Main menu

Background

Friday, 23 Oct 2020

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအကျပ်အတည်း၏ ပထမလှိုင်းအတွင်း နယ်သာလန်နိုင်ငံ၏ စီးပွားရေးမှာ မကြုံစဖူးထိခိုက်မှုရှိခဲ့သော်လည်း အခြားသောဥရောပနိုင်ငံများထက် စီးပွားရေးပိုမို ကောင်းမွန်နေဆဲဖြစ်သည်ဟု နယ်သာလန်စာရင်းအင်းဌာနအရ သိရသည်။ နယ်သာလန်နိုင်ငံ အနေဖြင့် စီးပွားရေးကျဆင်းမှုတွင် အခြားဥရောပနိုင်ငံများထက် သာလွန်နေဆဲဖြစ်သည့် အကြောင်း ရင်းမှာ အခြားနိုင်ငံများကဲ့သို့ ပိုမိုတင်းကျပ်သော အသွားအလာကန့်သတ်မှု (lockdowns) များဖြင့် ဆောင်ရွက်ခြင်းမပြုဘဲ ငြင်သာသည့်ကန့်သတ်မှု (intelligent lockdown) ပုံစံဖြင့် စီးပွားရေးကဏ္ဍ များကို အခြားနိုင်ငံများထက် ပိုမိုဖွင့်လှစ်ခွင့်ပြုထားခြင်းကြောင့် ဖြစ်န

Friday, 23 Oct 2020

အီးယူမှ ဗြိတိန်ခွဲထွက်မှုသည် သဘောတူညီမှုမရရှိဘဲ Hard Brexit ဖြစ်ပေါ်ခဲ့ပါက ဘယ်လ် ဂျီယံနိုင်ငံ၏ နှစ်စဉ်ပို့ကုန်တင်ပို့မှုအပိုင်းတွင် ယူရို ၃ ဒသမ ၂ ဘီလီယံအထိ ဆုံးရှုံးနိုင်ဖွယ်ရှိသည်ဟု  ဘယ်လ်ဂျီယံနိုင်ငံရှိ ချေးငွေအာမခံလုပ်ငန်း Euler Hermes ၏ ဆန်းစစ်မှုအရ သိရသည်။ ဥရောပ သမဂ္ဂနှင့်ဗြိတိန်နိုင်ငံတို့အကြား သတ်မှတ်ကာလကုန်ဆုံးချိန်နီးကပ်မှ သဘောတူညီမှုရရှိခဲ့လျှင် ဘယ်လ်ဂျီယံနိုင်ငံ၏ ပို့ကုန်ကဏ္ဍ၌ ဆုံးရှုံးမှုသည် ယူရို ၁ ဒသမ ၆ ဘီလီယံခန့် ရှိနိုင်မည်ဟု ဆိုသည်။ Hard Brexit ကြောင့် ထိခိုက်မှုအများဆုံးရှိနိုင်သည့် နိုင်ငံများမှာ ဂျာမနီ၊ နယ်သာလန်၊ ပြင်သစ်နှင့် ဘယ်လ်ဂျီယံ နိုင်ငံတို့ ဖြစ

Friday, 23 Oct 2020

ဗြိတိန်နိုင်ငံအနေဖြင့် no-deal Brexit ဖြင့် အီးယူမှ ထွက်ခွာမည့်အခြေအနေများဆီသို့ ဦးတည်လျက်ရှိနေသဖြင့် ယင်းသို့ထွက်ခွာခဲ့ပါက ရလဒ်အနေဖြင့် ပြည်ပရင်းနှီးမြှုပ်နှံမှုတွင် သိသာ စွာဆုံးရှုံးမည့် အခြေအနေရှိနေကြောင်း University College London နှင့် London School of Economics တို့မှ လေ့လာမှုအစီရင်ခံစာတစ်ရပ်အရ သိရသည်။ ဗြိတိန်နိုင်ငံသို့ ပြည်ပနိုင်ငံများက ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရာတွင် နိုင်ငံတကာကုန်သွယ်မှုသမိုင်းကြောင်း ရှည်ကြာသည့်အချက်၊ မိတ်ဖက်များနှင့် ကျယ်ပြန့်သည့် ကွန်ရက်တည်ရှိမှု၊ ဘဏ္ဍာရေးကဏ္ဍကဲ့သို့သော ကဏ္ဍများစွာတွင် ခိုင်မာသောစက်မှုလုပ်ငန်းများတည်ရှိမှု စသည့်အချက်များစွာရှိသော်လည်း အဓိ

Friday, 23 Oct 2020

ဗြိတိန်ခွဲထွက်မှုအလွန် ကုန်သွယ်ရေးသဘောတူညီချက်ရရှိရေးအတွက် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်သွားရန် လုပ်သားအရေအတွက် (၇) သန်းကျော်ပါဝင်သည့် ဗြိတိန်နိုင်ငံ၏ စီးပွားရေး လုပ်ငန်း ပေါင်း (၇၀) ကျော်က တိုက်တွန်းခဲ့ကြောင်း သိရသည်။  အဆိုပါစီပွားရေးလုပ်ငန်းများအနေဖြင့် ကုန်သွယ်မှုသဘောတူညီချက်မရရှိဘဲ ဥရောပသမဂ္ဂမှ ဗြိတိန်ထွက်ခွာမှုကို တားဆီးနိုင်မည်ဟု မျှော်လင့်ထားကြောင်း၊ လုပ်ငန်းကဏ္ဍအမျိုးမျိုးကို ကိုယ်စားပြုထားသော စီးပွားရေးလုပ်ငန်း ဦးဆောင်သူများအနေဖြင့် အီးယူနှင့်ဗြိတိန်တို့အကြား သဘောတူညီမှုတစ်ရပ် ရရှိစေလိုကြသည်ဟု ပြောကြားသည်။ ဗြိတိန်ခွဲထွက်မှုအလွန် ကုန်သွယ်ရေးသဘောတူညီချက်ဆိုင်ရာ ဆွေးနွေးမှုများတွင်

