Main menu

Background

Sunday, 24 Jun 2012

    ကလေးတွေကိုဦးတည်ပြီး ကြော် ငြာပေးနေတဲ့ တီဗွီ၊ ရေဒီယိုနဲ့ အွန်လိုင်း အစီအစဉ်တွေမှာ အာဟာရမဲ့ကလေး သရေစာ (Junk-food)  ကြော်ငြာတွေ ကိုပိတ်ပင်တော့မှာဖြစ်ကြောင်း၊ ဒီလို ပိတ်ပင်တာမှာ ပထမဆုံးကုမ္ပဏီကြီးဖြစ် ကြောင်း အမေရိကန်မီဒီယာ နဲ့ ဖျော်ဖြေ ရေးကုမ္ပဏီကြီး ဝေါ့ဒစ္စနေကုမ္ပဏီက ဇွန် ၅ ရက်ကကြေညာပါတယ်။ ကလေး တွေအဝလွန်တာ နဲ့ပတ်သက်ပြီး ဖျော် ဖြေရေးကဏ္ဍရဲ့ အခန်းကဏ္ဍအပေါ် စိုး ရိမ်မှုကိုထိန်းချုပ်မဲ့ ကြိုးပမ်းချက်တစ်ရပ် အဖြစ် ဒစ္စနေက အာဟာရဆိုင်ရာ စံနှုန်း တွေကို တိတိပပသတ်မှတ်ခဲ့ပါတယ်။ သွားရေစာတွေထဲမှာ ပါဝင်ရမဲ့ ကယ် လိုရီနဲ့ အဆီဓာတ်ကန့်သတ်ချက်နဲ့ သ ကြားပါဝင်မှုတွေကို ကန့်သတ်ထားပါ တယ်။

Sunday, 24 Jun 2012

ကုလသမဂ္ဂ    ဆက်လက် ဖြစ်ပွားနေသော ယူရို အကျပ်အတည်းက ကမ္ဘာ့ စီးပွားရေးကို အကြီးအကျယ် ခြိမ်း ခြောက်နေဆဲ ဖြစ်ကြောင်း ကုလ သမဂ္ဂ စီးပွားရေးနှင့် လူမှု ရေးရာ ဌာန (UNDESA)  က ထုတ်ပြန်တဲ့ ကမ္ဘာ့စီးပွားရေး အခြေအနေနဲ့ အ လားအလာများ (WEPS) ၏ နှစ် လည် အစီရင်ခံစာမှာ ဖော်ပြထားပါ တယ်။ အစီရင်ခံစာအရ ဖွံ့ဖြိုးပြီး နိုင်ငံများတွင် ဖွံ့ဖြိုးနိုင်ငံ အချို့တွင် တိုးတက်မှုများ ရှိနေသော်လည်း အထူးသဖြင့် ဥရောပ တွင်စိန်ခေါ်မှု များနှင့် ရင်ဆိုင်နေရကြောင်း ကုလ သမဂ္ဂ ပြည်သူ့ပြန်ကြားရေးဌာနမှ ကိုယ်စားလှယ် နယူတန်ကန်ဟီမာ က ပြောပါတယ်။ Source:xinhua

Sunday, 24 Jun 2012

    သူမရဲ့ ဓာတ်ပုံကို ညစ်ညမ်း ဝက်ဘ်ဆိုက်တစ်ခုမှာ တင်ထားကြောင်း သူငယ်ချင်းတစ်ယောက်က ပြောပြ သောအခါ အိမ်ထောင်သည်တစ်ဦး ဖြစ်သူ ဂျူလီရာဟင် တစ်ယောက် အထိတ်တလန့် ဖြစ်ခဲ့ရပါတယ်။ လွန် ခဲ့တဲ့ သုံးနှစ် သူမရဲ့ ဖေ့စ်ဘုတ်အကောင့် မှာ တင်ထားတဲ့ ဘီကီနီဝတ်စုံနဲ့ သူမရဲ့ ဓာတ်ပုံကို ခွင့်ပြုချက်မရှိဘဲ အသုံးပြု တာ ယခုတစ်ချိန်သာ မဟုတ်ပါ။

