Background
အမေရိကန်နိုင်ငံ ချီကာဂိုကုန်စည်ဒိုင်မှာ ပဲပုပ်ဆီကြိုပွိုင့်ဈေး သိသိသာသာ ကျဆင်းသလို တရုတ်နိုင်ငံ ဒေလီယံ ကုန်စည်ဒိုင်မှာလည်း စားဆီဈေးလျော့ကျခြင်း နဲ့အတူ ဥရောပဇုန်ကြွေးမြီ အကျပ်အတည်းနဲ့ပတ်သက်လို့ ရင်းနှီးမြှုပ်နှံသူများ စိုးရိမ်မှုတွေဖြစ်ခဲ့တာကြောင့် မလေးရှားကုန်စည်ဒိုင်မှာ စားအုန်းဆီကြမ်း ကြိုပွိုင့် ဈေးဟာ သီတင်းသုံးပတ်အတွင်း အနိမ့်ဆုံးကို ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဘာစာမလေးရှားကုန်စည်ဒိုင်မှာ ဖေဖော်ဝါရီလစံနှုန်း စာချုပ်ဈေးဟာ တစ်တန် ရင်းဂစ် ၃၀၁၁ (ကန်ဒေါ်လာ ၉၆၃)ကို နိုဝင်ဘာလ ၁၀ ရက်နောက်ပိုင်း အနိမ့်ဆုံးကို ကျဆင်းခဲ့ပါတယ်။ ဥရောပဇုန်ကြွေးမြီ အကျပ်အတည်းကြောင့် စိုးရိမ်မှုတွေဖြစ်လာပြီး၊ ဝယ်လိုအားနည်းတဲ့အတွက် တစ်တန် ရင်းဂစ် ၃၀၀၀ (ကန်ဒေါ်လာ ၉၅၉)ထိ ကျဆင်း နိုင်တယ်လို့ ကွာလာလမ်ပူအခြေစိုက် ကုန်သည်တစ်ဦးက ဆိုပါတယ်။ ကာလတို အတွင်း စားအုန်းဆီတစ်တန်ရင်းဂစ် ၂၉၉၀ နဲ့ ၃၁၂၀ (ကန်ဒေါ်လာ ၉၅၆-၉၉၇) အတွင်းသာ ရှိနိုင်တယ်လို့လည်း ဘာလီမှာကျင်းပတဲ့ ညီလာခံတစ်ခုမှာ ဟင်းသီး ဟင်းရွက်လေ့လာဆန်းစစ်သူ အကြီးအကဲများဖြစ်တဲ့ Dorab Mistry နဲ့ James Fryတို့ကလည်း ခန့်မှန်းကြပါတယ်။ ဈေးကွက်အားပျော့လာခြင်းနဲ့အတူ ပဲပုပ်ဆီနဲ့ စားအုန်းဆီဈေး နှစ်ခုအကြား ကွာဟမှုကျဉ်းမြောင်း လာတဲ့အတွက် ပဲပုပ်ဆီကို ပိုမိုဝယ်ယူလာနိုင်ပြီး၊ စားအုန်းဆီ ဝယ်လိုအားလည်း နည်းသွားမယ်လို့ ဆိုပါတယ်။ မလေးရှား ဆိပ်ကမ်းများမှ သန့်စင်ပြီးစားအုန်းဆီဈေးဟာ အာဂျင်တီးနားမှ ပဲပုပ်ဆီကြမ်းဈေးထက် တစ်တန် ကန်ဒေါ်လာ ၃၈ သာ လျော့ကျကမ်းလှမ်းလျက်ရှိရာ ယခင်က တစ်တန် ကန် ဒေါ်လာ ၁၀၀-၁၅၀ထိ ကြီးမားစွာကွာခြားရာမှ ကွာဟမှုနည်းလာခြင်းဖြစ်ပါတယ်။ ကုန်ပစ္စည်းစစ်ဆေးတဲ့ Intertek Agri ဝန်ဆောင်မှု အေဂျင်စီရဲ့ စစ်ဆေးချက် အရ နိုဝင်ဘာလမှာ မလေးရှား စားအုန်းဆီတင်ပို့မှုဟာ ယခင်လထက် ၉ ရာခိုင်နှုန်းကျဆင်းပြီး၊ တစ်တန် ကန်ဒေါ်လာ ၁ ဒသမ ၅၃ သန်းသာ တင်ပို့ခဲ့ပါ တယ်။ ဒါပေမယ့် လာမယ့်မုတ်သုန်ရာသီမှာ လာနီညာရာသီ ဖြစ်စဉ်ဖြစ်ပေါ်လာနိုင်တဲ့အတွက် မလေးရှားနိုင်ငံမှာ မိုးပိုမိုပြင်းထန်စွာရွာသွန်းပြီး၊စားအုန်းဆီရိတ်သိမ်းမှုကိုနှောင့်နှေးစေ နိုင်သလို ဆီစက်များကို ကြိတ်ခွဲဖို့နဲ့ ဆိပ်ကမ်းများကို သယ်ယူရာမှာလည်း အဟန့်အတား ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ စားအုန်းဆီကြမ်း ရောင်းချမှု နည်းနိုင် တာကြောင့် ဒီဇင်ဘာလမှာ စားအုန်းဆီဈေးဟာ တစ်တန်ရင်းဂစ် ၃၂၀၀ (ကန်ဒေါ်လာ ၁၀၂၃)အထိ မြင့်တက်နိုင်တယ်လို့ Johor မှ စားအုန်းဆီစိုက်ပျိုးသူ တစ်ဦးက ဆိုပါတယ်။ လက်ငင်းဈေးကွက်အတွင်း ဒီဇင်ဘာလအတွက် သန့်စင်ပြီး၊ စားအုန်း ဆီဈေးဟာ ၅ ဒေါ်လာ လျော့ပြီး၊ မလေးရှား FOB ဈေး တစ်တန်ကန်ဒေါ်လာ ၁၀၆၅ ရှိပါတယ်။ ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်း လက်ငင်း ဈေးမှာ ရင်းဂစ် ၅၀ (ကန်ဒေါ်လာ ၁၅ ဒသမ ၉၈)လျော့ကျပြီး၊ တစ်တန်ရင်းဂစ် ၃၀၃၀ (ကန် ဒေါ်လာ ၉၆၉)ဈေး ဖြစ်ခဲ့ပါတယ်။ ယုဇန၊ Source: palmolihq.com
ကမ္ဘာ့ ပဲပုပ်ဝယ်ယူမှု အများဆုံး တရုတ်နိုင်ငံဟာ အစိုးရသိုလှောင်မှု မြှင့်တင်ဖို့ အမေရိကန်ပဲပုပ်တန်ချိန် ၆ သိန်းဝယ်ယူခဲ့တယ်လို့ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ပြောကြားပါတယ်။ နိုင်ငံစား နပ် ရိက္ခာ အရန်သိုလှောင်မှုကို စီမံခန့်ခွဲ တဲ့ တရုတ်ကောက်ပဲသီးနှံအရန် သိုလှောင်မှုကော်ပိုရေးရှင်းဟာ နောက်နှစ် မှာ တင်ပို့ဖို့ ပဲပုပ်ဝယ်ယူထား ကြောင်း၊ ယင်းကုမ္ပဏီပြောခွင့်ရ Sheng Bingzhou ကပြောကြားခဲ့တာဖြစ်ပါတယ်။ ယခုဝယ်ယူခြင်းက ယခုလ ပထမ သီတင်းပတ်အတွင်း ပဲပုပ်ဆီ တန်ချိန် ၂၀၀၀၀ ဝယ်ယူပြီးနောက် ထပ်မံ ဝယ်ယူ မှု ပဲဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီကုမ္ပဏီ ဟာ အောက်တိုဘာလအစ ပိုင်းမှာလည်း ပြောင်းတန်ချိန် ၁ သန်း၊ ပဲပုပ်ဆီတန်ချိန် ၇ သိန်း-၈သိန်းနဲ့ ပဲပုပ်တန်ချိန် ၂ သန်း လည်း ဝယ်ယူထားတယ်လို့ ဆိုပါတယ်။ ချီကာကိုမှာ ဇန်နဝါရီလပို့ရမယ့် ပဲပုပ်ဈေးဟာ ၁ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းပြီး တစ်ဘူရှယ်ကို ကန်ဒေါ်လာ ၁၁ ဒသမ ၈၆၅ ရှိပါတယ်။ ဆီထွက် သီးနံှရောင်းချမှု တိုးမြင့်ခြင်းနဲ့ ကမ္ဘာ့ စီးပွားရေး အားပျော့ခြင်းက ဝယ်လိုအား ကို လျော့ကျစေခြင်းတို့ကြောင့် ကြိုပွိုင့် ဈေးဟာ ယခုလမှာ ၂ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ ၂၀၁၁ -၂၀၁၂ ဈေးကွက်နှစ် အတွင်း တရုတ်နိုင်ငံရဲ့ ပဲပုပ်တင်သွင်းမှု ဟာ ယခင်နှစ်ကထက် ၇ ရာခိုင်နှုန်း မြင့်တက်ပြီး၊ တန်ချိန် ၅၆ သန်းရှိမယ်လို့ နိုင်ငံပိုင် သုတေသနဌာန တရုတ်နိုင်ငံ တော်ကောက်ပဲသီးနှံနဲ့ဆီသတင်းအချက် အလက်စင်တာမှ ပြောကြားခဲ့ပါတယ်။ တရုတ် နိုင်ငံရဲ့ တင်သွင်းမှုဟာ အာဂျင်တီးနားနဲ့ ဘရာဇီးတို့က မြင့်တက်နေဆဲ ဖြစ်ပြီး၊ အမေရိကန်မှ အာရှနိုင်ငံများကို တင်ပို့မှု ကျဆင်းဖွယ်ရှိတယ်လို့ Oil World မှ ပြောကြားပါတယ်။ ယမင်းခင် Source: bloomberg
