Main menu

Background

Monday, 16 Nov 2020

ဘရာဇီးလ်နိုင်ငံတွင် သီးနှံလက်ကျန်နည်းပါးမှုနှင့် ပြည်တွင်းကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်မှုတို့ကြောင့် အမေရိကန်နိုင်ငံမှ ပြောင်းဖူးစေ့နှင့်ပဲပုပ်စေ့များ တင်သွင်းနိုင်ရန် ရည်ရွယ်၍  ဘရာဇီးလ်အစိုးရက ဥပဒေညွှန်ကြားချက်များအား ပြင်ဆင်ထုတ်ပြန်ခဲ့သည်။

ဘရာဇီးလ်နိုင်ငံအစိုးရ၏ ညွှန်ကြားချက်များနှင့်ပတ်သက်၍ မျိုးဗီဇပြုပြင်ထားသော ကောက်ပဲသီးနှံများကို ဘရာဇီးလ်နှင့်အမေရိကန်နှစ်ဘက်စလုံးက အပြန်အလှန်သဘောတူ လက်ခံမှုအပေါ် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

Thursday, 12 Nov 2020

မျက်မှောက်ခေတ်တွင် ကမ္ဘာတစ်ဝန်းသဘာဝပတ်ဝန်းကျင်နှင့် ပိုမိုသဟဇာတဖြစ်သည့် စွမ်းအင်များကိုပြောင်းလဲသုံးစွဲလာနေခြင်းများကြောင့် ကျောက်မီးသွေးစွမ်းအင်သုံးစက်ရုံများအတွက် အမှာစာအသစ်လက်ခံခြင်းများကို ရပ်တန့် မည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံမှ Toshiba Corporation က ကြေညာခဲ့ပါသည်။

ရုပ်ကြွင်းလောင်စာသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု နယ်ပယ်တွင် ကုန်ကျစရိတ်များ မြင့်တက်လာပြီး အမြတ်အစွန်းများ ကျဆင်းလာနိုင်သည့် စိုးရိမ်မှုများ မြင့်တက်လာမှုကြောင့် Toshiba ကုမ္ပဏီအနေဖြင့် ယခုကဲ့သို့ ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။

Thursday, 12 Nov 2020

ဂျပန်နိုင်ငံ၏ အဓိကလေကြောင်းလိုင်းတစ်ခုဖြစ်သည့် All Nippon Airways (ANA) သည် ကာဗွန်ထုတ်လွှတ်မှုပမာဏကို လျှော့ချနိုင်ရန်အတွက် ဇီဝလောင်စာကို အသုံးပြုရန်စမ်းသပ်နေကြောင်း ပြောကြားခဲ့ပါသည်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားနေချိန် ကာလအတွင်းအခက်အခဲများ ရှိနေသော်လည်း အဆိုပါအစီအစဉ်ကို အကောင်အထည်ဖော်ရန် ANA က ကုန်ကျစရိတ်များ ပိုမိုတိုးမြှင့်သုံးစွဲသွားမည်ဖြစ်ကြောင်း ဆိုပါသည်။

Thursday, 12 Nov 2020

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဖြစ်ပွားနေမှုကြောင့် ပြည်သူအများနေအိမ်မှာပင် နေထိုင်ကြသည့်အတွက် ဂျပန်၏ ထိပ်တန်းအလှကုန်ထုတ်လုပ်ရေးကုမ္ပဏီ Shiseido သည် ၂၀၂၀ ပြည့်နှစ်အတွက် အမေရိကန် ဒေါ်လာ ၂၈၅ သန်းခန့် အသားတင်အရှုံးပေါ်နိုင်မည်ဖြစ်ကြောင်း ခန့်မှန်းပြောဆိုလိုက်ပါသည်။

Thursday, 12 Nov 2020

အမေရိကန် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီကြီး Pfizer သည် ၎င်း၏ စမ်းသပ်ထုတ်လုပ် နေသည့့်် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးသည် ကြားဖြတ်သုံးသပ်လေ့လာမှုတစ်ခုအရ ၉၀ % ကျော်အထိ ထိရောက်မှုရှိသည်ကို တွေ့ရကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။

