Main menu

Background

Wednesday, 30 May 2012

         ထိုင်းနိုင်ငံမှ မာမားအသင့်စားခေါက်ဆွဲ (Mama Instant noodles)ထုတ်လုပ်တဲ့ Tai Preshdent Foods Plc(TF)  အနောက်အာဖရိကဈေးကွက်ကို ထိုးဖောက်နိုင်ရေးအတွက် ဂါနာနိုင်ငံမှာ ဖက်စပ်စက်ရုံတစ်ခု ထူထောင်ကာ မာမား အသင့်စားခေါက်ဆွဲ များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသွားမယ်လိ့ုသိရတယ်။ ဒါကြောင့်  TF ကုမ္ပဏီက ဂါနာနိုင်ငံမှ စပါဂက်တီ ခေါက်ဆွဲတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတစ်ခုနဲ့ စေ့စပ်ညှိနှိုင်းလျက်ရှိတယ်။ အဆင်ပြေမယ်ဆိုပါက လာမယ့်နှစ်မှ အစပြုပြီး အသင့်စားခေါက်ဆွဲထုတ်လုပ်ဖို့ ထိုင်းဘတ်ငွေ သန်း ၃၀၀ ရင်းနှီးမြှုပ်နှံသွားမယ်လိ့ု သိရတယ်။

Wednesday, 30 May 2012

    ဗီယက်နမ်နိုင်ငံရဲ့ဗိုင်းရပ်စ်တိုက်ဖျက်ရေးဆော့ဖ်ဝဲကုမ္ပဏီတစ်ခုဖြစ်တဲ့  Bach Khoa Antivirus (BKAV)က အခမဲ့အွန်လိုင်းစစ်ဆေးရေးဝန်ဆောင် မှု ကို စတင်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ဒီဝန်ဆောင်မှုအရ ပုဂ္ဂလိက သုံးစွဲသူတွေနဲ့ ကုမ္ပဏီတွေက သူတို့ရဲ့ဝက်ဘ်ဆိုက်တွေကို လုံခြုံရေးအန္တရာယ် ကင်းအောင် ဆောင်ရွက်ဖို့ အထောက်အကူဖြစ်စေပါတယ်။ အွန်လိုင်း အချက် အလက်စုဆောင်းရေး နည်းပညာဖြစ်တဲ့ မိုးတိမ်ကွန်ပျူတာစနစ် (Cloud Computing System)ကိုအသုံးပြုပြီး အွန်လိုင်းအသုံးပြုသူတွေက ဆော့ဖ်ဝဲ ကို အသုံးပြုစရာမလိုဘဲ ဟက်ကာထောင်ပေါင်းများစွာ ထောက်လှမ်း စစ်ဆေးနိုင်အောင် အထောက်အကူဖြစ်စေပါတယ်။

Wednesday, 30 May 2012

    မြန်မာနိုင်ငံသို့ခရီးသည်တင်ဘတ်စကားပြေးဆွဲရေး စတင် ဖို့နဲ့ လေကြောင်းခရီးစဉ်တွေတိုးချဲ့ဖို့အတွက် အစိုးရခွင့်ပြုတော့ မှာ ဖြစ်ကြောင်း Press Trust of India   သတင်းဌာနရဲ့ သတင်း တွေမှာ ဖော်ပြထားပါတယ်။ အိန္ဒိယနိုင်ငံ မဏိပူရရှိ အင်ဖာ နဲ့ မြန်မာနိုင်ငံမန္တလေးကိုဆက်သွယ်ဖို့ဘတ်စကားလမ်း ဆက်သွယ် ရေးအတွက် ကုန်းလမ်းပို့ဆောင်ရေးနဲ့သယ်ယူ ပို့ဆောင်ရေး ဝန်ကြီးဌာနရဲ့ အဆိုပြုချက်ကို မေ ၂၄ ရက်မှာ ဝန်ကြီးအဖွဲ့ အတွင်း ဆွေးနွေးမယ်လို့ သတင်းရပ်ကွက်တစ်ခု က ပြောပါ တယ်။

Wednesday, 30 May 2012

ဆိုးလ်    တောင်ကိုရီးယားနိုင်ငံ အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ၂၀၁၁ခုနှစ်အတွက်ကမ္ဘာ့အကောင်း ဆုံးလေဆိပ် "Best Airport World wide ''ဆုကို အပြည်ပြည်ဆိုင်ရာ လေဆိပ် ကောင်စီက ပေးအပ် ခဲ့ ကြောင်း မေ ၂၄ ရက်က စင်ကာပူ မှာ ကျင်းပတဲ့ အခမ်းအနားမှာ ကြေ ညာခဲ့ပါတယ်။ယခုကဲ့သို့ရရှိခဲ့ခြင်းမှာ သတ္တမမြောက်အဖြစ် ဆက်တိုက် ရခဲ့တာ ဖြစ်ကြောင်း လေဆိပ်ကိုတာ ဝန်ယူ ဆောင်ရွက်သူတွေ ကမေ ၂၅ ရက်က ပြောပါတယ်။ှSource.Xinhua

