစွဲဘူး။ ပြည်ပကဝင်တဲ့အထည်က ပြည်တွင်းဖြစ်ကို ထိုးဖောက်နိုင်တယ်။ အသေးစားနဲ့အလတ်စား ရက်ကန်းစင် တွေအနေနဲ့ နာမည်ဖောက်ဖို့ကမလွယ် တော့ နာမည်ပေါက်ပြီးသားသူနဲ့ သွားကပ်ရတာ။ နာမည်ပေါက်တဲ့သူတွေက ရက်ကန်းလုပ်ငန်းကို ကိုယ်တိုင်လုပ်ချင် မှလုပ်မယ်။ ရက်ကန်းစင်ရှိတဲ့ နေရာ တွေမှာလိုက်ဝယ်ပြီး ပြန်ရောင်းတော့ ရက်လုပ်သူအတွက်က တစ်ထည်မှ ၂၈၀ ကျပ်၊ ၃၀၀ ကျပ်ပဲ ကျန်တယ်။ အထည်ဖြစ်ဖို့အတွက်က ကုန်ကြမ်းကို ကြိုဝယ်ထားရတာ။ အရင်းအနှီးကများ ပြီး အမြတ်ကနည်းတော့ စင်တွေလျော့ လာတယ်။ ကျွန်တော့်ရက်ကန်းရုံမှာ တောင် လွန်ခဲ့တဲ့ ၄ လက စင် ၁၀၀ လောက် လုပ်ရတာ။ ခု ၇၃ စင်နဲ့ပဲ အလုပ် လုပ်ရတယ်။ ရွှေဘိုမှာလည်း အရင်က ရက်ကန်းစင်တွေရှိတယ်။ အခုတစ်စင်မှ မလုပ်တော့ဘူး။ တဖြည်းဖြည်းနဲ့ မြန်မာ့ရက်ကန်းက အောက် ရောက်သွားပြီ။ ပျောက်ကွယ်သွားမှာ တောင်စိုးရတယ်''လို့ ပြောပါတယ်။ ဆိပ်ခွန်ရွာမှ ၁/၂၁ ချည်နဲ့ ရက်လုပ်တဲ့ ကြမ်းချော ချည်လုံချည်ကို အဓိကထား ထုတ်လုပ်လျက်ရှိပါတယ်။ ရက်ကန်းစင်တစ်စင်လျှင် တစ်နာရီကို ၁ ကွင်းထွက်ရှိရာ မီးမှန်ပါက ၁၀ ကွင်း ထုတ်လုပ်နိုင်ကြောင်း၊စင် ၅၀၀အတွက် တစ်ရက်လျှင် အထည် ၄၀၀၀ နီးပါး ဆိပ်ခွန်ရွာမှ ထွက်ရှိပါတယ်။ အထည် ရက်လုပ်ရာမှာ ပြည်တွင်းချည်ကို အဓိကထား အသုံးပြုကြောင်း၊ ယခု အခါ လျှပ်စစ်မီး ပုံမှန်ရနေလို့ အထည် များများထုတ်လုပ်နိုင်ပေမဲ့ ကုန်ကြမ်း ဈေး လျှော့ပေးနိုင်ပါက ဈေးကွက် ကောင်းလာနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ ဇူးဇူး
ဝက်ကော်ကျေးရွာမှ မြန်မာ့ရိုးရာ ဝါးဦးထုပ်လေးများ ဝါးဦးထုပ်/ဝါးခမောက်ဆိုတာ တောင်သူ လယ်သမားတွေအတွက် မရှိမဖြစ်အသုံးအဆောင် များထဲက တစ်ခုပါ။ မြို့ပြမှာလည်း လူလတ်တန်း စားများနဲ့ လက်လုပ်လက်စားအများစုက ယနေ့ အထိ သုံးစွဲနေဆဲပါ။ ခေတ်မမီပေမယ့် လည်း မြန်မာ့ရာသီဥတု နဲ့ကိုက်ညီပြီး ဈေးနှုန်းချိုသာတာ ကြောင့် ယနေ့အထိ ဈေးကွက်ရှိနေသေးတဲ့ မြန်မာ့ရိုးရာလက်မှုပစ္စည်းလေးတွေပါ။ ဝါးဦးထုပ်/ဝါးခ မောက်ထုတ်လုပ်တဲ့ လုပ်ငန်းကလည်း