Main menu

Background

Monday, 13 Feb 2012

    ရန်ကုန်တိုင်းဒေသကြီး၊   မင်္ဂလာ တောင်ညွန့်မြို့နယ် အဆင့်မြင့်မင်္ဂလာ ဈေးတွင် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၁၀ နာရီမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးပြီး "ကုန်စည်ထုတ်လုပ်မှုနဲ့ ကုန် သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲ" ကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ဆွေးနွေးပွဲမှာ  စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန  ဒုတိယ ဝန်ကြီး ဒေါက်တာပွင့်ဆန်း၊  စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အကြံပေးပုဂ္ဂိုလ်ဒေါက်တာ မောင်အောင်၊ ကုန်သွယ်ရေးညွှန်ကြားမှု   ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင် နဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ  တာဝန်ရှိသူများ၊

Monday, 6 Feb 2012

    မော်တော်ယာဉ် တင်သွင်းခွင့် ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီသည် သက်တမ်းလွန် မော်တော်ယာဉ်များ အပ်နှံပြီး အစားထိုးတင်သွင်းရန်အတွက် သွင်းကုန်ပါမစ်များ ထုတ်ပေးခြင်းကို ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၉ ရက်မှ စတင်ဆောင်ရွက်ပေးခဲ့ရာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်အထိ ကာလ အတွင်း စုစုပေါင်း ကားတင်သွင်းရန် ပါမစ် ၂၃၉၃၇ စောင်  ခွင့်ပြုခဲ့ပြီးဖြစ် ကြောင်း သတင်းရရှိသည်။  

Monday, 6 Feb 2012

ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁ရက်မှ စတင်ကာ ငွေလဲစင်တာများတွင် အမေရိ ကန်ဒေါ်လာ ၁၀၀၀၀ အထိ လဲလှယ်ခွင့်ရှိသည်ဟူသည့်သတင်းများကြောင့် ငွေဈေး နှုန်းများ ကျဆင်းလာခဲ့ကြောင်း သိရသည်။ စင်တာများတွင်ဒေါ်လာ ၁၀၀၀၀အထိ လဲလှယ်ခွင့်ရှိသည်ဆိုသော်လည်း စင်တာများသို့ လာရောက်ရောင်းချခြင်းကိုမူ ကန့် သတ်ထားဆဲဖြစ်ပြီး ဝယ်ယူခြင်းကိုမူ ပမာဏကန့်သတ်ထားခြင်းမရှိဘဲ ဝယ်ယူ ကြောင်း သိရသည်။ စတင်ဖွင့်လှစ်ခဲ့သည့်နေ့ကမူ စင်တာများတွင် ဒေါ်လာ ဝယ်ယူ သည့် ကောင်တာများကို ပိတ်ထားခဲ့ရသည်အထိ ဖြစ်ခဲ့ရကြောင်း သိရသည်။

Saturday, 4 Feb 2012

        ကျောက်မျက်၊ ချည်ထည်၊ ပိုးထည်၊ ယွမ်းထည်၊ ကြိမ်ထည်များဖြင့်ပြုလုပ် ထားသော အမှတ်တရပစ္စည်းများ၊ အိမ် တွင်း အလှဆင်ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများဂျပန်ဈေးကွက်သို့ထိုးဖောက် ရောင်းချနိုင်ရေးအတွက် အာဆီယံ ဂျပန်စင်တာမှ ကျွမ်းကျင်သူများက အသိပညာဖြန့်ဝေပေးသည့် အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ ၂၄ က မန္တလေးမြို့၊ ဟိုတယ် မန္တလေး တွင် ကျင်းပခဲ့သည်။ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်း ချုပ် မန္တလေးတိုင်းဒေသကြီး ကုန်သည် များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာ နိုင်ငံကျောက်မျက် ရတနာ အသင်းတို့ ပူးပေါင်း ကမကထပြု၍ ကျင်းပခဲ့သည်။ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ မကွေး၊ ကရင်ပြည်နယ်တို့မှ လုပ်ငန်း ရှင် ၄၇ ဦး အပါအဝင် စုစုပေါင်း ၆၄ဦး တက်ရောက်ခဲ့သည်။

Monday, 23 Jan 2012

ကျယ်ပြန့်သွားခြင်းယခုနိုင်ငံတော်အစိုးရ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ အောက်တွင် သက်ဆိုင်ရာဝန်ကြီးဌာနတို့က ရည်ရွယ်ချက်များစွာ ဖြင့် ကားဟောင်းကားသစ်  လဲလှယ်ရေး အစီအစဉ်တစ်ရပ်ကို အကောင်အထည်ဖော်သည်။ ဝန်ကြီးဌာနတစ်ခုတည်း၊ ဦးစီးဌာန တစ်ခုတည်းဖြင့် ဆောင်ရွက်၍မရ။ ဆက်စပ်မှုရှိသော ဌာနများစွာ ဖြင့် ချိတ်ဆက်စနစ်တကျ အစီအစဉ်ကျနစွာ ဆောင်ရွက်ရသည်။