Sunday, 24 Jun 2012

           အာဆီယံ-အီဂျစ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအသင်း (ASEAN-Egypt Business Association-AEBA) ကို ၂၀၁၂ ခုနှစ် မတ် ၂၁ ရက်က အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ တည်ထောင်ဖွင့်လှစ်ခဲ့ပါတယ်။ ၎င်းအသင်းကို အာဆီယံနိုင်ငံများရှိ စီးပွားရေးလုပ်ငန်းရှင်များနဲ့ အီဂျစ်စီးပွားရေးလုပ်ငန်းရှင်များအကြား ကောင်းမွန်ခိုင်မာတဲ့ စီးပွားရေးအဆက်အသွယ်များ တည်ထောင်နိုင်စေရေးအတွက်ရည်ရွယ်ပြီး အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ အာဆီယံနိုင်ငံများမှ သံအမတ်ကြီးတွေရဲ့ ဦးဆောင်ဦးရွက်ပြုမှုနဲ့ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။

Thursday, 7 Jun 2012

    အနာဂတ်ကုန်စည် ကြိုပွိုင့်ပဋိဉာဉ် စာချုပ်တွေ ချုပ် ဆိုရာမှာ အတွေ့အကြုံမရှိမှုနဲ့ ကမ္ဘာ့ဈေးကွက်အတွင်း ကော်ဖီ ရောင်းချရာမှာ ကုန်သွယ်ရေး လုပ်ဆောင်မှု  (transactions )  တွေပြုလုပ်ရာမှာ အတွေ့အကြုံနည်း မှုတို့ကြောင့် ဗီယက်နမ်ကော်ဖီတင်သွင်းသူတွေ အဓိကဆုံး ရှုံးမှု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

Thursday, 7 Jun 2012

     ကမ္ဘာတစ်လွှား ကော်ဖီယဉ်ကျေးမှု ပြန့်ပွားလာတာနဲ့အမျှ ကမ္ဘာ့ကော်ဖီ သောက်သုံးမှုပမာဏက နှစ်စဉ်မြင့်မားလျက်ရှိတယ် လို့ နိုင်ငံတကာကော်ဖီအသင်း (International Coffee Organization-ICO)  က ပြောကြားခဲ့တယ်။ ၂၀၁၁ အတွင်း ကမ္ဘာ့ကော်ဖီသောက်သုံးမှုက ၁ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ခဲ့ဖွယ်ရှိပြီး ၆၀ ကီလိုရှိ အိတ်ပေါင်း ၁၃၇ ဒသမ ၉ သန်း သုံးစွဲခဲ့ဖွယ် ရှိကြောင်း၊  ၂၀၁၀ ခုနှစ်အတွင်း အိတ်ပေါင်း ၁၃၅ ဒသမ ၆ သန်းသုံးစွဲခဲ့ကြောင်း ICO   က ထုတ် ပြန်ခဲ့တယ်။ အဓိကမှာ ကော်ဖီတင်ပို့ တဲ့နိုင်ငံတွေနဲ့ စီးပွားရေးထွန်းသစ်စနိုင်ငံတွေ မှာ ကော်ဖီသုံးစွဲမှုမြင့်မားလာခြင်းကြောင့် ကမ္ဘာ့ကော်ဖီဝယ်လို အား နှစ်စဉ်တိုး တက်လာခြင်း ဖြစ်တယ်။

