Main menu

Background

Tuesday, 3 Sep 2019

      တောင်ကိုရီးယားနှင့် ဂျပန်တို့အကြား စီးပွားရေးနှင့်  နိုင်ငံရေးပိုင်း သဘောထားတင်းမာနေစဉ် တောင်ကို ရီးယားနိုင်ငံက ပြီးခဲ့သည့်သြဂုတ် ၁၅ ရက်က ဂျပန်နိုင်ငံမှတင်သွင်းသည့် recycle ပစ္စည်းသုံးမျိုးအပေါ် ရေဒီယို သတ္တိကြွမှုအပိုင်းတင်းတင်းကျပ်ကျပ် စစ်ဆေးမှုများပြုလုပ်ခဲ့သည်။ ဂျပန်နှင့်ရုရှားမှ တင်သွင်းသည့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ၊ တာယာများ၊ ဘက်ထရီများအပေါ် ရေဒီယို သတ္တိကြွမှုပိုင်းစစ်ဆေးခြင်းများကို တောင်ကိုရီး ယား နိုင်ငံအနေဖြင့် ယခင်က သုံးလတစ်ခါစစ်ဆေးမှုအစား ယခုမှစ၍ တစ်လအတွင်း ဆောင်ရွက်မည် ဖြစ်သည်ဟု ဆိုးလ်ရှိသဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနကဆိုသည်။ ယွန်ဟပ် သတင်းဌာန၏အဆိုအရ ရေဒီယိုသတ္တိကြွ စစ်ဆေးမ

Tuesday, 3 Sep 2019

     တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိ ယူနန်ပြည်နယ်သည် ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိကာလအတွင်း ရပ်ဝန်းနှင့် လမ်းကြောင်းနိုင်ငံများ နှင့် ကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာ ၉၀ ဒသမ ၇ ဘီလီယံရရှိခဲ့သဖြင့် ယမန်နှစ်ကထက် ၁၆ရာခိုင်နှုန်း တိုးတက်လာခဲ့သည်ကို တွေ့ရသည်။ ကူမင်းအကောက်ခွန်ဌာနမှ ထုတ်ပြန်ချက်အရ ရပ်ဝန်းနှင့် လမ်းကြောင်း နိုင်ငံများနှင့် ကုန်သွယ်မှုပမာဏမှာ ပြည်နယ်တစ်ခုလုံး၏ စုစုပေါင်း သွင်းကုန် ပို့ကုန်ပမာဏ၏ ၇၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

Tuesday, 3 Sep 2019

     ၂၀၁၉ ခုနှစ်  ဇူလိုင်လအတွင်း တရုတ်နိုင်ငံ ၏ စားသုံးသူဈေးနှုန်းများမှာ တက်လာခဲ့သော် လည်း  ဒုတိယနှစ်ဝက်အတွင်း  ငွေဖောင်းပွမှုဖိအား အသင့်အတင့်သာ ဆက်လက်တည်ရှိလိမ့်မည်ဟု သုတေသီများက ခန့်မှန်း ထားကြသည်။ ငွေကြေးဖောင်းပွမှု၏ အဓိက အတိုင်းအတာ ဖြစ်သည့် စားသုံးသူဈေးနှုန်းအညွှန်းကိန်း (CPI) မှာ ဇူလိုင်လအတွင်း ၂ ဒသမ ၈ ရာခိုင်နှုန်း မြင့် တက်ခဲ့ပါသည်။ ဇွန်လအတွင်း၌ CPI မှာ ၂  ဒသမ ၇ ရာခိုင်နှုန်း ရှိခဲ့သည်။