Monday, 16 Jan 2012

လွတ်လွတ်လပ်လပ် တင်သွင်းခွင့် ပြုခဲ့လို့ စားသုံးသူများ ဈေးနှုန်းချိုသာ စွာ ဝယ်ယူလာနိုင်    ပြည်တွင်းဆီ ဖူလုံစေဖို့ နိုင်ငံ တော်က အရည်အသွေးမြင့်တဲ့ စား အုန်းဆီတွေကို ပို့ကုန် ဝင်ငွေရှိတဲ့ လုပ်ငန်းရှင်တိုင်းကို ၂၀၁၁ ခုနှစ်မေလ က စပြီး တင်သွင်းခွင့်ပြုခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဆီဈေးကွက်ကို လေ့ လာကြည့်ရင် စားအုန်းဆီဈေးဟာ ဈေး ကွက်အသီးသီးမှာ တစ်ပိဿာ ကျပ် ၂၀၀၀ အောက်ကို ရောက်ရှိနေခဲ့တာ တွေ့ရပါတယ်။ လုပ်ငန်းရှင်တွေကို တင်သွင်းခွင့်မပြုမီအထိ စားအုန်းဆီ ဈေးဟာ၂၀၁၁ ခုနှစ် ဇန်နဝါရီလမှာ ၁ ပိဿာ ကျပ် ၂၃၀၀ ကနေ မတ်လမှာ ၂၉၀၀ ကျပ်အထိ မြင့်တက်ခဲ့ပြီး လက်ရှိ ကာလမှာတော့ ရန်ကုန် လက်လီ ဈေး ကွက်တွေမှာ ၁၈၀၀ ကျပ်ဝန်းကျင် ရှိနေပြီး မန္တလေးဈေးကွက်မှာ ၁၈၂၀-၁၉၅၀ ဝန်းကျင်မှာ အရောင်းအဝယ် ဖြစ်နေပါတယ်။ ဒါဟာဆိုရင် လုပ်ငန်း ရှင်တွေကို လွတ်လွတ်လပ်လပ် တင် သွင်းခွင့်ပြုလိုက်တဲ့အတွက် စားသုံးသူ တွေ ဈေးသက်သက်သာသာနဲ့ စားသုံး လာရတဲ့ အကျိုးရလဒ်ဘဲ ဖြစ်ပါတယ်။

Sunday, 15 Jan 2012

ဆီစားသက်သာပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှု လျော့ချပေးနိုင်သည့် ၁၃၅၀ CC နှင့် အောက် တင်သွင်းပါက Model Year  ၂၀၀၇ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ တန်ဖိုး အမေရိကန်ဒေါ်လာ ၅၀၀၀ ဖြင့် လျောက်ထားနိုင်ပြီး ၂၀၁၁-၂၁၂ Model Year ဖြင့် လျှောက်ထားမည် ဆိုပါကလည်း ရမည် ဖြစ်သည်။ထို့ပြင် ၁၃၅၀ CC နှင့် အောက် မော်တောယာဉ်များကို ကနဦး မှတ်ပုံတင်ကြေး ၃၀ ရာခိုင်နှုန်း လျှော့ပေါ့ပေးမည် ဖြစ်ကြောင်း သိရှိရပါသည်။

Sunday, 8 Jan 2012

၂၀၁၁ ခုနှစ် နှစ်လယ်ပိုင်းမှာ ဈေးမြင့်တက် ကွာခြား    ၂၀၁၁ ခုနှစ်ကုန်ဆုံးလို့ ၂၀၁၂ ခုနှစ်ဆိုတဲ့ နှစ်သစ်ကို ကူး ပြောင်းလို့လာခဲ့ပါပြီ။ ၂၀၁၁ ခုနှစ်အတွင်း နိုင်ငံတကာမှာရော ပြည် တွင်းမှာပါ အပြောင်းအလဲအမျိုးမျိုး အဖြစ်အပျက်အမျိုးမျိုး ဖြစ်ခဲ့ပါ တယ်။ အကြောင်းအရာ အမျိုးမျိုး အပြောင်းအလဲများစွာ ဖြစ်ပျက်ခဲ့ တဲ့ထဲမှာမှ ဆန်ဈေးကွက်အပြောင်းအလဲကတော့ ၂၀၁၁ ခုနှစ်မှာ အများမျှော်လင့်ထားသလို အဆုံးမသတ်နိုင်ခဲ့တာတွေ့ရပါတယ်။

Sunday, 1 Jan 2012

    လွန်ခဲ့သော သုံးနှစ်ခန့်က အမေရိ ကန်နိုင်ငံ၏ ငွေရေးကြေးရေး၊ စီးပွား ရေး အကျပ်အတည်းတွင် ခေါင်ခိုက် အောင်မြင့်တက်ခဲ့သော အိမ်ခြံမြေဈေး နှုန်းများ ရုတ်ချည်းထိုးကျဆင်းခဲ့ဖူးသည် ကို သတိရသည်။ တစ်ရိပ်ရိပ်မြင့်တက်ခဲ့ သည့် အိမ်ခြံမြေဈေးနှုန်းအခြေအနေကို လေမှုတ်သွင်းထားသော ပူဖောင်းကဲ့သို့ သဘောထားပြီး ဈေးနှုန်းများရုတ်တ ရက်ကျဆင်းကာ ဈေးကွက်ပျက်ခဲ့သည့် အခြေအနေကို   ပူဖောင်းပေါက်ကွဲ သွားသည်ဟုဆိုသည်။

