Main menu

Background

Monday, 2 Apr 2012

    နိုင်ငံတစ်နိုင်ငံရဲ့ စက်မှုလုပ်ငန်းဖွံ့ဖြိုးမှုကို ညွှန်ပြနေတဲ့ ကုန်စည်တွေထဲမှာ ပြောင်းလည်း ပါဝင်ပါတယ်လို့ ပြောင်းတင်ပို့နေတဲ့ လုပ်ငန်းရှင်ကြီးတစ်ဦးက ပြောဖူးပါတယ်။ ဟုတ်ပါတယ်။ လူဦးရေ တိုးတက်လာတာရယ်၊ လူနေမှုအဆင့်အတန်းမြင့်မားလာပြီး အသားစားသုံးမှုများလာတာရယ်၊ စက်မှု လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်တာတွေနဲ့အတူ ရေနံအစား ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်လို့ခေါ်တဲ့ ဇီ၀ လောင်စာ ထုတ်လုပ်မှုတွေ တိုးတက်တာတွေကြောင့် ကမ္ဘာမှာ ပြောင်းသုံးစွဲမှုတွေ တိုးတက်လာနေတာပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ပြောင်းထုတ်လုပ်မှု နှစ်စဉ်တန်ချိန် သန်းပေါင်း ၈၁၀ ကျော်ရှိပြီး ကုန်သွယ်မှုအနေနဲ့ တန်ချိန် သန်း ၉၀ ကျော် ရှိပါတယ်။

Monday, 26 Mar 2012

ကမ္ဘာ့လူဦးရေ သန်းပေါင်းများစွာရဲ့ အာဟာရအဖြစ် စားသုံးပြီး အဓိကအားဖြင့် အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိက၊ အမေရိကအလယ်ပိုင်းနဲ့ အိန္ဒိယမျိုးနွယ်ဖွားတွေ နေထိုင်ရာဒေသတွေရဲ့ အဓိက အာဟာရ ဖြည့်တင်းမှုအဖြစ် စားသုံးတဲ့ ပဲဟာ မြန်မာနိုင်ငံရဲ့ လယ်ယာထွက်ကုန်တွေထဲက အဓိကပို့ကုန် တစ်မျိုးဖြစ်ပါတယ်။

Friday, 23 Mar 2012

နိုင်ငံတိုင်းမှာ စားနပ်ရိက္ခာဖူလုံဖို့ အလေးထားလာ            တိုးတက်လာနေတဲ့ ကမ္ဘာ့လူဦးရေ၊ ပြောင်းလဲနေတဲ့ ရာသီဥတု၊ လျော့ကျ နေတဲ့ သဘာဝရေ၊ မြေအရင်းအမြစ် များကြောင့် တစ်နေ့တခြားဆိုသလို ကမ္ဘာ့စားနပ်ရိက္ခာပြတ်လပ်နိုင်မှုရဲ့ ခြိမ်းခြောက်မှုကို ယနေ့ ကမ္ဘာ့နိုင်ငံတိုင်း က ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်နေ ကြရပါတယ်။ ဒီလိုပြင်ဆင်နေကြရာမှာ စားနပ်ရိက္ခာ တင်သွင်း နိုင်ငံတွေကလည်း မိမိတို့ ပြည်တွင်းဖူလုံဖို့ အတွက်  ရှိတဲ့အရင်းအမြစ်ကို အခြေခံပြီး ထုတ် လုပ်မှုတိုးမြှင့်အောင် ဆောင်ရွက်ရင်းနဲ့ပဲ ပြည်ပက စားနပ်ရိက္ခာ တင်သွင်းနေရ ဆဲ ဖြစ်သလိုစားနပ်ရိက္ခာ တင်ပို့နိုင်ငံတွေ အနေနဲ့လည်း ပြည်ပတင်ပို့ခြင်းမှ ဝင်ငွေ တိုးပွားအောင် ကြိုးစားရင်းနဲ့ပဲ ပြည် တွင်း စားနပ်ရိက္ခာဖူလုံဖို့၊ ထုတ်လုပ်တဲ့ တောင်သူတွေ အကျိုးအမြတ်ရဖို့ကို အလေးထားလာနေကြတာတွေ့ရပါတယ်။

