Background
အီးယူ၏ ကုန်သွယ်မှုသဘောတူညီချက်များနှင့် ယေဘုယျအကောက်ခွန်သက်သာခွင့် အစီအစဉ်(Generalized Scheme of Preferences) တို့အောက်မှ ကုန်သွယ်မှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာကတိကဝတ်များအား ဖောက်ဖျက်မှုနှင့် ဈေးကွက်ဝင်ရောက်ခွင့်ဆိုင်ရာ အတားအဆီးများအား ပေးပို့တင်ပြနိုင်ရေးအတွက် တိုင်ကြားမှုစနစ်သစ် (new complaint system) တစ်ရပ်ကို ဥရောပကော်မရှင်က ၁၆-၁၁-၂၀၂၀ ရက်နေ့က စတင်မိတ်ဆက်ခဲ့ပါသည်။ အဆိုပါစနစ် သစ်သည် အီးယူ၏ ကုန်သွယ်ရေးသဘောတူညီချက်များအကောင်အထည်ဖော်ခြင်းနှင့် အသက်ဝင် အာဏာတည်မြဲစေခြင်းတို့ကို အားကောင်းလာစေရေး ဥရောပကော်မရှင်၏ ကြိုးပမ်းဆောင်ရွက် ချက်များကိုထင်ဟပ
စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနလက်အောက်ရှိ Enterprise Singapore သည် လက်ရှိဖြစ်ပေါ်တိုးတက်နေသော ကမ္ဘာ့စီးပွားရေးနှင့် ကုန်သွယ်မှုအခြေအနေတို့အပေါ် သုံးသပ်လျက် ၂၀၂၀ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တို့တွင် ဖြစ်ပေါ်လာနိုင်သည့် စင်ကာပူ၏ ကုန်စည် ကုန်သွယ်မှုနှင့် စက်သုံးဆီမဟုတ်သောပြည်တွင်းထုတ်ကုန်များတင်ပို့နိုင်မည့်အခြေအနေတို့အပေါ် ကြိုတင်ခန့်မှန်းချက်ကို ၂၃ - ၁၁ - ၂၀၂၀ ရက်တွင် သတင်းထုတ်ပြန် ခဲ့ပါသည်။
ကိုရီးယားသမ္မတနိုင်ငံ၌ COVID-19 ကမ္ဘာ့ကူးစက်ကပ်ရောဂါကြောင့် ထိခိုက်ရသော လေကြောင်းကဏ္ဍစီးပွားရေးလုပ်ငန်းများနှင့်ခရီးသွားကဏ္ဍအား ပြန်လည်နာလန်ထူဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတကာ လေကြောင်းလိုင်းများအား ဆင်းသက်ခြင်းမရှိဘဲ ပျံသန်းခွင့်ပြုမည့် “International Flight without landing (Flight to nowhere)” အစီအစဉ်ကို ခရီးသွားပုံစံအသစ်အဖြစ် ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ မစ္စတာဟောင်နမ်ကီက ၁၉-၁၁-၂၀၂၀ နေ့ တွင် စီးပွားရေးရာနှင့်သက်ဆိုင်သည့်ဝန်ကြီးများနှင့်တွေ့ဆုံခဲ့သော အစည်းအဝေး တစ်ခု ၌ ထုတ်ဖော်ပြောကြားခဲ့ပါသည်။
အိန္ဒိယနိုင်ငံ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ပဲတီစိမ်းတန်ချိန် ၁.၅ သိန်းအား ခွဲတမ်းသတ်မှတ်ချက်ဖြင့် ကန့်သတ်တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရက ၂၈-၃-၂၀၂၀နေ့တွင်အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပြီး သွင်းကုန်လိုင်စင်များ ထုတ်ပေးခြင်းမပြုပဲ ထားရှိခဲ့ရာ ယခုအခါ ပြည်တွင်းရှိ ပဲခွဲစက်လုပ်ငန်း ၁၄၆၄ ခုသို့ ကိုတာခွဲဝေပေးမှုနှင့်အတူ ၃၁-၃-၂၀၂၁ နေ့ နောက်ဆုံးထား၍ အိန္ဒိယဆိပ်ကမ်းသို့အရောက် တင်သွင်းရမည်ဖြစ်ကြောင်းကို အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနရှိ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (DGFT) က ၁၂-၁၁-၂၀၂၀ နေ့တွင်၎င်း၏ဒေသဆိုင်ရာ DGFT ရုံးခွဲများသို့ အကြောင်းကြားစာထုတ်ပြန်ခဲ့သည်။
ကိုရီးယားသမ္မတနိုင်ငံ၌ နေ့စဉ် Coronavirus ကူးစက်မှုနှုန်းလူဉီးရေ(၃၀၀) အထက်သို့ မြင့်တက်လာမှုသည်(၁၉-၁၁-၂၀၂၀) ရက်နေ့တွင် ဒုတိယမြောက်နေ့အဖြစ် ဆက်တိုက် ပြန်လည်မြင့်တက်လာလျက်ရှိပြီး၊ နိုင်ငံအတွင်း နေရာအနှံ့အပြားတို့တွင်နေရာကွက်ကြား ရောဂါ ကူးစက်မှုများကမြင့်တက်လျက်ရှိရာ ဆေးရုံများရှိ Intensive Care Unit (ICU)များတွင်လည်း (၇၈) ရာခိုင်နှုန်းအထိနေရာပြည့်လျက်ရှိ၍ လတ်တလော ICU ကုတင်(၁၁၉) ခုသာ အလွတ်ရှိကြောင်း၊ COVID-19ကူးစက်မှု တတိယလှိုင်း (COVID-19 Third Wave) ဖြစ်ပွားမည်ကိုစိုးရိမ်လျက်ရှိကြကြောင်း သိရှိရသည်။