Thursday, 7 Jun 2012

ဘရပ်ဆဲလ်    ယူရိုဇုန်နယ်မြေမှာ ဘဏ်အပ် ငွေတွေကိုပူးတွဲအာမခံထားဖို့ဥရောပ ဗဟိုဘဏ်က မေ ၃၁ ရက်က ဖိအား ပေး တိုက်တွန်းခဲ့ပါတယ်။ ဥရောပ အုပ်စုရဲ့ ကြွေးမြီ အကျပ်အတည်းက ရင်းနှီးမြှုပ်နှံသူတွေ ရှောင်ရှားသွား စေနိုင်တဲ့အတွက် ဘဏ်လုပ်ငန်း လည်ပတ် နိုင်အောင် လက်နက် ကိရိယာသစ် လိုတယ်လို့ ပြောပါ တယ်။ အကျပ်အတည်း တိုက်ဖျက် ရေးယန္တရားနဲ့ တင်းကျပ်တဲ့ ဘဏ္ဍာ ရေးစည်းမျဉ်းတွေမရှိရင်ယူရိုငွေကြေး က ပြိုကွဲသွားနိုင်တယ်လို့ ဥရောပ ကော်မရှင်ကလည်း သတိပေး ထား ပါတယ်။           Source:reuters

Monday, 4 Jun 2012

         ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှုနဲ့ ဖွံ့ဖြိုးမှုဘဏ် (BIDV)မှ မြန်မာနိုင်ငံမှာ အဓိကပရောဂျက်တစ်ခု အကောင်အထည်ဖော်ဖို့ စီစဉ်နေတယ်လို့ ယင်းဘဏ်ဥက္ကဋ္ဌ Nguyen  Bac  Ha မှ မေ ၂၈ ရက်တွင် ဟနွိုင်းကိုရောက်ရှိနေတဲ့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေကို လက်ခံတွေ့ဆုံ စဉ်မှာပြောကြားခဲ့ကြောင်း သိရပါတယ်။

Wednesday, 30 May 2012

       ယခုနှစ် ပထမ ၃ လပတ်မှာ ငွေလုံး ငွေရင်းနည်းပါးခြင်းနဲ့ ပို့ကုန်ကျ ဆင်းခြင်းကြောင့် ပင်လယ်စာတင်ပု့ိသူ အရေအတွက် ကျဆင်းသွားကြောင်း ဗီယက်နမ် ပင်လယ်စာထုတ်လုပ်တင်ပို့ သူများအသင်း (VASEP) က ပြော ကြားလိုက်ပါတယ်။ ပထမ သုံးလပတ် မှာ ငွေလုံးငွေရင်းမရှိခြင်း၊ ထုတ်လုပ်မှု စရိတ်မြင့်မားခြင်း၊ အုပ်ချုပ်ရေးပိုင်းဆိုင် ရာ လုပ်ထုံးလုပ်နည်းများနဲ့ မူဝါဒများ ရှုပ်ထွေးခြင်းကြောင့် ပင်လယ်စာတင်ပို့ တဲ့လုပ်ငန်း ၃၀ ရာခိုင်နှုန်းခန့် ခေတ္တ ပိတ်သိမ်းထားကြောင်း VASEP က ပြောကြားခဲ့ပါတယ်။

Wednesday, 30 May 2012

       သီရိလင်္ကာနိုင်ငံမှ လက်ဖက်ခြောက်တင်ပို့သူတွေက တရုတ်၊ အိန္ဒိယနဲ့ ကင်ညာတို့မှ အရည်အသွေးမြင့် လက်ဖက်ခြောက်ကိုတင်သွင်း ကာ ၎င်းလက်ဖက်ခြောက်တွေကိုရောစပ်ပြီး လက်ဖက်ခြောက်မျိုးစုံ ပြုလုပ်နိုင်ရေးလုပ်ငန်းကို တိုးချဲ့နိုင်ရေးအတွက် လက်ဖက်ခြောက်တင် သွင်း မှုအပေါ်မှာ လွတ်လပ်ခွင့်ပြုဖို့ တောင်းဆိုလိုက်ကြောင်း အစိုးရပြောရေး ဆိုခွင့်ရှိသူက ပြောကြားလိုက်တယ်။

Pages