ဥရောပဇုန်ကြွေးမြီကိစ္စအပေါ် စိုးရိမ်မှုတွေအရ ဝယ်လိုအားနည်းပါးလာလို့ နိုဝင်ဘာ ၂၃ ရက်မှာ မလေးရှားကုန်စည်ဒိုင်စားအုန်းဆီကြမ်းကြိုပွိုင့်ဈေးဟာ ၃ ရက် ဆက်တိုက်ကျဆင်းခဲ့ပါတယ်။ ဒါ့အပြင် ပဲပုပ်ဆီဈေး ကျဆင်းခြင်းကြောင့် လည်း ပိုမိုကျဆင်းလာခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဘာစာမလေးရှားကုန်စည်ဒိုင်မှာ ဖေဖော်ဝါရီလ အခြေခံစံနှုန်းစာချုပ်ဈေးဟာ သုညဒသမ ၄ ရာခိုင်နှုန်း ကျဆင်းပြီး၊ ရင်းဂစ် ၃၁၆၁ (ကန်ဒေါ်လာ ၉၉၂)ဖြစ်ခဲ့ပါတယ်။ရင်းနှီးမြှုပ်နှံသူများဟာဥရောပဒေသအတွင်း အတားအဆီး အကျပ်အတည်းများအပေါ် ပိုမိုစိုးရိမ်လာကြတဲ့အတွက်ကုန်စည်ဝယ်လိုအားလည်းလျှော့ချ လာခဲ့ကြတယ်လို့ စင်ကာပူအခြေစိုက် ဘဏ်မှ လေ့လာဆန်းစစ်သူတစ်ဦးမှ ပြော ကြားပါတယ်။ စားအုန်းဆီထုတ်လုပ်မှု ကျဆင်းပြီး၊ ပဲပုပ်ဆီထွက်ရှိမှုမြင့်တက်ဖွယ်ရှိတဲ့တိုင် ပဲပုပ်ဆီဈေးကျဆင်းခြင်းကလည်း စားအုန်းဆီဈေးကို ဖိအားဖြစ်စေပါတယ်။ အောက်တိုဘာလအတွင်း စားအုန်းဆီဈေးဟာ ပဲပုပ်ဆီ ဈေးထက် တစ်တန် ကန် ဒေါ်လာ ၁၈၅ လျှော့ကျပြီး၊ ယခုအခါ ကန်ဒေါ်လာ ၅၁ ဝန်းကျင်ကို လျှော့ကျ ကွာဟခဲ့ပါတယ်။ စားအုန်းဆီကြမ်းလက်ကျန်များ တဖြည်းဖြည်းကျဆင်းလာမှာဖြစ်လို့ မတ်လ လောက်မှာ ယင်းဆီ ၂ မျိုးရဲ့ဈေးဟာတူညီလုနီးပါးဖြစ်လာနိုင်တယ်လို့ ANZ ရဲ့ စိုက်ပျိုးရေးဆိုင်ရာ သုတေသနပညာရှင် Victor Thianpiriya က ပြောကြားပါတယ်။ တောင်အမေရိကမှာ ပဲပုပ်ထွက်ရှိမှု မြင့်တက်ဖွယ်ရှိတဲ့အတွက် ပဲပုပ်ဆီ ရောင်းချမှု နည်းနိုင်မှာ မဟုတ်ဘူးလို့လည်း ၎င်းကဆိုပါတယ်။ လာနီညာရာသီဖြစ်စဉ်ကြောင့် အရှေ့တောင်အာရှနိုင်ငံများမှာ ပျမ်းမျှမိုးရေ ချိန် အထက်ရွာသွန်းနိုင်လို့ စားအုန်းဆီထုတ်လုပ်မှု ကျဆင်းပြီး၊ ရောင်းချမှု အကန့် အသတ်ဖြစ်ခြင်းကို တောင်အမေရိကား ပဲပုပ်ထွက်ရှိမှု ပိုမို ခြင်းက ဖြည့်ဆည်း နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ယင်းဆီ ၂ မျိုးဟာ အိန္ဒိယ၊ တရုတ်နဲ့ ဥရောပဈေးကွက်များအတွင်းက ပုံမှန် ဝယ်ယူခြင်းဖြစ်ပြီး၊ ယင်းဈေး ၂ ခုအကြား ဈေးကွာဟမှု ကျဉ်းမြောင်းရင် ဆောင်း ရာသီမှာ ဝယ်လက်များဟာ ပဲပုပ်ဆီကို ပိုမိုဝယ်ယူကြမှာ ဖြစ်ပါတယ်။ လက်ငင်း ဈေးကွက်မှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လသင်္ဘောတင်အတွက် သန့်စင်ပြီး၊ စားအုန်းဆီ ဈေးဟာ တစ်တန် ကန်ဒေါ်လာ ၁၀၆၅ ရှိပြီး၊ ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်း လက်ငင်းဈေးက တစ်တန် ရင်းဂစ် ၁၀ လျှော့ကျပြီး၊ ရင်းဂစ် ၃၁၉၀ (ကန်ဒေါ်လာ ၁၀၀၁)ရှိကြောင်း သိရပါတယ်။ ယုဇန၊Source: Palmoilhq.com
