Main menu

Background

Monday, 13 Feb 2012

    ဂရိနိုင်ငံအတွက် ငွေကြေးကယ် တင်မှု အစီအစဉ်ကို ဥရောပခေါင်း ဆောင်တွေက ပြန်လည်ရုပ်သိမ်းသွား ပြီးနောက်ပိုင်း ထွန်းသစ်စဈေးကွက်တွေ ရဲ့ အက်ဆက်တွေရဲ့ ဝယ်လိုအားကို ကျဆင်းစေခဲ့တဲ့အတွက် ယခုလအတွင်း ပထမသီတင်းပတ်အဖြစ် အာရှငွေ ကြေးများ တန်ဖိုးကျဆင်းခဲ့ပါတယ်။

Monday, 13 Feb 2012

အေသင်    ကယ်တင်ငွေရရှိရန် အာမခံ ချက် ပေးနိုင်ပြီး ကြွေးမြီပေးဆပ်ရန် ပျက်ကွက်မှုရှောင်ရှားစေနိုင်မဲ့ ပြုပြင်ပြောင်း လဲရေးနဲ့ ခြိုးခြံချွေတာ ရေးအစီအမံတွေကိုဂရိခေါင်းဆောင် များက ကာလရှည်ကြာစွာ ညှိနှိုင်း ပြီးမှ ဖေဖော်ဝါရီ ၉ ရက်က သဘော တူညီမှုရခဲ့တယ်လို့ အစိုးရက ပြော ပါတယ်။ ပထမက အရေးကြီး ကိစ္စ ဖြစ်တဲ့ ပင်စင်ကိစ္စမပြီးပြတ်ဘဲရှိနေ ရာမှ အားလုံးကို သဘောတူညီမှု ရ သွားပြီး အစိုးရ သတင်းရပ်ကွက်က ပြောပါတယ်။ Source:economictimes.    indiatime.com

Monday, 6 Feb 2012

    နယ်စပ်ဖြတ်ကျော်အာမခံထားရှိသော အစီအစဉ်ဆောင်ရွက်နိုင်ဖို့အတွက် မလေးရှားဗဟိုဘဏ် (  Bank Negara Malaysia  )  နဲ့ ထိုင်းဗဟိုဘဏ် ( Bank of Thailand )  တို့ ဖေဖော်ဝါရီ ၂ ရက်က နားလည်မှု စာချွန်လွှာကို လက်မှတ် ရေးထိုးကြပါတယ်။    သဘောတူစာချုပ်ရဲ့ အဓိကရည်ရွယ်ချက်က နှစ်နိုင်ငံစလုံးမှာရှိတဲ့ ဘဏ္ဍာရေး အဖွဲ့အစည်းတွေမှာ ငွေဖြစ်လွယ်မှုအထောက်အကူပစ္စည်းတွေ တိုးတက်ကောင်းမွန် လာအောင် ရည်ရွယ်ပြီး နှစ်ဘက်အပြန်အလှန် လုပ်ငန်းဆောင်ရွက်မှုတွေ လွယ်ကူ ချောမွေ့အောင် ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

Monday, 6 Feb 2012

    လွန်ခဲ့တဲ့နှစ် (၂၀) အတွင်း ဗီယက်နမ်ငွေပေးချေမှု ကတ်ပြားလုပ်ငန်းက သိသိသာသာ တိုးပွားလာပေမဲ့ ကတ် ကိုင်ဆောင်သူအများစုက ကတ်ကို ငွေပေးချေရာမှာ အသုံး ပြုခြင်းထက် ငွေသားထုတ်ယူရာမှာအများဆုံး အသုံးပြုကြပါ တယ်။    ဟိုချီမင်းစီတီ၊ ဒေါင်နိုင်နဲ့ ဘင်ဒေါင်ပြည်နယ်တွေက စက်မှုဇုန်တွေနဲ့ ပို့ကုန်ပစ္စည်းထုတ်လုပ်ရေးဇုန်တွေက အလုပ် သမားအမြောက်အမြားက ATM ကတ်တွေနဲ့ လစာကို လက်ခံရရှိပါတယ်။ ဒါပေမဲ့ ဒီပလတ်စတစ် ကတ်ပြားတွေကို ငွေသားထုတ်ယူတာကအပတခြားကိစ္စတွေမှာ သုံးခဲပါတယ်။

