Background
အာဆီယံဒေသအတွင်း ကုန်းလမ်းမှတစ်ဆင့် နယ်စပ်ဖြတ်ကျော်၍ ကုန်စည်များကို ဖြတ်သန်းပို့ဆောင်ရာတွင် ပိုမိုလွယ်ကူစေရေးအတွက် "ASEAN Customs Transit System (ACTS)" ကို ၂ - ၁၁ - ၂၀၂၀ ရက်နေ့တွင် စတင် ဆောင်ရွက်ပြီဖြစ်ကြောင်းနှင့် ယင်းစနစ်ကို ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့က စတင်အကောင် အထည်ဖော်လိုက်ပါဆောင်ရွက်မည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီးဌာနနှင့် အကောက်ခွန်ဦးစီးဌာနတို့မှ ပူးတွဲသတင်းထုတ်ပြန်ခဲ့ပါသည်။
အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကို ဂျပန်နိုင်ငံက စောင့်ကြည့်နေကြောင်း ဂျပန် နိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီး Mr. Taro Aso က ပြောကြားခဲ့ပါသည်။ အမေရိကန် ပြည်ထောင်စု၌ မဲရေတွက်မှုများ စတင်လုပ်ဆောင်နေသည့် နိုဝင်ဘာလ ၄ ရက်တွင် Mr. Aso က သတင်းထောက်များအား ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။
ဂျပန်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဆက်လက်ကူးစက်ပြန့်ပွားနေချိန် ပြီးခဲ့သည့် ဒုတိယသုံးလပတ်၊ စက်တင်ဘာလကုန်အထိ မြို့တော်တိုကျိုသို့ ပြောင်းရွှေ့နေထိုင်သူ ဦးရေထက် တိုကျိုမှ အခြားမြို့ကြီးများဆီသို့ ပြောင်းရွှေ့သွားသူဦးရေ ပိုများလာကြောင်းကို ဂျပန်ပြည်ထဲရေး ဝန်ကြီးဌာန၏ စစ်တမ်းသစ်တစ်ခုတွင် ဖော်ပြထားပါသည်။
ဂျပန်နိုင်ငံမှ လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့် Kao Corp. က အင်ဒိုနီးရှားနိုင်ငံမှ ဆီအုန်း စိုက်ပျိုးရေးသမားများကို ၎င်းတို့၏လုပ်ငန်းကို မြှင့်တင်ပေးရန်၊ စိုက်ပျိုးရေးအထွက်နှုန်း ကောင်း လာစေရန်၊ ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ပံ့ပိုးမှုအစီအစဉ်တစ်ခုကို ဆောင်ရွက်နေပါသည်။
ဂျပန်ပြည်တွင်း မော်တော်ယာဉ်အသစ် ရောင်းအားသည် ယခု ၂၀၂၀ ပြည့်နှစ်၊ အောက်တို ဘာလတွင် ပြီးခဲ့တဲ့နှစ် အလားတူကာလကထက် ၃၀ ရာခိုင်နှုန်းနီးပါးမြင့်တက်ခဲ့ပြီး ၁၃ လတာကလအတွင်း နှစ်အလိုက်နှိုင်းယှဉ်မှုအနေဖြင့် ပထမဆုံးအကြိမ် မြင့်တက်လာခြင်းဖြစ်ကြောင်း သိရပါ သည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ကားအစီးရေ ၄၀၆,၈၅၁ စီး ရောင်းချခဲ့ရပြီး ယခင်နှစ် အလားတူကာလထက် ၃၀ ရာခိုင်နှုန်းခန့် မြင့်တက်လာခြင်းဖြစ်ပါကြောင်း မော်တော်ယာဉ်လုပ်ငန်း ဆောင်ရွက်သူ ကုမ္ပဏီများက ဆိုပါသည်။
ဂျပန်အစိုးရအနေဖြင့် ဗြိတိန်နိုင်ငံနှင့် စီးပွားရေးမိတ်ဖက်သဘောတူ စာချုပ်အသစ်ဆိုင်ရာ ဥပဒေမူကြမ်းကို နိုဝင်ဘာလ ၄ ရက်နေ့က အပြီးသတ် အတည်ပြု ရေးဆွဲခဲ့ကြောင်း၊ အဆိုပါ သဘောတူညီချက်ကို လာမည့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် အသက်ဝင်နိုင်ရန်အတွက် လွှတ်တော်၏ အတည်ပြုချက် မြန်မြန်ဆန်ဆန်ရရှိရေး ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း သိရပါသည်။