Monday, 26 Dec 2011

လှုပ်ရှားလာတဲ့ အိမ်ခြံမြေလက်ရှိအခြေအနေမှာ အိမ်ခြံမြေ ဈေးကွက်ဟာ ဈေးကစားလို့ကောင်းတဲ့ အခြေအနေတစ်ရပ်ကို ရောက်နေတာ တွေ့ရပါတယ်။ နိုင်ငံတော်ရဲ့ မူဝါဒ တွေပြောင်းလဲမှုနဲ့အတူကားဝယ်ရောင်း လုပ်သူတွေ၊ဒေါ်လာဝယ်ရောင်းလုပ်သူ တွေ၊ ရွှေဝယ်ရောင်းလုပ်နေသူတွေဟာ  လှုပ်လှုပ်ရှားရှားမရှိတဲ့ ဈေးကွက်မှာ ငွေ ရင်းမြှုပ်နံှမယ့်အစား နေ့စဉ်ဆိုသလို့ ဈေးတွေ ပြောင်းလဲနေတတ်တဲ့ အိမ်ခြံ မြေဘက်ကို ဦးတည်လာခဲ့ပါတယ်။ယခင်နှစ်များက အိမ်ခြံမြေဈေး ကွက်ဟာ ကာလအတန်ကြာ ငြိမ်သက် နေပေမယ့် ဒီနှစ်အတွင်းမှာတော့ လှုပ် ရှားရိုက်ခတ်လာခဲ့ပါတယ်။ အဲဒီလို လှုပ်ရှားလာတာဟာနိုင်ငံတော်ရဲ့ နိုင်ငံ ရေး၊ စီးပွားရေး မူဝါဒတွေ ပြောင်းလဲမှု နဲ့အတူ ဖြစ်ပေါ်လာတဲ့ ရေစီးကြောင်း  တစ်ခုသာဖြစ်တယ်လို့ အိမ်ခြံမြေ ကျွမ်း ကျင်သူများက သုံးသပ်ကြပါတယ်။စီးပွားရေးပြောင်းလဲမှုနဲ့အတူနိုင်ငံတော်ရဲ့စီးပွားရေးးလမ်းကြောင်း တွေပွင့်လာတာနဲ့အမျှ နိုင်ငံခြားရင်းနှီး မြှုပ်နှံသူတွေရဲ့မြန်မာနိုင်ငံအပေါ်အာရုံ စူးစိုက်လာမှုတွေကြောင့် မြေကွက်ဈေး တွေဟာ ယခင်ရှိစဉ်ကထက် အဆများ စွာ ဈေးတက်ခဲ့ရတဲ့ အကြောင်းတွေထဲ မှာ အဓိကကျတဲ့ အချက်ဖြစ်တယ်လို့ လည်း ဆိုကြပါတယ်။အထူးသဖြင့် စက်မှုဇုန်မြေကွက် တွေဟာ ၁၀ဆမက ထိုးတက်ခဲ့ရပါ တယ်။အဲဒီလိုထိုးတက်ခဲ့ပေမယ့်အလုပ် ဖြစ်မှုဟာ အနည်းငယ်သာရှိခဲ့ပါတယ်။ မဖြစ်မနေဝယ်ဖို့လိုအပ်သူတွေကသာ ဈေးကို မတန်တဆပေးပြီးဝယ်နေတာ ကြောင့် အခုလို ဈေးတွေတက်ကုန်ရ တာဖြစ်ကြောင်းအိမ်ခြံမြေအကျိုးဆောင် တစ်ခုရဲ့ပြောပြချက်အရ သိရပါတယ်။အသံကြောင့် ဖားသေရတဲ့အိမ်ခြံမြေအိမ်ခြံမြေဈေးကွက်ပျက်ရခြင်းရဲ့ နောက်တစ်ချက်ကတော့သတင်းအမှန် မရရှိတဲ့ အတွက်ပါပဲ။ မြေကွက်တစ် ကွက်ရဲ့တန်ဖိုးဟာ အဝယ်လိုက်လို့ ဈေး တက်ရတာမျိုးမဟုတ်ဘဲ အသံကြောင့် ဈေးတက်သွားတာမျိုးတွေလည်း ရှိ တတ်ပါတယ်။   တချို့နေရာတွေမှာ အမှန်တကယ်  ပေါက်တဲ့ဈေးထက် ပို လိုချင်တဲ့အတွက် ဈေးကို ပိုပြီးပြော လိုက်တဲ့အခါမှာ မထင်မှတ်ဘဲ ဈေး တွေတက်လာရတာဖြစ်တယ်လို့ အကျိုး ဆောင်တစ်ဦးက ဆိုပါတယ်။"တကယ်တော့   အိမ်ခြံမြေဈေး ကွက်အနေအထားဟာ သာမန်ဆိုရင် ဈေးက အခုလောက်တက်စရာမရှိပါ ဘူး။ သူ့ခြံတောင် ဒီလောက်ရနေမှ တော့ ငါ့ခြံဆိုရင် ဒီထက်မကတောင် ရနိုင်သေးတယ်ဆိုပြီး ဈေးတွေစွတ်ခေါ် တာမျိုးတွေ၊ နောက်ပြီး ဒီနေရာမှာ အမှန်တကယ်ဒီလောက်မရှိပေမယ့် ဝယ်တဲ့သူကဝယ်သွားတဲ့အခါကျ တော့ ဈေးက အမှန်ဖြစ်သွားပြန်ရော။ အဲဒါ အသံကြောင့် ဈေးတက်ရတဲ့ကိစ္စလေ"အရောင်းသာရှိပြီး အဝယ်မရှိတဲ့ အိမ်ခြံမြေဈေးကွက်အိမ်ခြံမြေဈေးကွက်မှာ လတ်တ လောအခြေအနေအရအရောင်းစာရင်း များသာရှိပြီး အဝယ်မလိုက်ကြောင်း