Thursday, 24 May 2012

ဝါရှင်တန်    ဂျီ-၈ ထိပ်သီး  ဆွေးနွေးပွဲကို တက်ရောက်လာကြတဲ့ နိုင်ငံ့ခေါင်း ဆောင်တွေက ကမ္ဘာ့ရေနံဈေးကွက် ကို ဖိစီးလျက်ရှိနေတဲ့ အကြောင်း တရားတွေနဲ့  တုံ့ပြန်ရမဲ့  အချက် တွေကို   ဆွေးနွေးကြမှာဖြစ်ကြောင်း အမေရိကန်သမ္မတ    ဘားရက် အိုဘားမားရဲ့ လုံခြုံရေး အကြံပေး တွမ်ဒိုနီလန်က ပြောပါတယ်။ ဒါပေ မဲ့ မဟာဗျူဟာအရန်ရေနံကိုထုတ်မ ရောင်းခြင်းကိုမူ ပြောကြားခြင်းမရှိပါ။Sources.reuters.com

Thursday, 24 May 2012

    ကမ္ဘောဒီးယားနဲ့ တောင်ကိုရီးယားကြား ကုန်သွယ်ရေးက ၂၀၁၂ ခုနှစ် ပထမ သုံးလပတ် မှာ ၃၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဖနွမ်းပင်ရှိ ကိုရီးယားကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအေဂျင်စီရဲ့စာရင်းများအရ သိရပါတယ်။ ဇန်နဝါရီကနေ မတ်လထိကာလအတွင်းမှာ နှစ်နိုင်ငံကုန်သွယ်မှုဒေါ်လာ သန်း ၁၆၀ ရှိပြီး ယခင်နှစ်ကာလတူထက် ၃၅ ရာခိုင်နှုန်းမြင့်တက် ခဲ့ ကြောင်း သိရပါတယ်။

Thursday, 24 May 2012

           FTA ကာလအတွင်း ဗီယက်နမ်၊ အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း များဆွေးနွေးပွဲကို ကာရာလာဒေသ မှာ မေလ ဆန်းက အိန္ဒိယမှာရှိတဲ့ ဗီယက်နမ်ကုန်သွယ်ရေးရုံး နဲ့ ကိုချင်ကုန်သည်များ စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းတို့ ပူးပေါင်းကျင်းပကြကြောင်း သိရ ပါတယ်။

Thursday, 24 May 2012

    ဗီယက်နမ်ရဲ့ ယခုနှစ် ဧပြီလကုန် အထိလက်ကိုင်ဖုန်းနဲ့ဆက်စပ်အပိုပစ္စည်း တင်ပို့မှုမှ ကန်ဒေါ်လာ ၃ ဘီယီယံ ရရှိ ခဲ့ကြောင်းနဲ့ နှစ်စဉ်တိုးတက်နှုန်းက ၁၆၁ ဒသမ ၅ ရာခိုင်နှုန်းနဲ့  တန်ဖိုးအနေနဲ့ ဗီယက်နမ် ထိပ်ဆုံးပို့ကုန် ၁၀ မျိုးမှာ အထည်ချုပ်ပြီးရင်  ဒုတိယတင်ပို့မှု တန်ဖိုးအများဆုံး ထုတ်ကုန်ဖြစ်ကြောင်း သတင်းရရှိပါတယ်။

Thursday, 17 May 2012

      ကမ္ဘာအနှံ့ စတော့ရှယ်ယာတန်ဖိုး တွေ ကျဆင်းခြင်းနဲ့ ဂရိနိုင်ငံကို ကြွေးမြီ အကျပ်အတည်းမှ  ကယ်ဆယ်မယ့် အစီအစဉ်ကို   ရုပ်သိမ်းလိုက်ခြင်းက ကမ္ဘာ့စီးပွားရေး  နှေးကွေးနေမှုကို ပိုမိုဆိုးဝါးစေကာ ကုန်ကြမ်းပစ္စည်းတွေ ဝယ်လိုအားလျော့နည်းသွားလိမ့်မယ်လို့ ခန့်မှန်းကြတယ်။

Thursday, 17 May 2012

    အရှေ့တောင်အာရှမှာ အစားအစာကုန်သွယ်မှုပုံစံများကို လုပ်ပိုင်ခွင့်ခွဲဝေပေးနိုင်မဲ့ အလားအလာများနဲ့ ပတ်သက်တဲ့လေ့လာ ဆန်းစစ်ချက်ကို ၂၀၁၂ ခုနှစ် မေ ၂ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

Pages