Main menu

Background

Monday, 6 Feb 2012

    Work Pass  သက်တမ်းကျော် လွန်တဲ့ အတွက် စင်ကာပူ လူအင်အား ဝန်ကြီးဌာနက နိုင်ငံခြားသား ၁၁၀၁ဦး ကို ဖမ်းဆီးခဲ့ရာ ၂၀၁၀ ပြည့်နှစ်က ထက် ၆ ရာခိုင်နှုန်း ပိုမိုခဲ့ပါတယ်။

Monday, 6 Feb 2012

    အိန္ဒိယနိုင်ငံအတွင်းသို့ ၂၀၁၁ ခုနှစ်ကနိုင်ငံပေါင်း ၁၁ နိုင်ငံမှ ဆိုက်ရောက် ဗီဇာဖြင့်ဝင်လာသူ နိုင်ငံခြားသားခရီးသည် ၁၂၀၀၀ကျော်ရှိပါတယ်။ အများစုက နယူးဇီလန်၊ ဂျပန်နဲ့ အင်ဒိုနီးရှားတို့က ဖြစ်တယ်လို့ ခရီးသွားဝန်ကြီးဌာနက ဇန်နဝါရီ ၃၁ ရက်က ပြောပါတယ်။

Monday, 6 Feb 2012

    အင်တာနက် အသုံးပြုတာကနေ အကျိုးအမြတ်ရရှိအောင် မဖော်ထုတ် ရသေးတဲ့နယ်ပယ်တွေ ရှိနေသေးတဲ့ အတွက် အင်တာနက် အသုံးပြုတာကို အရှိန်အဟုန်မြှင့်ဖို့အသေးစားနဲ့အလတ် စား စီးပွားရေးလုပ်ငန်း( SME )  တွေကို တိုက်တွန်းထားကြောင်း Google Malaysia   ရဲ့ နိုင်ငံလိုက်မန်နေဂျာ ဆာဂျစ်သီဗန်နန်ဒန်က ပြောပါတယ်။

Saturday, 4 Feb 2012

               ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝတ်ထရာက အိန္ဒိယ စီးပွားရေးလုပ်ငန်းရှင်များအား ရေလွှမ်းမိုးဒဏ်ခံရတဲ့ ထိုင်း နိုင်ငံ စီးပွားရေးမှာ ရင်းနှီးမြှုပ်နှံကြဖို့ဖိတ်ခေါ်ပြီး သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ရေဘေးမှကာကွယ်မှုပေးပါမယ်လို့ အာမခံ ချက်ပေးခဲ့ပါတယ်။                     စီးပွားရေးဆိုင်ရာ အခြေခံကောင်းတွေကြောင့် ရေဘေး ဒဏ် သင့်ခဲ့တဲ့ စီးပွားရေးဟာ ပြန်လည်ခေါင်း ထောင်လာ နိုင်လိမ့်မယ်လို့ အိန္ဒိယကို သွားရောက်ခဲ့တဲ့ ပထမခရီးစဉ် အတွင်းမှာ ရှင်နာဝတ်ထရာက ပြောခဲ့ပါတယ်။ ''အဓိကကျတဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ စီးပွားရေးနယ်မြေ တွေကို အကာအကွယ်ပေးဖို့အတွက် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံကို ရေစီမံခန့်ခွဲမှုစနစ်ကို ကောင်းမွန်အောင် ဆောင်ရွက်ပါမယ်''လို့ ဒေလီမှာ ကျင်းပတဲ့ စီးပွားရေးလုပ်ငန်း ဆွေးနွေးပွဲမှာ ဝန်ကြီးချုပ်က ပြောပါတယ်။ ၂၀၁၁ ခုနှစ်က နှစ် ၇၀ အတွင်းအဆိုးဆုံးဖြစ်ခဲ့တဲ့ ရေလွှမ်းမိုးမှုကြောင့် ထိုင်းနိုင်ငံမှာ စက်ရုံ ၁၅၀၀၀ ပျက်စီး ဆုံးရှုံးပြီး ခန့်မှန်းခြေဒေါ်လာ ၄၅ ဘီလီယံဖိုးဆုံးရှုံးခဲ့ပါတယ်။ အိန္ဒိယ-ထိုင်းနှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှုက ၂၀၁၁ ခုနှစ်ပထမ ၁၁ လမှာ ဒေါ်လာ ၇ ဘီလီယံ ရရှိခဲ့ပြီး လွတ်လပ်စွာကုန်သွယ်မှုသဘောစာချုပ်ကို အကောင်အထည် ဖော်နိုင်မဲ့ ၂၀၁၄ ခုနှစ်မှာ ဒေါ်လာ ၁၄ ဘီလီယံရရှိဖို့ ရည် မှန်းထားပါတယ်။ Source:bernama.com

