Background
ထိုင်းအစိုးရအနေဖြင့် တိုင်းပြည်၏ကျဆင်းနေသော ပို့ကုန်ကဏ္ဍကို မြှင့်တင်ရန် အလို့ငှာထိုင်းအပြည်ပြည် ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးရန်ပုံငွေမှ ထိုင်းဘတ်ငွေ ၉၅၄ သန်း ကို ခွဲဝေသတ်မှတ်ပေးခဲ့ကြောင်း သိရှိရသည်။ အဆိုပါငွေများ အား အပြည်ပြည်ဆိုင်ရာ Roadshow များ၊ ရည်မှန်းသတ်မှတ်ထားသော နိုင်ငံများတွင်ကုန်စည်ပြပွဲ(Trade Fairs and Exhi-bitions) ဆိုင်ရာစီစဉ်မှုများနှင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းများအားယှဉ်ပြိုင်စွမ်း အား မြင့်မားလာစေရန် မြှင့်တင်ပေးမည့် ကိစ္စရပ်များနှင့် အလားအလာရှိသောဈေးကွက်သစ်များကို ချိတ်ဆက်ပေးရန် ကိစ္စရပ်များအတွက် အသုံးပြုသွားမည်ဖြစ် ကြောင်း သိရှိရသည်။
ဒေသဆိုင်ရာအညွှန်း (GI) စကားရပ်အား ၁၈၈၃ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် စက်မှုပစ္စည်း ပိုင်ဆိုင်မှုအပေါ် အကာအကွယ်ရယူရေးဆိုင်ရာ ပဲရစ်ကွန်ဗင်းရှင်းတွင် ပထမဆုံးအကြိမ် စတင်ဖော်ပြသုံးစွဲခဲ့ခြင်းဖြစ်သည်။ ယခု အခါ GI သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင် (WTO members) များက WTO ၏ ကုန်သွယ်မှုနှင့်ဆက်စပ်သည့် မူပိုင်ခွင့်သဘောတူညီချက် (WTO Trade Related Intellectual Property Rights Agreement - WTO TRIPS Agreement) အရ အသိအမှတ်ပြုထားသော မူပိုင်ခွင့်အမျိုး အစားတစ်ခုဖြစ်ပါသည်။ ယင်းသဘောတူညီချက်၏ အပိုဒ်(၂၂) တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည့် ဒေသဆိုင်ရာအညွှန်း GI ဆိုသည်မှာ "မူရင်းဒေသ ကို အထူးဖော်ညွှ န်းသော အရည်အသွေး၊ ထင်ပေါ
ထိုင်းနိုင်ငံ၏ ပို့ကုန်များမှာ ယေဘုယျအားဖြင့် ကျဆင်းနေသော်လည်း နယ်စပ်မှတစ်ဆင့် ဖြတ်သန်းကုန်သွယ်မှုတို့မှာ ယမန်နှစ်ကာလတူနှင့် နှိုင်းယှဉ် ပါက ၂၀၁၉ ခုနှစ် ပထမနှစ်ဝက်တွင် ၁ ဒသမ ၂ ရာခိုင်နှုန်း တိုးတက် လျက်ရှိ ကြောင်း သိရှိရသည်။ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ပြည်ပကုန်သွယ် ရေးဦးစီးဌာန၏ပြောကြားချက်အရ ထိုင်းနိုင်ငံ၏ တစ်ဆင့်ဖြတ်သန်း ကုန် သွယ်မှု (Transit Trade)အပါအဝင် နယ်စပ် ဖြတ်ေ ကျာ်ကုန်သွယ်မှု (Cross Border Trade) စုစုပေါင်းမှာ ယခုနှစ် ဇွန်လအထိ ဘတ်ငွေ ၆၈၆ ဒသမ ၄၃ ဘီလီယံရှိကြောင်း သိရှိရသည်။ တစ်ဆင့် ဖြတ်သန်းကုန်သွယ်မှုတွင် တစ်နိုင်ငံ ထက်ပိုများသော နိုင်ငံများသို့ ကုန်ပစ္စည
အိန္ဒိယနိုင်ငံ၌ ၂၀၁၉ ခုနှစ် အတွင်း ပဲစင်းငုံတင်သွင်းခွင့် ကိုတာ သတ်မှတ်ချက် ကို မူလက တန်ချိန်နှစ်သိန်း သတ်မှတ် ထားရာမှ နောက်ထပ် တန်ချိန်နှစ်သိန်း တိုးမြှင့်ဝယ်ယူရန် စီစဉ်လျက်ရှိကြောင်း ဇွန် ၁၁ ရက်၌ စားသုံးသူရေးရာ၊ စားသောက် ကုန်နှင့် ပြည်သူ့ဖြန့်ဖြူးရေးရာဝန်ကြီး Mr. Ram Vilas Paswan က ပြောကြားခဲ့သည်။ ယခုအခါ အိန္ဒိယနိုင်ငံကူးသန်းရောင်းဝယ် ရေးနှင့် စက်မှုဝန်ကြီးဌာန၏ ၂၀၁၉ ခုနှစ် ဇူလိုင် ၃ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်S.O.