Tuesday, 3 Sep 2019

      ဂျပန်နိုင်ငံ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်အေဂျင်စီကအသေးစား၊ အလတ်စားစီးပွားရေးလုပ် ငန်းဆောင်ရွက်နေကြသည့် သက်တမ်း ရင့်လုပ်ငန်းရှင်များအား လုပ်ငန်းဖျက် သိမ်းခြင်းမျိုးမဖြစ်စေရန် အခွ န်လျှော့ချ ပေးခြင်းနှင့် အခြားသော ကူညီပံ့ပိုးခြင်းများ ဆောင်ရွက်နေသည်။ ဂျပန်နိုင်ငံရှိ ကုမ္ပဏီ ၉၉ ရာခိုင် နှုန်းကျော်ပါဝင်သည့် အဆိုပါလုပ်ငန်းငယ်လေးများအတွက် ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းရေရှည် တည် တံ့မှု၊ ကုန်ထုတ်လုပ်မှုစွမ်းရည် အပိုင်းတွင် မျိုးဆက်သစ်များအား လက်ဆင့်ကမ်းနိုင်စေရန် စသည်တို့ အပေါ် မျှော်မှန်း၍ ဆောင်ရွက်နေခြင်း ဖြစ်သည်ဟုသိရသည်။

Thursday, 22 Aug 2019

        ကိုရီးယားသမ္မတနိုင်ငံအားဂျပန် နိုင်ငံမှ ပို့ကုန်ထိန်းချုပ်မှုစနစ်နှင့်ပတ်သက်၍ ယုံကြည်ရသည့်ကုန်သွယ်ဖက် နိုင်ငံစာရင်း(White List) မှပယ်ဖျက် ကြောင်းကို သြဂုတ် ၂ ရက်တွင်ပြုလုပ်သော ဂျပန်အစိုးရအဖွဲ့အစည်း အဝေးမှ အတည်ပြုခဲ့ပြီးနောက် နာရီပိုင်းအတွင်းတွင်ပင် ဂျပန်နိုင်ငံအား ကိုရီးယားသမ္မတ နိုင်ငံ၏ ယုံကြည်ရသော မိတ်ဖက်ပို့ကုန် နိုင်ငံစာရင်းမှ ပယ်ဖျက်မည်ဖြစ်ကြောင်း ကိုရီးယားသမ္မတနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ဟောင်နမ် ကီက တုံ့ပြန်ကြေညာလိုက် သည်။

Thursday, 22 Aug 2019

     ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယား နိုင်ငံတို့အကြား ဖြစ်ပွားနေသည့် ကုန်သွယ်ရေးအငြင်းပွားမှုသည် ကမ္ဘာတစ်ဝန်းရှိ စမတ်ဖုန်းများ၊ ကွန်ပျူတာများ နှင့် အခြားသော လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်မှုကို အဟန့်အတားဖြစ်စေ မည့်အသွင်ကို ဆောင်နေသည်။ မကြာသေးမီကာလအတွင်းက နှစ်နိုင်ငံ အကြားတင်းမာမှုများ၊ ရာဇဝင်တွင် အမြစ်စွဲနေခဲ့ကြသည့် သဘောထားကွဲ လွဲမှုများသည်  ဆက်ဆံရေးအခြေ အနေကို အဓိကအဟန့်အတားဖြစ်စေ သည့် အချက်များဖြစ်ကြသည်။ ပြီးခဲ့သည့် ဇူလိုင်လက ဂျပန် နိုင်ငံက တောင်ကိုရီးယားနိုင်ငံရှိ နည်း ပညာကုမ္ပဏီများအတွက် ဆီမီးကွန် ဒတ်တာများနှင့် စမတ်ဖုန်းမျက်နှာပြင်များ ထုတ်လုပ်ရာတွင် အဓိကလိုအပ်သည့် ဓာတု ပစ္စည်းများနှင့်

Thursday, 22 Aug 2019

      အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲ၏ ရိုက်ခတ်မှုကြောင့် ထိုင်းစီးပွားရေးနှေးကွေးမှုမှ တားဆီး ကာကွယ်ရန် ထိုင်းအစိုးရ၏ အဓိကစီးပွားရေးနှင့် သက်ဆိုင်သောဌာနနှစ်ခုမှ ထိရောက်သော အစီအမံ များ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုင်းဗဟိုဘဏ်က လေးနှစ်တာကာလအတွင်း လက်ရှိအတိုးနှုန်းကိုအခြေခံနှုန်း  သုည  ဒသမ  ၂၅ ရာခိုင်နှုန်း လျှော့ချလိုက်စဉ်မှာပင် ဘဏ္ဍာရေးဝန်ကြီး ဌာနအနေဖြင့် အစိုးရဌာနများကို ၎င်းတို့၏ ရင်းနှီး မြှုပ်နှံမှု စီမံကိန်းလုပ်ငန်းများအတွက် ဘတ်ငွေဘီလီယံ  ၁၃၀ ထပ်မံဖြည့်သွင်း အားဖြည့်ပေးမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။ ဘဏ္ဍာရေးဝန်ကြီး UttamaSavanaya က အစိုးရ စီးပွားရေးဆိုင်ရာ မူဝါဒ ရုံး State

