Main menu

Background

ကုန်သွယ်ရေးသတင်း

မြန်မာနိုင်ငံက ပြုပြင်ထုတ်လုပ်သည့် အေးခဲအသားများကို နိုင်ငံတကာဈေးကွက်သို့ တရားဝင်တင်ပို့ရန် စီစဉ်နေ

Mon, 10/23/2023 - 16:04 -- journal_editor

မြန်မာနိုင်ငံက ပြုပြင်ထုတ်လုပ်သည့် အေးခဲအမဲသား၊ အေးခဲဆိတ်သား၊ အေးခဲဘဲသား စသည့် အေးခဲအသားများကို တရုတ်အပါအဝင်   ပြည်ပဈေးကွက်များဆီသို့ တရားဝင် တင်ပို့ရန် စီစဉ်နေကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
နိုင်ငံတွင်း အေးခဲအသားထုတ်လုပ်ရန် လိုအပ်သည့် အရည်အသွေး၊ လိုက်နာရမည့်  ကျင့်စဉ်များအတွက် အမိန့် ညွှန်ကြားချက်များကိုလည်း မကြာမီရက်ပိုင်းအတွင်း ထုတ် ပြန်သွားရန်ရှိကြောင်း   ယင်းဌာနမှ   ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက   အောက်တိုဘာ ၁၈ ရက်တွင် ပြော သည်။

တရုတ်သို့ တင်ပို့ရန် ပြင်ဆင်နေသည့် မြန်မာ့ပြောင်း

Mon, 10/23/2023 - 15:01 -- journal_editor

ယခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ပြောင်းတန်ချိန် လေးသိန်းခန့် တင်ပို့နိုင်ရန် ခန့်မှန်းထား ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များထံမှ သိရှိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ကလည်း လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ ပြောင်းတန်ချိန် ၁၂၅၀ နှင့် ချင်း ရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ  ၂၂၉၄ တန် တင်ပို့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

စတော့ရှယ်ယာတန်ဖိုး ကျပ်သန်း ၁၇၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့

Mon, 10/23/2023 - 14:38 -- journal_editor

ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်မှ ၁၈ ရက်အထိ စာရင်းဝင် ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုး ကျပ်သန်း ၁၇၀ ကျော် ရှိခဲ့ကြောင်း ရန်ကုန်စတော့အိပ်ချိန်း YSXမှ သိရသည်။ အဆိုပါကာလအတွင်း အရောင်း အဝယ်ဖြစ်မြောက်သည့် ရှယ်ယာအစောင်ရေ စုစုပေါင်း ၆၃၂၈၀ စောင်ရှိပြီး တန်ဖိုး အားဖြင့် ကျပ် ၁၇၁ ဒသမ ဝ၈ သန်းရှိခဲ့ခြင်းဖြစ်သည်။

ယခုတစ်ပတ်အတွင်း နို့ဆီ၊ နို့မှုန့်နှင့် ဆေးဝါးပစ္စည်းများ တင်သွင်းမှုအခြေအနေ

Mon, 10/23/2023 - 14:32 -- journal_editor

နို့ဆီ
အောက်တိုဘာ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ သုည  ဒသမ ၅၂၄   သန်း တန်ဖိုးရှိ နို့ဆီ တန်ချိန် ၃၀ဝ ကျော် တင်သွင်းခဲ့သည်။  အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းမှ နို့ဆီတန်ချိန် ၂၀ဝခန့် ပိုမိုတင်သွင်းခဲ့ ကြောင်း သိရသည်။
နို့မှုန့်

အောက်တိုဘာ ဒုတိယပတ်အတွင်း ရော်ဘာနှင့် ပြောင်း တင်ပို့မှုအခြေအနေ

Mon, 10/23/2023 - 14:19 -- journal_editor

ရော်ဘာ
အောက်တိုဘာ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်း ပုံမှန် ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၁၉  သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၁၇၀ ကျော် တင်ပို့ခဲ့သည်။ ရော်ဘာတင်ပို့မှု အနေဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၇၀ဝ ကျော်၊ အိန္ဒိယ နိုင်ငံသို့ ရော်ဘာတန်ချိန် ၄၀ဝ ကျော်နှင့် မ လေးရှားနိုင်ငံသို့  ရော်ဘာ ၆၅ တန် တင်ပို့ခဲ့ကြောင်း သိရသည်။

