မြန်မာနိုင်ငံမှ ကြက်သွန်နီကို ဘင်္ဂလားဒေ့ရှ်က ဝယ်ယူရန်စတင်နိုင်ဖွယ်ရှိ
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကြက်သွန်နီဈေးကွက်မှာ တစ် ကီလိုလျှင် တာကာ ၁၀ဝ ဝန်းကျင်ရှိရာမှ ပြီးခဲ့သည့် တစ်ပတ် အတွင်းမှစ၍ တစ်ကီလိုလျှင် တာကာ ၁၂၀ မှ ၁၈၀ အတွင်း (အရည်အသွေးပေါ်မူတည်၍) မြင့်တက်လာခဲ့သည်။
ဆက်လက်၍ အိန္ဒိယနိုင်ငံမှ ၂၀၂၃ ခုနှစ် ၊ အောက်တို ဘာလမှစတင်ပြီး ကြက်သွန်နီ တင်ပို့ရာတွင် ပို့ကုန်အခွန်ကို ၄၀ ရာခိုင်နှုန်း ထိကောက်ခံခြင်းနှင့် တစ်တန်လျှင် တင်ပို့ဈေး နှုန်းကို အနိမ့်ဆုံးဈေး အမေရိကန်ဒေါ်လာ ၈၀ဝ သတ်မှတ် သည့် ကန့်သတ်ချက်ထုတ်ပြန်သည့် အချိန်နောက်ပိုင်းမှစတင် ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ကြက်သွန်နီ တစ်ကီလိုလျှင် တာကာ ၂၂၀ အထိ မြင့်တက်လျက်ရှိနေသည်။