Main menu

Background

Thursday, 19 Nov 2020

ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership – RCEP ) သဘောတူစာချုပ်ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကျင်းပခဲ့သည့် စတုတ္တအကြိမ်မြောက် ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး၌အာရှ-ပစိဖိတ်ဒေသရှိ အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးဝန်ကြီးများက နိုင်ငံ့ခေါင်းဆောင်များ၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

Thursday, 19 Nov 2020

စင်ကာပူသို့ ဝင်ရောက်လာသောကမ္ဘာလည့်ခရီးသည်များအနေဖြင့် ကိုဗစ် ၁၉ ရောဂါနှင့် ဆက်စပ်၍ စင်ကာပူတွင် ကုန်ကျသောစရိတ်များအား ကာမိစေမည့် ခရီးသွားအာမခံအစီအစဉ်များ ကို ဝယ်ယူနိုင်ပြီဖြစ်ကြောင်း စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ (Singapore Tourism Board – STB) နှင့် ချန်ဂီလေဆိပ်လုပ်ငန်းအုပ်စု (Changi Airport Group - CAG) တို့က ၁၈ - ၁၁ - ၂၀၂၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

Thursday, 19 Nov 2020

လစ်ဗျားနိုင်ငံ၏ ရေနံတိုးမြှင့်ထုတ်လုပ်မှုကြောင့် ကမ္ဘာ့လောင်စာဆီဈေးနှုန်းသည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့(သောကြာနေ့)တွင် ၂ ရာခိုင်နှုန်း ထပ်မံကျဆင်းခဲ့သည်။ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်နေခြင်းအပေါ် ကမ္ဘာ့နိုင်ငံများတွင် စိုးရိမ်စိတ်များမြင့် တက်လျက် ရှိနေသဖြင့် ကမ္ဘာစီးပွားရေးပြန်လည်နာလန်ထူရန် နှေးကွေးလျက်ရှိပြီး ကမ္ဘာ့လောင်စာဆီ ဈေးကွက်တွင်လည်း ဝယ်လိုအားများ ကျဆင်းလျက်ရှိသည်။

Wednesday, 18 Nov 2020

စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ (Singapore Tourism Board – STB) နှင့် နိုင်ငံတကာ ခရီးသွားလာရေးအွန်လိုင်းဝန်ဆောင်မှုလုပ်ငန်း Trip.com Group တို့သည် စင်ကာပူနိုင်ငံအား ကမ္ဘာလည့်ခရီးသည်များ ရွေးချယ်လည်ပတ်သောနေရာတစ်ခုအဖြစ် စျေးကွက်မြှင့်တင်နိုင်ရေးနှင့် လာရောက်လည်ပတ်စဉ်အတွင်း ပိုမိုကောင်းမွန်သော ခရီးသွားအတွေ့အကြုံများ ရရှိစေရေးတို့ အတွက် ပူးပေါင်းဆောင်ရွက်သွားကြရန် (၃)နှစ်သက်တမ်းရှိသော နားလည်မှုစာချွန်လွှာ (MoU) ကို ၁၇ - ၁၁ - ၂၀၂၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

Wednesday, 18 Nov 2020

ကမ္ဘာ့အကြီးဆုံးလွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်ဖြစ်သော ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုRegional Comprehensive Economic Partnership (RCEP)စာချုပ်ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၁၅)ရက်နေ့တွင်ကျင်းပခဲ့သည့် စတုတ္ထအကြိမ် မြောက်ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုထိပ်သီး အစည်းအဝေးတွင် နိုင်ငံ့ခေါင်းဆောင်များ၏တွေ့ဆုံမှုအပြီး၌ အဖွဲ့ဝင်(၁၅)နိုင်ငံတို့၏သက်ဆိုင်ရာ စီးပွားရေး ဝန်ကြီးများက နိုင်ငံခေါင်းဆောင်များ၏ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း ကိုရီးယား သမ္မတနိုင်ငံ၊ သမ္မတအိမ်ပြာတော်မှ သတင်းထုတ်ပြန်ခဲ့ပါသည်။ သို့ဖြစ်၍ RCEP သည် ပို့ကုန်အပေါ် အဓိကမှီခိုအားထားရလျက်ရှိသော တေ

Tuesday, 17 Nov 2020

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလတွင် စင်ကာပူနိုင်ငံ၏ ကုန်စည်ကုန်သွယ်မှုသည် ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး၊ ပို့ကုန်ပိုင်းတွင် ၈.၆  ရာခိုင်နှုန်းနှင့် သွင်းကုန်ပိုင်းတွင် ၉.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနက  ၁၇ - ၁၁ - ၂၀၂၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာ လအထိ လအလိုက်ကုန်သွယ်မှုအခြေအနေမှာ ဖေဖော်ဝါရီလမှလွဲ၍ ကုန်သွယ်မှုကျဆင်းခဲ့သည်။

