ဇန်နဝါရီလ စတုတ္ထပတ်အတွင်း ဆန်နှင့် ဆန်ကွဲတင်ပို့မှု အခြေအနေ
ဆန်
ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်ထိ ကာလ အတွင်း ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းမှ အမေ ရိကန်ဒေါ်လာ ၃၀ ဒသမ ၇၆၁ သန်း တန်ဖိုးရှိ ဆန် တန်ချိန် ၅၃၂၀ဝ ကျော် တင်ပို့ကြောင်း သိရသည်။ ဆန်တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန် ချိန် ၂၇၉၇၀ ကျော်၊ အီးယူအဖွဲ့ဝင် နိုင်ငံများသို့ ဆန်တန်ချိန် ၂၄၇၃၀ ကျော်နှင့် အာဖရိကနိုင်ငံ ဖြစ်သော မိုဇမ်ဘစ်နိုင်ငံသို့ ဆန်တန်ချိန် ၅၂၀ တင်ပို့ခဲ့သည်။