ကျေးလက်နေ ပြည်သူတွေအတွက် လယ်ယာလုပ်ငန်းခွင် အားလပ်ချိန်မှာ အပိုဝင်ငွေရစေတဲ့ လုပ်ငန်းလည်း ဖြစ်ပါတယ်။ မြန်မာ့ရိုးရာဝါးဦးထုပ်/ဝါးခမောက် ထုတ်လုပ်တဲ့လုပ်ငန်းကို လေ့လာဖို့အတွက် ဇီးကုန်း မြို့နယ်၊ ဝက်ကော်ကျေးရွာ၊ ပြည်-ရန်ကုန် ကား လမ်းဘေးရှိ ဝေဠုဝါးခမောက် ကုန်ထုတ်သမဝါ ယမအသင်းလီမိတက်သို့ သွားရောက်ခဲ့ပါတယ်။ အသင်းဥက္ကဌ ဦးမင်းဒင်နဲ့တွေ့ဆုံပြီး ဝါးဦးထုပ်/ ဝါးခမောက် ထုတ်လုပ်နေမှု အခြေအနေများ၊ လုပ်ငန်းသဘာဝများအကြောင်း လေ့လာမေးမြန်း ခဲ့ပါတယ်။ ဝါးဦးထုပ်/ဝါးခမောက် လေးတစ်လုံးဖြစ်ဖို့ ဝါးပိုးဝါးကရတဲ့ ဝါးပလပ်၊ ကြသောင်းဝါး၊ ချည်နဲ့ ဖယောင်းတို့ကို လက်မှုအတတ်ပညာနဲ့ ပေါင်းစပ် အကောင်အထည်ဖေါ်မှရတာပါလို့ ဝက်ကော်ရွာ၊ ဝေဠု ဝါးခမောက် ကုန်ထုတ်သမဝါယမအသင်း လီမိတက်ဥက္ကဋ္ဌ ဦးမင်းဒင်က ရှင်းပြခဲ့ပါတယ်။ ''အဓိက ကုန်ကြမ်းဖြစ်တဲ့ ဝါးပိုးဝါးပလပ်က မိုးညို၊ ကြံခင်း၊ မြန်အောင်မြို့နယ်တွေကို မှာဝယ် ရပါတယ်။ ဝါးပလပ်အရွက်ငါးရာပါ တစ်ထုပ်ကို ကျပ် ၆ဝဝဝ ဝန်းကျင်ပေးရတယ်'' ဝါးပလပ်ဆိုတာ ဝါးပပ်ကို ပြောတာလား။ဝါးပလပ်ကိုဘယ်အချိန်မှာ ဝယ်ရသလဲ။ ဟုတ်ပါတယ်၊ ဝါးပလပ်ဆိုတာ ဝါးဆစ် တစ်ခုနဲ့ တစ်ခုကြားက ဝါးရဲ့အပြင်ခွံ ဝါးပပ်ပါ။ ဝါးပိုးဝါးရဲ့အလယ်ပိုင်းကရတဲ့ ဝါးပလပ်က အသား မာပြီး ပြောင်နေတဲ့အတွက် ဝါးဦးထုပ်/ဝါးခ မောက်လုပ်ဖို့ အကောင်းဆုံးပါ၊ ဝါးပလပ်ပေါ် ချိန်က အောက်တိုဘာလကနေ ဇွန်လအထိပါ။ သူ့ရာသီချိန်မှာ ကိုယ်ထုတ်လုပ်မယ့် ပစ္စည်းအရေ အတွက်နဲ့ ငွေအင်အားပေါ်မူတည်ပြီး တစ်နှစ်စာ ကြိုဝယ်ရတာပါ။ ဒုတိယကုန်ကြမ်းဖြစ်တဲ့ ကြသောင်းဝါးကိုရော ဘယ်ကနေဝယ်ပါသလဲ ကြသောင်းဝါးကတော့ ပဲခူးရိုးမက ဝါးကိုပဲ သုံးပါတယ်။ ဝါးလှည်းတွေမှာ ဝါးတစ်လုံးတန်ဖိုး ဈေးဖြတ်ပြီး လှည်းတစ်စီးအရှိ (အပြတ်) ဝယ်ရ တာပါ။ ဝါးတစ်လုံးကျပ် ၅ဝဝ နှုန်းလောက်တော့ ကျပါတယ်။ ဝါး ကိုရော တစ်နှစ်စာ ကြိုဝယ်ရတာပါလား။ ကြိုဝယ်ရတာပါပဲ၊ ဒါပေမယ့် ဒီအတိုင်းသိမ်း လို့မရပါဘူး၊ ဝါးဂွေရအောင်ပြုပင်ပြီးမှ သိမ်းလို့ရ ပါတယ်။ ဝါးကို လိုအပ်တဲ့အနေအထားရအောင် စိတ်ပြီး ဂွင်းကွင်းရတယ်။ ဝါးကွင်းတွေကို ဝါးအနု၊ အရင့်လိုက်ပြီး ရေစိမ်ရတယ်။ ရေစိမ်ပြီး ရင် ခြောက် အောင်လှန်းရပါတယ်။ ခြောက်မှ တစ်နှစ်စာသိမ်း ထားပါတယ်။ တတိယကုန်ကြမ်းဖြစ်တဲ့ ချည်ကို ဘယ်လိုချည်မျိုးသုံးရပါသလဲ။ ဘိလပ်ချည်ကို အဖူးအရွက်တွဲတဲ့နေရာနဲ့ အရွက်အနားကွပ်တဲ့နေရာမှာသုံးပါတယ်။ ဘိလပ် ချည်ဆိုတာဟာ ဘိလပ်မြေအိတ်တွေ ချုပ်တဲ့ ချည်တွေပါ။ စက်ရုံလေလံသမားတွေ လာရောင်း ပါတယ်။ တစ်ပိဿာကို ကျပ် ၄ဝဝဝ လောက် ပေးရပါတယ်။ အဖူးခုျပ်ချည်က သုံးပင်ချည်ဖြစ်ပြီး ရန်ကုန်က ဝယ်ပါတယ်။ တစ်ပိဿာကို ကျပ် ၇ဝဝဝ လောက်ပေးရပါတယ်။ နောက်ဆုံးကုန် ကြမ်းက ဖယောင်းဖြစ်ပြီး ချည်စာတိုက်ရာမှာ သုံးပါတယ်။ အရင်က ပျားဖယောင်းသုံးပြီး အခု တော့ ထင်းရှူးဆီ၊ ဖယောင်းတုံးတို့နဲ့ ကိုယ်တိုင် ဖယောင်းချက်သုံးပါတယ်။ ဇာက တချို့ဦးထုပ် တွေရဲ့ အဖူးအတွင်းဖက်မှာ ထည့်တာပါ။ ဇာထည့် ရင် ဦးထုပ်အနားကို ပလတ်စတစ်နဲ့ ကွပ်ပေးရ ပါတယ်။(ဆက်လက်ဖော်ပြပါမည်)။
မင်းကွန်းမှ ပန်းချီရွှေရေး ငွေရေး အထည်များကို ရန်ကုန်နှင့ ် မန္တလေးဈေးကွက်သို့ ကျယ်ပြန့်စွာထိုးဖောက်လျက်ရှိ မင်းကွန်း ပန်ချီလုပ်ငန်းအချို့မှ မာစရိုက် ချည်ထည်များ၊ ယိုးဒယား အထည်စများတွင် ပန်းချီဆွဲ၍ ရွှေရေး၊ ငွေရေးဆွဲခြင်းများကို ယခုရက်ပိုင်း၌ ရန်ကုန်နှင့် မန္တလေးဈေးကွက်များမှ မှာ ယူမှုများလျက်ရှိကြောင်း သိရပါတယ်။ ပန်းဆယ်မျိုး ပန်းချီပြခန်းမှ ကိုစူး က''သီတင်းကျွတ်ပြီးလျှင်မင်္ဂလာဆောင် ရာသီတွေလာမှာဖြစ်တဲ့အတွက်အထည် မရမှာစိုးလို့အခုကတည်းက လာအပ်ကြတယ်။ ကထိန်ရာသီအတွက် မန္တလေး မှာပဲ အကြီးဆုံးဖောက်သည် သုံးဦးရှိ တယ်။မန္တလေးဈေးချိုကအထည်ရောင်း သူတွေလည်းမှာကြတယ်။ ရန်ကုန်ဘက် ကလည်းမှာယူမှုရှိတယ်။ သင်တန်းသား အချို့ဆို ရန်ကုန်မှာ အထည်ပန်းချီသွား ဆွဲကြတယ်။ ဒီအလုပ်က တော်တော် လေး တွင်ကျယ်လာတယ်။ လက်နဲ့ဆွဲရ တော့ လက်ဝင်တဲ့အတွက် အထည်များများမထွက်နိုင်ဘူးပေါ့''ဟုပြောပါတယ်။ အထည်ပန်းချီ ဆေးရေးများကို တရုတ်ပန်းချီများ အခြေခံ၍ ပန်းချီ ဒီဇိုင်းများ ပြုလုပ်လာတာ တွေ့ရပါတယ်။ ယခင်က ပန်းဒီဇိုင်းများနေရာ တွင် ခေတ်စားလာတဲ့ ကာတွန်းရုပ်ပုံများ၊ ပန်းချီရုပ်များကို စိတ်ကူးရသလို ဒီဇိုင်းပြောင်းဆွဲ၍ ရွှေမှုန်၊ ငွေမှုန်များ ဖြင့်ကပ်သည့် ဒီဇိုင်းများပြုလုပ်မှု များလာပါတယ်။ အရောင်စပ်တဲ့ အခါမှာ လည်း ယခင်လို ဝမ်းဆက်အရောင်တူ အစား ဆန့်ကျင်ဘက် အရောင်များ၊ လုံချည်မှာထိုးထားတဲ့ ဒီဇိုင်းအရောင် များအတိုင်း အင်္ကျီအရောင်ခံထည် အဖြစ် အရောင်စပ်ပြီး ပြုလုပ်လာခဲ့ပါ တယ်။ ဒီဇိုင်းအသစ်အဆန်းများ ဝတ်ဆင်မှုများလာ၍ ပန်းချီလုပ်ငန်းအချို့ ရန်ကုန်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။ ''ကျွန်တော့်ဆီမှာ အရင်က သင် တန်းသားတွေဆို ရန်ကုန်ကိုသွားလုပ် ကြတာ အယောက် ၅ဝ လောက်ရှိ တယ်။ ဒီလုပ်ငန်း တွင်ကျယ်လာတော့ နွေရာသီကျောင်းပိတ်ရက်ဆို သင်တန်း လာတက်တဲ့ကလေးတွေများလာတယ်။ အထည်လက်ရေးပန်းချီက ဝါးပေတံ ပေါ်မှာ ပန်းချီဆွဲရာကနေ စခဲ့တာတဲ့။ ဒီနှစ်ထဲမှာ ကျွန်တော့်ဆီ သင်တန်းလာ တက်တဲ့ကလေး ၁၅ဦးရှိတယ်။ ကျောင်း ပိတ်တဲ့အချိန် လက်မှုပညာသင်ထားတဲ့ အတွက် သူတို့အတွက်လည်း အလုပ် လည်းရ၊ ပညာလည်းရတယ်။ မင်းကွန်း မှာ ဒီပညာသင်ထားမယ်ဆို အလုပ် လည်း မရှားတော့ဘူး။ အထည်ပန်းချီ ခေတ်စားလာတဲ့အတွက် ကလေးက အစ တစ်ရက်ကို ကျပ် ၃ဝဝဝ၊ ၄ဝဝဝ လောက်ဝင်တယ်''ဟု ကိုစူးက ဆက် လက်ပြောပါတယ်။ အထည်ဆေးရေး ပန်းချီဝမ်းဆက် တစ်ထည်ကို လက်ရာ အစိပ်အကဲျနဲ့ ပါဝင်အသုံးပြုရတဲ့ပစ္စည်းပေါ် မူတည် ပြီး လက်ခ ကျပ် ၄၅ဝဝ နဲ့ ၁၅ဝဝဝ ကြားဖြင့် ပန်းချီဆွဲပေးရကြောင်း သိရပါတယ်။ ဇူးဇူး
ပန်းတမော့ဟုခေါ်သော ကျောက်ဆစ်လုပ်ငန်းကို မန္တလေးတိုင်း၊ မန္တလေးမြို့၊ ဘုရားကြီးကျောက်ဆစ်တန်း၊ကျွန်းလုံးဥသျှောင်ရပ်ကွက်မှာ အများဆုံးပြုလုပ်ပါတယ်။
ငါးပေါက်ဆံဟာ ကချင်ပြည်နယ်ရဲ့ နာမည်ကျော် စားသုံးကုန်တစ်ခုဖြစ်ပါတယ်။ ငါးပေါက်ဆံ၊ ငါးပေါက်ယိုဆိုလျှင်လည်း မိုးညှင်းမြို့ တစ်မြို့တည်းတွင်သာ ရောင်းချတဲ့ စားကုန်တစ်ခုဖြစ်ပါတယ်။