ဥရောပဇုန် ကြွေးမြီပြဿနာ စိုးရိမ်မှုများ ဆက်လက်ရှိနေခြင်းကြောင့် ရေနံ ဈေးနဲ့ ပဲပုပ်ဆီကြိုပွိုင့်ဈေး ကျဆင်းခဲ့ခြင်းနဲ့အတူ မလေးရှား စားအုန်းဆီကြမ်း ကြိုပွိုင့်ဈေးလည်း နိုဝင်ဘာ ၁၇ ရက်မှာ ကျဆင်းခဲ့ပါတယ်။ ဘာစာမလေးရှား ကုန်စည်ဒိုင်မှာ ဖေဖော်ဝါရီလ စာချုပ်အခြေခံဈေးဟာ သုညဒသမ ၉ ရာခိုင်နှုန်း လျှော့ပြီး၊ တစ်တန် ရင်းဂစ် ၃၂၁၂ (ကန်ဒေါ်လာ ၁၀၁၅)ဈေးဖြစ်ခဲ့ပါတယ်။ ချီကာကိုမှာ ဒီဇင်ဘာလ ပဲပုပ်ဆီဈေးက သုညဒသမ ၂ ရာခိုင်နှုန်းကျဆင်းပြီး၊ တစ်ပေါင်ကို ကန်ဒေါ်လာ ၅၂ ဒသမ ၄၈ ဆင့် (တစ်တန်ကန်ဒေါ်လာ ၁၁၅၇) ရှိခဲ့ပါတယ်။ ဇန်နဝါရီလအထိ ICE Brent ရေနံဈေးက ၁ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းပြီး၊ တစ်စည်ကို ကန်ဒေါ်လာ ၁၁၀ ဒသမ ၅၃ ဈေးဖြစ်ခဲ့ပြီးနောက်၊ စားအုန်းဆီကြမ်း ဈေးလည်း ကျဆင်းလာခဲ့ခြင်းဖြစ်ပါတယ်။ ကွာလမ်လာပူညီလာခံ မှာ ဟင်းသီးဟင်းရွက်ဆီ လေ့လာဆန်းစစ်ပညာရှင် Fry ပြောကြားချက်အရ ရေနံ ရောင်းချမှုမြင့်တက်နေခြင်းက ICE Brent ကြိုပွိုင့်ဈေးကို ဇွန်လမှာ တစ်စည် ကန် ဒေါ်လာ ၇၉ ကို ကျဆင်းနိုင်ပြီး၊ တစ်ဆက်တည်းမှာ စားအုန်းဆီကြမ်းဈေး လည်း တစ်တန်ကန်ဒေါ်လာ ၈၅၀ ကို လျော့ကျနိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဈေးနှုန်းကျဆင်းမယ်လို့ လေ့လာဆန်းစစ်သူအားလုံးက ခန့်မှန်းခဲ့ခြင်းမဟုတ်ဘူးလို့ ဆိုပါတယ်။ စားအုန်းဆီထုတ်လုပ်မှု ကျဆင်းခြင်းနဲ့ ဝယ်လိုအား ဆက်လက်ကောင်းနေခြင်းတို့ကြောင့် စားအုန်းဆီ ကြမ်းဈေးဟာ ဇန်နဝါရီလမှာရင်းဂစ် ၃၃၀၀ (ကန်ဒေါ်လာ ၁၀၄၂)နဲ့ ဇွန်လမှာ ရင်းဂစ် ၄၀၀၀ (ကန်ဒေါ်လာ ၁၂၆၃)ထိရှိလာနိုင်တယ်လို့ ဟင်းသီးဟင်းရွက်ဆီ လေ့လာဆန်းစစ်သူ Dorab Mistry က ပြောကြားပါတယ်။ မလေးရှားနိုင်ငံရဲ့ ဆီအုန်းအဓိက စိုက်ပျိုးတဲ့ဒေသတွေမှာ နောက်သီတင်း ပတ်အနည်းငယ်အတွင်း လာနီညာရာသီဥတုဖြစ်စဉ်ကြောင့် မိုးသည်းထန်နိုင်တဲ့ အတွက် ဆီအုန်းခူးဆွတ်မှု နှောင့်နှေးနိုင်တယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ နိုဝင်ဘာလကုန်မှာမလေးရှား စားအုန်းဆီလက်ကျန်ဟာ တန်ချိန်၁ ဒသမ ၉ သန်း ခန့်ကို ယခင်လထက် ၉ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ဝယ်လိုအား ဆက်လက်ခိုင်မာနေတာ ကြောင့် ဒီဇင်ဘာလ လက်ကျန်ဟာတန်ချိန် ၁ ဒသမ ၈ သန်းဝန်းကျင်ကို ပိုမိုလျော့ကျနိုင်တဲ့အတွက် ဈေးနှုန်း မြင့်တက် နိုင်ခြင်းဖြစ်တယ်လို့ ၎င်းင်းက ခန့်မှန်းခဲ့တာဖြစ်ပါတယ်။ လာမယ့် သီတင်းပတ်များမှ ဘာစာမလေးရှား စားအုန်းဆီကြမ်းဈေးဟာ တစ်တန်ရင်းဂစ် ၃၁၀၀ (ကန်ဒေါ်လာ ၉၇၉)ရှိနိုင်ပြီး၊ လာမယ့်နှစ် ပထမ ၃ လ အတွင်းမှာ ရင်းဂစ် ၃၅၀၀(ကန်ဒေါ်လာ ၁၁၀၅)အထိ မြင့်တက်လာနိုင် တယ်လို့ ဆိုပါတယ်။ လက်ငင်းဈေးကွက်မှာ သန့်စင်ပြီး စားအုန်းဆီဈေးဟာ ၅ ဒေါ်လာ ကျဆင်းပြီး တစ်တန်ကို ကန်ဒေါ်လာ ၁၀၉၀ ရှိပြီး ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်းဈေးမှာ တစ်တန်ရင်းဂစ် ၃၀ (ကန်ဒေါ်လာ ၉ ဒသမ ၄၇)လျော့ပြီး၊ ရင်းဂစ် ၃၂၃၀ (ကန်ဒေါ်လာ ၁၀၂၀)ဈေးရှိတယ်လို့ သိရပါတယ်။ ယုဇန Source: palmoilhq.com
