မတ်လအတွင်း ရော်ဘာနှင့် ပြောင်း တင်ပို့မှု အခြေအနေ
ရော်ဘာ
မတ်လ ၁ ရက်မှ ၂၂ ရက်ထိ ကာလအတွင်း ပုံမှန်ကုန် သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၆၇၂ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၂၄၆၀ဝ ကျော်တင်ပို့ခဲ့သည်။ တင်ပို့မှုများအနေဖြင့် တရုတ်နိုင်ငံသို့ တန်ချိန်၁၆၀၆၀ ကျော်၊ မလေးရှားနိုင်ငံသို့ တန်ချိန် ၅၀ဝ၀ ကျော်၊ ဗီယက်နမ်နိုင်ငံသို့ တန်ချိန် ၁၂၂၀ ကျော်၊ အင်ဒိုနီးရှားနိုင်ငံသို့ တန်ချိန် ၅၆၀၊ အိန္ဒိယနိုင်ငံသို့ တန်ချိန် ၉၈၇ တန်၊ ဂျပန်နိုင်ငံသို့ တန်ချိန် ၃၆၀၊ သိရိလင်္ကာနိုင်ငံသို တန်ချိန် ၂၀ဝကျော်၊ ကိုရီးယား နိုင်ငံသို့ တန်ချိန် ၁၀ဝ ကျော်နှင့် ထိုင်ဝမ်သို့လည်း တန်ချိန် ၁၀ဝ ကျော်တင်ပို့ခဲ့သည်။
