Main menu

Background

ကုန်သွယ်ရေးသတင်း

တစ်ပတ်အတွင်း နို့ဆီ၊ နို့မှုန့်နှင့် ဆေးဝါးပစ္စည်းများ တင်သွင်းမှုအခြေအနေ

Mon, 06/05/2023 - 12:03 -- journal_editor

မေ ၂၀ ရက်မှ ၂၆ ရက်ထိ ကာလအတွင်း  ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၆၄၃ သန်း တန်ဖိုးရှိ နို့ဆီတန်ချိန် ၅၀ဝ ခန့်  တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် စင်ကာပူနိုင်ငံမှ တန်ချိန် ၃၀ဝ ကျော်၊ မလေးရှားနိုင်ငံမှ တန်ချိန် ၁၅၀ ခန့်  တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းမှ နို့ဆီတန်ချိန် ၁၀ ကျော် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရ သည်။

မေလ တတိယပတ်အတွင်း ဓာတ်မြေသြဇာနှင့် ဘိလပ်မြေ တင်သွင်းမှုအခြေအနေ

Mon, 06/05/2023 - 12:01 -- journal_editor

မေ ၂၀ ရက်မှ ၂၆ ရက်ထိ  ကာလအတွင်း ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ  ၆ ဒသမ ၃၇၄ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ တန်ချိန် ၁၇၀ဝ၀ ခန့် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ်နိုင်ငံမှ တန်ချိန် ၁၂၀ဝ၀ ကျော်၊  ထိုင်းနိုင်ငံမှ တန်ချိန် ၁၀ဝ၀ ကျော်၊ အာရပ်စော်ဘွားများပြည်ထောင်စုမှ  တန်ချိန် ၁၀ဝ၀ ခန့်၊ ဗီယက်နမ်နိုင်ငံမှ တန်ချိန် ၁၅၀ဝ ကျော်၊ ထိုင်ဝမ်မှ တန်ချိန် ၅၀ဝ ကျော်တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ် ပါက ပင်လယ်ရေကြောင်းမှ ဓာတ်မြေသြဇာတန်ချိန် ၁၀ဝ၀ဝ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။

ယခုတစ်ပတ် ပြောင်းနှင့် ရော်ဘာ တင်ပို့မှု အခြေအနေ

Mon, 06/05/2023 - 11:55 -- journal_editor

မေ ၂၀ ရက်မှ၂၆ ရက်ထိကာလ အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ် မှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၉၆၉ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၁၂၇၀ဝ ကျော်တင်ပို့ကြောင်းသိရသည်။တင်ပို့မှု အနေဖြင့်ထိုင်းနိုင်ငံသို့ ပြောင်း ၁၁၃၂၅ တန်နှင့် ဖိလစ်ပိုင်နိုင်ငံသို့ ပြောင်း ၁၃၈၄ တန် တင်ပို့သည်။

ဧပြီလအတွင်း ရော်ဘာနှင့်ပြောင်းတင်ပို့မှုအခြေအနေ

Tue, 05/23/2023 - 12:44 -- journal_editor

ရော်ဘာ
၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှ ၃၀ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ဝ၁၉ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၉၆၄၀ ကျော် တင်ပို့ခဲ့သည်။ တင်ပို့မှုများ အနေဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၇၉၆၀ ကျော်၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာတန်ချိန် ၇၀ဝကျော်၊ အင်ဒိုနီးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၅၀ဝ ခန့်၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၂၀ဝ ခန့်၊ ဂျပန်နိုင်ငံသို့ ရော်ဘာ တန်ချိန် ၁၂၀ ခန့်နှင့် ကိုရီးယားနိုင်ငံသို့ ရော်ဘာတန်ချိန် ၁၀ဝ ကျော် တင်ပို့ခဲ့သည်။

ဆန် ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ သုံးသပ်တင်ပြခြင်း

Thu, 03/16/2023 - 14:25 -- journal_editor

ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၃ ခုနှစ် မတ် ၆ ရက်တွင် Thai Rice Exporter Association Website ၌ ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၇၂ ဒေါ်လာဖြင့် လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၄၂ ဒေါ်လာဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိ ရသည်။ ထိုင်းဆန်ဈေးနှုန်း များမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၈၁ ဒေါ်လာဖြင့် လည်း ကောင်း၊ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၆၇ ဒေါ်လာဖြင့် လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၆၀

