Main menu

Background

Wednesday, 2 Dec 2020

ခရိုအေးရှားနိုင်ငံ၏ SMEs လုပ်ငန်းများအား အကူအညီပေးရန်အတွက် ယူရို ၁၄၂ ဒသမ ၅ သန်းတန်ဖိုးရှိချေးငွေဆိုင်ရာသဘောတူညီချက်ကို ဥရောပရင်းနှီးမြှုပ်နှံမှုဘဏ်နှင့် ခရိုအေးရှားပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးမှုဘဏ် တို့အကြားလက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါသဘောတူညီချက်သည် ယူရို သန်း ၄၀၀ တန်ဖိုးရှိ ချေးငွေအကူအညီအစီအစဉ်၏ ဒုတိယအသုတ်ချေးငွေဖြစ်ပြီး အထူးသဖြင့် လူငယ်အလုပ်အကိုင်ဖန်တီးရေးကို အားပေးသည့်အနေဖြင့် လူငယ်များကို အလုပ်အကိုင်ပေးအပ်သည့် လုပ်ငန်းများအား ပိုမိုသက်သာသောချေးငွေပေးအပ်သည့် အစီအစဉ်၏ အစိတ်အပိုင်းတစ်ရပ်လည်းဖြစ်သည်။ ယင်းချေးငွေအစီအစဉ်သည် ဥရောပနှင့် ခရိုအေးရှားနိုင်ငံတို့၌ လူမှုရေး

Wednesday, 2 Dec 2020

ခရီးသွားများအနေဖြင့် လေကြောင်းဖြင့်ခရီးသွားလာခြင်းမပြုပီ ကိုဗစ်-၁၉ ရောဂါကင်းစင်ကြောင်း (သို့မဟုတ်) ကာကွယ်ဆေးထိုးပြီးဖြစ်ကြောင်း မြန်ဆန်စွာအတည်ပြုပေးနိုင်မည့် ခရီးသွားလတ်မှတ် (travel pass app) တစ်ခုကို နိုင်ငံတကာလေကြောင်းခရီးသွားလုပ်ငန်းမှ မိတ်ဆက်သွားရန်ရှိကြောင်းသိရသည်။ အဆိုပါ application ကိုလာမည့် ၂၀၂၁ ခုနှစ်အစောပိုင်းတွင်ရရှိနိုင်မည်ဖြစ်ပြီး ၎င်းကိုအသုံးပြုခြင်းဖြင့် နိုင်ငံတကာလေကြောင်း ခရီးသွားလာမှုများကို ပြန်လည်စတင်နိုင်ရန် အပြည်ပြည်ဆိုင်ရာလေကြောင်းပို့ဆောင်ရေးအသင်း (International Air Transport Association-IATA) က မျှော်လင့်ထားကြောင်း သိရသည်။  အဆိုပါခရီးသွားလာခွင့် (

Tuesday, 1 Dec 2020

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ နန်နင်းမြို့တွင် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီး မြှုပ်နှံမှု ထိပ်သီးအစည်းအဝေးများအား နှစ်စဉ်ကျင်းပလာခြင်းမှာ  (၂၀၀၃)ခုနှစ်၊ အောက်တို ဘာလတွင် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီ၌ ကျင်းပခဲ့သည့် (၇)ကြိမ်မြောက် တရုတ်-အာဆီယံ (၁၀+၁)ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးမှ စတင်မြစ်ဖျားခံလာခြင်းဖြစ်ပါသည်။ ၎င်းထိပ်သီးအစည်းအဝေးတွင် ထိုအချိန်က တရုတ်နိုင်ငံ၏ဝန်ကြီးချုပ် မစ္စတာ ဝမ်ကျား ပေါင်က တရုတ်-အာဆီယံလွတ်လပ်သော ကုန်သွယ်ရေး နယ်မြေတည်ဆောက်ရေးအား အထောက်အကူပြုစေရန်အတွက် နှစ်စဉ် တရုတ်-အာဆီယ

Tuesday, 1 Dec 2020

 ကိုရီးယားသမ္မတနိုင်ငံ၌ ၂၇-၁၁-၂၀၂၀ နေ့၊ နံနက်ပိုင်းစာရင်းအရ နေ့စဉ် Coronavirus ကူးစက်မှုနှုန်း လူဦးရေသည် ၅၆၉ ဦးသို့ရောက်ရှိ၍  ကူးစက်မှုနှုန်းဆက်တိုက် မြင့်တက်လာ လျက်ရှိသည့်အတွက် COVID-19 ကူးစက်မှု တတိယလှိုင်း (COVID-19 Third Wave) အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခဲ့ပါသည်။  ယခင်ရက်သတ္တပတ် အတွင်းက နေ့စဉ်ကူးစက်မှုဦးရေ ၃၀၀ ကျော်ခဲ့သဖြင့် Social Distancing Level  အား (1.5) ဟုသတ်မှတ်ထားခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၄ နေ့မှစ၍ Level (2)  အဆင့်သို့ တိုးမြင့် သတ်မှတ်ခဲ့ပြီး၊ လက်ရှိကာလအတွင်းဆောင်ရွက်ရန်စီစဉ်ထားသော အစည်းအဝေးနှင့်အ

