Main menu

Background

Thursday, 7 Jun 2018

SaKaeo Industrial Estate သည် အထူးစီးပွားရေးဇုန်ဖွံ့ဖြိုးရေးလုပ်ငန်းများ ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် စတင် ဆောင်ရွက်မည်ဖြစ်ရာ  ထိုင်းအစိုးရ၏ဦးဆောင်မှုဖြင့် ဆောင်ရွက်မည့် အထူး စီးပွားရေးဇုန်စီမံကိန်းများအနက် အစော ဆုံးအကောင်အထည်ဖော်သည့် စီမံကိန်း တစ်ခုဖြစ်လာပါမည်။

Thursday, 31 May 2018

ကမ္ဘာ့ဆန်ဝယ်လိုအားမြင့်တက်လာခြင်းနှင့် ကမ္ဘာ့ဆန်ဈေးကွက်သို့ဆန် ရောင်းလိုအား ကျဆင်းလာခြင်းတို့ကြောင့် ထိုင်းနိုင်ငံသည် ယခင်ခန့်မှန်း ထားသည့် ပမာဏထက်ပြည်ပသို့ ဆန်တင်ပို့မှုကို တိုးမြှင့်ခဲ့ကြောင်း တွေ့ရှိရ သည်။

Thursday, 31 May 2018

တောင်အမေရိကနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဗင်နီဇွဲလား နိုင်ငံသည် ကမ္ဘာ ပေါ်တွင် အရန်ရေနံပမာဏ အများဆုံးရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အိန္ဒိယနိုင်ငံအနေဖြင့် ဒစ်ဂျစ်တယ်ငွေကြေး ဖြင့် ဝယ်ယူမည်ဆိုပါက ၎င်းင်းတို့ အနေဖြင့် ရေနံစိမ်း ဈေးနှုန်းအား ၃၀ ရာခိုင်နှုန်းလျှော့ဈေးဖြင့် ရောင်းချပေးမည်ဟု ဗင်နီဇွဲလားက ကမ်းလှမ်းထားကြောင်း သိရှိရပါသည်။

Thursday, 31 May 2018

ဧပြီလတွင်   အိန္ဒိယအနေဖြင့် အီရန်မှရေနံတင်သွင်းမှုမှာ တစ်နေ့လျှင်   ရေနံစည်ပေါင်း ၆၄၀၀၀၀ ခန့်ထိ မြင့် တက်လာခဲ့ ကြောင်း၊ ယင်းကာလအတွင်း အိန္ဒိယအနေဖြင့် နေ့စဉ်ရေနံတင်သွင်းမှု ပမာဏမှာ စည်ပေါင်း ၄ ဒသမ ၅၁ သန်း ခန့်အထိရှိခဲ့ပြီး ၂၀၁၇ ခုနှစ် ဧပြီလတွင် တင်သွင်းခဲ့သည့်ပမာဏထက်၂ဒသမ၅ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း၊ ၂၀၁၆ခုနှစ်အောက်တိုဘာလမှလက်ရှိကာလအတွင်းအမြင့်ဆုံးပမာဏဖြစ်ကြောင်း၊ အီရန်အပေါ်အမေရိကန်၏ စီးပွားရေး အရေးယူပိတ်ဆို့မှု မချမှတ်မီရေနံချက် စက်ရုံက ကြိုတင်ဝယ်ယူမှုများရှိလာသည့် အတွက် ယခုကဲ့သို့ပမာဏသိသိ သာသာ မြင့်တက်လာခြင်းဖြစ်ကြောင်း   သိရှိရ သည်။

Thursday, 31 May 2018

အမေရိကန်ဒေါ်လာနှင့် လဲလှယ်ရာ၌ ရူပီးငွေ ဈေးနှုန်းမှာ ၂၀၁၇ ခုနှစ်တွင် အားကောင်းနေခဲ့ပြီး ယခုနှစ်တွင် သိသိသာသာ ကျဆင်းလာကြောင်း၊ ထိုသို့ကျဆင်းမှုမှာ ယခုနှစ်အတွင်း ခြောက်ရာခိုင် နှုန်းခန့်အထိရှိပြီဖြစ်ကာ အမေရိကန် တစ်ဒေါ်လာ လျှင် ၆၈ ရူပီးဝန်းကျင်တွင် ရှိနေကြောင်း၊ ကျွမ်းကျင် သူအချို့က ပြောကြားရာ၌ ရူပီးငွေကြေးမှာ အမေရိကန် တစ်ဒေါ် လာလျှင် ရူပီး ၇၀ အထိ   ရောက်ရှိနိုင် သည့်ဖြစ်နိုင်ခြေမှာ ပိုများလာသည်ဟု သုံးသပ်ခန့် မှန်းထားကြောင်း သိရှိရသည်။

Thursday, 24 May 2018

အိန္ဒိယအစိုးရက လတ်တလော စတင်ဖော်ဆောင်နေသည့် ကြံ ထောက်ပံ့ကြေးသည် သကြားစက်များ၏ လုပ်ငန်း လည်ပတ် မှုအတွက် အမြတ်အစွန်းအနည်းငယ်  တိုးတက်လာနိုင်သည့်တိုင်  ပြည်တွင်းသကြား လုပ်ငန်းကဏ္ဍတစ်ခု လုံး၏  အလားအလာမှာ ဆက်လက်အားနည်း နေဆဲဖြစ်သည်ဟု Icra  ၏ အစီရင်ခံစာတစ်စောင်၌ သုံးသပ် ဖော်ပြထား ပါသည်။