Saturday, 4 Feb 2012

     ပင်လယ်ရပ်ခြား ဗီယက်နမ် လူ့ အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပြည်ပ ရောက်ဗီယက်နမ် စီးပွားရေးလုပ်ငန်းရှင် များက သူတို့ကို လက်ခံထားတဲ့ နိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံအတွက် လက်တွေ့ ကျ ကျ အထောက်အကူ ပေးလျက်ရှိပါ တယ်။                           ပဏာမထုတ်ပြန်ထားတဲ့ စာရင်း ဇယားတွေအရ ပင်လယ်ရပ်ခြားရောက် ဗီယက်နမ်လူမျိုးတွေက ဗီယက်နမ် မှာ ရင်းနှီးမြှုပ်နှံထားတဲ့ စီမံကိန်းနဲ့ စီးပွား ရေးလုပ်ငန်း ၃၅၀၀ ခန့်ရှိပါတယ်။တန် ဖိုးအားဖြင့် စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၁ ဘီလီယံရှိပါတယ်။                     ယခုလို တိုးတက်လာရတာက နိုင်ငံ အတွင်းရှိ စီးပွားရေးလုပ်ငန်းနဲ့ ဆောင်ရွက်မှုအားလုံးမှာ ပင်လယ်ရပ် ခြားရောက် ဗီယက်နမ်လူမျိုးတို့ရဲ့ ပါဝင်ဆောင်ရွက်မှုကို လွယ်ကူချောမွေ့ စေဖို့ အတွက် မူဝါဒနဲ့ အစီအမံတွေကို အထူးတလည်စီမံဆောင်ရွက် ထားတာကလည်း တစ်စိတ်တစ်ပိုင်းအားဖြင့် ပါဝင်ပါတယ်။                         ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေး ဆိုင်ရာ ဆွဲဆောင်မှုတွေအပြင် ဥပဒေ တွေလို အခွင့်အလမ်းသာတဲ့ မူဝါဒတွေကြောင့် သူတို့တွေအကျိုးအမြတ် ဖြစ်ထွန်းပြီး နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးမှု အတွက် ပိုမိုအထောက်အကူပြု နိုင်တဲ့ အတွက် ဖြစ်ပါတယ်။                            ''ဒီနှစ်ထဲမှာ ပင်လယ်ရပ်ခြားက နေ ဗီယက်နမ်ကို ငွေလွှဲပို့ပေးတာ ဒေါ်လာ ၉ဘီလီယံရှိပါတယ်။ ဒီလို ရရှိတာကလည်း ကြီးမားတဲ့ အရင်းအမြစ် တစ်ခုဖြစ်ပြီး နိုင်ငံစီးပွားရေးဖွံ့ဖြိုးဖို့ အတွက် အဆုံးအဖြတ်ပေးနိုင်တဲ့ အခြေခံ တစ်ခုဖြစ်ပြီး စီးပွားရေးလုပ်ငန်း တွေအတွက် လိုအပ်တဲ့ အရင်းအနှီးကို တိုးတက် စေပါတယ်''လို့ စီးပွားရေး ပညာရှင်ကာအိုဆိုင်ကီယင်က ပြောပါတယ်။                     စီးပွားရေးလုပ်ငန်းတွေက ကုန် သွယ်ရေး၊ ဆောက်လုပ်ရေး၊အိမ်ခြံမြေ နဲ့ ပို့ကုန်ထုတ်လုပ်ရေးဆိုတဲ့ လုပ်ငန်း နယ်ပယ် ကျယ်ကျယ်ပြန့်ပြန့်ပါဝင်ပြီး နိုင်ငံတော်ဘတ်ဂျက်ကို အထောက် အကူ ပေးပါတယ်။ Source: vietnam net Bridge