Thursday, 12 Nov 2020

ဂျပန်အစိုးရ၏ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဆိုင်ရာ အကြံပေးအဖွဲ့က လတ်တလောပြန်လည်မြင့်တက်လာသည့် လူအစုလိုက်အပြုံလိုက် ကူးစက်မှုများအတွက် ပိုမိုထိရောက်သော လုပ်ငန်းစဉ်များချမှတ်နိုင်ရန်နှင့် နိုင်ငံအတွင်း ဝင်ရောက်ခွင့်ထိန်းချုပ်မှုများ ဆောင်ရွက်နိုင်ရန် အကြံပြု တောင်းဆိုခဲ့ကြောင်း သိရပါသည်။

Thursday, 12 Nov 2020

ဂျပန်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုများ ဆက်လက်မြင့်တက်နေသဖြင့် နိုင်ငံအတွင်းအလုပ်အကိုင်စွန့်လွှတ်ရသူပေါင်း ၇၀၀၀၀ ကျော်ခန့်အထိရှိလာပြီဖြစ်ကြောင်း၊ အဆိုပါအရေအတွက်သည် အလုပ်ပြုတ်ခြင်း (သို့မဟုတ်) လုပ်ငန်းများဆုံးရှုံးခြင်း စသည့်အခြေအနေများဖြစ်ပါကြောင်း ဂျပန်နိုင်ငံ၊ Ministry of Health, Labour and Welfare (MHLW) က ပြောကြားခဲ့ပါသည်။

Thursday, 12 Nov 2020

အမေရိကန်သမ္မတရွေးကောက်ပွဲတွင် Mr. Joe Biden က အနိုင်ရခဲ့သည့် သတင်းများ ပေါ်ထွက်လာပြီးနောက် နိုဝင်ဘာလ ၉ ရက်နေ့မှစတင်ကာ တိုကျိုစတော့စျေးကွက်၌ ရှယ်ယာ စျေးများ သိသိသာသာမြင့်တက်လာခဲ့ကြောင်း သိရပါသည်။

နစ်ကေးပျမ်းမျှအညွှန်းကိန်းသည် နိုဝင်ဘာလ ၆ ရက် စျေးပိတ်ချိန်ကထက် ၅၁၄ မှတ် မြင့်တက်ခဲ့ပြီး နိုဝင်ဘာလ ၉ ရက်နေ့ စျေးပိတ်ချိန်တွင် ၄၈၃၅ မှတ်အထိ ရှိခဲ့ကြောင်း၊ အချိန်တစ်ခုတွင် ၆၀၀ မှတ်ကျော်အထိ မြင့်တက်ခဲ့ပြီး  အဆိုပါကိန်းဂဏန်းသည် ၂၉ နှစ်တာကာလ အတွင်း အမြင့်ဆုံးအဆင့်အဖြစ် စံချိန်တင်ခဲ့ခြင်း ဖြစ်ပါသည်။

Thursday, 12 Nov 2020

ဂျပန်နိုင်ငံမှ စီးပွားရေးအဖွဲ့အစည်းများ၏ အကြီးအကဲများသည် ရွေးချယ်ခံ အမေရိကန်သမ္မတ Joe Biden ကို နိုင်ငံတကာရေးရာပြန်လည်တည်ငြိမ်လာရေး ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းခဲ့ကြကြောင်း သိရပါသည်။

ဂျပန်စီးပွားရေးလုပ်ငန်းများအဖွဲ့ချုပ် (Keidaren) ၏ အကြီးအကဲဖြစ်သူ Mr. Nakanishi Hiroaki က ဂျပန်နှင့် အမေရိကန်အစိုးရသစ်တို့အကြား နီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ကာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်လာစေရေး ဆောင်ရွက်ရန် ကြေငြာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါသည်။

Thursday, 12 Nov 2020

ယခုရက်ပိုင်းအတွင်း ညှိနှိုင်းဆွေးနွေးမှုများကို အပြီးသတ်ဆောင်ရွက်နိုင်ခဲ့သောကြောင့် စင်ကာပူနှင့် ဟောင်ကောင်အကြား "Air Travel Bubble - ATB" အစီအစဉ်ဖြင့် ခရီးသွားလာမှုကို နိုဝင်ဘာလ ၂၂ ရက်မှ စတင်ခွင့်ပြုသွားမည် ဖြစ်ကြောင်း စင်ကာပူလေကြောင်းပို့ဆောင်ရေး အာဏာပိုင်က ၁၁ - ၁၁ - ၂၀၂၀ တွင် သတင်းထုတ်ပြန်ခဲ့သည်။

Pages