Main menu

Background

Friday, 10 Aug 2018

/sites/default/files/News%20Letter%20%284-2018%29_0.pdf

 

Fully Online Licensing စနစ်တွင် ကုန်ပစ္စည်း အမယ် (၄၃)မျိုးအပြင် ပို့ကုန်ပစ္စည်း (၃၂)လိုင်းနှင့် သွင်းကုန်ပစ္စည်း (၄၉)လိုင်း စုစုပေါင်းကုန်ပစ္စည်းအမယ် (၈၁)မျိုးအား ထပ်မံတိုးမြှင့်လျှောက်ထားရယူနိုင်ကြောင်း ထုတ်ပြန်သည့် သတင်းလွှာ

Friday, 29 Jun 2018

အာဆီယံစီးပွားရေးအသိုက်အဝန်း (Asean Economic Community- AEC)ကို   စတင်ကျင့်သုံးသည့် သုံးနှစ်တာကာလအတွင်း  ဝင်ရောက် လာချိန်၌ အာဆီယံနိုင်ငံများနှင့်အာဆီယံပြင်ပနိုင်ငံများ (ဥပမာ-တရုတ် နှင့် တောင်ကိုရီးယား)၏   ကုန်သွယ်မှုသည်   အာဆီယံနိုင်ငံအချင်းချင်း ကုန်သွယ်မှုထက် မြင့်တက်လာသည်။

လာမည့် ၅နှစ်တွင်လည်း    ကမ္ဘောဒီးယား၊   လာအို၊ မြန်မာနှင့် ဗီယက်နမ်စသည့် CLMV ၏ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ၌ ထိုင်းနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ပါဝင်မှုသည်   တရုတ်နိုင်ငံ၊ တောင်ကိုရီး ယားနိုင်ငံနှင့်အခြားနိုင်ငံများ၏ ပါဝင်မှုထက်နိမ့်ကျမည်ဖြစ် ကြောင်းတွေ့ရှိရသည်။

Friday, 29 Jun 2018

ဟောင်ကောင်အစားအစာနှင့်ကျန်းမာရေးဌာနမ E-cigarettes နှင့် အခြားဆေးရွက်ကြီး ထုတ်ကုန်များအား သမားရိုးကျ  စီးကရက် အမျိုးအစား အုပ်စုအောက်တွင် ထည့်သွင်း၍  စည်းကမ်းဥပဒေ ချမှတ်  တော့မည့်အဆို ပြုချက်အား   ဥပဒေပြုလွှတ်တော်သို့  တင်ပြထား ကြောင်း၊ အဆိုပြုချက်တွင် E-cigarettes နှင့် ဆေးရွက် ကြီးနှင့်သက် ဆိုင်သည့် ထုတ်ကုန်များအား   အများပြည်သူကျန်းမာရေးဆိုင်ရာ (ဆေးလိပ်သောက်ခြင်း)  အမိန့်ပြန်တမ်းတွင်   ထည့်သွင်းထားပြီးဖြစ် ကြောင်း၊ သမားရိုးကျ စီးကရက်ကဲ့သို့ အရွယ်မရောက်သေးသူများ အားရောင်းချခြင်း ကြော်ငြာခြင်းမပြုလုပ်ရန်နှင့်  ထုပ်ပိုးရာတွင် ကျန်းမာ ရေးထိခိုက်နိုင်သည့် သတိပေးချက် ပုံများဖြင့်   ထုပ်ပိုးရမည်ဖ

Thursday, 21 Jun 2018

တရုတ်နှင့် အမေရိကန်အကြား  ကုန်သွယ်မှုဆိုင်ရာ အငြင်းပွားမှုနှင့်ပတ်သက်၍ ယခုလအတွင်းနှစ်နိုင်ငံ အဆင့်မြင့်အရာရှိ ကြီးများ တွေ့ဆုံဆွေးနွေး၍ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။ Joint Statement တစ်စောင် ထုတ်ပြန်၍ အကောက်ခွန်များ အပြန် အလှန် ဖြေလျှော့မှုများပေးရန် သဘောတူညီခဲ့ပါသည်။

Thursday, 21 Jun 2018

ထိုင်းနိုင်ငံရှိ  PTT  စွမ်းအင်ကုမ္ပဏီ သည် LNG  ဓာတ်ငွေ့ရည် (Liquefied Natural Gas))ကိုအာရှနိုင်ငံများသို့တင်ပို့ ရောင်းချရန် စီစဉ်ဆောင်ရွက်လျက်ရှိရာအထူးသဖြင့် တရုတ်နိုင်ငံသို့ ဦးစားပေး တင်ပို့ ရောင်းချ မည်ဖြစ်ကြောင်း သိရှိရ သည်။

