ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ပဲတင်ပို့မှု တန်ချိန် ၃၉၀ဝ၀ ကျော်ရှိ
ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဖေဖော်ဝါရီလ၁၆ ရက်မှ ၂၃ ရက်အတွင်း မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစင်းငုံ တန်ချိန် ၃၉၃၇၀ ကျော် တင်ပို့ခဲ့သည်။
မတ်ပဲ
မတ်ပဲ တင်ပို့မှုမှာ တန်ဖိုးအမေရိကန်ဒေါ်လာ ၁၁ ဒသမ ၄၉၃ သန်းဖိုး တန်ချိန် ၁၂၀ဝ၀ ခန့်ဖြစ်သည်။ ပင်လယ်ရေကြောင်း ကုန်သွယ်မှုဖြင့် မတ်ပဲကို အိန္ဒိယနိုင်ငံသို့ တန်ချိန် ၁၀၆၀ဝ၊ စင်ကာပူနိုင်ငံသို့ တန်ချိန် ၆၈၀ ကျော်၊ မလေးရှားနိုင်ငံသို့ တန်ချိန် ၃၃၀ တင်ပို့ခဲ့ပြီး ထိုင်းနိုင်ငံ၊ အင်ဒို နီးရှားနိုင်ငံနှင့် ယူအေအီးနိုင်ငံများသို့ပါ တင်ပို့ခဲ့သည်။
ပဲတီစိမ်း