Main menu

Background

Monday, 23 Oct 2023

စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ် သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦးခရိုင်များ အနေဖြင့် ကသာခရိုင်တွင် ဈေးအနည်းငယ် တက်နေပြီး ကျန်ခရိုင်များတွင် ဈေးအနည်းငယ် ကျဆင်းနေကြောင်း သိရှိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အောက်တိုဘာ လ(တတိယ)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန် ဈေးနှုန်း များမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း(စပါး)  တင်း ၁၀ဝ လျှင် ကျပ် ၃၇၀ဝ၀ဝ၀၊ ပေါ်ဆန်း(ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၅၀ဝ၀၊ ဧရာမင်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၃၀ဝ၀ဝ၊ နွေစပါး(ရွှေဝါထွန်း) စပါး တင်း ၁၀ဝ  လျှင် ကျပ် ၁၈၀ဝ၀ဝ၀၊  နွေစပါး(ရွှေဝါထွန်း) (ဆန်) ၂၄ ပြည်ပါ တစ်အိ

Tuesday, 10 Oct 2023

မကွေးတိုင်းဒေသကြီးသည်  စက်တင်ဘာ ၂၈ ရက်မှ အောက် တိုဘာ ၄ ရက်အတွင်း သရက်ခရိုင်တွင် ဆန် (ဧရာပဒေသာနှင့်မနော သုခ) မှာ  ဈေးအနည်းငယ်တက်နေပြီး   ကျန်ခရိုင်များဖြစ်သော အောင်လံခရိုင်တွင်(ပေါ်ဆန်းမွှေး၊ ဧရာပဒေသာနှင့် မနောသုခ)၊ ချောက်ခရိုင်တွင်(ဧရာပဒေသာ)၊ ပခုက္ကူခရိုင်တွင် (ဧရာပဒေသာ)ဈေးနှုန်းများမှာ ကျဆင်းနေကြောင်းသိရသည်။

Tuesday, 26 Sep 2023

ကမ္ဘာပေါ်တွင် စားသုံးရန် ဆီထုတ်လုပ်သော ဆီထွက် သီးနှံ အမျိုးမျိုးရှိသော်လည်း အဓိကစားသုံးဆီမှာ လေးမျိုးရှိ သည်။ အဆိုပါ ဆီထွက်သီးနှံလေးမျိုးမှာ ပဲပုပ်ဆီ၊ နေကြာဆီ၊ မုန်ညင်းဆီနှင့် စားအုန်းဆီတို့ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီနှင့် နိုင်ငံခြားက မှာယူတင်သွင်း သော စားအုန်းဆီများကို အဓိကထား၍ စားသုံးကြသည်။ 
ပဲပုပ်ဆီ

Tuesday, 26 Sep 2023

မကွေးတိုင်းဒေသကြီးသည်  မြန်မာနိုင်ငံ၏ ဆီအိုးကြီးဟု တင်စားရလောက်အောင် ဆီထွက်သီးနှံ နှမ်း၊ မြေပဲတို့အား အဓိက စိုက်ပျိုးကြသော်လည်း  စပါးကို ဆည်ရေရရှိသည့် တောင်တွင်း၊ မြို့သစ်နှင့်  မြစ်နောက်ဘက်ရှိ   ပွင့်ဖြူနှင့်  စလင်းမြို့များတွင်သာ အများအပြားစိုက်ပျိုးကြသဖြင့် ဆန်လိုတိုင်းဒေသကြီးဖြစ်၍ စပါး အဓိက စိုက်ပျိုးထွက်ရှိရာ အခြားတိုင်း/ပြည်နယ်များမှ တင်သွင်းရ သည်။

Monday, 25 Sep 2023

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်တွင် စားဖိုဆောင်သီးနှံမျိုးစုံ စိုက်ပျိုးသည့်အပြင် ပြောင်းအမျိုးမျိုးကိုလည်း စိုက်ပျိုးလျက်ရှိရာ နှံစားပြောင်း သီးနှံများကိုလည်း စိုက်ပျိုးလျက်ရှိသည်။  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် နှံစား ပြောင်းစိုက်ဧက ၃၁၇၇ ဧကကို  အောင်မြင်စွာ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရသည်။ 