Tuesday, 13 Mar 2012

ထိုင်းဆန်တင်ပို့မှု ၄၂ ရာခိုင်နှုန်းကျဆင်းနိုင်ငံတကာဆန်ဈေးကွက်မှာ ရောင်းချမှု များခြင်းနဲ့ ဈေးနိမ့်ကျနေခြင်းတို့ကြောင့် ယခုနှစ် အတွင်း ထိုင်းဆန်တင်ပို့မှုဟာ မနှစ်ကနဲ့ယှဉ်ရင် သိသိသာသာ ကျဆင်းနေပါတယ်။  ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်အထိ ဆန်တင်ပို့မှုဟာ တန် ချိန် ၄၆၅၀၈၁ သာရှိပြီး ယခင်နှစ် ဖေဖော်ဝါရီ လမှာ တန်ချိန် ၈၂၈၆၂၉ တင်ပို့မှုနဲ့ယှဉ်ရင် ၄၁ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါ တယ်။

Monday, 12 Mar 2012

အခွန်ရငွေကိုဂရုစိုက်ကြ၏    အစိုးရ တစ်ရပ်တွင် ရငွေနှင့် အသုံးစရိတ်များရှိသည်။ ရငွေဖြင့်နိုင်ငံ အတွက်လိုအပ်သောအသုံးအစွဲများပြု လုပ်ရသည်။ ဗဟိုမှချုပ်ကိုင်၍စီမံကိန်း ချဆောင်ရွက်ရသည့် စီးပွားရေးစနစ်မျိုး တွင် နိုင်ငံသူနိုင်ငံသား ပြည်သူ အားလုံး ၏ အရေးကိစ္စမှန်သမျှ  ဖြည့်ဆည်း ပေးရန် အစိုးရ၏ တာဝန်ဖြစ်ရာ အသုံးအစွဲ ငွေကြေးပမာဏပိုမိုများပြား သည်။ အစိုးရ တစ်ရပ်အနေဖြင့် ရငွေ ကိုသင့်လျော်သောနည်းလမ်းမျိုးစုံဖြင့် ရှာဖွေကြရသည်။ ဈေးကွက်စီးပွားရေး စနစ်တွင်မူ အစိုးရသည်စီးပွားရေးအ ဆောက်အအုံအတွင်းရှိ အရာရာကို မ ထိန်းချုပ်၊ ဝင်ရောက်ပတ်သက်ခြင်းမရှိ တော့ပေ။

Monday, 5 Mar 2012

ယခုရက်ပိုင်းတွင် ရွှေဈေးနှုန်းများ အဆမ တန်မြင့်တက်နေမှုကြောင့်   ရွှေလုပ်ငန်းရှင်များ ရင်မ နေကြရသည့် ကာလတစ်ခုသို့ ရောက်ရှိခဲ့ သည်။ထိုကဲ့သို့ ရွှေဈေးများလတ်တလောကာလ တွင် မြင့်တက်လာရခြင်းမှာ ကမ္ဘာ့ရွှေဈေးကွက် တွင် ဈေးနှုန်းများ အဆမတန် မြင့်တက်လာမှု ကြောင့်  တက်ရခြင်းဖြစ်သည်ဟု ရွှေလုပ်ငန်းရှင် တစ်ဦးက သုံးသပ်ပြခဲ့သည်။

