Main menu

Background

Monday, 5 Apr 2021

                ယခုအခါ  တရုတ်နိုင်ငံတောင်ပိုင်းရှိ South China Agricultural University (SCAU)၏ National Engineering Research Center of Plant Space Breeding မှ ပိုင်ဆိုင်သော ဖန်လုံအိမ်များ နှင့်စိုက်ပျိုးသည့်စပါးခင်းများ၌  လကမ္ဘာပေါ်မှ ပြန်လည် သယ်ဆောင်လာခဲ့သော စပါးမျိုးစေ့ (၁,၅၀၀)ကို စိုက်ပျိုးနေပြီဖြစ်ပါသည်။

Monday, 5 Apr 2021

                  ဂျပန်ကုမ္ပဏီများဖြစ်ကြသည့် Seiko Epson Corporation ၊ NEC ၊ Euglena Co.,Ltd. နှင့် Tokyo တက္ကသိုလ် တို့ပူးပေါင်း၍ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု လျှော့ချရာတွင် အထောက် အပံ့ပြုနိုင်သည့် ပလတ် စတစ် အမျိုးအစားအသစ်တစ်မျိုးကို ထုတ်လုပ်ရန် ပူးပေါင်းဆောင်ရွက် နေကြကြောင်း သိရပါသည်။

Monday, 5 Apr 2021

            ဂျပန်နိုင်ငံ၏ အလုပ်လက်မဲ့နှုန်းသည် ပြီးခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလမှ နှုန်းထား အတိုင်း မပြောင်းလဲဘဲ ရှိနေကြောင်း၊ သို့သော် အလုပ်လက်မဲ့ဖြစ်နေသူ အရေအတွက် တိုးလာ သည်မှာ ၁၃ လ ဆက်တိုက်ရှိကြောင်း အစိုးရမှ ထုတ်ပြန်ချက်များအရ သိရပါသည်။

Monday, 5 Apr 2021

           ဂျပန်နိုင်ငံရှိ Isetan စျေးဝယ်စင်တာသည် ကိုရိုနာကူးစက်ရောဂါပြန့်ပွားနေချိန်အတွင်း လူထူထပ်သည့်နေရာများသို့ မသွားလိုသည့် ပြည်သူများအတွက် virtual reality (VR) ပုံစံဖြင့် ဈေးဝယ်နိုင်ရန် ပြင်ဆင်နေကြောင်း သိရပါသည်။

Monday, 5 Apr 2021

          ဥရောပရှိ အွန်လိုင်းအရောင်းဆိုင်များအား ကောက်ယူခဲ့သည့် သုတေသနစစ်တမ်းတစ်ရပ် အရ ၂၀၂၀ ပြည့်နှစ်တွင် ဥရောပ၌ နယ်စပ်ဖြတ်ကျော် အွန်လိုင်းရောင်းချရမှု (cross-border online sales) မှ ဝင်ငွေ ယူရို (၁၄၆) ဘီလျံ ရရှိခဲ့ပြီး၊ နှစ်အလိုက်တိုးတက်မှုနှုန်း (၃၅) ရာခိုင်နှုန်းဖြင့် စံချိန်တင်ခဲ့ကြောင်း သိရသည်။

Monday, 5 Apr 2021

            ဥရောပ၏ နွေရာသီကာလမတိုင်မီ ဘေးကင်းလုံခြုံစွာ ခရီးသွားလာမှုစတင်နိုင်ရေးအတွက် vaccination passports ခေါ် ခရီးသွားလက်မှတ် (Digital Green Certificate) အား အတည်ပြုရေး လုပ်ငန်းစဉ်မြန်ဆန်ရေး  fast-track procedure တစ်ရပ်ကို ဥရောပပါလီမန်က ကြေညာခဲ့ပါသည်။ ဥရောပပါလီမန်အမတ်အများစုက အဆိုပါအရေးပေါ်လုပ်ငန်းစဉ်ကို ထောက်ခံခဲ့ကြသဖြင့် vaccination passports အတွက် ဥရောပကော်မရှင်၏ အဆိုပြုချက် ကို ပါလီမန်က ပို၍မြန်ဆန်စွာ သုံးသပ်နိုင်မည်ဖြစ်သည်။ ဥရောပကော်မရှင်ဥက္ကဌ Ursula von der Leyen ကပြောကြားခဲ့သည့် အတိုင်း လာမည့် ဇွန်လတွင် အတည်ပြုနိုင်ဖွယ်ရှိကြောင်း သိရသည်။