Monday, 11 Sep 2023

ပြည်ပဲဈေးကွက်အတွင်း ယခုနှစ်တွင် ပဲဈေးများ ဈေးမြင့်တက်လာခဲ့ခြင်းကြောင့် ပြည်ပဝယ်လိုအား များသော ပဲများနှင့် ပြည်တွင်းအဓိက အဝယ်ရှိသော ပဲများပါ ဈေးကောင်းရလျက်ရှိနေသည်။ လက်လီပဲဈေးကွက်၌လည်း နေ့စဉ် လက်လီရောင်းဝယ်မှု အိတ် ၂၀၊ ၃၀ ခန့်ဖြစ်လျက်ရှိသော စားတော်ပဲသီးနှံဈေးသည် တစ်တင်း (ပိဿာ ၂၀) ကို ကျပ် ၁၃၅၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ 

Monday, 11 Sep 2023

ပြည်ခရိုင်ရှိ နွေစပါးများမှာ ယခုစက်တင်ဘာလဆန်းတွင် ၁၅၁၀ဝ၀ဝကျပ်ဖြင့် ဈေးငြိမ်နေပြီး ဆန်ဈေးများမှာ ကျပ် ၆၃၀ဝ၀ ဖြင့် အရောင်းအဝယ်ရှိသည်။  နွေစပါးဈေးများမှာ   ယခင်နှစ်ဖြစ်သော  ၂၀၂၂ ခုနှစ်  စက်တင်ဘာလတွင် ကျပ် ၁၁၀ဝ၀ဝ၀၊ ဆန်တစ်အိတ်လျှင် ကျပ် ၄၈၀ဝ၀ ဖြင့် အရောင်းအဝယ်ရှိခဲ့သည်။ 

Monday, 31 Jul 2023

စပျစ်သီးသည် ချိုချဉ်အရသာဖြင့် လူကြိုက် များသောအသီးဖြစ်သည်။ စပျစ်သီးကိုဖျော်ရည် အဖြစ်လည်းသောက်သုံးကြသည်။ များသောအား ဖြင့်တော့   အသီးအတိုင်း    စားလေ့ရှိကြသည်။  ထို့ပြင်   စပျစ်သီးကို ဝိုင်အဖြစ်လည်း    ပြုလုပ် သောက်သုံးကြသည်။   စပျစ်ဝိုင်သည်  နာမည်ကြီး လှသည်။  စပျစ်သီးသည်    ကျန်းမာရေးကိုလည်း များစွာအထောက်အကူပြုပါသည်။

Monday, 17 Jul 2023

ပဲပုပ်ဟူသည့် သီးနှံကို ပဲအဖြစ်လည်းကောင်း၊ ဆီထွက်သီးနှံအဖြစ် လည်းကောင်း သိရှိကြသည်။ ကမ္ဘာပေါ်တွင် ပဲပုပ်ကို အများဆုံးစိုက်ပျိုးထုတ်လုပ်သော နိုင်ငံများမှာ အမေရိကန်ပြည်ထောင်စု၊ ဘရာဇီးနှင့် အာဂျင်တီးနားနိုင်ငံတို့ဖြစ်သည်။ ပဲပုပ်သည် protein အသားဓာတ်ကြွယ်ဝပြီး အာဟာရပါဝင်မှုများပြားသဖြင့် ပဲပုပ်ဆီကို အဆင့်မြင့်စားသုံးဆီအဖြစ် သတ်မှတ်ကြသည်။ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ သံလွင်ဆီ၊ ကနိုလာဆီ၊စားအုန်းဆီများကဲ့သို့ Vegetable Oil အဖြစ် ပဲပုပ်ဆီကို သတ်မှတ်ထားသဖြင့် ပဲပုပ်ကို ပဲအုပ်စုတွင် ထည့်သွင်းခြင်းမပြုဘဲ ဆီထွက်သီးနှံအုပ်စုတွင် ကမ္ဘာ့နိုင်ငံများက ထည့်သွင်းဖော်ပြကြခြင်းဖြစ်သည်။ မြန်မာနိုင

Monday, 17 Jul 2023

စားတော်ပဲကို  ဒေသအသီးသီးတွင် လူမျိုးမရွေး၊ ဘာသာမရွေး စားသုံးလျက်ရှိသည်။ မြန်မာလူမျိုးတို့သည် စားတော်ပဲကို  အခြေခံအစားအစာတစ်ခုအဖြစ် လည်းကောင်း၊ မနက်ခင်း အဆာပြေစာအဖြစ်လည်းကောင်း ထမင်းပူပူ၊ ထမင်းကြော်၊ အီကြာကွေး၊ ပလာတာ၊ နံပြား  စသည်တို့ဖြင့် စားသုံးကြသည်။

Pages