ထိုင်းပို့ကုန်များအနေဖြင့် ကမ္ဘာ့ စီးပွားရေး နှေးကွေးမှု၊ အမေရိကန်-တရုတ်ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှု များနှင့် ရေနံဈေးနှုန်း ကျဆင်းမှုတို့ကြောင့် ကမ္ဘာ့ဝယ်လိုအား ကျဆင်းမှုနှင့်အတူ ဆက်တိုက် ကျဆင်းလျက်ရှိကြောင်း သိရှိရသည်။ အကောက်ခွန်ရှင်းလင်းပြီး ပြည်ပသင်္ဘောတင်ပို့ မှုမှာ မတ်လတွင် ၄ ဒသမ ၉ ရာခိုင်နှုန်း၊ ဧပြီလ တွင် ၂ ဒသမ ၆ ရာခိုင်နှုန်း၊ မေလတွင် ၅ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့ပြီး နှစ်အလိုက်တွင် ဇွန်လအထိ ၂ ဒသမ ၁၅ ရာခိုင်နှုန်း တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၂၁ ဒသမ ၄ ဘီလီယံအထိ ကျဆင်းခဲ့ ကြောင်း ထိုင်းစီးပွားရေးဝန်ကြီးဌာနက ယမန်နေ့က ပြောကြားခဲ့သည်။ ယမန်နှစ် ဇွန်လမှစ၍ ထိုင်းပို့ကုန်များ ၂ ဒသမ ၉၃ ရာ
လယ်သမားများ၏ ဝင်ငွေအာမခံ ချက်ရှိစေရန်၊ ပို့ကုန်အားပေးမြှင့်တင် ရန်၊ လူနေမှုစရိတ်ဆိုင်ရာ အကြံပြုချက် များ၊ ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များ နှင့် ပတ်သက်၍ ရှေ့သို့တိုးမြှင့် ဆောင် ရွက်သွားကြရန်ဖြစ်ကြောင်း အသစ်ခန့် အပ်လိုက်သော ထိုင်းဒုတိယဝန်ကြီးချုပ် နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဲ Jurin Laksalawisit က ၎င်း၏ထိပ်တန်း ဦးစားပေးအစီအမံ များကို ပြောကြားခဲ့ကြောင်း သိရှိရသည်။ ゞင်း၏ဝန်ကြီးဌာနသို့ စတင်ရောက်ရှိ တာဝန်ထမ်းဆောင်သည့် ပထမဆုံးနေ့ တွင် ゞင်းကလယ်သမားများ၏ ဝင်ငွေ အာမခံချက်ပေးခြင်းဖြင့် ဆန်စပါး သာမက အခြား ရော်ဘာ၊ ပီလောပီနံ၊ ဆီအုန်း၊ ပြောင်း စသည့် အဓိကသီးနှံ များ၏
တရုတ်နိုင်ငံသည်တန်ဖိုးအားဖြင့် ဒေါ်လာ ၂၀ ဒသမ ၄ ဘီလီယံခန့်ရှိ သည့် အမေရိကန်နိုင်ငံ၏ ပို့ကုန်အမျိုးအမည် စုစုပေါင်း ၇၇၄ ခုအပေါ် အခွန်တိုးမြှင့် ကောက်ခံသွားမည်ဖြစ်ရာ ဤအခြေအနေတွင် အိန္ဒိယနိုင်ငံ အေ နဖြင့် ဈေးနှုန်းအရ အားသာချက်ကိုရယူ၍ အမေရိကန်ကုန်စည်များ၏ တရုတ်နိုင်ငံဈေးကွက်ဝေစုနေရာသို့ အစားထိုးဝင်ရောက်နိုင်ရေး လုပ်ဆောင်လာဖွယ်ရာရှိသည်။ လက်ရှိကာလ၌ အိန္ဒိယနိုင်ငံသည် အလားတူ ကုန်စည်များ ကို ကမ္ဘာတစ်ဝန်းသို့ တင်ပို့ လျက်ရှိရာ တန်ဖိုးအားဖြင့် ဒေါ်လာ ၃၂ ဒသမ ၈ ဘီလီယံခန့် ရှိပြီး တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံ ခန့်ရှိသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ နန်နင်းမြို့မှ စီးပွားရေးသံမှူး ဒေါက်တာ ရွှေစင်ကိုသည် ဇူလိုင် ၁၂ ရက်တွင် နန်နင်းမြို့ စည်ပင်သာယာ ပြည်သူ့အစိုးရ၏ ဒုတိယအထွေထွေ အတွ င်းရေးမှူးချုပ် Mr.
Client:Department of Trade, Ministry of Commerce (MoC)
Country: Republic of the Union of Myanmar
Project: Myanmar Services Trade Enhancement Project (M-STEP)
Position Title: National Monitoring and Evaluation Expert
ယခုအခါ တရုတ်ကုမ္ပဏီအများ အပြားမှာ ကမ္ဘာအနှံ့တွင် လုပ်ငန်းများ ပိုမိုတိုးချဲ့လာကြရာ "ဈေးပေါသည်"ဟူ သည့် စကားရပ်အစား 'အရည်အသွေး' ဟူသော စကားရပ်က အစားထိုးနေရာ ယူလာကြောင်း မကြာသေးမီက ထုတ် ပြန်ခဲ့သော ကမ္ဘာတစ်ဝန်းမှ လုပ်သား များဦးစားပေးထားသည့် လူမှုကွန်ရက် Linkedin ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ ၎င်းအစီရင်ခံစာမှာ တရုတ်ကုမ္ပဏီများမှ ဈေးကွက်ရှာဖွေသည့်တာဝန်ရှိ ပုဂ္ဂိုလ် ၆၀၀ ကျော်နှင့် နိုင်ငံပေါင်း ၁၈ နိုင်ငံရှိ စီးပွားရေးလုပ်ငန်းအချင်းချင်း ပူးပေါင်း လုပ်ကိုင်ရန် ဆုံးဖြတ်ချက် ချမှတ်သူ ၂၀၀၀ ကျော်တို့ထံမှ စစ်တမ်း ကောက်ခံချက်အပေါ် အခြေခံထား ခြင်းဖြစ်သည်။