ဖေဖော်ဝါရီလအတွင်း နို့ဆီ၊ နို့မှုန့်နှင့် ဆေးဝါးပစ္စည်းများ တင်သွင်းမှုအခြေအနေ

Thu, 03/16/2023 - 12:13 -- journal_editor

ဖေဖော်ဝါရီ ၁ ရက်မှ ၂၈ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ  ၁ ဒသမ ၃၉၂ သန်းတန်ဖိုးရှိ နို့ဆီ တန်ချိန် ၁၀ဝ၀ခန့် တင်သွင်း ခဲ့သည်။ တင်သွင်းမှုများအနေဖြင့် မလေးရှားနိုင်ငံမှ တန်ချိန် ၂၀ဝ ခန့်၊ စင်ကာပူနိုင်ငံမှ တန်ချိန် ၇၀ဝ ‌ကျော်နှင့် ထိုင်းနိုင်ငံမှ တန်ချိန် ၅၀ ကျော် တင်သွင်း ခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက နို့ဆီတန်ချိန် ၄၅၀ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။ 

ယခုတစ်ပတ်အတွင်း နို့ဆီ၊နို့မှုန့် နှင့်ဆေးဝါးပစ္စည်းများ တင်သွင်းမှုအခြေအနေ

Wed, 03/01/2023 - 15:06 -- journal_editor

ဖေဖော်ဝါရီ  ၁၁ ရက်မှ ၁၇ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၂၀၃ သန်း တန်ဖိုးရှိ နို့ဆီ တန်ချိန် ၁၅၀ ကျော်  တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် ထိုင်းနိုင်ငံမှ တန်ချိန် ၁၁၀ ကျော်နှင့် စင်ကာပူနိုင်ငံမှ တန်ချိန် ၄၀ ကျော် တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက နို့ဆီ တန်ချိန် ၂၈၀ ကျော် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရ သည်။  

ယခုတစ်ပတ်အတွင်း ဓာတ်မြေသြဇာနှင့် ဘိလပ်မြေတင်သွင်းမှုအခြေအနေ

Wed, 03/01/2023 - 15:04 -- journal_editor

ဖေဖော်ဝါရီ  ၁၁ ရက်မှ ၁၇ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ  ၅ ဒသမ ၇၂၆ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၁၀ဝ၀ဝ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၇၁၀ဝ ခန့်၊ အာရပ်စော်ဘွား များပြည်ထောင်စုနိုင်ငံမှ တန်ချိန် ၂၅၀ဝ ခန့်နှင့် ဗီယက်နမ် နိုင်ငံမှ တန်ချိန် ၆၀ဝ ခန့်နှင့် ထိုင်းနိုင်ငံမှ တန်ချိန် ၃၀ဝ ကျော် တင်သွင်းခဲ့သည်။  အနီးစပ်ဆုံးကာလနှင့်  နှိုင်းယှဉ်ပါက ဓာတ်မြေသြဇာ တန်ချိန် ၅၀ဝ၀ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။   

ဖေဖော်ဝါရီလလယ် ရော်ဘာနှင့်ပြောင်းတင်ပို့မှုအခြေအနေ

Tue, 02/28/2023 - 15:47 -- journal_editor

ရော်ဘာ
ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၇ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း  ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၈၇၈ သန်း တန်ဖိုးရှိ ရော်ဘာ တန်ချိန်၅၁၀ဝ ကျော် တင်ပို့ခဲ့သည်။
တင်ပို့မှုအနေဖြင့်  တရုတ်နိုင်ငံသို့  ရော်ဘာတန်ချိန် ၃၁၆၀ ကျော်၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၁၅၂၀ ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့  ရော်ဘာတန်ချိန် ၂၀ဝ ခန့်နှင့် ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့သို့လည်း တင်ပို့ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်သို့ ဆန်တန်ချိန် တစ်သိန်းတစ်သောင်းကျော် တင်ပို့ထားပြီး

Tue, 12/13/2022 - 12:05 -- journal_editor

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အစိုးရအချင်းချင်း နားလည်မှုစာချွန်လွှာအရ ကုမ္ပဏီ ၄၈ ခုမှ ဆန်တန်ချိန် နှစ်သိန်းတင်ပို့မည့်အစီအစဉ်တွင် ရန်ကုန်သီလဝါ၊ သာကေတနှင့် ပုသိမ်ဆိပ်ကမ်းတို့မှ ဆန်များကို တင်ပို့လျက်ရှိသည်။

Pages

Subscribe to RSS - ကုန်သွယ်ရေးသတင်း