Thursday, 1 Apr 2021

              ကမ္ဘာ့ပဲပုတ်စေ့ဈေးကွက်သို့ အများဆုံးတင်ပို့နေသည့် ဘရာဇီးလ်နိုင်ငံ၏ ၂၀၂၀-၂၀၂၁ ခုနှစ် ပဲပုတ်စေ့ရိတ်သိမ်းမှုသည် ၆၆.၉ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း၊ ယခုနှစ်ပဲပုတ်သီးနှံ ရိတ်သိမ်းမှုသည် ယခင်နှစ် သီးနှံ ရိတ်သိမ်းချိန်ထက်နောက်ကျခဲ့ကြောင်း စိုက်ပျိုးရေးအကြံပေး ကုမ္ပဏီ Safras & Mercado က သတင်းဌာနသို့ ပြောကြားခဲ့သည်။

Wednesday, 31 Mar 2021

          အိန္ဒိယနိုင်ငံ၌ ၂၀၁၅-၂၀၂၀ နိုင်ငံခြားကုန်သွယ်မှု မူဝါဒအရ ဗဟိုအစိုးရက ၂၀၁၇ ခုနှစ်မှ စတင်၍ ကန့်သတ်တင်သွင်းကုန်စည်အဖြစ် သတ်မှတ်ထားသည့် မတ်ပဲ ([Beans of the SPP Vigna Mungo (L.) Hepper] under HS Codes 0713 31 10, 0713 90 10 and 0713 90 90) တန်ချိန် ၁ ဒသမ ၅ သိန်းကို ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွင်း ၃၁-၃-၂၀၂၁ နေ့အထိ တင်သွင်းခွင့်ပြု ကြောင်း အိန္ဒိယ ပြည်ပကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန (DGFT) က ၁-၁၀-၂၀၂၀ နေ့ တွင် အမိန့်ကြော်ငြာစာအမှတ် S.O.3446 (E) ဖြင့် ထုတ်ပြန်ထားခဲ့ပါသည်။

Tuesday, 30 Mar 2021

             ယခုနှစ်၏ စားသုံးသူဆနှုန်းကိန်း(National Broad Consumer Price Index - IPCA)သည် ၄ဒသမ၆၀ ရာခိုင်နှုန်းမှ ၄ဒသမ၇၁ ရာခိုင်နှုန်းတို့ မြင့်တက်ခဲ့ပြီး ၂၀၂၁ ခုနှစ်အတွင်း ၁၁ ပတ်မြောက် ငွေကြေး ဖောင်းပွမှု မြင့်တက်ခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့တွင်ထုတ်ဝေသည့် ဘရာဇီးလ် နိုင်ငံဗဟိုဘဏ်၏ အပတ်စဉ်ထုတ် ငွေကြေးဈေးကွက်သတင်းစာစောင်တွင် IPCA ခန့်မှန်းချက်များနှင့် အတူ စီးပွားရေးညွှန်းကိန်းများအတွက် မျှော်မှန်းချက်များကို ဖော်ပြထားသည်။

Tuesday, 30 Mar 2021

             ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် ဗြိတိန်နိုင်ငံမှ အီးယူသို့ စားသောက်ကုန်နှင့်အဖျော်ယမကာ (food and drink) တင်ပို့မှု ၇၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဗြိတိန်နိုင်ငံ၊ စားသောက်ကုန်နှင့် အဖျော်ယမကာအသင်းချုပ် (Food and Drink Federation) မှ ထုတ်ပြန်သည့် အချက်အလက်များ အရသိရသည်။ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် ဗြိတိန်မှ အီးယူသို့ တင်ပို့မှုတန်ဖိုး စတာလင်ပေါင် (၁) ဘီလီယံမှ ယခုနှစ်၊ အလားတူကာလတွင် စတာလင်ပေါင် ၂၅၆ဒသမ၄ သန်းသို့ ကျဆင်းခဲ့သည်။  ဗြိတိန်နိုင်ငံမှ အိုင်ယာလန်၊ ဂျာမနီနှင့် အီတလီနိုင်ငံများသို့ တင်ပို့မှုတွင် ၈၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သည်။ အထူးသဖြင့် ဆော်လ်မွန်ငါးတ

Pages