Background
အိန္ဒိယနိုင်ငံ၏ ကျောက်မီးသွေး တင်သွင်းမှုမှာ ယခုနှစ် စက်တင်ဘာ လတွင် တန်ချိန် ၂၁ ဒသမ ၁ သန်းထိ ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလ ပမာဏတန်ချိန် ၁၅ ဒသမ ၆၁ သန်း ထက် ၃၅ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ ကြောင်း၊ ထိုသို့တိုးမြင့်လာရခြင်းမှာ နိုင်ငံအတွင်းရှိ လျှပ်စစ်စက်ရုံများမှာ ကျောက်မီးသွေးပြတ်လပ်မှုနှင့်ရင်ဆိုင် နေရခြင်းကြောင့်ဖြစ်ပြီး အဓိကအား ဖြင့် non - coking coal တင်သွင်းမှုမြင့် မားခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ oking coal တင်သွင်းမှုမှာမူ ယခင်နှစ်အလား တူကာလနှင့်နှိုင်းယှဉ်ပါက အနည်းငယ် လျော့နည်းခဲ့ကြောင်း သိရှိရပါသည်။လက်ရှိဘဏ္ဍာနှစ် ပထမခြောက် လအတွင်း ကျောက်မီးသွေး တင် သွင်းမှု အနေဖြင့်မူ စုစုပေါ
ဒေသသုံးငွေကြေးများကို အသုံး ပြုခြင်းဖြင့် နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင် ရေးဆောင်ရွက်ရန်နှင့် ကဏ္ဍမျိုးစုံ၌ ဖက်စပ်ဆောင်ရွက်ခြင်းမှတစ်ဆင့် စီး ပွားရေး ပူးပေါင်းဆောင်ရွက်မှုတို့ တိုးမြှင့် ရန်တို့ကို အိန္ဒိယနှင့်ရုရှား တို့ အောက် တိုဘာ ၅ ရက်တွင် ဆွေးနွေးခဲ့ ကြပြီး ၂၀၂၅ ခုနှစ်တွင် နှစ်နိုင်ငံရင်းနှီး မြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံအထိ တိုးလာနိုင်မည်ဟု နှစ်ဖက် ခေါင်းဆောင်များ သဘောတူခဲ့ကြကြောင်း သိရှိရပါသည်။
/sites/default/files/News%20Letter%20%284-2018%29_0.pdf
Fully Online Licensing စနစ်တွင် ကုန်ပစ္စည်း အမယ် (၄၃)မျိုးအပြင် ပို့ကုန်ပစ္စည်း (၃၂)လိုင်းနှင့် သွင်းကုန်ပစ္စည်း (၄၉)လိုင်း စုစုပေါင်းကုန်ပစ္စည်းအမယ် (၈၁)မျိုးအား ထပ်မံတိုးမြှင့်လျှောက်ထားရယူနိုင်ကြောင်း ထုတ်ပြန်သည့် သတင်းလွှာ
အာဆီယံစီးပွားရေးအသိုက်အဝန်း (Asean Economic Community- AEC)ကို စတင်ကျင့်သုံးသည့် သုံးနှစ်တာကာလအတွင်း ဝင်ရောက် လာချိန်၌ အာဆီယံနိုင်ငံများနှင့်အာဆီယံပြင်ပနိုင်ငံများ (ဥပမာ-တရုတ် နှင့် တောင်ကိုရီးယား)၏ ကုန်သွယ်မှုသည် အာဆီယံနိုင်ငံအချင်းချင်း ကုန်သွယ်မှုထက် မြင့်တက်လာသည်။
လာမည့် ၅နှစ်တွင်လည်း ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်စသည့် CLMV ၏ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ၌ ထိုင်းနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ပါဝင်မှုသည် တရုတ်နိုင်ငံ၊ တောင်ကိုရီး ယားနိုင်ငံနှင့်အခြားနိုင်ငံများ၏ ပါဝင်မှုထက်နိမ့်ကျမည်ဖြစ် ကြောင်းတွေ့ရှိရသည်။
ဟောင်ကောင်အစားအစာနှင့်ကျန်းမာရေးဌာနမ E-cigarettes နှင့် အခြားဆေးရွက်ကြီး ထုတ်ကုန်များအား သမားရိုးကျ စီးကရက် အမျိုးအစား အုပ်စုအောက်တွင် ထည့်သွင်း၍ စည်းကမ်းဥပဒေ ချမှတ် တော့မည့်အဆို ပြုချက်အား ဥပဒေပြုလွှတ်တော်သို့ တင်ပြထား ကြောင်း၊ အဆိုပြုချက်တွင် E-cigarettes နှင့် ဆေးရွက် ကြီးနှင့်သက် ဆိုင်သည့် ထုတ်ကုန်များအား အများပြည်သူကျန်းမာရေးဆိုင်ရာ (ဆေးလိပ်သောက်ခြင်း) အမိန့်ပြန်တမ်းတွင် ထည့်သွင်းထားပြီးဖြစ် ကြောင်း၊ သမားရိုးကျ စီးကရက်ကဲ့သို့ အရွယ်မရောက်သေးသူများ အားရောင်းချခြင်း ကြော်ငြာခြင်းမပြုလုပ်ရန်နှင့် ထုပ်ပိုးရာတွင် ကျန်းမာ ရေးထိခိုက်နိုင်သည့် သတိပေးချက် ပုံများဖြင့် ထုပ်ပိုးရမည်ဖ
တရုတ်နှင့် အမေရိကန်အကြား ကုန်သွယ်မှုဆိုင်ရာ အငြင်းပွားမှုနှင့်ပတ်သက်၍ ယခုလအတွင်းနှစ်နိုင်ငံ အဆင့်မြင့်အရာရှိ ကြီးများ တွေ့ဆုံဆွေးနွေး၍ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။ Joint Statement တစ်စောင် ထုတ်ပြန်၍ အကောက်ခွန်များ အပြန် အလှန် ဖြေလျှော့မှုများပေးရန် သဘောတူညီခဲ့ပါသည်။
ထိုင်းနိုင်ငံရှိ PTT စွမ်းအင်ကုမ္ပဏီ သည် LNG ဓာတ်ငွေ့ရည် (Liquefied Natural Gas))ကိုအာရှနိုင်ငံများသို့တင်ပို့ ရောင်းချရန် စီစဉ်ဆောင်ရွက်လျက်ရှိရာအထူးသဖြင့် တရုတ်နိုင်ငံသို့ ဦးစားပေး တင်ပို့ ရောင်းချ မည်ဖြစ်ကြောင်း သိရှိရ သည်။
မော်တော်ကားနှင့် အပိုပစ္စည်း တင်သွားမှု တရုတ်အကောက်ခွန်လျှော့ချ
ဇူလိုင် ၁ ရက်မှစတင်၍ တရုတ်သို့တင်သွင်းမည့် မော်တော်ကားနှင့် အပိုပစ္စည်းများအပေါ် အကောက်ခွန်လျှော့ချမည် ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက မေ ၂၂ ရက်က ကြေညာထားပါသည်။ ယခုလက်ရှိ မော်တော် ယာဉ်တင်သွင်းမှုကို အကောက်ခွန် ၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအတွင်းရှိပြီး ၁၅ ရာခိုင်နှုန်းအထိ လျှော့ချပေးမည်ဖြစ်သည်။ မော်တော်ကား အပိုပစ္စည်း များမှာ ယခုလက်ရှိ ရှစ်ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအကြား ရှိပြီး ခြောက်ရာခိုင် နှုန်းအထိလျှော့ချပေးမည်ဖြစ် ကြောင်း သိရပါသည်။