Wednesday, 25 Nov 2020

ASEAN-Korea Excellent Design Exhibition Award အစီအစဉ်တွင် ဆုရရှိသူများ အားဆုချီးမြှင့်သည့်အခမ်းအနားကို မူလက Online နှင့် Offline VIP Event ပေါင်းစပ်၍ Hybrid ပုံစံဖြင့်ကျင်းပရန် စီစဉ်ထားသော်လည်း ကိုရီးယား သမ္မတနိုင်ငံ၌ လက်ရှိကာလအတွင်း    COVID-19 ရောဂါကူးစက်မှုနှုန်း ပြန်လည်မြင့်တက်လာသည့် အနေအထားအရ (၂၄-၁၁-၂၀၂၀) ရက်နေ့မှစ၍ Social Distancing Level အား (Level 2) သို့တိုးမြှင့်သတ်မှတ်ခဲ့သည့်အတွက် မူလ အစီအစဉ်အစား (၂၄-၁၁-၂၀၂၀) ရက်နေ့တွင် ဒေသစံတော်ချိန် (၁၃:၃၀) နာရီအချိန်မှ (၁၄:၅၀) နာရီအချိန်အထိ အခမ်းအနားကို Online စနစ်ဖြင့် ကျင်းပခဲ့ပါသည်။ 

Wednesday, 25 Nov 2020

ပြည်တွင်း၌ ပဲပုပ်စေ့ပြတ်လပ်နေချိန်တွင် သွင်းကုန်သီးနှံကုန်ကြမ်းကိုအသုံးပြု၍ ဇီဝလောင်စာဆီထုတ်လုပ်မှုအပေါ် အစိုးရကအားပေးထောက်ခံမှုမပြုမီ ဒီဇယ်ဆီတွင်ပါဝင်ရမည့် ဇီဝလောင်စာသတ်မှတ်ချက်အတွက် နည်းလမ်း တစ်ရပ်အဖြစ် ဟင်းသီးဟင်းရွက်ဆီကို ယခင်နှစ်ထက် ၅၀၀ ရာခိုင်နှုန်းပိုမိုတိုးမြှင့်တင်သွင်းခဲ့မှုအပေါ် ဘရာဇီးလ်စက်မှုလုပ်ငန်းရှင်များက စောင့်ကြည့်လျက်ရှိသည်။

Tuesday, 24 Nov 2020

            ဘယ်လ်ဂျီယံနိုင်ငံအမျိုးသားဘဏ်၏ စာရင်းများအရ ဘယ်လ်ဂျီယံနိုင်ငံ၏ စိုက်ပျိုးရေး ထုတ်ကုန် ကုန်သွယ်မှုအပေါ် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ၏ ရိုက်ခတ်မှုသည် အခြားကဏ္ဍများ အပေါ် ရိုက်ခတ်မှုထက် လျော့နည်း သက်သာခဲ့ကြောင်း သိရသည်။ ၂၀၂၀ ပြည့်နှစ်၏ ပထမ (၇) လ အတွင်း ဘယ်လ်ဂျီယံနိုင်ငံ၊ ဖလန်းဒါးဒေသမှ လယ်ယာထွက်ပစ္စည်းကုန်သွယ်မှုသည် ၂၀၁၉ ခုနှစ်၊ ကာလတူနှင့်နှိုင်းယှဉ်လျှင် ၂ ရာခိုင်နှုန်းသာ ကျဆင်းခဲ့သည်။ အလားတူ ကာလတွင် အခြားပို့ကုန် လုပ်ငန်းကဏ္ဍများ၏ တင်ပို့မှုသည် ၁၄ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ သွင်းကုန်တွင် ၁၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟုဆိုသည်။

Tuesday, 24 Nov 2020

      ဘယ်လ်ဂျီယံနိုင်ငံအမျိုးသားဘဏ်က ထုတ်ပြန်ခဲ့သည့် ကိန်းဂဏန်းများအရ ဘယ်လ်ဂျီယံ နိုင်ငံကုမ္ပဏီများ၏ လည်ပတ်ငွေကြေးဆုံးရှုံးမှုမှာ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလတွင် ၁၇ ရာခိုင်နှုန်းသို့ မြင့်တက်လာခဲ့ပြီး၊ အဆိုပါ အခြေအနေသည့် ပြီးခဲ့သည့် သြဂုတ်လမှ အောက်တိုဘာလအထိ ကာလထက် ၃ ရာခိုင်နှုန်း ပိုမိုဆိုးရွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူ (self-employed) များနှင့် အသေးစားလုပ်ငန်းများသည် အသွားအလာကန့်သတ်မှုအစီအမံများ ကြောင့် သိသိသာသာထိခိုက်မှုရှိခဲ့ကြောင်း ဘယ်လ်ဂျီယံနိုင်ငံအမျိုးသားဘဏ်၏ စာရင်းဇယားများ ကဆိုသည်။ အထူးသဖြင့် ဧည့်ဝန်ဆောင်မှုကဏ္ဍ၊ လက်လီ/လက်ကားကဏ္ဍနှင့် အ

Tuesday, 24 Nov 2020

            ဘယ်လ်ဂျီယံနိုင်ငံရှိ မဖြစ်မနေသုံးစွဲရန်မဟုတ်သောကုန်စည်များကို ရောင်းချသည့် ဆိုင်များ (Non-essential shops) သည် ၎င်းတို့၏ လုပ်ငန်းများ ရပ်တည်ရှင်သန်နိုင်ရေးအတွက် ဝယ်ယူသူ များက ချိန်းဆိုမှုပြုလုပ်၍ လာရောက်ဝယ်ယူသည့်ပုံစံကို ခွင့်ပြုစေလိုကြကြောင်း အဆိုပါ လုပ်ငန်း ကဏ္ဍဆိုင်ရာ အသင်းထံမှ သိရသည်။ အွန်လိုင်းမှတစ်ဆင့်ဝယ်ယူသည့်စနစ် “Click & collect” system သည် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ ရှင်သန် ရပ်တည်နိုင်ရန် လုံလောက်မှုမရှိကြောင်း အဆိုပါအသင်းက ပြောကြားခဲ့သည်။

Pages