Saturday, 4 Feb 2012

                ဒေသဖြစ်ဆေးဝါးတုများကို သုံးစွဲပြီးနောက် နှလုံးရောဂါရှင် ပါကစ္စတန် လူမျိုး ၁၀၀ ခန့်သေဆုံးပြီး လူ တော်တော်များများ ဆေးရုံတွင် အရေးပေါ် အတွင်းလူနာအဖြစ် တက်ရောက်ကုသနေရကြောင်း အစိုးရအရာရှိများက ဇန်နဝါရီ ၂၆ ရက်က ပြောပါတယ်။                           ''နှလုံးရောဂါဆေးရဲ့ တုံ့ပြန်မှုကြောင့် လူ ၁၀၀ နီးပါးသေဆုံးခဲ့ရပါတယ်'' လို့ ဗဟိုပန်ဂျပ်ပြည်နယ်အစိုးရ အဖွဲ့ခေါင်းဆောင် ရှားဘတ်ရှရစ်က ပြော ပါတယ်။                           ဝေဒနာသည်အများစုက ဆင်းရဲတဲ့ လူနာများဖြစ်ပြီး နိုင်ငံတော်ပိုင် ပန်ဂျပ် နှလုံးရောဂါကုဌာန (PIC) မှ အခမဲ့ဖြန့် ဖြူးပေးတဲ့ ဆေးတွေကို သုံးစွဲခဲ့တာဖြစ် ပါတယ်။ ဆေးများသောက်ပြီးနောက် နောက်ထပ်လူနာ၂၈၇ ဦးကို ပါကစ္စတန် နိုင်ငံမှာ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ လာဟိုမြို့မှာ ဆေးရုံတင်ခဲ့ရတယ်လို့ အစိုးရ က ပြောပါတယ်။                         ဆေးပေးသွင်းတယ်လို့ ခန့်မှန်းရတဲ့ ကုမ္ပဏီသုံးခုရဲ့ ပိုင်ရှင်တွေကို ရဲအဖွဲ့က ဖမ်းဆီးထားပါတယ်။ ကနဦးစစ်ဆေးချက်အရ ဒေသတွင်းထုတ်လုပ်သူတွေ ကပေးသွင်းတဲ့ဆေးဝါးတွေက အဆင့်မမီဘူးလို့ ရဲအဖွဲ့က ပြောပါတယ်။ ပြဿနာကို ဒီဇင်ဘာကစတင်ဖော်ထုတ်သိရှိခဲ့တာဖြစ်ပြီး အဲဒီအချိန်လူ ၂၃ ဦးသေဆုံးခဲ့ပါတယ်။ သံသယရှိတဲ့ ဆေးဝါးတွေကို ပါကစ္စတန်၊ လန်ဒန်နဲ့ ပဲရစ် မှာရှိတဲ့ ဓာတ်ခွဲခန်းတွေကို ပို့ထားတယ်လို့ ရှရစ်က ပြောပါတယ်။ ဆေးတွေကို ဆေးရုံတွေနဲ့ စတိုခန်းတွေကနေ ဖယ်ရှားပြီးပြီလို့ အစိုးရအရာ ရှိခွါဂျာဆာလမန်ရာဖစ်က ပြောပါတယ်။ဏှုဃ က လစဉ်ဆေးဝါးလက်ခံသုံးစွဲ နေတဲ့ လူနာ ၄၆၀၀၀ ရှိတဲ့အတွက် အဆင့်မမီတဲ့ဆေးတွေရဲ့ ဒဏ်ခံရတဲ့ သူ ပိုလာမယ်လို့ စုံစမ်းစစ်ဆေးရေးမှာ ပါဝင်တဲ့ ဒေါက်တာဂျေ့အက္ကရန်က ပြောပါတယ်။ Source: AFP

