Background
မည်သည့် ပစ္စည်းကိုမဆို တီထွင် ထုတ်လုပ်ပြီးသည်နှင့် ၎င်း၏နောက်မှ အရိပ်ပမာကပ်၍လိုက်လာသည်မှာ Servicing ခေါ် ဝန်ဆောင်မှု ပြုပြင်ရေး လုပ်ငန်းပင် ဖြစ်သည်။ ထို့ပြင်ပြည်ပမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများ သည်လည်းအသစ်ပင်ဖြစ်စေ၊ တစ်ပတ် ရစ် (Good Second Hand) ပင်ဖြစ်စေ၊ Servicing လုပ်ငန်းများသည် အရေးပါ သည့်ကဏ္ဍ တစ်ရပ်တွင် တည်ရှိနေပေ သည်။
ကျွန်တော့်အနေနဲ့ ပဲကုန်သည်လောကမှာ ဝါရင့်ကုန်သည် တစ်ဦး မဟုတ်ပေမဲ့ ဒီလောကထဲမှာ တွေ့ကြုံရတဲ့ အတွေ့အကြုံ၊ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ဆက်စပ်ပြီး မြန်မာ့ပဲလောက ပြန်တိုးတက်ဖို့ အကြံပြုလိုတာတွေကို ရေးသား လိုက်ရပါတယ်။
"နယ်စပ်မှတစ်ဆင့် တရားမဝင် ဝင်ရောက် ရောင်းချနေကြတဲ့ စားသုံးဆီများ စားသုံးဖို့ သင့်/ မသင့် သက်ဆိုင်ရာဌာနများမှ စိစစ် လျက်ရှိခြင်းနဲ့" ပတ်သက်လို့ ကောမတ်စ်ဂျာနယ် အတွဲ-၁၂၊ အမှတ် -၁၂ မှာ ဖော်ပြပါရှိပြီး ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တစ်လခွဲခန့်က ရှမ်း ပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဒေသတွင်းကို တစ်ဖက်နိုင်ငံမှ တာ့တုံး ယုံအမည်ရှိတဲ့ ပေပါဆီ၊ ရှောက်မိုင်းယန့် အမည်ရှိတဲ့ ၃ ပိဿာဝင် လက်ကိုင်ပါ ပလတ်စတစ် အကြည်ဘူးဆီနဲ့ ဂျင်းလီ (Jin Li ) တံဆိပ် ဆီ စတဲ့ဆီ ၃ မျိုး လိုင်စင်မဲ့ဝင်ရောက်ခြင်းနဲ့ ပတ်သက်လို့ သက်ဆိုင် ရာဌာနများမှ စိစစ်ခဲ့တာဖြစ်ပါတယ်။
၂၀၁၂ ခုနှစ် မေလ ၇ ရက်နေ့ ၀၉း၀၀ နာရီအချိန်တွင် နေပြည်တော် ရှိ ရုံးအမှတ် (၃)၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်၊ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အကောက်ခွန်ဦးစီး ဌာန၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှု ဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေးဘဏ်နှင့် ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနတို့မှ တာဝန်ရှိ သူများက Consignment စနစ်ဖြင့် ကားများတင်သွင်းရောင်းချ လျက်ရှိသည့် အရောင်းစင်တာများမှ လုပ်ငန်းရှင် ၇၀ ဦးနှင့် တွေ့ ဆုံဆွေးနွေး ခဲ့ကြောင်း သတင်းရရှိသည်။
စာရေးသူတို့ မြန်မာနိုင်ငံ ပါဝင်လျက်ရှိတဲ့ အရှေ့တောင်အာရှနိုင်ငံများ အဖွဲ့ ( ASEAN ) ဟာ ဒေသတွင်းမှာ သာမကဒေသပြင်ပမှာရှိတဲ့ ဆွေးနွေးဖက်နိုင်ငံများနဲ့ပါ လွတ်လပ်သော ကုန် သွယ်မှုဒေသများ ထူထောင်ပြီး ကုန်သွယ်မှုမှာ လျင်မြန်ချောမွေ့စေ ဖို့အတွက် ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ ကုန်သွယ်မှုပြုရာမှာ ကုန်သွယ်ဖက်နိုင်ငံအများစုဟာ အာဆီယံဒေသတွင်း နိုင်ငံအများစုဖြစ်ပါတယ်။ အာဆီယံဒေသတွင်းက နိုင်ငံ တွေဖြစ်တဲ့အတွက် အာဆီယံလွတ်လပ် သော ကုန်သွယ်မှုဒေသ (ASEAN Free Trade Area - AFTA) က ရရှိ ခံစားနိုင်မယ့် အခွင့်အလမ်းတွေ အများကြီး ရှိနေတာကို လေ့လာတွေ့ရှိ ရပါတယ်။