Friday, 23 Oct 2020

အိန္ဒိယနိုင်ငံ၌ မကြာသေးမီရက်များအတွင်း ကြက်သွန်နီလက်လီဈေးနှုန်းများ တရိပ်ရိပ် မြင့်တက်ခဲ့ရာ ပြည်တွင်းဈေးကွက် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်နှင့် ဈေးနှုန်းတည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရန်အတွက် ကြက်သွန်နီတင်သွင်းမှုဆိုင်ရာ ကန့်သတ်ချက်အချို့ကို ဖြေလျော့ခွင့်ပြု ပေးလိုက်ကြောင်း အိန္ဒိယ စားသုံးသူရေးရာ၊ အစားအစာနှင့် ပြည်သူ့ဖြန့်ဖြူးရေး ဝန်ကြီးဌာနက ၂၁-၁၀-၂၀၂၀ နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

Thursday, 22 Oct 2020

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့ရှိ မြန်မာစီးပွားရေးသံမှူးရုံးတွင် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၇)ရက်နေ့ နံနက်ပိုင်း၌ ကွမ်ရှီး (ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Guangxi ShengWeiDa International Trading Co., Ltdက  မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံသို့ ဆန်နှင့်ဆန်ကွဲ တရားဝင်တင်သွင်းခွင့်ရရှိ ထားသော Adipati Agricultural Produce Trading Limitedထံမှ A 1-2 Sortexed အမျိုးအစား ဆန်ကွဲမက်ထရစ်တန်(၃၀၀)အား တစ်တန်လျှင်အမေရိကန်ဒေါ်လာ (၃၄၅)ဖြင့် ဝယ်ယူသည့်စာချုပ်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ပါသည်။

Thursday, 22 Oct 2020

ဒစ်ဂျစ်တယ်စင်္ကြံအသုံးပြုလျက် တစ်ခုတည်းသော ပြတင်းပေါက်စနစ် (single-window clearance) ဖြင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းများကို ရှင်းလင်းဆောင်ရွက်မည့် အစီအမံအား အိန္ဒိယနိုင်ငံအစိုးရက လွှတ်တော်သို့ အဆိုပြုတင်ပြထားရာ ၎င်းအစီအစဉ် မစတင်မီ၌ပင် ပြည်ပ ရင်းနှီးမြှုပ်နှံလုပ်ကိုင်လိုသူများ၏ စိတ်ဝင်စားမှုကို ရရှိလျက်ရှိကြောင်း သိရှိရသည်။

Monday, 19 Oct 2020

အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ပကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန (DGFT) သည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက်တင်သွင်းခွင့်ပြုမည့် ပဲစင်းငုံ၄ သိန်း အတွက် တင်သွင်းခွင့်လိုင်စင်များအား၆ လကျော်ကြာ ဆိုင်းငံ့ထားရာမှ ပြည်တွင်းရှိ ပဲခွဲစက် လုပ်ငန်းရှင်များသို့ ကိုတာခွဲဝေပေးမှုစာရင်းနှင့်အတူ ၁၅-၁၁-၂၀၂၀ နေ့ နောက်ဆုံးထား၍ အိန္ဒိယ ဆိပ်ကမ်းသို့အရောက် တင်သွင်းရမည်ဖြစ်ကြောင်းကို ၁၃-၁၀-၂၀၂၀ နေ့တွင် ၎င်း၏ဒေသဆိုင်ရာ DGFT ရုံးခွဲများသို့ အကြောင်းကြားစာထုတ်ပြန်ခဲ့ပါသည်။

Friday, 16 Oct 2020

စက်တင်ဘာလအတွင်း တရုတ်နိုင်ငံ၏ စားသုံးသူဈေးနှုန်းအညွှန်းကိန်း (consumer price index - CPI)မှာ ၁ ဒသမ ၇ ရာခိုင်နှုန်းသာမြင့်တက်ခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရိုမှ ထုတ်ပြန်ကြေညာခဲ့ပါသည်။ ၎င်းအညွှန်းကိန်းမှာ ငွေကြေး ဖောင်းပွမှုအား တိုင်းတာရာတွင် အဓိကကျသော အညွှန်းကိန်းတစ်ခုဖြစ်ပါသည်။

ထိုကဲ့သို့မြင့်တက်ခဲ့သော်လည်း သြဂုတ်လအတွင်း မြင့်တက်ခဲ့သည့် ၂ ဒသမ ၄ ရာခိုင်နှုန်း အောက်လျော့နည်းလာသည်ကို တွေ့ရပါသည်။

Friday, 16 Oct 2020

၂၀၂၀ ပြည့်နှစ် စက်တင်ဘာအတွင်း တရုတ်နိုင်ငံ၏ ပို့ကုန်မှာ ၉ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်လာပြီး သွင်းကုန်မှာ ၁၃ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်လာပါသည်။  ပို့ကုန်ပိုင်းတွင် နိုင်ငံခြားဈေးကွက်များ ပြန်လည်ဖွင့်လှစ်လာသဖြင့် တိုးတက်လာခဲ့သော်လည်း၊ အမေရိကန်ပြည်ထောင်စုနှင့် ဉရောပနိုင်ငံများတွင် ကိုရိုနာကပ်ရောဂါတကျော့ပြန် ခေါင်းထောင်လာခြင်းက ပြန်လည်မြင့်တက်လာသည့်ဝယ်လိုအားအပေါ် အနှောင့်အယှက် ဖြစ်စေဖွယ် ရှိနေပါသည်။

Pages