တရုတ်နိုင်ငံရဲ့ ယခုသီးနှံရာသီ အတွင်း ပဲပုပ်တန်ချိန် ၅၆ သန်းအထိ တင်သွင်းရဖွယ်ရှိပြီး၊ ၂၀၁၀-၁၁ ခုနှစ် ထက် ၇ ရာခိုင်နှုန်း မြင့်တက်နိုင် တယ် လို့ တရုတ်နိုင်ငံတော် ကောက်ပဲသီးနှံနဲ့ ဆီ သတင်း အချက်အလက်ဌာန (CNGOIC) မှ အောက်တိုဘာလ ၂၇ ရက်က ပြောကြားပါတယ်။ အဓိက အားဖြင့် တိရစ္ဆာန်အစာ ထုတ်လုပ်မှု အတွက် အဓိကဝယ်လိုအားရှိတာ ကြောင့် ယခုလို တိုးမြှင့်ခန့်မှန်းခြင်းဖြစ် ကြောင်း သိရပါတယ်။ စက်တင်ဘာလ ၃၀ ရက်မှာ ကုန်ဆုံးတဲ့ ယခုနှစ်အတွင်း တရုတ်နိုင်ငံမှ ပဲပုပ်တန်ချိန် ၅၂ ဒသမ ၃၄ သန်း တင် သွင်းခဲ့လို့ ၂၀၀၉-၂၀၁၀ စံချိန်တင်မြင့် တက်မှု တင်သွင်းခဲ့တာနဲ့ နှိုင်းယှဉ်ရင် ၄ ရာခိုင်နှုန်း ပိုမိုတယ်လို့ (CNGOIC) မှ ပြောကြားပါတယ်။ အမေရိကန်နိုင်ငံ ဟာ တရုတ်ပဲပုပ်ဝယ်ယူမှုမှာ အဓိက အကျိုး အမြတ်ဆက်လက်ရယူနေဦးမှာ ဖြစ်ပြီး၊ တရုတ်နိုင်ငံရဲ့ စုစုပေါင်းပဲပုပ် တင်သွင်းမှုရဲ့ ၄၈ ရာခိုင်နှုန်းကို အမေ ရိကန်က တင်သွင်းနေရတာ ဖြစ်တယ် လို့ သိရပါတယ်။ ဘရာဇီးနိုင်ငံက ပဲပုပ်တင်သွင်းမှု ဟာ တန်ချိန် ၁၈ ဒသမ ၂ သန်းကို သုည ဒသမ ၂၄ ရာခိုင်နှုန်းမြင့်တက် ခဲ့ပြီး၊ အာဂျင်တီးနားပဲပုပ် တင်သွင်းမှု ကတော့ ၁၀ ဒသမ ၁ ရာခိုင်နှုန်းကျ ဆင်းခဲ့ပါတယ်။ စက်တင်ဘာလ အတွင်းမှာ တရုတ်နိုင်ငံက ပဲပုပ်တန်ချိန် ၄ ဒသမ ၁၃ သန်းတင်သွင်းခဲ့ပြီး၊ အောက်တိုဘာလမှာ တန်ချိန် ၄ သန်း ဝန်းကျင် တင်သွင်းရဖွယ် ရှိတယ်လို့ သိရပါ တယ်။ ယမင်းခင် Source: dowjones.com
ဂျပန်က အဆွဲကောင်းနေတာကြောင့် ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုမှာ တစ်ပတ်ထက်တစ်ပတ် ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၁၂၅၀ ထိ တင်ပို့မှုရှိခဲ့ပြီး ယခုတစ်ပတ် (အောက်တိုဘာလ ၁၇ ရက်မှ ၂၁ ရက်) အတွင်းမှာလည်း တန်ချိန် ၁၈၂၀ ခန့်ထိ တိုးတက်တင်ပို့နိုင်တာ တွေ့ရပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှား၊ စင်ကာပူနဲ့ ဗီယက်နမ် တို့ဖြစ်ပါတယ်။ ပမာဏအများဆုံး တင်ပို့တဲ့နိုင်ငံကတော့ ဂျပန်ကိုပဲဖြစ်ပါတယ်။ ၂၀၁၁-၁၂ ဘဏ္ဍာနှစ် အောက်တိုဘာလ ၂၁ ရက်နေ့အထိ စုစုပေါင်း နှမ်းတင်ပို့ပြီးစီးမှုဟာ တန်ချိန် ၅၈၀၀၀ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၄၃၀၀၀ ကျော်သာရှိလို့ ယခုနှစ်မှာ တန်ချိန် ၁၅၀၀၀ ကျော်ပိုမို တင်ပို့ပြီးကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ အောက်တိုဘာလ ၂၈ ရက်နေ့မှာ သိပ္ပံနှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၈၀၀-၁၉၀၀၊ နှမ်းနက်ရိုးရိုး တစ်တန် ကန်ဒေါ်လာ ၁၄၅၀- ၁၅၀၀၊ နှမ်းဖြူ တစ်တန် ကန်ဒေါ်လာ ၁၃၀၀-၁၃၅၀၊ နှမ်းနီနဲ့ နှမ်းညို တစ်တန် ကန်ဒေါ်လာ ၁၂၂၅-၁၂၇၅ အသီးသီးရှိကြောင်း သိရပါတယ်။ MIRT- MAPT
တရုတ်နိုင်ငံရဲ့ ယခုနှစ် ပဲပုပ်တင်သွင်းမှုဟာ ယခင်နှစ်နဲ့ယှဉ်ရင် တန် ချိန် ၄ သန်းခန့် ကျဆင်းဖွယ်ရှိတဲ့ အတွက် ၂၀၀၆ ခုနှစ်နောက်ပိုင်း ပထမ အကြိမ်အနေနဲ့ တင်သွင်းမှု လျော့ကျ ခြင်းဖြစ်တယ်လို့ သတင်းအချက် အလက်ပေးတဲ့ SC I 99.com မှ လေ့လာဆန်းစစ်သူ Xin Yumin က ပြောကြားပါတယ်။ အမေရိကန်စိုက်ပျိုးရေး ဌာန(USDA) ရဲ့ သုတေသန ပြုချက် အရ အမေရိကန်ပဲပုပ်ကို တရုတ်မှာယူမှု ဟာ အောက်တိုဘာလ ၆ ရက်နေ့အထိ တန်ချိန် ၁၁ ဒသမ ၈ သန်းရှိပြီး၊ ယခင် နှစ် ကာလတူမှာယူခဲ့တဲ့ ပမာဏမှာ တန်ချိန် ၁၃ ဒသမ ၃ သန်းရှိခဲ့တယ် လို့ ဆိုပါတယ်။ တရုတ် အကောက်ခွန်ဌာနရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ စာရင်းအရ စက်တင်ဘာလအတွင်း တန်ချိန် ၄ ဒသမ ၁၃ သန်း တင်သွင်းခဲ့လို့ ယခင်နှစ် ကာလတူထက် ၁၁ ရာခိုင်နှုန်း ကျ ဆင်းခဲ့ပြီး၊ ပထမ ၉လအတွင်းမှာ ယခင် နှစ်ထက် ၆ ဒသမ ၁ ရာခိုင်နှုန်း ကျ ဆင်းပြီး၊ တန်ချိန် ၃၇ ဒသမ ၇၁ သန်း တင်သွင်းခဲ့ပါတယ်။ တင်သွင်းမှု လျော့ ကျခဲ့ခြင်းမှာ လက်ကျန်များခြင်းနဲ့ ပဲပုပ်သစ်ရာသီ ရောက်ရှိပြီဖြစ်ခြင်းတို့ ကြောင့်ဖြစ်တယ်လို့ ပဲပုပ် သတင်းဖြန့် ဖြူးသူ Chyouzhi.com မှ အယ်ဒီတာချုပ် Guo Qingbao မှ ပြောကြားပါတယ်။ ယခုနှစ်စပိုင်းကစပြီး အစိုးရအရန် သိုလှောင်မှုထဲက ပဲပုပ်တန်ချိန် ၄ သန်းခန့်ကို ဈေးကွက်အတွင်း ဖြန့်ဖြူးခဲ့ပြီး၊ ဈေးကွက်လိုအပ်ချက်က သိုလှောင်မှုနဲ့ လုံလောက်ခဲ့တယ်လို့ Xin Yumin ကဆိုပါတယ်။ စက်တင်ဘာလ အတွင်း ပြင်ပဈေးကွက်များမှာ ပဲပုပ် ကြိုပွိုင့်ဈေး သိသိသာသာ ကျဆင်းခြင်း ကလည်း ပဲပုပ်တင်သွင်းမှု နှောင့်နှေး စေတဲ့ အကြောင်းအရင်း တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့လည်း ၎င်းက ဆိုပါတယ်။ လက်ရှိမှာ ပြည်တွင်းပဲပုပ် ကြိတ်ခွဲသူများဟာ ပဲပုပ်ဆီ တစ်တန် ထုတ် လုပ်ဖို့အတွက် ယွမ် ၂၅၀ (ကန်ဒေါ်လာ ၃၉) ခန့် အရှုံးပေါ်နေခြင်းကလည်း၊ ပဲပုပ်တင်သွင်းမှု လျော့ကျလာစေခြင်း ပဲဖြစ်ပါတယ်။ ယခင် ၂၀၁၀ ခုနှစ်က တရုတ်နိုင်ငံက ပဲပုပ်တန်ချိန် ၅၄ ဒသမ ၈ သန်းအထိ တင်သွင်းခဲ့လို့ ယခင်နှစ် တင်သွင်းမှုထက် ၂၈ ဒသမ ၈ ရာခိုင် နှုန်းမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ယုဇန၊Source:World.grain