ကမ္ဘာ့ဘဏ်မှထုတ်ပြန်ခဲ့သည့် အရှေ့အာရှနှင့်ပစိဖိတ်စီးပွားရေးအစီရင်ခံစာတွင် ၂၀၂၀ ပြည့်နှစ်အတွင်း တရုတ်နိုင်ငံအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှစ်ရာခိုင်နှုန်းအထိ မြင့်တက် လာမည်ဟု ခန့်မှန်းထားကြောင်း ဖော်ပြခဲ့သည့် အတွက် ကမ္ဘာ့ဘဏ်မှ ယခင် ၂၀၂၀ ပြည့်နှစ် ဇွန်လအတွင်း ထုတ်ပြန်ခဲ့သည့်အစီရင်ခံစာတွင်ဖော်ပြထားသည့် ခန့်မှန်းချက်ထက် တစ်ရာခိုင် နှုန်းမြင့်တက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေးပြန်လည် တည်ငြိမ်မှု ရှိလာ ခြင်းသည် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမြင့်တက်စေရန် အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံများအနေဖြင့် တရုတ်နိုင်ငံ၏ COVID-19 ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများ
တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး Wang Yi ၏ ၁၁-၁၀-၂၀၂၀ ရက်နေ့မှ ၁၂-၁၀-၂၀၂၀ ရက်နေ့ထိ ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်ခဲ့သည့် ချစ်ကြည်ရေး ခရီးစဉ်အတွင်း၌ တရုတ်-ကမ္ဘောဒီးယားလွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် (China-Cambodia Free TradeAgreement)နှင့် အခြားအရေးပါသည့် သဘောတူညီချက် များအား လက်မှတ်ရေးထိုးခဲ့ကြောင်း၊ COVID-19 ကမ္ဘာ့ကပ်ရောဂါကူးစက်ပျံ့နှံ့မှုများ ဖြစ်ပွားစဉ်ကာလ အတွင်း တရုတ်နှင့်ကမ္ဘောဒီးယားနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက် မှုများပိုမိုအားကောင်းလာခဲ့ကြောင်း၊ လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းကြောင့် နှစ်နိုင်ငံစလုံး၏ စီးပွားရေးအပေါ် အကျ
တရုတ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ခဲ့သည့် အချက် အလက်များအရ ၂၀၂၀ ပြည့်နှစ် ပထမ ၁၀ လတာကာလအတွင်း၌ တရုတ်နိုင်ငံမှ ပြင်ပ နိုင်ငံများသို့သွားရောက်၍ ငွေကြေးမဟုတ်သည့် တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ တည်ငြိမ်စွာ ဆက်လက်တိုးတက်လျက်ရှိကြောင်း၊ အဆိုပါကာလအတွင်း၌ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံနှင့် ဒေသပေါင်း ၁၆၄ နိုင်ငံ၌ ငွေကြေးမဟုတ်သည့် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၉၀ ဒသမ ၄၆ ဘီလီယံ ရှိသည့်အတွက် ပြီးခဲ့သည့်နှစ်ကာလတူထက် ၅ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။ တရုတ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ် ပထမကိုး လတာကာလအတွင်း၌ ငွေကြေးမဟုတ်သည့် တိုက်ရိုက်ရင်း
၂၀၂၀ ပြည့်နှစ် တတိယသုံးလပတ်ကာလအတွင်း တရုတ်နိုင်ငံအနေဖြင့် ပြည်ပ နိုင်ငံများနှင့် ကုန်သွယ်မှုပမာဏ ယွမ် ၈ ဒသမ ၈၈ ထရီလီယံ(အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၂ ထရီလီယံ) ရရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်၊ ကာလတူ နှင့် နှိုင်းယှဉ်ပါက ၇ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ ကြောင်း၊ ပို့ကုန်ပမာဏ ယွမ်ထရီလီယံရရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်ကာလတူ ထက် ၁၀ ဒသမ ၂ ရာခိုင်နှုန်း၊ သွင်းကုန်ပမာဏ ယွမ် ၃ ဒသမ ၈၈ ထရီလီယံရရှိခဲ့သည့်အတွက် ပြီးခဲ့ သည့်နှစ် ကာလတူထက် ၄ ဒသမ ၃ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်း၊ ကမ္ဘာတစ်ဝန်း COVID-19 ရောဂါဖြစ်ပွားစဉ်ကာလအတွင်း လိုအပ်သည့်ထုတ်ကုန်ပစ္စည်းများအား အချိန်တို ကာလ အတွင်း ထုတ်လုပ်နိုင်ခြင်း၊ ကု