လည်း သိရပါတယ်။ အခုလိုအရောင်း သာရှိပြီး   အဝယ်မလိုက်ရတာဟာ အိမ်ခြံမြေဈေး  ကစားသူများကြောင့် ဖြစ်ရကြောင်း   သုခကမ္ဘာ   အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ကိုအောင်ခန့် ကျော်က ပြောခဲ့တာပါ။"အခုဆိုရင် အိမ်ခြံမြေလောကမှာ အရောင်းပဲရှိတယ်။ အဝယ်ကမရှိသ လောက်ပဲ။ ဒါဟာ ဘာကြောင့်လဲဆို တော့  ငွေပိုနေတဲ့သူတွေဟာ  အရင် တုန်းကတော့ ရွှေတို့ ဒေါ်လာတို့ ကား တို့ကို ဈေးကစားတယ်၊ အခုအဲဒီဘက် က ဈေးကစားလို့ မကောင်းတော့ မြေ ဘက်ကို လှည့်လာတာ။ သူတို့က  ဝယ် ရောင်းလုပ်တာ သိပ်ကျွမ်းကျင်တယ် လေ။ ဥပမာပြောရရင် သန်လျင်လိုနေ ရာမျိုးမှာ မြေတစ်ကွက်ကို အရင်တုန်း က ၅သိန်းလောက်ပဲရှိတာ။ အဲဒီအ ချိန်က ဈေးသိပ်မတက်သေးဘူး။ သူတို့ တွေက ကားကအခြေအနေမကောင်း တော့ဘူးဆိုတာ ကြိုသိနေတော့ အဲဒီ နေရာက မြေကွက်တွေကို ဝယ်ထားကြ တာ၊ ဟော အခုလည်းကျရော တစ် ကွက်ကို သိန်း ၅၀တို့ ၁၀၀ တို့ခေါ်ပြီး ရောင်းတာ။ အဲဒါကြောင့်လည်း မြေ ဈေးတွေ အိမ်ဈေးတွေက တဖြည်း ဖြည်းနဲ့တက်ပြီးရင်းတက်ဖြစ်နေပြီ"ကားဈေးကွက်ကစားသူတွေ အိမ်ခြံမြေဘက်ကိုလှည့်ပြီအိမ်ခြံမြေဈေးကွက်တွေ တစ်ရိပ် ရိပ်နဲ့တက်နေချိန်မှာ  ကားဝယ်ရောင်း လုပ်သူတွေ အိမ်ခြံမြေဘက်ကို ပုံအော ပြီး ဆင်းလာခဲ့တဲ့အတွက်လည်း အခုလို ဈေးတက်လာရတာဖြစ်တယ်လို့ Future Light အိမ်ခြံမြေရောင်းဝယ်ရေး အကျိုးဆောင် လုပ်ငန်းမှ ကိုရဲဝင်းက ပြောပြခဲ့တာပါ။"အခုဆိုရင် ဒေါ်လာဈေးတွေက လည်းကစားလို့မရ၊ ရွှေကစားသူတွေက လည်း ရွှေဈေးကို ကစားလို့မရနဲ့ဖြစ် ကုန်တဲ့အခြေအနေပါ။  အဲဒီလိုဖြစ်နေ တဲ့ အခြေအနေမှာ ကားဝယ်ရောင်း လုပ်သူတွေဟာလည်း  နိုင်ငံတော်က ကားတွေကို တရားဝင်သွင်းလို့ရသလို ကားအရောင်းစင်တာတွေကိုလည်း ဖွင့်ပြီး လုပ်လာတော့ အဲဒီ ကားဝယ် ရောင်းလုပ်တဲ့သူတွေ ငွေတွေ အိပ်ကုန် တာ။ သူတို့လည်း ကားဝယ်ရောင်းမှာ မကိုက်တော့ အိမ်ခြံမြေဘက်ကို လှည့် လာကြတယ်။ ကားဝယ်ရောင်းလုပ်တဲ့ သူတွေကလည်း ဒီအိမ်ခြံမြေ ဘက်ကို လှည့်လာတဲ့အခါကျတော့ အရပ်ပွဲစား တွေများလာသလို  ဝယ်ရောင်းလုပ်တဲ့ သူတွေလည်း များလာတယ်။ အဲဒီလို ဝယ်ရောင်းလုပ်တဲ့သူတွေ  များလာတဲ့ အတွက် အိမ်ခြံမြေဈေးကွက်ဟာ တ ဖြည်းဖြည်းနဲ့ မြင့်တက်လာတာပါ။"ဝယ်ရောင်းသမားများကြောင့် စက်မှုဇုန်မြေကွက်များဈေးတက်အမှန်တကယ် ရင်းနှီးမြှုပ်နှံမှုမရှိ တဲ့ ဝယ်ရောင်းသမားများရဲ့ ဈေးက စားနေမှုကြောင့် စက်မှုဇုန်မြေကွက်များ ဈေးနှုန်း အဆမတန်တက်လျက်ရှိ ကြောင်း အိမ်ခြံမြေ ရောင်းဝယ်ရေးဈေး ကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။အဲဒီလိုဖြစ်ရတာဟာ   ဂျာနယ် တွေမှာ  ရင်းနှီးမြှုပ်နံှမှု  သတင်းများ ကြောင့် ငွေရှင်များမှ အိမ်ခြံမြေဘက် မှာ အာရုံစိုက်လာပြီး အဝယ်လိုက်လာ တဲ့အတွက် အခုလိုဈေးများ မြင့်တက်ရ ခြင်းဖြစ်ကြောင်း အိမ်ခြံမြေဈေးကွက် ကျွမ်းကျင်သူများက သုံးသပ်လျက်ရှိ သည်။ရင်းနှီးမြှုပ်နှံမှု အခက်တွေ့နိုင်ယခင်က စက်မှုဇုန်မြေကွက်များ မှာ စိတ်ဝင်စားသူနည်းပါးခဲ့ပေမယ့် အခုအခါမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များဝင်လာပြီး အဆိုပါဇုန်များတွင် ဝင် ရောက်လာနိုင်တယ်ဆိုသည့်   မှန်းဆ ချက်တွေကြောင့် ငွေပင်ငွေရင်းမြှုပ်နှံ နိုင်သူများမှာအဆိုပါစက်မှုဇုန်မြေကွက် များကို ကြိုက်ရောင်းကြိုက်ဝယ်ဈေးဖြင့် ဝယ်ရောင်းလုပ်နေကြတယ်လို့ ဆိုပါ တယ်။စက်မှုဇုန်မှာကုန်ပစ္စည်းများထား ရှိရန် ဂိုဒေါင်ဆောက်ဖို့မြေနေရာရှာ ဖွေ နေသူတစ်ဦးက"အရင်တုန်းက ဒီနေရာ ကို ဘယ်သူမှစိတ်မဝင်စားကြဘူး။ ဈေး လည်းသိပ်မရှိဘူး။ အခုမေးကြည့်လိုက် တော့ တစ်ဧကကို သိန်း ၂၅၀၀တောင် ခေါ်နေတယ်။  အလွန်ဆုံး  ပေးနိုင်မှ ၁၅၀၀လောက်ပဲဆိုတော့ ဘယ်လိုမှ မတတ်နိုင်ဘူး။ ဒီအတိုင်းပဲ ထားလိုက် ရတယ်။ တချို့က နောက်ဆို ဒီထက် ဈေးတက်ဦးမှာဆိုပြီး မျက်စိစုံမှိတ်ပြီး ဝယ်လိုက်ကြတဲ့ သူတွေလည်း ရှိနေ ကြတော့ ဈေးကို ခေါ်ချင်သလို ခေါ်နေ ကြတော့တာ။  ဒီအတိုင်းဆိုရင် ဒီလို စက်မှုဇုန်တွေမှာ မြေဈေးတွေတက်နေ ရင် ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာ တော်တော် အခက်တွေ့နိုင်တယ်"ဟု မြေကွက် လိုက်လံ ရှာဖွေနေသူတစ်ဦးက ပြော ပြခဲ့တာပါ။အဲဒီလိုဈေးအဆမတန်တက်နေ ပေမယ့် တချို့နေရာများမှာသာ အလုပ် ဖြစ်နေတာပါ။ အများစုမှာ ခေါ်ဈေး သာရှိပြီး အရောင်းအဝယ်မှာ မဖြစ် သလောက်ရှိတယ်လို့ ဆိုပါတယ်။မြေချပါမစ်ကိုသာ အမိအရဝယ်နေကြမြို့သစ်တော်တော်များများမှာရှိတဲ့ နေရာတွေမှာတောင် မြေကွက်တွေကို လိုက်လံဝယ်ယူနေတဲ့သူတွေတော်တော် များများရှိနေတာကို တွေ့ရပါတယ်။ အ ထူးသဖြင့် စက်မှုဇုန်နဲ့နီးတဲ့နေရာကမြေ ကွက်တွေကို လိုက်လံဝယ်ယူနေမှုဟာ အိမ်ခြံမြေလောကမှာ အထူးဆန်းဆုံးလို့  ပြောစမှတ်ပြုနေကြပါတယ်။စက်မှုဇုန်နားမှာရှိတဲ့မြေကွက်တွေ ဟာ မြေသာရှိပြီးလူနေကျဲတဲ့ဒေသတစ် ခုအဖြစ်ရှိနေသလို တချို့နေရာတွေမှာ ပျံကျတွေသာနေကြတဲ့အတွက် မြေ ကွက်ရယ်လို့ အတိအကျသတ်မှတ်ထား ခြင်းမရှိသေးတဲ့နေရာတွေသာဖြစ်ပါတယ်။ အဲဒီလိုနေရာမျိုးကို မြေပုံပေါ်မှာ ကြည့် ပြီး ဒီမြေကွက်တစ်ဝိုက် ဘယ်နှကွက်ယူ မယ်စသည်ဖြင့် လက်ညှိုးထိုးဝယ်ယူနေ ကြသူတွေကြောင့်လည်း အိမ်ခြံမြေဈေး ကွက်ဟာ တစ်နေ့တခြား ကြီးထွား လာရတာဖြစ်ကြောင်း Future Light အိမ်ခြံမြေရောင်းဝယ်ရေးမှ  ကိုရဲဝင်း အောင်က ပြောကြားခဲ့တာပါ။ထိုကဲ့သို့ အိမ်ခြံမြေဈေးကွက်များ Burst out  ဖြစ်ရခြင်းမှာ ကုန်သည် အများစုမှာ ပြည်တွင်းထုတ်လုပ်မှုကို မြှင့်တင်ရန်   ကြိုးစားရမည့်နည်းလမ်း ထက် မည့်သည့်အချိန်တွင်မှ   အရှုံး မပေါ်နိုင်ဖူးလို့ ယူဆနေတဲ့ အိမ်ခြံမြေ ဘက်ကို လှည့်လာခြင်းဖြစ်တယ်လို့ ဆို ပါတယ်။လုပ်ငန်းရှင်တွေလည်း အိမ်ခြံမြေဘက်လှည့်ကုန်ကြပြီမြန်မာနိုင်ငံမှာ ပို့ကုန်ဝင်ငွေ ၂ ဘီ လီယံနဲ့ ၃ဘီလီယံကြားတွင် ပိုလျှံနေ ကြောင်း၊ ထိုကဲ့သို့ပိုလျှံနေသည့် ပို့ကုန် ပိုငွေများကို ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာတွင် သေချာ ခိုင်မာသည့် အိမ်ခြံမြေဘက် တွင်လှည့်၍  ရင်းနှီးမြှုပ်နှံမှုပြုနေခြင်း ကြောင့် ယခုကဲ့သို့ အိမ်ခြံမြေဈေးကွက် များ မြင့်တက်နေရခြင်း ဖြစ်ကြောင်း စီးပွားရေး ကျွမ်းကျင်သူ တစ်ဦးက သုံးသပ် ပြခဲ့ပါတယ်။"တခြားနိုင်ငံတွေမှာဆိုရင် ပို့ကုန် ကရတဲ့ ပိုလျှံငွေတွေကို အစိုးရက ကန့် သတ်ပြီးဝယ်တယ်။ မြန်မာနိုင်ငံမှာနှစ် စဉ် ပို့ကုန်ပိုငွေတွေက ၂ဘီလီယံနဲ့ ၃ ဘီလီယံကြားမှာရှိနေတာ၊ နှစ်စဉ်အမြဲ တမ်းပိုနေတဲ့အတွက် Trade Surplus  က ရတဲ့ ဒေါ်လာကလည်း ငွေကြေး ဈေးကွက်မှာ ဖိအားတစ်ခုပါပဲ။ ဒါပေ မဲ့ ပို့ကုန်ကို တိုးမြှင့်တင်ပို့ဖို့က လုပ်ကို လုပ်ရမယ်။ ထုတ်လုပ်မှုတိုး၊ ပို့ကုန်တိုး မှ၊ အလုပ်အကိုင် အခွင့်အလမ်းတိုးမှာ ဖြစ်လို့ တိုင်းပြည်ကတော့ ပို့ကုန်ဝင်ငွေ တန်ဖိုးကို တည်ငြိမ်အောင် တစ်ဖက်က ထိန်းရင်း၊ ပို့ကုန်တိုးမြှင့်ရေးကို ကြိုးပမ်း ကြရတာပါ။ အဲဒီလိုနဲ့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေဝင်လာတော့မယ်။ အဲဒီလို ဝင်လာလို့ ဒီမှာမြေဈေးက တော်တော် ကို မြင့်နေပြီ။ သူတို့က မြေအတွက် အသုံးစရိတ်ကို ဥပမာ ၂ သန်း သတ် မှတ်ထားမယ်ဆိုရင် ဒီမှာက ၂သန်းမ ကတော့ ဒီနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက လည်း လာမှာမဟုတ်တော့ဘူး။ ဒီလို ဖြစ်လာရင်တော့ တိုင်းပြည်အတွက် အကျိုးမရှိဖြစ်လာနိုင်တယ်"လို့ စီးပွား ရေးကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပြခဲ့ တာပါ။အဲဒီလိုဖြစ်ရတာဟာ ပို့ကုန်သွင်း ကုန်လုပ်ငန်းရှင်များအနေဖြင့် ဒေါ်လာ တန်ဖိုး မတည်ငြိမ်မှုနှင့် ယုံကြည်ရမှု အားနည်းခြင်းတို့ကြောင့် ယုံကြည်စိတ် ချရသည့် အိမ်ခြံမြေဈေးကွက်သို့ခြေဦး လှည့်ကာ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေ ကြခြင်းဖြစ်တယ်လို့ အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားခဲ့ပါတယ်။လုပ်ငန်းရှင်များအနေဖြင့်လုပ်ငန်း တိုးချဲ့လျှင်ရရှိမည့် အမြတ်အစွန်းထက် အိမ်ခြံမြေဘက်တွင်ရင်းနှီးပါက ပိုမို အ မြတ်ရမည်ကို တွက်ချက်ပြီးအဆိုပါလုပ် ငန်းဘက်တွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခဲ့ တာဖြစ်ပါတယ်။ကုန်သည်လုပ်ငန်းရှင်များအနေ  ဖြင့်ပိုလျှံငွေများကိုထုတ်လုပ်မှုဘက်တွင်   ရင်းနှီးမြှုပ်နှံမှုပြုမည်ဆိုပါကပြည်သူများ  အလုပ်အကိုင်အခွင့်အလမ်းများ ပိုမို ရရှိလာမည့်အပြင် ထုတ်လုပ်မှုတိုးတက် လာသည်နှင့်အမျှပြည်သူများ၏စားသုံး  မှုမှာလည်း ပိုမိုမြင့်တက်လာနိုင်မှာဖြစ် ပါတယ်။ ကုန်သည်လုပ်ငန်းရှင်များက လည်း ထုတ်လုပ်မှုလုပ်ငန်းကို တိုးမြှင့် လုပ်ကိုင်ပါက အရှုံးနှင့်ရင်ဆိုင်ရမည့် အရေးကို တွေးမိသဖြင့် ဈေးကွက်ခိုင် မာတဲ့ အိမ်ခြံမြေဈေးကွက်ကို ခြေဦး လှည့်လာတာဖြစ်ပါတယ်။အကယ်၍ ဒေါ်လာတန်ဖိုး တည် ငြိမ်အောင် ထိန်းထားနိုင်ပြီး ဒေါ်လာ ငွေအပေါ်ကုန်သည်များမှယုံကြည်စိတ် ချရမှုရှိပါက ထုတ်လုပ်မှုမှာ  ပိုမိုအား စိုက်လာနိုင်မှာဖြစ်ပါတယ်။ ထုတ်လုပ်မှု တွင်ကျယ်လာတာနဲ့အမျှအလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိလာနိုင် မှာ ဖြစ်ပါတယ်။ အလုပ်အကိုင် အခွင့် အလမ်းတွေ တိုးတက်ရရှိလာမှုနဲ့အတူ ပြည်သူများရဲ့ စားသုံးမှုနှုန်းဟာလည်း မြင့်တက်လာမှာဖြစ်ပါတယ်။ ဒီလိုမြင့် တက်လာမှ ထုတ်လုပ်မှုလည်း ထပ်မံ မြင့်တက်လာနိုင်မှာပါလို့ အဆိုပါပုဂ္ဂိုလ် ကပဲ ထပ်မံ သုံးသပ်ပြခဲ့တာပါ။သီလဝါသတင်းကြောင့်အခုဆိုရင်  အိမ်ခြံမြေဈေးကွက် ဟာ တဖြည်းဖြည်းနဲ့ ကြီးထွားလာခဲ့ပါ ပြီ။ သီလဝါဒေသမှာ ရေနက်ဆိပ်ကမ်း လုပ်မယ်ဆိုတဲ့သတင်းကြောင့်အဲဒီဒေသ က  မြေကွက်တွေဟာ တစ်နေ့တခြား ဒီရေအလားသို့  တက်ပြီးရင်းတက် ဆို သလို ဖြစ်နေပါပြီ။ကျောက်တန်းမှ   အေးမေတ္တာ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦ း မောင်မြင့်က"သီလဝါစက်မှုဇုန်နဲ့ကပ်နေ တဲ့ မြေကွက်တွေဆိုရင် ပေ ၄၀×၆၀ မြေကွက်တစ်ကွက်ကို အရင်တုန်းက သိန်း ၂၀လောက်ပဲရှိတာ။ အခုဆိုရင် သိန်း ၂၅၀လောက်တောင်ရှိနေပြီ။ နောက်ပြီး အဲဒီဇုန်ရဲ့အပြင်ဘက်ဆိုရင်  အရင်က သိန်း ၁၅၀ပဲရှိတာ။ အခုဆို ရင် သိန်း ၆၀၀လောက်တောင်ရှိနေပြီ။ ထမလုံ ဆိုရင် ပိုဆိုးသေးတယ်။ အရင် က ဘယ်သူမှစိတ်မဝင်စားတဲ့နေရာမျိုး၊  အရင်က ၂သိန်းလောက်ရှိတာကို အခု သိန်း ၂၀-၂၅လောက်အထိပေးဝယ်နေ ကြတာ"လို့ ပြောပြခဲ့တာပါ။အဲဒီလိုဖြစ်ရတာဟာ သီလဝါစက် မှုဇုန်ကို ရေနက်ဆိပ်ကမ်းဖြစ်အောင် ပြုလုပ်ဖို့ ကိုရီးယားနဲ့ ဂျပန်က လာပြီး ဆောင်ရွက်မယ်ဆိုတဲ့သတင်းတွေကြောင့် လည်းဖြစ်ရကြောင်း၊ ယခုအချိန်အထိ သီလဝါစက်မှုဇုန် အနီးဝန်းကျင်ကမြေ ကွက်တွေမှာ အရောင်းအဝယ်ဖြစ်နေ တယ်လို့ အဆိုပါပုဂ္ဂိုလ်ကပဲ ပြောကြား ခဲ့တာပါ။အလားအလာကောင်းမဟုတ်ပြည်တွင်းက ငွေကြေးတတ်နိုင်သူ များဟာ ဈေးကွက်အနေအထားအရ ခိုင်မာမှုရှိတဲ့ အိမ်ခြံမြေများဘက်တွင် သာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်လာခြင်းဟာ အနာဂတ်မြန်မာ့စီးပွားရေးအတွက်  ကောင်းတဲ့အလားအလာမဟုတ်ကြောင်း ကိုလည်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦး က သုံးသပ်ပြထားပါသေးတယ်။"၁၉၉၇ခုနှစ်ဝန်းကျင်က ထိုင်း နိုင်ငံကနေစပြီး ကြုံတွေ့ခဲ့ရတဲ့ စီးပွား ရေးအကျပ်အတည်းဟာ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုကဏ္ဍကိုပါ လာပြီးရိုက်ခတ်ခဲ့တယ်။အဲဒီအချိန်တုန်း ကလည်း အာဆီယံနိုင်ငံတွေက ရင်းနှီး မြှုပ်နှံမှုတွေ  ဝင်လာတော့မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ မြေတွေကို စွတ်ဝယ်ပြီး ရင်းနှီးခဲ့ကြတာ။ နောင်ဖြစ်မလာတော့ အကျပ်တည်းတွေ ကြုံလာရတာပဲလေ။ ဒါမျိုးကို  ကြုံဖူးနေတော့ အခုလို မြေ ဈေးတွေ မဟားဒရားတက်လာတာဟာ တကယ့်ကို  မဖြစ်သင့်တဲ့ ကိစ္စတစ်ခု လိုပါပဲ"လို့ သုံးသပ်ပြခဲ့တာပါ။မြေကွက်  ရင်းနှီးမြှုပ်နှံသူများမှာ မြို့တွင်းရှိ မြေကွက်များထက် စက်မှုဇုန် နှင့်နီးစပ်သည့်ဒေသများရှိမြေကွက်များ ကိုသာဦးတည်ပြီး ဝယ်ယူမှုများတာကို တွေ့ရပါတယ်။  ဒီလိုမြေကွက်တွေကို ဈေးအမြင့်ပေးပြီးဝယ်ယူနေမှုကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေဟာ မြေ ဈေးမြင့်တက်နေတဲ့အတွက် ရင်းနှီးမြှုပ် နှံမှု မပြုလိုတော့ဘူးဆိုရင် ထိခိုက် မှုရှိမှာက ပြည်သူများသာဖြစ်ပါတယ်။ မြန်မာနိုင်ငံ၏လက်ရှိအခြေအနေ မှာ အစိုးရသစ်တက်လာပြီးနောက်ပိုင်း ပြုပြင်ပြောင်းလဲမှုများစွာကြောင့် နိုင်ငံ ရေးအခြေအနေကောင်းများရရှိလာတဲ့ အတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများအလုံး အရင်းနှင့်ဝင်ရောက်လာနိုင်တဲ့အနေအ ထားတစ်ရပ်ကို ရောက်ရှိနေပါပြီ။ အဲဒီ လိုအခြေအနေကောင်းတစ်ရပ်မှာ ပြည် တွင်းမှာရှိတဲ့စီးပွားရေးလုပ်ငန်းရှင်များ အနေနဲ့ စီးပွားရေးအခြေခံကောင်းများ ယခုအချိန်ကတည်းက ရှိထားဖို့လိုအပ် လှပါတယ်။ဒါပေမယ့်လည်း ပြည်တွင်းက စီး ပွားရေးလုပ်ငန်းရှင်အများစုဟာ ကုန် ထုတ်လုပ်ငန်းထက်  အိမ်ခြံမြေတစ်ခု တည်း၌သာ ရင်းနှီးမြှုပ်နှံနေမည်ဆိုပါ က အနာဂတ်ကာလရဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေအပေါ်မှာပါ ထိခိုက် ပြီး၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ကိုပါ ထိခိုက်မှာ စိုးရိမ်ရပါတယ်။ ဒါကြောင့် နိုင်ငံတော်နဲ့ ပြည်သူတွေက နှစ်ပေါင်းများစွာ အပင်ပန်း အချို့တဲ့ ခံပြီး တည်ထောင်ထားတဲ့ အခြေခံ အဆောက်အဦတွေပေါ်မှာ  ကုန်သွယ် ရောင်းဝယ်ရင်း၊ တိုးတက်ကြီးပွားလာ တဲ့ ကျွန်တော်တို့ လုပ်ငန်းရှင်တွေ အမျိုးသားအကျိုးစီးပွားအတွက် အကျိုး ဖြစ်ထွန်းစေမဲ့ ရင်းနှီးမြှုပ်နှံမှုတွေကိုသာ ဆောင်ရွက်စေလိုကြောင်းပါခင်ဗျား။

Pages