Monday, 6 Feb 2012

    ကမ္ဘာ့စီးပွားရေးပြန်လည်နာလန် ထူနေပြီဆိုတဲ့ အကောင်းမြင်မှုကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက ဒေသ တွင်းသို့ ငွေများသွင်းယူလာကြသဖြင့် တရုတ်(တိုင်ပေ) က ဦးဆောင်ပြီး အာရှ ငွေကြေးတွေ ပဉ္စမမြောက်သီတင်းပတ် အဖြစ် မြင့်တက်ခဲ့ပါတယ်။ အာရှဒေ သတွင်းမှာ အရောင်းအဝယ်အများဆုံး ငွေကြေး ၁၀ ခုကိုမှတ်တမ်းတင်ထားတဲ့ Asia Dollar Index    က စင်ကာပူမှာ ဖေဖော်ဝါရီ ၂ ရက် ညနေ ၄ နာ ရီ ၂၉ မိနစ်က သုည ဒသမ ၂ ရာခိုင် နှုန်းကျဆင်းပြီး ၁၁၇ ဒသမ ၆၅ ထိ ရောက်ရှိခဲ့တယ်။

Saturday, 4 Feb 2012

                 အဖျက်စွမ်းအားများခဲ့သော ဆူနာမီကြောင့် ဖြစ်ပွားရတဲ့ စွမ်းအားပြတ်တောက်မှုကြောင့် တန်ဖိုးကြီး မားတဲ့ စွမ်းအင်ကို ပြည်ပမှတင်သွင်းရတဲ့အပြင် ယန်းငွေကြေးတန်ဖိုးမြင့်တက်မှု ကြောင့် ဖြစ်ပေါ်လာမဲ့ ထိခိုက်မှုကို ရှောင်ရှားနိုင်ဖို့အတွက် ထုတ်လုပ်ရေးလုပ်ငန်းတွေကို ပြည်ပ ရွှေ့ပြောင်း ဆောင် ရွက်တဲ့အတွက်ဂျပန်နိုင်ငံမှ ၁၉၈၀ ပြည့်နှစ် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နှစ်အလိုက် ကုန်သွယ်မှု လိုငွေပြခဲ့ပါတယ်။                  ၂၀၁၁ ခုနှစ်မှာ ကုန်သွယ်မှုလိုငွေ ယန်း ၂ ဒသမ ၄၉ ထရီလီယံ (ဒေါ်လာ ၃၂ ဘီလီယံ)ရှိခဲ့တဲ့အတွက် တန်ဖိုး အားဖြင့် ၂ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းပြီး ယန်း ၆၅ ဒသမ ၅၅ ထရီလီယံ(ဒေါ်လာ ၈၄၃ ဘီလီယံ)ထိ ရောက်ရှိ ခဲ့ပါတယ်။ဒီဇင်ဘာကုန်သွယ်မှုရှင်းတမ်းမှာ လိုငွေယန်း ၂၀၅ ဒသမ ၁ ဘီလီယံရှိခဲ့တယ်လို့ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ စာရင်း ဇယားများမှာ ပြထားတာကို ဇန်နဝါရီ ၂၅ ရက်ကတွေ့ခဲ့ရပါတယ်။                     ''ဒီအချက်က ဂျပန်နိုင်ငံရဲ့ စီးပွားရေး အထူးသဖြင့် ကုန်ထုတ်လုပ်သူများ အကြားမှာ အခြေခံကျတဲ့ ပြောင်းလဲမှု တွေ ဖြစ်ပေါ်နေတယ်ဆိုတာကို ထင်ဟပ်ပြသနေပါတယ်။ ဂျပန်နိုင်ငံရဲ့ ပြည်တွင်းမှာ ထုတ်လုပ်မယ် ဆိုရင် ယှဉ်ပြိုင်နိုင်မှု စွမ်းရည်ကျဆင်း နေပြီဖြစ်ပါတယ်လို့''ဂျပန်သုတေသနသိပ္ပံမှ အကြီးတန်းစီးပွားရေးပညာရှင် ဟိဒဲကိမာဆုမူရာကပြောပါတယ်။                           ကုန်ထုတ်လုပ်သူတွေမှာ ကုန်ပစ္စည်းတင်ပို့ဖို့ အခက်အခဲ တွေ့နေရတဲ့ အတွက်ပြည်ပမှာ ရောင်းချဖို့အတွက် ကုန်ပစ္စည်း တွေကိုပြည်ပမှာထုတ်လုပ်နိုင်ဖို့အတွက် ရွှေ့ပြောင်း ထုတ်လုပ် ခဲ့ရတယ်လို့ သူကပြောပါတယ်။ ဒေါ်လာနဲ့ဖလှယ်ရာမှာ ယန်းငွေတန်ဖိုး တစ်ဟုန်ထိုးမြင့် တက်နေတာက ဂျပန်ပို့ကုန်တွေရဲ့တန်ဖိုးကို မြင့်တက်စေတဲ့ အပြင် နိုင်ငံတွင်းကိုငွေပြန်ပို့တဲ့အခါ ဝင်ငွေရဲ့ တန်ဖိုးကို ကျဆင်းစေခဲ့ပါတယ်။ ငွေကြေး အခြေအနေတွေကြောင့် နီဆန်မော်တာကုမ္ပဏီနဲ့ ပင်နာဆိုးနစ် ကော်ပိုရေးရှင်းတို့က သူတို့ရဲ့ထုတ်လုပ်မှုအချို့ကို ပြည်ပမှာ ပြောင်းရွှေ့ထုတ်လုပ် ခဲ့ရပါတယ်။ တစ်ချိန်တည်းမှာ ဂျပန်နိုင်ငံက လုပ်အားခ ပိုမိုသက်သာတဲ့ တောင်ကိုရီးယား၊တရုတ်(တိုင်ပေ)နဲ့ စင်ကာပူ နိုင်ငံတွေရဲ့ ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုကို ရင်ဆိုင်ခဲ့ရပါတယ်။ အခြားအကြောင်းအချက်တစ်ခုက မတ်လသဘာ၀ ဘေးအန္တရာယ်ကြောင့် နျူကလီးယား အကျပ်အတည်း ဖြစ် ပေါ်ပြီး ဂျပန်နိုင်ငံက စွမ်းအင်ကိုပြည်ပက တန်ဖိုးကြီးကြီးနဲ့ တင်သွင်းရလို့ ဖြစ်ပေါ်တဲ့ဂယက်ပဲဖြစ်ပါတယ်လို့ ဖူဂျစ်ဆု သုတေသနသိပ္ပံမှ အကြီးတန်းစီးပွားရေးပညာရှင် မာတင်ရှုက ပြောပါတယ်။ Source: economictimes.indiatimes.com