ပင်လယ်ရေကြောင်းက ပြည်ပကို နှမ်းတင်ပို့မှုအနက် ဂျပန်ကိုတင်ပို့မှု အား ကောင်းနေတာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်က နှမ်းရောင်စုံတန်ချိန် ၁၆၀၀ ခန့်ထိ တင်ပို့မှုတိုးတက်ခဲ့သလို ယခုတစ်ပတ် (အောက်တိုဘာလ ၉ ရက်မှ ၁၄ ရက်) အတွင်းမှာလည်း တန်ချိန် ၁၂၅၀ ကျော်ထိ တင်ပို့နိုင်တာတွေ့ရပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ စင်ကာပူနဲ့ တရုတ်တို့ဖြစ်ပြီး ပမာဏများများ တင်ပို့တာကတော့ ဂျပန်ကို ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂၀၁၁-၂၀၁၂ အောက်တိုဘာလ ၁၄ ရက်နေ့အထိ ပြည်ပကို စုစုပေါင်း နှမ်းတင်ပို့မှုဟာ တန်ချိန် ၅သောင်းကျော် ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၃၈၀၀၀ ကျော် ရှိခဲ့ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ အောက်တိုဘာလ ၂၁ ရက်မှာ သိပ္ပံနှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၈၀၀- ၁၉၀၀၊ နှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၄၅၀-၁၅၀၀၊ နှမ်းဖြူ တစ်တန် ကန် ဒေါ်လာ ၁၃၀၀-၁၃၅၀၊ နှမ်းနီနဲ့ နှမ်းညို တစ်တန် ကန်ဒေါ်လာ ၁၂၂၅-၁၂၇၅ အသီးသီးရှိကြောင်း သိရပါတယ်။MIRT- MAPT
ဥရောပကြွေးမြီပြဿနာဖြေရှင်းဖို့ ဥရောပသမဂ္ဂရဲ့ စွမ်းဆောင်ရည်အပေါ် စိုးရိမ်မှုများမြင့်တက်ခြင်းနဲ့ အမေရိကန်ရဲ့ မသေချာတဲ့ စီးပွားရေးအလားအလာ တွေအရ ရင်းနှီးမြုပ်နှံသူများက ရောင်းထုတ်လာကြတဲ့ အတွက် မလေးရှား ကုန်စည်ဒိုင်မှာ စားအုန်းဆီကြမ်း ကြိုပွိုင့်ဈေး ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ အောက် တိုဘာ၂၀ ရက် ဘာစာမလေးရှား ကုန်စည်ဒိုင်မှာ ဇန်နဝါရီလအခြေခံ စားအုန်းဆီ ကြမ်းစာချုပ်ဈေးဟာ သုည ဒသမ ၉ ရာခိုင်နှုန်းကျဆင်းပြီး ရင်းဂစ် ၂၈၇၅ (ကန် ဒေါ်လာ ၉၀၉)ဈေးဖြစ်ခဲ့ပါတယ်။ ချီကာကိုမှာ ဒီဇင်ဘာလ ပဲပုပ်ဆီဈေးကလည်း သုည ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းပြီး၊ တစ်ပေါင်ကို ကန်ဒေါ်လာ ၅၁ ဒသမ ၃၃ ဆင့်(တစ်တန်ကို ကန်ဒေါ်လာ ၁၁၃၁)နဲ့ ပိတ်ခဲ့ပါတယ်။ ယခုတစ်ပတ်တွင်း စားအုန်းဆီ ဈေး အပြောင်း အလဲဖြစ်နေပြီး တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ဥရောပ ညီလာခံနီးကပ်ခြင်းက ဈေးနှုန်းကို ပိုမို ကျဆင်းစေပါတယ်။ ပြည်ပဝယ်လိုအား တဖြည်းဖြည်းနည်းပါးလာခြင်းနဲ့အတူ ယခုလအတွင်း မလေးရှားနိုင်ငံရဲ့ သိုလှောင်မှု တိုးတက်လာခြင်းတို့ကြောင့် စားအုန်းဆီထွက်ရှိမှုကို