လတ်(ဖ)ဖာပြောသောပုံပြင် လွန်ခဲ့သောနှစ်ပေါင်း ၃၈ နှစ်ခန့်က အမေ ရိကန် စီးပွားရေးပညာရှင် အာသာလတ်(ဖ)ဖာ (Arthur Laffer) ဆိုသော ပုဂ္ဂိုလ်သည် လူသိ များသောဂျာနယ်လစ်အချို့၊ နိုင်ငံရေးသမား အချို့ နှင့်အတူဝါရှင်တန်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် စကားလက်ဆုံကြလျက် ရှိနေခဲ့ကြသည်။ ထိုသို့ ရှိနေစဉ်တွင် လတ်(ဖ)ဖာက လက်သုတ်ပဝါ တစ် ထည်ကို ရုတ်တရက်ဖြန့်ခင်း လျက် ထိုလက်သုတ် ပဝါပေါ်တွင် ပုံတစ်ပုံ ရေးဆွဲလိုက်သည်။ ဝင်ရိုး နှစ်ခုနှင့် မျဉ်းကွေးနှစ်ခုပါသော ပုံဖြစ်သည်။ ဝင်ရိုး နှစ်ခုအ နက် အလျားလိုက်ဝင်ရိုးတွင် အခွန်နှုန်း ထားများကို မှတ်သားထားပြီး၊ ဒေါင်လိုက်ဝင်ရိုး ပေါ်တွင် အခွန်ရငွေပမာဏ ကို ဖော်ပြထား၏။
နိုင်ငံတစ်နိုင်ငံရဲ့ စက်မှုလုပ်ငန်းဖွံ့ဖြိုးမှုကို ညွှန်ပြနေတဲ့ ကုန်စည်တွေထဲမှာ ပြောင်းလည်း ပါဝင်ပါတယ်လို့ ပြောင်းတင်ပို့နေတဲ့ လုပ်ငန်းရှင်ကြီးတစ်ဦးက ပြောဖူးပါတယ်။ ဟုတ်ပါတယ်။ လူဦးရေ တိုးတက်လာတာရယ်၊ လူနေမှုအဆင့်အတန်းမြင့်မားလာပြီး အသားစားသုံးမှုများလာတာရယ်၊ စက်မှု လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်တာတွေနဲ့အတူ ရေနံအစား ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်လို့ခေါ်တဲ့ ဇီ၀ လောင်စာ ထုတ်လုပ်မှုတွေ တိုးတက်တာတွေကြောင့် ကမ္ဘာမှာ ပြောင်းသုံးစွဲမှုတွေ တိုးတက်လာနေတာပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ပြောင်းထုတ်လုပ်မှု နှစ်စဉ်တန်ချိန် သန်းပေါင်း ၈၁၀ ကျော်ရှိပြီး ကုန်သွယ်မှုအနေနဲ့ တန်ချိန် သန်း ၉၀ ကျော် ရှိပါတယ်။
ကမ္ဘာ့လူဦးရေ သန်းပေါင်းများစွာရဲ့ အာဟာရအဖြစ် စားသုံးပြီး အဓိကအားဖြင့် အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိက၊ အမေရိကအလယ်ပိုင်းနဲ့ အိန္ဒိယမျိုးနွယ်ဖွားတွေ နေထိုင်ရာဒေသတွေရဲ့ အဓိက အာဟာရ ဖြည့်တင်းမှုအဖြစ် စားသုံးတဲ့ ပဲဟာ မြန်မာနိုင်ငံရဲ့ လယ်ယာထွက်ကုန်တွေထဲက အဓိကပို့ကုန် တစ်မျိုးဖြစ်ပါတယ်။
နိုင်ငံတိုင်းမှာ စားနပ်ရိက္ခာဖူလုံဖို့ အလေးထားလာ တိုးတက်လာနေတဲ့ ကမ္ဘာ့လူဦးရေ၊ ပြောင်းလဲနေတဲ့ ရာသီဥတု၊ လျော့ကျ နေတဲ့ သဘာဝရေ၊ မြေအရင်းအမြစ် များကြောင့် တစ်နေ့တခြားဆိုသလို ကမ္ဘာ့စားနပ်ရိက္ခာပြတ်လပ်နိုင်မှုရဲ့ ခြိမ်းခြောက်မှုကို ယနေ့ ကမ္ဘာ့နိုင်ငံတိုင်း က ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်နေ ကြရပါတယ်။ ဒီလိုပြင်ဆင်နေကြရာမှာ စားနပ်ရိက္ခာ တင်သွင်း နိုင်ငံတွေကလည်း မိမိတို့ ပြည်တွင်းဖူလုံဖို့ အတွက် ရှိတဲ့အရင်းအမြစ်ကို အခြေခံပြီး ထုတ် လုပ်မှုတိုးမြှင့်အောင် ဆောင်ရွက်ရင်းနဲ့ပဲ ပြည်ပက စားနပ်ရိက္ခာ တင်သွင်းနေရ ဆဲ ဖြစ်သလိုစားနပ်ရိက္ခာ တင်ပို့နိုင်ငံတွေ အနေနဲ့လည်း ပြည်ပတင်ပို့ခြင်းမှ ဝင်ငွေ တိုးပွားအောင် ကြိုးစားရင်းနဲ့ပဲ ပြည် တွင်း စားနပ်ရိက္ခာဖူလုံဖို့၊ ထုတ်လုပ်တဲ့ တောင်သူတွေ အကျိုးအမြတ်ရဖို့ကို အလေးထားလာနေကြတာတွေ့ရပါတယ်။