Monday, 5 Mar 2012

ပဲမျိုးစုံဈေးက တာထွက်မှာအားပျော့    မြန်မာ့ပဲဈေးကွက်ကို ကြည့်ရင် ယခုရာသီဟာ ဆောင်းပဲများ ဈေးကွက် ဝင်လာတဲ့ ကာလဖြစ်ပါတယ်။ပဲစင်းငုံတွေ နဲ့ ပဲတီရွှေဝါလှိုင်လှိုင်ဝင်တဲ့ ကာလဖြစ် သလို မတ်ပဲနဲ့ ကုလားပဲက အချို့ဒေသ ဈေးကွက်က စဝင်လာနေပြီဖြစ်ပေမဲ့ ဒီလ လယ်လောက်မှ ဖြိုင်ဖြိုင်ဝင်လာမှာ ဖြစ်ပါ တယ်။ ဈေးကွက်ဈေးနှုန်းကို ကြည့်ရင် ဒီနှစ်ပဲမျိုးစုံက တာထွက်မှာ အားပျော့နေ တဲ့အနေအထားရှိနေတာ တွေ့ရပါတယ်။ မနှစ်ကနဲ့ယှဉ်ရင် ကုလားပဲကလွဲပြီး ကျန် အဓိကပဲတွေဖြစ်တဲ့ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲတီရွှေဝါနဲ့ ပဲစင်းငုံဈေးက ထက်ဝက် လောက်ကို လျော့ကျရောင်းဝယ်နေတာ တွေ့ရပါတယ်။ ပဲအားလုံးထဲမှာမှ ဒီတစ်ပါတ်အထူးပြုပြီး ပြောလိုတာကတော့ မတ်ပဲ ဖြစ်ပါတယ်။   

Monday, 27 Feb 2012

နိုင်ငံ့ဝန်ထမ်းနှင့် ဈေးကွက်    သီအိုရီများ၊  သဘောတရားများ အကိုးအကားမရှိဘဲ နိုင်ငံ့ဝန်ထမ်းနှင့် ဈေးကွက်တို့အကြားဆက်စပ်မှုတစ်ခုကို စိတ်ကူးကြည့်လျှင် ပြောင်းပြန်အဆက် အစပ်ရှိသည်ဟု ပြောရလောက်သည်။ နိုင်ငံ့ဝန်ထမ်းအရေအတွက်ပမာဏများ ပြား၍ ပြည်သူပိုင်ကဏ္ဍ ကြီးထွားလာ လျှင် ဈေးကွက်လှုပ်ရှားမှု လျော့ပါးသွား ပြီး၊ဈေးကွက်အရေးပါမှု ကျဆင်းသွား တတ်သည်။ အကယ်၍ နိုင်ငံ့ဝန်ထမ်း အရေအတွက်လျော့နည်းကာ ပြည်သူ ပိုင်ကဏ္ဍသေးငယ်သွားလျှင် ပုဂ္ဂလိက အခန်းကဏ္ဍကြီးမားသော ဈေးကွက် လှုပ်ရှားမှု အင်အားကောင်းလာသည်။

Sunday, 19 Feb 2012

ပို့ကုန်သွင်းကုန် ကုမ္ပဏီများ၊ ပို့ကုန်သွင်းကုန်  ကုမ္ပဏီမဟုတ်သော်လည်း ဝင်ငွေခွန်၊ ကုန်သွယ် လုပ်ငန်းခွန်၊ ကြိုတင်ခွန်များ နိုင်ငံတော်သို့   ပေးဆောင်ထားသော ကုမ္ပဏီများအနေဖြင့် မော်တော် ယာဉ်တင်သွင်းခွင့် လျှောက်ထားရာတွင်   စိစစ်သွားမည့်အချက်များအား  သက်ဆိုင်ရာဌာနမှ  ထုတ်ပြန်ခဲ့သည်ကို  ဖော်ပြလိုက်ပါသည်-

Monday, 13 Feb 2012

                  လက်ရှိ   နိုင်ငံတော်အစိုးရသစ် လက်ထက်တွင် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန်အတွက်  ကုန်သွယ်မှုမြှင့် တင်ရေးကဏ္ဍကို  အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ ကုန်စည်ပြပွဲများ ကျင်းပခြင်းသည်  ကုန်သွယ်မှုမြှင့်တင် ရေးအတွက် အဓိကကျသော  အခန်း ကဏ္ဍတစ်ခုမှ ပါဝင်လျက်ရှိပါသည်။ အစိုးရသစ်လက်ထက်တွင် နိုင်ငံတကာ မှ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု၊  ရင်းနှီး မြှုပ်နှံမှု ကိစ္စရပ်များ  ပူးပေါင်းဆောင် ရွက်ရန် အထူးပင်  စိတ်ဝင်စားလျက် ရှိပါသည်။

Pages