Thursday, 21 Jun 2018

မော်တော်ကားနှင့် အပိုပစ္စည်း တင်သွားမှု တရုတ်အကောက်ခွန်လျှော့ချ

ဇူလိုင် ၁ ရက်မှစတင်၍ တရုတ်သို့တင်သွင်းမည့် မော်တော်ကားနှင့် အပိုပစ္စည်းများအပေါ် အကောက်ခွန်လျှော့ချမည် ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက မေ ၂၂ ရက်က ကြေညာထားပါသည်။ ယခုလက်ရှိ မော်တော် ယာဉ်တင်သွင်းမှုကို အကောက်ခွန် ၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအတွင်းရှိပြီး ၁၅ ရာခိုင်နှုန်းအထိ လျှော့ချပေးမည်ဖြစ်သည်။ မော်တော်ကား အပိုပစ္စည်း များမှာ ယခုလက်ရှိ ရှစ်ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအကြား ရှိပြီး ခြောက်ရာခိုင် နှုန်းအထိလျှော့ချပေးမည်ဖြစ် ကြောင်း သိရပါသည်။

Thursday, 21 Jun 2018

ဇူလိုင်လ ၁ရက်မှစတင်၍ သွင်း ကုန်ပစ္စည်းအချို့အပေါ် အကောက်ခွန် လျှော့ချပေးမည်ဖြစ်ကြောင်း  တရုတ်နိုင်ငံတော် ကောင်စီက ထုတ်ပြန်ထားပါ သည်။ အဆိုပါ အကောက်ခွန်လျှော့ချ မည့်ပစ္စည်းများတွင်   အဝတ်အထည်၊ ဖိနပ်၊ ဦးထုပ်၊ မီးဖိုချောင်သုံးပစ္စည်းနှင့် အားကစားပစ္စည်းများအား ၁၅ ဒသမ ၉ ရာခိုင်နှုန်းမှ ၇ ဒသမ ၁ ရာခိုင်နှုန်းသို့အသီးသီး လျှော့ချမည်ဖြစ်သည်။ အဝတ် လျှော်စက်နှင့် ရေခဲသေတ္တာကဲ့သို့အိမ် သုံးပစ္စည်းများတွင် ၁၂ ဒသမ ၅ ရာခိုင် နှုန်းမှ ၈ ဒသမ သုည ရာခိုင်နှုန်းသို့ လည်း ကောင်း၊ ရေထွက်ပစ္စည်းနှင့် ရေသန့်ကို ၁၅ ဒသမ ၂ ရာခိုင်နှုန်းမှ  ၆ ဒသမ ၉ ရာခိုင်နှုန်းသို့ လည်းကောင်း၊ အလှကုန်        နှင့်  ကျန်းမာရေးသုံးပစ္စ

Friday, 15 Jun 2018

အိန္ဒိယနိုင်ငံတွင် အမျိုးသားအီ လက်ထရောနစ်ပစ္စည်း ထုတ်လုပ်မှုမူဝါဒ သစ် (New National Electronics Manufacturing) မထုတ်ပြန်မီ ပို့ကုန် ဦးစားပေး အီလက်ထရောနစ်ပစ္စည်းများ ထုတ်လုပ်မှုကို အားပေးမြှင့်တင်ရန် အတွက် အိန္ဒိယအစိုးရသည် အစီအစဉ် သစ်များကို  ဇွန်လမှစ၍   စတင်နိုင်ရန် ကြိုးစားနေကြောင်း သိရှိရပါသည်။

Thursday, 7 Jun 2018

အိန္ဒိယအစိုးရ၏ တောင်သူလယ်သမား ဦးစားပေးမူဝါဒများကြောင့် နိုင်ငံအတွင်းသို့ ပဲမျိုးစုံ၊ ဂျုံနှင့်စားသုံးဆီ  တင်သွင်းမှုများ လျှော့ချနိုင်ရေး အထောက်အကူဖြစ်စေခဲ့သည်ဟု စိုက်ပျိုးရေးဝန်ကြီးက မေ ၁၇ရက်တွင်   ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

သို့ဖြစ်၍ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံအတွင်းသို့ ပဲတင် သွင်းမှု တန်ချိန်မှာ ယခင်နှစ်ထက် တန်ချိန် ၁၀ သိန်းခန့် လျော့နည်းခဲ့ပြီး စုစုပေါင်း တန်ချိန် ၅၆ ဒသမ ၅ သိန်းသာ တင်သွင်းခဲ့ကြောင်း၊ သို့ဖြစ်၍  နိုင်ငံ၏ နိုင်ငံခြားငွေသုံးစွဲမှုကိုလည်း သက်သာစေခဲ့ပြီး ယခင်ထက် ရူပီး ကုဋေ ၉၇၇၅  လျော့နည်းစေခဲ့သည်ဟု ဝန်ကြီးဌာန၏ ကြေညာချက်တစ်ခု ၌ ဖော်ပြထားပါသည်။

Pages