ကုန်သည်များ စောင့်ကြည့်လျက်ရှိနေပါတယ်။ အိန္ဒိယရဲ့ လာမယ့်သီတင်းပတ် ဒီပါဝလီပွဲတော်အတွက် ဝယ်လက်တွေထံမှာဆီအလုံအလောက်သိုလှောင် ထား တယ်လို့ ဟင်းသီးဟင်းရွက်ဆီတင်ပို့သူတစ်ဦးကဆိုပါတယ်။ SGS ရဲ့ ခန့်မှန်းချက်အရ အောက်တိုဘာလ ၁ ရက်မှ ၂၀ ရက်အတွင်း အိန္ဒိယကို စားအုန်းဆီတင်ပို့မှုဟာ ယခင်လထက် ၂၆ ရာခိုင်နှုန်းကျဆင်းပြီး၊ တန်ချိန် ၁၁၃၂၉၀ သာရှိပေမယ့် စုစုပေါင်းတင်ပို့မှုအနေနဲ့ တန်ချိန် ၁ ဒသမ ၀၃ သန်းကို ၆ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်တယ်လို့ ဆိုပါတယ်။လက်ငင်းဈေးကွက်မှာ နိုဝင် ဘာလ အတွက် သန့်စင်ပြီး စားအုန်းဆီ တစ်တန်ကန်ဒေါ်လာ ၉၉၈ ရှိပြီး၊ ချက်ချင်း တင်ပို့ရမယ့် စားအုန်းဆီကြမ်းဈေးက ရင်းဂစ် ၂၀ ကျဆင်းပြီး၊ တစ်တန် ရင်းဂစ် ၂၈၈၀(ကန်ဒေါ်လာ ၉၁၁)ဈေးကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ယုဇန၊ Source: palmoilhq.com
ချီကာကိုပဲပုပ်ဆီဈေးကျဆင်းခြင်းကြောင့် အောက်တိုဘာ ၂၃ ရက် မလေးရှား ကုန်စည်ဒိုင် စားအုန်းဆီ ကြိုပွိုင့်ဈေးပါ ကျဆင်းခဲ့တယ်လို့သိရပါတယ်။ ဘာစာ မလေးရှား ကုန်စည်ဒိုင်မှာ ဒီဇင်ဘာလစားအုန်းဆီ စာချုပ်ဈေးဟာ ၀ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းပြီး တစ်တန်ကို ရင်းဂစ် ၂၈၄၄ (ကန်ဒေါ်လာ ၉၀၄) ဖြစ်ခဲ့ပြီး၊ ချီကာကိုမှာ ဒီဇင်ဘာလ ပဲပုပ်ဆီဈေးဟာ သုည ဒသမ ၂ ရာခိုင်နှုန်းကျဆင်းပြီး တစ်ပေါင်ကိုကန်ဒေါ်လာ ၅၁ ဒသမ ၇၇ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၁၁၄၁) ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ အမေရိကန်စိုက်ပျိုးရေးဌာန (USDA) မှ ကမ္ဘာ့ဆီထွက်သီးနှံလက်ကျန် ခန့်မှန်းမှုကို မြှင့်တင်ခဲ့ပါတယ်။ စက်တင်ဘာ ၁ ရက်မှာ စတင်တဲ့ ဈေးကွက်နှစ် အတွက်ပဲပုပ်လက်ကျန်ဟာ ဘူရှယ် ၁၆၀ သန်း (တန်ချိန် ၄.၃၂ သန်း) နဲ့ ငြိမ်နေမယ်လို့ ခန့်မှန်းထားပါတယ်။ စားအုန်းဆီဈေးက ကျဆင်းနေဆဲဖြစ်ပေမဲ့ အောက်တို ဘာလ ၁ ရက်မှ ၁၅ ရက်အတွင်း ပြည်ပဝယ်လိုအား ပိုမိုဖွယ်ရှိခြင်းနဲ့ တရုတ်နိုင်ငံမှာ အမျိုးသားအားလပ်ရက်ရှည်ပြီးပါက ဝယ်လိုအား မြင့်တက်လာနိုင်ခြင်းတို့ကြောင့် ဈေးနှုန်း မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ လက်ငင်းဈေးကွက်မှာ အောက်တိုဘာလအတွက် သန့်စင်ပြီးစားအုန်းဆီ (Palm Olein) တစ်တန် ကန်ဒေါ်လာ ၉၈၅ ရှိပြီး ချက်ချင်းတင်ပို့ရမယ့် စားအုန်း ဆီကြမ်း လက်ငင်းဈေးဟာ တစ်တန်ရင်းဂစ် ၁၅ လျှော့ချပြီး ရင်းဂစ် ၂၈၆၀ (ကန်ဒေါ်လာ ၉၀၉) ဈေးနဲ့ ကမ်းလှမ်းခဲ့တယ်လို့သိရပါတယ်။ ယုဇန၊Source: palmoilhq.com