Thursday, 24 May 2018

အွန်လိုင်းမှသော်လည်းကောင်း၊ မိုဘိုင်းဖုန်းမှသော်လည်းကောင်း personal loansလျှောက်ထားခြင်းကို ဝင် ငွေနှင့်လိပ်စာ အထောက်အထားပေးရန် မလိုအပ်ဘဲလက်ခံရန်  ဘဏ်များ အား ဟောင်ကောင်ငွေကြေး အာဏာပိုင် အဖွဲ့ မှခွင့်ပြုခဲ့သည်။ ထိုသို့ ဖြေလျှော့ရခြင်းမှာ ဒေသတွင်းဘဏ်များ ဘဏ္ဍာရေးနည်း ပညာအသုံးပြုမှု မြင့်တက်လာစေရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း သိရှိရ ပါသည်။ လက်ရှိအချိန်ထိ personal loansအားလုံး အတွက် ဝင်ငွေနှင့် နေရပ်လိပ်စာ အထောက်အထားတင်ပြရန်လိုအပ်ပြီး ယခု အခါတွင် ဆန်းသစ်တီထွင်မှု နည်းပညာဖြင့် ချေးငွေဆုံးရှုံးနိုင်မှုအန္တရာယ် စီမံခန့်ခွဲခြင်း နည်းပညာသစ်အား အစား ထိုး အသုံးပြုသွား မည်ဖြစ်သည်။

Thursday, 24 May 2018

ဂျပန်နိုင်ငံရှိ  JBICဘဏ် (Japan Bank for International Cooperation) သည် ထိုင်းအစိုးရ၏ အဓိကလေဆိပ်ကြီး သုံးခု ကိုချိတ် ဆက် မည့်အမြန်ရထားလမ်း စီမံကိန်းနှင့် ထိုင်းအစိုးရမှ ဦးစားပေး အကောင်အထည်ဖော်လျက်ရှိသည့် အရှေ့ပိုင်းစီးပွား ရေးစြင်္ကံ၌တည်ဆောက်မည့် အခြားသောအခြေခံအဆောက် အဦစီမံကိန်းများအတွက် အတိုးနှုန်းသက်သာသောချေးငွေ များ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရှိရ သည်။  JBIC  ဘဏ်၏ အမှုဆောင်အရာရှိချုပ် Mr.Tadashi Maeda  သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယုဒ်ကျန်အိုကျာနှင့်ဒုတိယဝန်ကြီးချုပ် Mr.Somkid Jatusripitak တို့အား ၂၀၁၈ ခုနှစ် မေ ၃ ရက်တွင် တွေ့ဆုံခဲ့သည်။ ဂျပန် JBICဘဏ် သည်ထိုင်းနိုင်ငံ၏

Thursday, 24 May 2018

စီးပွားရေးလုပ်ငန်းများအနေဖြင့် စုစုပေါင်းလုပ်သားဦးရေ၏အမြင့်ဆုံး၂၀ ရာခိုင်နှုန်းသာ ရွှေ့ပြောင်း အလုပ်သမား ခန့်ထား ရမည်ဟု ပြဋ္ဌာန်းခဲ့သည့်နိုင်ငံခြား အလုပ်သမားဥပဒေအသစ်အပေါ် ထိုင်း စီးပွားရေးလုပ်ငန်းရှင်များအတွက် စိတ် မသက်သာစရာဖြစ်စေသည်။ ယင်း ဥပဒေအသစ်ကြောင့် ပြည်တွင်းအလုပ်သမားမလုံလောက်မှုပြဿနာကို ဖြစ် ပေါ်စေပြီး အထူးသဖြင့် SMEs လုပ်ငန်း  များကို ထိခိုက်မည်ဖြစ်သည်။ စုစုပေါင်း လုပ်သားဦးရေ၏ အများဆုံး ၂၀ ရာခိုင် နှုန်းသာ ရွှေ့ပြောင်းအလုပ်သမားများကို ခန့်ထားနိုင်သည်ဟု ကန့်သတ်ထားသည့် ဥပဒေအသစ်သည် ၂၀၁၈ ခုနှစ် ဇူလိုင် လမှစတင်၍ အကျိုးသက်ရောက်မည် ဖြစ်သည်။ ယင်းကဲ့သို့ နိုင်ငံခြားသား အလုပ်သမားကန့်သတ်ချက်သည

Wednesday, 16 May 2018

       အိန္ဒိယဗဟိုအစိုးရသည် ပြည်တွင်း ပဲဈေးနှုန်းများတည်ငြိမ်စေ ရန်အတွက် မတ်ပဲနှင့် ပဲတီစိမ်း(ခွဲခြမ်းများနှင့် အခြားပုံစံများအပါအဝင်) နှစ်စဉ်တင်သွင်းခွင့် ကန့်သတ်ချက်အား တန်ချိန်သုံးသိန်းခန့်အဖြစ် သတ်မှတ်ကြောင်း မေ ၄ ရက်က DirectorateGeneral of Foregin Trade က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

Pages