Saturday, 4 Feb 2012

               ဥရောပမှာ ပြင်းထန်တဲ့ စီးပွားရေး အကျပ်အတည်း ဖြစ်ပေါ်နေပေမဲ့ အိန္ဒိယ အိုင်တီကုမ္ပဏီများအတွက် စီးပွားရေးနယ်ပယ်ချဲ့ထွင်ရန် အဟန့် အတားဖြစ်မဲ့ အလားအလာမရှိဘူးလို့ ဆိုပါတယ်။ ဥရောပဒေသက ဖေါက် သည်တွေ တိုးတက်ရရှိနေတယ်လို့ အိန္ဒိယက အိုင်တီကုမ္ပဏီကြီးများက အစီရင်ခံပါတယ်။                  အိန္ဒိယနိုင်ငံ အိုင်တီ လုပ်ငန်း ဝင်ငွေရဲ့ ၂၀ ရာခိုင်နှုန်းက ၃၀ ရာခိုင် နှုန်းသာ ဥရောပဒေသက ရရှိပါတယ်။ ဒါပေမဲ့ ကျွေးမြီးအကျပ်အတည်းက အိန္ဒိယ အိုင်တီလုပ်ငန်းများအတွက် အခွင့်အလမ်းကိုဖြစ်ပေါ်စေခဲ့ပါတယ်။ ဥရောပလုပ်ငန်းတွေက ကုန်ကျစရိတ် ကို လျှော့ချလိုတဲ့အတွက် အိန္ဒိယရဲ့ ပင်လယ်ရပ်ခြားစီးပွားရေးလုပ်ငန်းတွေ ကို ဆောင်ရွက်ရာမှာ ခက်ခဲကျပ်တည်း မှုက မောင်းနှင်အားဖြစ်စေခဲ့ပါတယ်။ ဈေးကွက်ကို ဦးဆောင်နေတဲ့ တာတာ အတိုင်ပင်ခံ လုပ်ငန်းက ဥရောပ မှ ကန်ထရိုက်လေးခုရထားပါတယ်။အိန္ဒိယရဲ့ နံပတ် ၂ ဆော့ဝဲပို့ကုန် လုပ်ငန်းဖြစ်တဲ့ အင်ဖိုစစ်က ဥရောပမှ ဖေါက်သည်သစ် ၁၄ ခု ရရှိထားပြီး အမေရိကန်ဒေါ်လာ သန်း ၅၀၀ ရှိတဲ့ ဖေါက်သည်ကနှစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ကုမ္ပဏီတွေက လုပ်ငန်းကို သတိရှိရှိဆောင်ရွက်နေရပြီး''အဆမတန် ကြီးထွား''တဲ့ အခြေအနေကုန်ဆုံးသွားမဲ့ နေ့တွေ ရောက်ရှိလာနိုင်တယ်လို့ ပြော ကြပါတယ်။                   အခြေအနေက အခွင့်မသာတဲ့ အခြေအနေဖြစ်ပေမဲ့ လာမဲ့သုံးလပတ် အတွင်းမှာ အိန္ဒိယအိုင်တီကုမ္ပဏီ တွေလျင်မြန်စွာကြီးထွားလာလိမ့်မယ်လို့ လေ့လာဆန်းစစ်သူတွေက ခန့်မှန်းပါတယ်။Source: CNA

Monday, 16 Jan 2012

    မလေးရှားပရိဘောဂ လုပ်ငန်းရှင် တွေအတွက် အိန္ဒိယနိုင်ငံက ကုန် သွယ်မှု နဲ့ စီးပွားရေးလုပ်ငန်းအခွင့် အလမ်းတွေပေးတယ်လို့ ပြည်ပ ကုန် သွယ်မှု ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်း ဆောင် ရွက်ရေးအဖွဲ့ ( Matrade) က ပြော ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ဈေးကွက် အရွယ်အစားနဲ့ အပြည်ပြည်ဆိုင်ရာ စံနှုန်းကို သဘောကျနှစ်သက်မှုက မလေးရှားပရိဘောဂ ထုတ်လုပ်သူ တွေအတွက် ဈေးကွက်ကိုရရှိအောင် လမ်းခင်းပေးလိမ့်မယ်လို့ ကုန်သွယ်ရေး အေဂျင်စီက ပြောပါတယ်။

Monday, 16 Jan 2012

    အီတလီကို အထောက်အပံ့ပေးဖို့အတွက်နဲ့ ယူရိုအကြီးအကျယ်ပြိုကွဲ သွားမှာကို ကာကွယ်ဖို့အတွက် ဥရောပဗဟိုဘဏ် (ECB  )  က ဒုက္ခရောက်နေ တဲ့ ယူရိုဇုန်ကဘွန်းစာချုပ်တွေကို တိုးမြှင့်ဖို့လိုတယ်လို့ Fitch  ရဲ့ နိုင်ငံတော် ကြွေးမြီသတ်မှတ်ရေးဌာန အကြီးအကဲရီလေးက ဇန်နဝါရီ ၁၂ ရက်က ပြော ပါတယ်။

Monday, 16 Jan 2012

    ဥရောပတွင်လူသိနည်းနေဆဲဖြစ်ပြီး အမေရိကန် ပြည် ထောင်စုမှာ လူသိများလာတဲ့ တောင်ကိုရီးယား ဟွန်ဒိုင်းနဲ့ ညီနောင်ကုမ္ပဏီကီးယားတို့က အမျိုးသားလုပ်ငန်းတွေနဲ့ ဂျပန် စီးပွားရေးလုပ်ငန်းတွေ လွှမ်းမိုးနေတဲ့ ဒီဈေးကွက်တွေထဲကို ခြေဆန့်လာပါတယ်။ ၂၀၁၁ ခုနှစ်မှာ ကမ္ဘာ့အရောင်း ၁၅ ရာခိုင် နှုန်းမြင့်တက်ပြီး ယာဉ် ၆ ဒသမ ၆ သန်းထိတိုးတက် မြင့်မားလာတဲ့ ဟွန်ဒိုင်းနဲ့ ကီးယားတို့က ယခုအချိန်မှာ ကမ္ဘာ့ မော်တော်ကား ရောင်းချမှုမှာ ပÍ္စမနေရာကိုရောက်ရှိလာပါ တယ်။

Pages