Main menu

Background

Thursday, 5 Nov 2020

ကမ္ဘာ့နိုင်ငံအများစုတွင် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် စီးပွားရေးကျဆင်းမှု များနှင့်ရင်ဆိုင်နေရချိန်တွင် တရုတ်နိုင်ငံသည် စီးပွားရေးလုပ်ငန်းများ ပြန်လည်တည်ငြိမ်မှု ရှိအောင်ဆောင်ရွက်နိုင်ခဲ့သည့်အတွက် စားသောက် ဆိုင်များ၊ ဈေးဝယ်စင်တာများတွင် ရောင်းအားပြန်လည်မြင့်တက်ခဲ့ကြောင်း၊ လေယာဉ်၊ ရထားများဖြင့် ခရီးသွားလာမှုသည်လည်း ပြန်လည်ကောင်းမွန်လာခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏လက်လီရောင်းချမှု(China's Retail Sales) သည် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ၃ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ဩဂုတ်လတွင် သုည ဒသမ ၅ ရာခိုင်နှုန်းသာမြင့်တက်ခဲ့ကြောင်း၊ တစ်ဦးချင်းဝင်ငွေပမာဏ ၂၀၂၀ ပြည့်နှစ် ပထမကိုးလအတွင်း ၂၃၇၈၁ ယွမ်(

Thursday, 5 Nov 2020

တရုတ်နိုင်ငံအမျိုးသားစာရင်းအင်းဗျူရိုမှ ထုတ်ပြန်ကြေညာခဲ့သည့် အချက်အလက် များအရ ၂၀၂၀ ပြည့်နှစ် တတိယသုံးလပတ်ကာလအတွင်း တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအားဖော်ပြသည့် စက်မှုလုပ်ငန်းများ၏ကုန်ထုတ် လုပ်မှုတန်ဖိုး(Value- Added Industrial Output) သည် ပြီးခဲ့သည့်နှစ်၊ ကာလတူထက် ၅ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက် ခဲ့ကြောင်း၊ ထိုသို့မြင့်တက်လာခြင်းမှာ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုအားထိန်းချုပ်ဆောင်ရွက်နိုင်ပြီး စက်ရုံများ တွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများပြန်လည်စတင် နိုင်ခဲ့ခြင်းကြောင့်ဖြစ် ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ပထမ ၉ လတာကာလအတွင်း တရုတ်နိုင်ငံရှိ စက်မှုလုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုတန်ဖိုးသည် ပ

Thursday, 5 Nov 2020

တရုတ်နိုင်ငံ သတင်းအချက်အလက်ထုတ်ပြန်ရေးဗဟိုကောင်စီ(The State Council Information Office P.R.C)မှ ထုတ်ပြန်ကြေညာခဲ့သည့်အချက်အလက်များအရ  ၂၀၂၀ ပြည့်နှစ် တတိယသုံးလပတ်တာကာလအတွင်း တရုတ်နိုင်ငံ ၏ ပြည်တွင်းအသားတင်ထုတ်လုပ် မှုတန်ဖိုး (Gross Domestic Product-GDP) တရုတ်ယွမ်ငွေ ၂၆ ဒသမ  ၆၂ ထရီလီယံ ရရှိခဲ့ သည့်အတွက် ပြီးခဲ့သည့်နှစ်၊ ကာလတူထက် ၄ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပထမကိုးလအတွင်းတရုတ်နိုင်ငံအနေဖြင့် ပြည်တွင်းထုတ်လုပ်မှု (GDP) တန်ဖိုး တရုတ်ယွမ်ငွေ ၇၂ ဒသမ ၂၈  ထရီလီယံရရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်၊ ကာလတူထက် သုည ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း၊ တရုတ်နိုင်ငံ ၏စီးပွားရေး

Thursday, 5 Nov 2020

၂၀၂၀ပြည့်နှစ် စက်တင်ဘာလအတွင်း၌ တရုတ်နိုင်ငံ၏ စားသုံးသူစျေးဆနှုန်းကိန်း အား မြင့်တက်စေသည့် အခြေခံအကြောင်းအရင်းတစ်ရပ်ဖြစ်သည့် ဝက်သားဈေးနှုန်းသည် ပြီးခဲ့သည့်နှစ်၊ ကာလတူထက် ၂၅ ဒသမ ၅ ရာခိုင်နှုန်း၊ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လထက် ၂၇ ဒသမ ၁  ရာခိုင်နှုန်းအသီးသီးကျဆင်းလာခဲ့ကြောင်း၊ တရုတ်နိုင်ငံအတွင်း၌ စားသောက်ကုန်ပစ္စည်း များ အပြိုင်အဆိုင်ရောင်းချမှု ပြန်လည်မြင့်တက်လာသဖြင့် စားသောက်ကုန်ဈေးနှုန်း အား ထိန်းချုပ် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ သို့ဖြစ်ရာ စားသုံးသူစျေးဆနှုန်းကိန်းနှင့် ငွေကြေးဖောင်း ပွမှုနှုန်းတည်ငြိမ်လာခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်အတွင်း စားသုံးသူဈေးဆနှုန်းကိန်းအား ၂ ဒသမ ၄ ရာခိုင်နှုန်းပတ်ဝန်းကျင်သာ