ဘရာဇီးနိုင်ငံသည် အခြားနိုင်ငံများမှ သွင်းကုန်များအပေါ် တင်သွင်းခွင့်ပမာဏ(quota) သတ်မှတ်၍ အကောက်ခွန်နှုန်း ၀% ဖြင့် တင်သွင်းခွင့်ပြုလျက်ရှိရာ သွင်းကုန်ဈေးကွက် များတွင် ဂျုံမှုန့်ပြတ်လပ်မှုမရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများမှ ဂျုံတင်သွင်းမှုများအပေါ် သွင်းကုန်ပမာဏ(quota)ပိုမိုတိုးမြှင့်သတ်မှတ်ပေးရန် ပြည်တွင်းဂျုံစက်လုပ်ငန်းရှင်များက တောင်းဆိုလျက်ရှိသည်။ အာဂျင်တီးနားနိုင်ငံကမူ နိုင်ငံအတွင်း ဂျုံမှုန့်ပြတ်လပ်မှု ရှိနိုင်ချေအပေါ် ငြင်းဆိုထားသည်။
အိန္ဒိယနိုင်ငံ၊ တမီနာဒူပြည်နယ်၊ ချန်နိုင်းမြို့အခြေစိုက် လက်ရှမီးဗီလာဘဏ်လီမိတက် (Lakshmi Vilas Bank) သည်လွန်ခဲ့သော ၃ နှစ်ကာလမှစတင်၍ လုပ်ငန်း၌ ဆုံးရှုံးမှုများ အစဉ်တစိုက် ဖြစ်ပေါ်ခြင်း၊ မဟာဗျူဟာကျလုပ်ငန်းစီမံချက်မရှိသကဲ့သို့ကာလတိုချေးငွေများ ထုတ်ချေးပေးနိုင်မှုကျဆင်းလျက်ရှိပြီး NPAs ခေါ် ငွေဖြစ်လွယ်ရန်ခက်ခဲသည့် ရပိုင်ခွင့်များ ပိုမိုလာခြင်း၊ ဘဏ်အပ်နှံငွေများအား ပြန်လည်ထုတ်ယူမှု စဉ်ဆက်မပြတ်ဖြစ်ပေါ်လျက်ရှိပြီး ဘဏ်၏ငွေဖြစ်လွယ်မှု အခြေအနေမှာ နိမ့်ကျလျက်ရှိခြင်း၊ လက်ငင်းပေးရန်တာဝန်များ နှုတ်ပယ်ပြီးကျန်ရှိသည့် အသားတင်ရပိုင်ခွင့် (Net worth) များမှာအနှု
ဂျပန်နိုင်ငံ၏ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းပို့ကုန်တင်ပို့မှုသည် ပြန်လည်မြင့်တက်လာရာ ကိုရိုနာကပ်ရောဂါမဖြစ်ပွားမီအချိန်က မြင့်တက်ခဲ့သည့် ပမာဏနီးပါးအထိ တိုးတက်လာကြောင်း၊ နိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်နာလန်ထူလာပြီး ကုန်ထုတ်လုပ်မှုတိုးတက်လာသည့်နှင့်အညီ တစ်ကမ္ဘာလုံးမှ လိုအပ်ချက်ဖြစ်သည့် မော်တော်ကားတင်ပို့မှုကဏ္ဍ မြင့်တက်ခဲ့ခြင်းကလည်း အဓိကအကြောင်းအရင်းတစ်ရပ်ဖြစ်ကြောင်း ဂျပန်အစိုးရက နိုဝင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ဂျပန်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါပြန့်ပွားမှုများ ပြန်လည်မြင့်တက်လာသည့် အတွက် စီးပွားရေးလုပ်ငန်းများပြန်လည်ရှင်သန်လာရေး ပံ့ပိုးပေးနေသည့် ငွေကြေးသုံးစွဲမှုများ၏ တစ်စိတ်တစ်ဒေသကို ကန့်သတ်ဆောင်ရွက်ရန် စီစဉ်နေကြောင်းကို နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အစိုးရအဖွဲ့၏ ကိုရိုနာဗိုင်းရပ်စ်အရေးကိစ္စဆိုင်ရာ အစည်းအဝေးတွင် ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ် Mr. Suga Yoshihide က ပြောကြားခဲ့ပါသည်။
တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့သည် မြို့တော်အတွင်း ယခုသီတင်းပတ်၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုအရေအတွက် ပြန်လည်မြင့်တက်လာသဖြင့် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ သတိပေး ချက်အဆင့် ၄ ကို နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ကြေငြာနိုင်ရေးအတွက် ကူးစက်မှုဆိုင်ရာ ပညာရှင်များနှင့် ဆေးပညာရှင်များအဖွဲ့နှင့် တိုင်ပင်ဆွေးနွေးရန် ပြင်ဆင်နေကြောင်း သိရပါသည်။