Saturday, 4 Feb 2012

                  ကာလတိုအတိုးနှုန်းတွေကို အမေရိ ကန်ပြည်ထောင်စုမှာ ၂၀၁၄ ခုနှစ်ထိ သုညရာခိုင်နှုန်းနီးပါး ဆက်ထားမဲ့ အပြင် ဘွန်းစာချုပ်တွေကို ဝယ်ယူတာ ကတစ်ဆင့် လှည့်ပတ်ငွေကြေးတိုးပွား အောင် ထပ်မံဆောင်ရွက်ဖို့ စဉ်းစားနေ သေးတယ်လို့ အမေရိကန်ဗဟိုဘဏ် ဥက္ကဌအင်ဘာနန်ကီပြောကြားပြီးနောက် ပိုင်း အာရှဒေသတွင်းကို မတည်ငွေရင်း တွေ လှိမ့်ဝင်လာခဲ့ပါတယ်။ ဒါကြောင့် ပြည်ပကနေ ရန်ပုံငွေတွေ လှိုင်းလုံး သဖွယ်စီးဝင်လာတဲ့အတွက် အာရှငွေကြေးတွေရဲ့ တန်ဖိုးမြင့်တက်ခဲ့ပါတယ်။ အာရှဒေသမှ ရန်ပုံငွေတွေ စီးဝင်စီး ထွက်တဲ့ ပုံစံက မကြာသေးမီနှစ်များအတွင်းက မတည်မငြိမ်ကသောင်း ကနင်းဖြစ်ခဲ့ပါတယ်။ အိန္ဒိယ           ဂရိနိုင်ငံက သူ့ရဲ့ကြွေးမြီးတွေကို ပြန်လည်ပြင်ဆင်တွက်ချက်ဖို့ ကြိုးစားမှု က အောင်မြင်မှုရလိမ့်မယ်။ ဒီလိုရလာ ရင် စွန့်စားမှုပိုများတဲ့ အက်ဆက်တွေရဲ့ ဝယ်လိုအားကို မြှင့်တင်ပေးလိမ့်မယ်လို့ တွက်ဆကြတဲ့အတွက် ဇန်နဝါရီ ၂၇ ရက် မနက်စောစောပိုင်း ဈေးကွက်မှာ ရူပီးတန်ဖိုးခိုင်မာလာခဲ့ပါတယ်။ ဇန်နဝါရီ ၂၇ ရက် မနက် ၉ နာရီ ၂ မိနစ်က တစ်ဒေါ်လာကို ၄၉ ဒသမ ၇၂ ရူပီးနှုန်းရှိခဲ့တဲ့အတွက် ဇန်နဝါရီ ၂၅ ရက်က ရှိခဲ့တဲ့ ၅၀ ဒသမ ၀၉ ရူပီးနှုန်း ထက် ရူပီးနှုန်းပိုမိုခိုင်မာလာပါတယ်။ ငွေကြေးဈေးကွက်တွေက ဇန်နဝါရီ ၂၆ ရက်မှာ ဈေးပိတ်ရက်ဖြစ်ပါတယ်။ ဂျပန်ယန်း               အမေရိကန်ပြည်ထောင်စုမှာ အောက်တိုဘာ-ဒီဇင်ဘာ စုစုပေါင်း ပြည်တွင်းထုတ်ကုန်စာရင်းဇယားတွေ မထုတ်ပြန်မီမှာ ရောင်းရေးဝယ်တာ အတွက် ဆွဲဆောင်မှုနည်းနေတာ ကြောင့် အမေရိကန်ဒေါ်လာရဲ့ တန်ဖိုး ကလည်း တစ်ဒေါ်လာကို ၇၇ ယန်းခွဲ ဝန်းကျင်မှာ ရှိနေပါတယ်။ ယူရိုငွေကြေး ကလည်း တိုကျိုမှာ ယန်းနဲ့ဒေါ်လာတို့နဲ့ ဖလှယ်ရာမှာ ခပ်ပါးပါးသာ အတက်အကျရှိပါတယ်။ ဒေါ်လာယန်းဖလှယ် နှုန်းက ဇန်နဝါရီ ၂၆ ရက် ညနေ ၁ နာရီက နယူးယောက်မှာ ၇၇ ဒသမ၄၁ ယန်းနဲ့ တိုကျိုမှာ ၇၇ ဒသမ ၆၃ ယန်းရှိခဲ့ရာမှ ယနေ့ (ဇန်နဝါရီ ၂၇ ရက်) နေ့လည်မှာ တစ်ဒေါ်လာကို ၇၇ ဒသမ ၃၉ ယန်းနှုန်းရှိခဲ့ပါတယ်။ ယူရိုငွေကြေးတန်ဖိုးက ဇန်နဝါရီ ၂၆ ရက်နေ့လည်က နယူးယောက်မှာ တစ်ဒေါ်လာကို ၁၀၁ ဒသမ ၄၁ ယန်းနဲ့ တိုကျိုမှာ ၁၀၁ ဒသမ ၅၉ ယန်းရှိခဲ့ရာ မှ ၁၀၁ ဒသမ ၄၃ ယန်းကို ပြောင်းလဲ သွားခဲ့ပါတယ်။ မလေးရှားရင်းဂစ်                      အမေရိကန်ဗဟိုဘဏ်မှ ဝေဖန် ပြောကြားချက်ကြောင့် ပင်လယ်ရပ်ခြား မှာ ငွေကြေးများ မလေးရှားနိုင်ငံ အတွင်းသို့ လှိမ့်ဝင်လာခဲ့တဲ့အတွက် ရင်းဂစ်တန်ဖိုးက ၁ ဒသမ ၂ ရာခိုင်နှုန်း အထိ ပြန်တက်ခဲ့ပါတယ်။ တစ် ဒေါ်လာကို ၃ ဒသမ ၀၄၅ ရင်းဂစ်နှုန်း နဲ့ ရင်းဂစ်တန်ဖိုးက ၂၀၁၁ ခုနှစ် စက်တင်ဘာလလယ်က အဆင့်ကိုပြန် လည်ရောက်ရှိခဲ့ပါတယ်။ ရင်းဂစ်တန်ဖိုး က ဒီဇင်ဘာအတွင်းက ၄ ရာခိုင်နှုန်း ထိ မြင့်တက်ခဲ့ပါတယ်။                     ၂၆ ရက်နေ့က ရင်းဂစ်တန်ဖိုးတက် ခဲ့တာဟာ တခြားသောကိစ္စတွေထက် ဘာနန်ကီရဲ့ ဝေဖန်ချက်ကြောင့် ပိုဖြစ် နိုင်တယ်လို့MIDFသုတေသနအဖွဲ့မှ စီးပွားရေးပညာရှင် အန်ထိုနီဒပ်ကပြော ပါတယ်။ လွန်ခဲ့တဲ့ညက ဘာနန်ကီပြော ခဲ့တဲ့စကားက အချိန်တိုရင်းနှီးမြှုပ်နှံသူ တွေက ဒေါ်လာကို စွန့်လွှတ်ပြီး အမြတ်များတဲ့ အာရှငွေကြေးတွေ ပြောင်းကိုင်လာစေခဲ့ပါတယ်။  တောင်ကိုရီးယားဝမ်                  တောင်ကိုရီးယားဝမ်ရဲ့တန်ဖိုးက ခြောက်ရက်ကြာဆက်တိုက်မြင့်တက် နေရာမှ ဇန်နဝါရီလ ၂၇ ရက်ညနေပိုင်း က ပြန်လည်ကျဆင်းခဲ့ပါတယ်။ ဂရိ ကြွေးမြီးဆွေးနွေးမှုနဲ့ပတ်သက်တဲ့ မရေ ရာမသေချာမှုတွေက စွန့်စားမှုကိုကြိုက် နှစ်သက်သူတွေကို အထိနာစေခဲ့ပါတယ်။ ဒါကြောင့် အာရှကုန်သွယ်မှုမှာ ဒေါ်လာကို ပိုမိုမြင့်တက်စေခဲ့ပါတယ်။ ဝမ်တန်ဖိုးက ယနေ့ကျဆင်းပေမဲ့ ယခုသီတင်းပတ်အတွင်းမှာ ၁ ရာခိုင် နှုန်းမြင့်တက်ခဲ့ပါတယ်။ လာမဲ့သီတင်း ပတ်မှာ တစ်ဒေါ်လာကို ၁၁၁၅ ဝမ်နဲ့ လာမဲ့သီတင်းပတ်မှာ ၁၁၄၀ ဝမ်နှုန်းထိ မြင့်တက်ခဲ့ပါတယ်။ ထိုင်းဘတ်                     အမေရိကန်ဗဟိုဘဏ်က ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းလောက်ထိ အတိုးနှုန်း ကို နှိမ့်ချပေးမယ်ဆိုတဲ့ ကြေညာချက် ထွက်ပေါ်ပြီး ဒီကြေညာချက်ကြောင့် အမြတ်များများရတဲ့ အက်ဆက်တွေ ဘက်ကို ရင်းနှီးမြှုပ်နှံသူတွေကို ဦးတည် သွားစေပါတယ်။ ဒါကြောင့် ထိုင်းဘတ် ငွေတန်ဖိုးက သီတင်းပတ်ရှစ်ပတ် အတွင်း အမြင့်ဆုံးနှုန်းကို ရောက်ခဲ့ပါ တယ်။                             ဘတ်ငွေတန်ဖိုးက ဗန်ကောက်မြို့ မှာ ဇန်နဝါရီ ၂၅ ရက်မနက် ၃ နာရီ ၈ မိနစ်က တစ်ဒေါ်လာကို ၃၁ ဒသမ ၃၆ ဘတ်နှုန်းရှိခဲ့တဲ့အတွက် နေ့အလိုက် တိုးတက်နှုန်း သုည ဒသမ ၈ ရာခိုင် နှုန်းမြင့်တက်ပြီး ဒီဇင်ဘာ ၁ ရက် နောက်ပိုင်းအများဆုံးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဇန်နဝါရီ ၂၇ ရက်မှာ ဒေါ်လာငွေကြေးရဲ့တန်ဖိုး တခြားအာရှ ငွေကြေးတွေနဲ့ ဖလှယ်ရာမှာ ပြန်ခိုင်မာ လာပါတယ်။                     ဒေါ်လာဘတ်ဖလှယ်နှုန်းက ဇန်နဝါရီ ၂၆ ရက်က တစ်ဒေါ်လာကို ၃၁ ဒသမ ၂၃ ဘတ်နှုန်းရှိခဲ့ရာမှ ၂၇ ရက်မှာ တစ်ဒေါ်လာကို ၃၁ ဒသမ ၂၉ ဘတ်ထိ ရောက်ရှိခဲ့ပါတယ်။ Source:Mainichi Japan, rttnews. com, the sundaily.my,bloomberg, dowjones.,