Thursday, 22 Aug 2019

     အိန္ဒိယနိုင်ငံ အစိုးရ၏မူဝါဒ ရေးရာ ဉာဏ်ကြီးရှင်များအဖွဲ့အစည်း (Policy Think Tank) ဖြစ်သော NITI Aayog ၏ ပဉ္စမအကြိမ် အုပ်ချုပ်မှုကောင်စီ အစည်းအဝေးအား ၁၅-၆-၂၀၁၉ ရက် တွင်ကျင်းပရာ သဘာပတိဥက္ကဋ္ဌ အဖြစ် ဝန်ကြီး ချုပ်နာရင်ဒရာမိုဒီ တက်ရောက်ခဲ့သည်။ ၎င်းအစည်းအဝေးတွင် ၂၀၃၀ ပြည့်နှစ်နောက်ပိုင်းတွင် နှစ်ဘီးတပ်နှင့် သုံးဘီးတပ်ယာဉ်ငယ်များအားလုံးအား လျှပ်စစ်ဓာတ်အားသုံးယာဉ်များအဖြစ်သာ ထုတ်လုပ်ရောင်း ချရန် အဆိုပြု ချက်ကို တင်သွင်းခဲ့ကြသည်။ ယခင်က NITI အဖွဲ့အစည်း၏ အမှုဆောင် အရာရှိ ချုပ် Amitabh Kant က အင်ဂျင်စွမ်းအား ၁၅၀ စီစီအောက်ရှိသော စက်တပ်ယာဉ် များကို ၂၀၂၅ ခုနှစ်မှစ၍ လျှပ်စစ်ဓာတ်အား သုံးယာဉ်များ (Electri

Friday, 16 Aug 2019

  အမေရိကန်နိုင်ငံသည် အိန္ဒိယနိုင်ငံမှ တင်ပို့သည့် ကုန်စည်များအပေါ် ပေးအပ်ထားသည့် Generalized System of Preferences(GSP) ခေါ် သွင်း ကုန်အခွန် သက်သာခွင့်အား ၅-၆-၂၀၁၉ ရက်မှစ၍ ရပ်ဆိုင်းလိုက်ပြီဖြစ် သည်။ အိန္ဒိယနိုင်ငံကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး Mr.

Friday, 16 Aug 2019

         တောင်ကိုရီးယားနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်အတွက် အခြေခံလုပ်အားခအား တစ်နာရီလျှင် ကိုရီးယားဝမ် ၈၅၉၀ (အမေရိကန်ဒေါ်လာ ၇ ဒသမ ၃) သို့ တိုးမြှင့်လိုက်ကြောင်း၊ ၎င်းသည် လက်ရှိ အခြေခံ လုပ်အားခနှုန်းဖြ စ်သော တစ် နာရီလျှင် ကိုရီးယား ဝမ် ၈၃၅၀ ၏ (၂ ဒသမ ၉)ရာခိုင်နှုန်းသို့ တိုးမြှင့်လိုက်ခြင်း ဖြစ်ပြီး၊ ၁၉၈၈ ခုနှစ်တွင် လုပ်အားခ စနစ်ကို စတင်ကျင့်သုံးခဲ့ချိန်မှစ၍ တတိယအနိမ့်ဆုံးနှုန်း ဖြင့်တိုးမြှင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရ သည်။ စီးပွားရေးတိုးတက်မှုနှုန်း နှေးနေ သည့်အနေအထားတွင် စီးပွားရေး လုပ်ငန်းငယ်များအတွက် ဘဏ္ဍာရေးပြဿနာများကို ပိုမိုရင်ဆိုင်လာရဖွယ်ဖြစ် ကြောင်း၊ ယခုကဲ့သို့ နှုန်းအနည်းငယ်သာ တိုးမြှ

Pages