မွေးမြူရေး ရေထွက်ကုန်များကို တရုတ်သို့ GACC နည်းလမ်းဖြင့် တရားဝင်တင်ပို့မည်

Tue, 10/10/2023 - 12:46 -- journal_editor

ပြည်တွင်းမှ မွေးမြူရေး ရေထွက်ကုန်များကို တရုတ်နိုင်ငံ   အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့(GACC)နည်းလမ်းဖြင့်   တရုတ် နိုင်ငံသို့ တရားဝင်   တင်ပို့တော့မည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံအနေနှင့်  ယခင်က   သဘာဝ ရေထွက်ကုန်များကိုသာ တင်ပို့ခဲ့ခြင်းဖြစ်ပြီး စက် တင်ဘာလအတွင်း နှစ်နိုင်ငံဆွေးနွေးမှု  သဘော တူညီချက်များအရ   မွေးမြူရေး ရေထွက်ကုန်များ ကိုပါ တရုတ်နိုင်ငံသို့ တရားဝင်GACC နည်းလမ်း ဖြင့် တင်ပို့နိုင်ပြီဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်မှ ထောပတ်သီးများ ထွက်ရှိ၍ ဈေးကွက်များသို့ တင်ပို့

Tue, 10/10/2023 - 12:16 -- journal_editor

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ဟိုပုံး၊ ပင်လောင်း၊ အောင်ပန်း၊ ကလော၊ ရွာငံမြို့ နယ်များမှ ယခင် မိရိုးဖလာ စိုက်ပျိုးထားတဲ့ ဒေသ မျိုးများ၊ ဧကအလိုက် ခေတ်မီနည်းစနစ်များဖြင့် စိုက်ပျိုးထားရှိတဲ့ ကိုင်းဆက်မျိုးများအနက် Booth 7, Buccanee စတဲ့ နိုင်ငံခြားမျိုးများမှာ ဈေးကွက် အတွင်း တင်ပို့ရောင်းချနိုင်တဲ့  အရည်အသွေး ပြည့်ဝပြီး  ရင့်မှည့်တဲ့ အသီးများကို တောင်သူများ၊ ခြံရှင်များက စတင်ခူးဆွတ်၍ ပြည်တွင်းဈေးကွက် များနှင့်  တာချီလိတ်မြို့ပွဲရုံများမှတစ်ဆင့် ထိုင်း နိုင်ငံသို့ ယခင်လဆန်းပိုင်းမှစတင်၍ တင်ပို့ရောင်း ချလျက်ရှိပြီး ဒေသသီးများအနေဖြင့် တောင်ကြီးမြို့ ရှိ ပွဲရုံများ၊ အောင်

ယခုတစ်ပတ်အတွင်း နို့ဆီ၊ နို့မှုန့်နှင့် ဆေးဝါးပစ္စည်းများ တင်သွင်းမှုအခြေအနေ

Tue, 10/10/2023 - 11:27 -- journal_editor

နို့ဆီ
စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ    အမေရိကန်ဒေါ်လာ ၃  ဒသမ ၇၅၁  သန်းတန်ဖိုးရှိ နို့ဆီ တန်ချိန်  ၂၅၀ဝ ခန့် တင်သွင်း  ခဲ့သည်။ တင်သွင်းမှုများအနေဖြင့် မလေးရှားနိုင်ငံမှ တန်ချိန် ၃၂၀ ကျော်၊ စင်ကာပူနိုင်ငံမှ တန်ချိန် ၂၁၀ဝ ကျော်၊ ထိုင်း နိုင်ငံမှ တန်ချိန် ၂၀ ကျော် တင်သွင်းခဲ့သည်။ အနီးစပ်ဆုံး ကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းမှ နို့ဆီတန်ချိန် ၁၅၀ဝခန့် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။
နို့မှုန့်

Pages

Subscribe to RSS - ကုန်သွယ်ရေးသတင်း