Tuesday, 17 Nov 2020

အိန္ဒိယနိုင်ငံ၌ Atmanirbhar Bharat ခေါ် ကိုယ်ပိုင်စွမ်းအားဖြင့် ရပ်တည်ရေး ရည်မှန်းချက်ပန်းတိုင်ကို ချမှတ်လျက် နိုင်ငံအတွင်း ကုန်ထုတ်လုပ်ငန်းအရပ်ရပ်ကို မြှင့်တင်ရန်နှင့် ပို့ကုန်လုပ်ငန်းများ တိုးတက်ကောင်းမွန်ရန် တွန်းအားပေး ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းကဏ္ဍ ၁၀ ခုသို့ ရန်ပုံငွေ ရူပီး ၁၄၆၀ ဘီလီယံအထိ အထောက်အပံ့ပြုမည့် ကုန် ထုတ်လုပ်မှုမြှင့်တင်ရေးဆိုင်ရာ ချိတ်ဆက်အားပေးမှု Production-Linked Incentive (PLI) အစီအစဉ်ကို အစိုးရဝန်ကြီးအဖွဲ့က အတည်ပြုကြောင်း ၁၁-၁၁-၂၀၂၀ နေ့၌ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Monday, 16 Nov 2020

ဘရပ်ဆဲလ်လေကြောင်းလိုင်းအနေဖြင့် ယခုနှစ်၏ ပထမ(၉)လအတွင်း ယူရို ၂၃၃ သန်း ဆုံးရှုံးခဲ့ကြောင်း လေကြောင်းကုမ္ပဏီက ထုတ်ပြန်ခဲ့ပြီး၊  အဓိကအကြောင်းအရင်းမှာ ကိုရိုနာ ဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ကမ္ဘာ့ခရီးသွားလာမှုကဏ္ဍ အထူးသဖြင့် လေကြောင်းခရီးသွားလုပ်ငန်း အပေါ် သိသိသာသာသက်ရောက်မှုရှိခဲ့၍ဖြစ်ကြောင်း သိရသည်။ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိကာလအတွင်း ခရီးသွားအရေအတွက်မှာ ၇၃ ရာခိုင်နှုန်း ကျဆင်းခဲ့ရာ အဆိုပါ လေကြောင်းကုမ္ပဏီအနေဖြင့် ယင်းအခြေအနေအား Reboot Plus ဟု အမည်ရသည့် ပြန်လည် ဖွဲ့စည်းထူထောင်ရေးအစီအစဉ်ဖြင့် တုံ့ပြန်ဆောင်ရွက်လျက်ရှိပြီး၊ အဆိုပါ အစီအစဉ်တွင် ပြီးခဲ့သည့် သြဂုတ်လအတွင်း၌ ဥရောပကော်မရှင်က

Monday, 16 Nov 2020

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါသည် အီးယူအပါအဝင် ကမ္ဘာ့နိုင်ငံများအပေါ် ပြင်းထန်သော စီးပွားရေးနှင့် လူမှုရေးဆိုင်ရာအကျိုးဆက်များဖြင့်ရိုက်ခတ်မှုရှိခဲ့သည်။  ယခုနှစ်၏ ပထမနှစ်ဝက် ကာလတွင် ဥရောပ၏ စီးပွားရေးလုပ်ငန်းများသည် ကပ်ရောဂါ၏ ထိုးနှက်မှုဒဏ်ကို ပြင်းထန်စွာ ကြုံတွေ့ခံစားခဲ့ရပြီး၊  ရောဂါကူးစက်မှုထိန်းချုပ်ရေးအစီအမံများအား တဖြည်းဖြည်းချင်း ပြန်လည် ဖြေလျှော့ခဲ့သည့် တတိယသုံးလပတ်ကာလတွင် ဥရောပ၏ စီးပွားရေးပြန်လည်နိုးထမှုသည် အားကောင်းလာခဲ့ပါသည်။ သို့ရာတွင် မကြာသေးမီက ဥရောပတစ်လွှား ရောဂါကူးစက်မှုနှုန်းများ ပြန်လည်မြင့်တက်လာမှုနှင့်အတူ နိုင်ငံအသီးသီးအလိုက် ဗိုင်းရပ်စ်ထိန်းချုပ်ကန့်သတ်နိုင်ရေး အများ ပြည်သူက

Monday, 16 Nov 2020

ဥရောပတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဒုတိယလှိုင်းအနေဖြင့် ကူးစက်မှုများ ပြန်လည်မြင့်တက်လာခြင်းနှင့် ကပ်ရောဂါထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်ချက်အစီအမံများပြန်လည် ချမှတ်ခဲ့ရခြင်းတို့ကြောင့် ယူရိုဇုန်အုပ်စု၏ ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍအပေါ် သိသာသော သက်ရောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း စီးပွားရေးပြန်လည်နိုးထ နိုင်မှုသည် ရပ်တန့်နေခဲ့ပြီး၊ ကိန်းဂဏန်း (၂) လုံးဖြင့် စီးပွားရေးကျဆင်းမှုဆီသို့ ဦးတည်နေသည့် အခြေအနေရှိကြောင်း IHS Markit ၏ စစ်တမ်းအရ သိရသည်။ ယူရိုဇုန်၏ အကြီးဆုံးစီးပွားရေးများ ဖြစ်သည့် ဂျာမနီနိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့သည် အသွားအလာကန့်သတ်မှုအစီအမံများ (lockdow

Pages