Thursday, 5 Nov 2020

တရုတ်နိုင်ငံ၊ အမျိုးသားစာရင်းအင်းဗျူရို(National Bureau of Statistics) မှ ထုတ်ပြန်ကြေညာခဲ့သည့်အချက်အလက်များအရ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လအတွင်း၌ တရုတ်နိုင်ငံ၏စားသုံးသူဈေးဆနှုန်းကိန်း (Consumer Price Index-CPI)သည် ပြီးခဲ့သည့် နှစ်ကာလတူထက် ၂ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ရာမှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း၌ ပြီးခဲ့သည့်နှစ် ကာလတူထက် ၁ ဒသမ ၇ ရာခိုင်နှုန်းသာ မြင့်တက်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် စားသောက်ကုန်ဈေးနှုန်းသည် ပြီးခဲ့သည့်နှစ်၊ ကာလတူထက် ၁၃ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံအစိုးရသည် COVID-19 ရောဂါကူးစက်ပျံ့နှံ့ မှုများကြောင့် ထိခိုက်နစ်နာမှုရှိခဲ့သည့် စီးပွားရေးလု

Wednesday, 4 Nov 2020

ဘရာဇီးလျားမြို့၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၂၂ ရက် စီးပွားရေးဝန်ကြီးဌာနမှ ဘဏ္ဍာရေးဆိုင်ရာ အတွင်းရေးမှူး Waldery Rodrigues က လက်တလောမျှော်မှန်းထားသည့် ဘရာဇီးနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်ကုန်(Gross Domestic Product) ၄၇ရာခိုင်နှုန်းအထိ ကျဆင်းခဲ့မှုအပေါ် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလဆန်းတွင် စီးပွားရေးဆိုင်ရာအဖွဲ့မှ ပြန်လည်သုံးသပ်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဘရာဇီးနိုင်ငံ၏ ဆောင်ရွက်မှု ညွှန်းကိန်းများသည် နိုင်ငံ၏ စီးပွားရေး ပြန်လည်ဦးမော့လာမှု အခြေအနေကို ညွှန်ပြလျက်ရှိသည်။ လတ်တလောရင်ဆိုင်နေရသော စီးပွားရေးအကြပ်အတည်းသည် ပိုမိုနက်ရှိုင်းသော်လည်း ၂၀၀၈ နှင့် ၂၀၀၉ ခုနှစ်တွင်ဖြစ်ပွားခ

Wednesday, 4 Nov 2020

ဘရာဇီးလျား၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၃ ရက်-

လက်ရှိ အမေရိကန်သမ္မတ Donald Trump နှင့် ဒီမိုကရက်တစ်အတိုက်ခံ ဒုတိယ သမ္မတဟောင်း Joe Biden တို့၏ သမ္မတစကားစစ်ထိုးပွဲပြီးနောက် ယခုအပတ်သောကြာနေ့တွင် ဘရာဇီးနိုင်ငံ၏ အမေရိကန်ဒေါ်လာတန်ဖိုးသည် မြင့်တက်ခဲ့သည်။

အမေရိကန်ဒေါ်လာတန်ဖိုး သုည ဒသမ ၄၈ ရာခိုင်နှုန်းမြင့်တက်၊ ဘရာဇီးဟဲရာ ၅.၆၂၀၇ ဖြင့် အရောင်းအဝယ်ဖြစ်-

Wednesday, 4 Nov 2020

အာဂျင်တီးနား၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၃ ရက်

နိုင်ငံ၏စီးပွားရေးသည် ပြန်လည်ဦးမော့လာသည့် လက္ခဏာပြနေကြောင်း အာဂျင်တီးနားနိုင်ငံ၊ စီးပွားရေးဝန်ကြီး Martín Guzmán ၏ အကဲဖြတ်ပြောဆိုသည်။

ဝန်ကြီး Martín Guzmán သည် နိုင်ငံတော်အရန်ငွေကြေးကျဆင်းနေမှုနှင့် ပီဆိုငွေကြေး၏ ဖိအားတိုးမြင့်မှုများ ရှိနေသော်လည်း ပြည်တွင်းငွေတန်ဖိုးကျဆင်းမှု နှေးကွေးနေခြင်းအား ဆက်လက်ထိန်းသိမ်းသွားရန် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၃ ရက်တွင် ကတိပေးပြောကြားခဲ့သည်။

Wednesday, 4 Nov 2020

ကိုရီးယားသမ္မတနိုင်ငံ အစိုးရအဖွဲ့နှင့် သမ္မတအိမ်ပြာတော်တို့သည် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ (World Trade Organization-WTO) ၏ ညွှန်ကြားရေးမှူးချုပ်အသစ်ရာထူးကို ကိုရီးယား ကုန်သွယ်ရေးဝန်ကြီး Ms. Yoo Myung-hee က အနိုင်ရရှိနိုင်ရေးအတွက် မည်ကဲ့သို့ဆက်လက် ဆောင်ရွက်ရမည်ကိုဆုံးဖြတ်ရန် အခက်ကြုံနေရကြောင်း သိရှိရပါသည်။

Wednesday, 4 Nov 2020

ASEAN-Korea Center မှ ကြီးမှူး၍ Vietnam Trade Promotion Agency နှင့် The Korean Institute of Design Promotion (KIDP) တို့ ပူးပေါင်းစီစဉ်သော ASEAN-Korea Excellent Design Exhibition Award 2020 အစီအစဉ်ကို ၂၀၂၀ ပြည့်နှစ်၊ မေလမှစတင်၍ စီစဉ်ခဲ့ကြရာ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ထုတ်ပိုးမှုဒီဇိုင်းကုမ္ပဏီများက ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါသည်။ ထိုသို့ ဝင်ရောက်ယှဉ်ပြိုင်ကြသူများနက် ပြိုင်ပွဲစည်းကမ်းသတ်မှတ်ချက်များနှင့်ကိုက်ညီသော အာဆီယံဒီဇိုင်းကုမ္ပဏီ ၂၉ ခုမှ ဒီဇိုင်း ၄၄ ခုသည် ASEAN-Korea Excellent Design Exhibition Award အစီအစဉ်သို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီး မြန်မာနိုင်ငံမှဒီဇိုင်းသုံးမျိုး ဝင်

Pages