Monday, 16 Jan 2012

    ယန်းငွေတန်ဖိုးက တစ်ဒေါ်လာကို ၇၅ ယန်း မှ ၈၀ ယန်းကြား အတက် အကျ ရှိနေတဲ့အတွက် အလူမီနီယံ  သန့်စင်ရေးလုပ်ငန်း နီဟွန်ရှင်ကန်း ကုမ္ပဏီတို့လို ကုမ္ပဏီအများအပြားက ထုတ်လုပ်ရေးလုပ်ငန်းအချို့ကို ပြည်ပ သို့ ရွှေ့ရုံမှအပ ဘာမျှမတတ်နိုင်အောင် ဖြစ်ခဲ့ရပါတယ်။    နီဟွန်ရှင်ကန်းက အဓိကထုတ်လုပ်သောပစ္စည်းများမှ မိတ္တူကူးစက်များ အတွက် ဒရမ်များဖြစ်ပြီး ကုမ္ပဏီက ပင်လယ်ရပ်ခြားတွင် ဖွင့်လှစ်မည့် ပထမဆုံးစက်ရုံကို ထိုင်းနိုင်ငံ အယုဒ္ဓပြည်နယ်မှာ ယခုနွေဦးမှာဖွင့်လှစ်မှာ ဖြစ်ပါတယ်။

Monday, 16 Jan 2012

    တရုတ်နိုင်ငံရဲ့   ကုန်သွယ်ရေး ပိုငွေပြမှု  ကျဆင်း လာပါက ယွမ်ငွေတန်ဖိုးမြင့်တက်မှုကို တစ်နှစ် သို့မဟုတ် နှစ်နှစ် ထိန်းသိမ်းသွားနိုင်လိမ့်မယ်လို့ တရုတ်စီးပွားရေးပညာ ရှင်တစ်ဦးက ဇန်နဝါရီ ၈ ရက်က ပြောကြားပါတယ်။    ကုန်သွယ်ရေး ပိုငွေပြမှုက တရုတ်နိုင်ငံဂျီဒီပီရဲ့ ၂ ရာခိုင် နှုန်းလောက်သာ ရှိတယ်ဆိုရင် ယွမ်ငွေတန်ဖိုးကို ချထား တယ်လို့ပြောနိုင်ဖို့ ခဲယဉ်းလိမ့်မယ်လို့ ပေကျင်းတက္ကသိုလ် စီးပွားရေး သုတေသနဌာနမှ စီးပွားရေးပါမောက္ခ ဟွမ်ယီပင်း က ပြောပါတယ်။

Monday, 16 Jan 2012

    ပြည်ပမှ ငွေကြေး စီးဝင်မှုတွေ ကြောင့်တရုတ် (တိုင်ပေ) ဒေါ်လာနဲ့ အိန္ဒိယရူပီးငွေကြေးတွေက ဇန်နဝါရီ ၁၂ ရက်ကပြန်လည်ဦးမော့လာပါ တယ်။ ဒါပေမဲ့ ယူရိုဇုန်ကြွေးမြီကိုငွေ ကြေးထောက်ပံ့ရေး ပြဿနာတွေနဲ့ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးနှုန်းနှေးကွေးနေ တတ်တာတွေကြောင့် ထွန်းသစ်စအာရှ ငွေကြေးတွေက အားနည်းနေဆဲဖြစ်ပါ တယ်။

Pages