Main menu

Background

Monday, 14 May 2012

    ယခုနှစ်တွင် စမတ်ဖုန်းအရောင်း ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်လာ မယ်လို့ခန့်မှန်းကြောင်း တရုတ်နိုင်ငံတွင် ဖုန်းကိရိယာများ အများဆုံးထုတ်လုပ် လျက်ရှိတဲ့ ဟွာဝေးတက်ခနော်လော်ဂျီကုမ္ပဏီက ပြောပါတယ်။ ကုမ္ပဏီ က ယခုနှစ်သုတေသနလုပ်ငန်းတွေအတွက် ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံ ရင်း နှီးမြှုပ်နှံမယ်လို့ ဧပြီ ၂၅ ရက်က ရှန်းဇင်းဌာနချုပ်ရုံးမှာ ပြုလုပ်တဲ့ ကုမ္ပဏီ နှစ်ပတ်လည်အစည်းအဝေးမှာ ယာယီအမှုဆောင်အရာရှိချုပ်Eric  Xu Zhijun  ကပြောပါတယ်။

Monday, 14 May 2012

    စင်ကာပူရေကြောင်း သွားလာ ရေး ကဏ္ဍမှ သူ့ရဲ့သင်္ဘောများအတွက် ပိုမို ကျွမ်းကျင်သူများကို ရှာဖွေရန် ဆန္ဒရှိနေပါတယ်။ ၂၀၁၂ ခုနှစ် ဘတ်ဂျက်မှာလည်းပင်လယ်ရေကြောင်း သွားလာရေးကဏ္ဍအတွက် ပြည်တွင်း မှ ကျွမ်းကျင်သူတွေ ပိုမိုရရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီလိုဆောင်ရွက် နိုင်ဖို့အတွက် ခုနှစ်နှစ်မြောက်ကျင်းပခဲ့ ပြီးဖြစ်တဲ့  Singapore Maritime Week     ဆွေးနွေးပွဲမှာ ဆွေးနွေးညှိနှိုင်း သွားမှာ ဖြစ်ပါတယ်။

Monday, 9 Apr 2012

    တရုတ်နိုင်ငံမှာ ပထမဆုံး ချစ်ပ်စက်ရုံတည်ဆောက်ဖို့ အတွက်ဒေါ်လာ ၇ ဘီလီယံ ရင်းနှီးမြှုပ်နှံမဲ့ စီမံကိန်းကို ကမ္ဘာ့ ချစ်ပ်ထုတ်လုပ်မှု  အကြီးမားဆုံးဖြစ်တဲ့ ဆမ်ဆောင်းအီလက် ထရွန်းနစ်က ထုတ်ဖော်ကြေညာခဲ့ပါတယ်။ ဆမ်ဆောင်းက ဒီစက်ရုံမှာ ကနဦး  ရင်းနှီးမြှုပ်နှံမှုအဖြစ် ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပြီး စမတ်ဖုန်း၊ တဲဘလက်နဲ့ အမ်ပီသရီး

Monday, 9 Apr 2012

    ယခုနှစ်အတွက် မလေးရှားနိုင်ငံရဲ့ ဖွံ့ဖြိုးမှုအရှိန်အဟုန်ကို ထိန်းသိမ်းထား နိုင်ဖို့အတွက် နည်းလမ်းတစ်ရပ်အဖြစ် မလေးရှားနိုင်ငံရဲ့ ပို့ကုန်ဈေးကွက်တွေ ကို အမျိုးမျိုး ပိုမိုဖြန့်ကြက်ဖို့ လိုအပ် လျက်ရှိပြီး သမားရိုကျ ဈေးကွက်တွေ ကို မှီခိုမှုမပြုဖို့ အပြည်ပြည်ဆိုင်ရာ ကုန် သွယ်မှုနဲ့ စက်မှုလုပ်ငန်း ဒုတိယဝန်ကြီး ဒါတွတ်မူခရစ်မဟာ သီယာက ပြောပါ တယ်။

Monday, 9 Apr 2012

    ဧပြီ ၁ ရက်စပြီး ပြည်နယ်ခုနစ်ခုမှာ အနိမ့်ဆုံးလစာ သတ်မှတ်ချက်ကို စတင်ကျင့်သုံးခဲ့တဲ့အတွက် ကုမ္ပဏီတွေက အိမ်နီးချင်းနိုင်ငံများသို့ ထုတ်လုပ် ရေးလုပ်ငန်းများကို ရွှေ့ပြောင်းဖို့စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ တစ်ရက် လုပ်ခ ဘတ် ၁၀၀ လောက်သာ ကုန်ကျမှုညီမျှတဲ့ အိမ်နီးချင်း မြန်မာနိုင်ငံကို ရွှေ့ဖို့ ထိုင်းစားသုံးကုန်ပစ္စည်းထုတ်လုပ်သူ ဆာဟာပါသာနုပီဘူး ကုမ္ပဏီက ဆုံးဖြတ်ခဲ့ပါတယ်။

Monday, 9 Apr 2012

    ဟွန်ဒိုင်းမော်တာ     ကုမ္ပဏီက ဆမ်ဆောင်း အီလက်ထရွန်းနစ်ကို ကျော်လွန်ပြီး တောင်ကိုရီးယားမှာ လစာ အများဆုံးပေးတဲ့ ကုမ္ပဏီဖြစ်ပါ တယ်။ ၂၀၁၁ ခုနှစ်က ဟွန်ဒိုင်းက ပေး ခဲ့တဲ့ ဝန်ထမ်းတစ်ဦး တစ်နှစ်ပျမ်းမျှ လစာ ဝမ် ၈၉ သန်း(၁ဒေါ်လာ= ၁၁၃၃ ဝမ်) ရှိခဲ့ပါတယ်။

Tuesday, 3 Apr 2012

    အမေရိကန်မှ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းများ တင်သွင်း ခြင်းကိုသွင်းကုန်ခွန်များလျှော့ချပေးရန် တိုက်တွန်းရင်း အဲဒီလို အခွန်တိုးမြှင့်မှုများက ရေရှည်တွင်နှစ်နိုင်ငံ စီးပွားရေး ဆက်ဆံ မှုများကို ထူးထူးကဲကဲ ထိခိုက်စေနိုင်ကြောင်း အမေရိ ကန် ပြည်ထောင်စု ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဂျွန်ဘရိုင်ဆန် က မတ် ၂၆ ရက်က ပြောပါတယ်။

Tuesday, 3 Apr 2012

    ဟွာဝေးက တရုတ်ပြည်ရဲ့အကြီး မားဆုံး ပို့ကုန် လုပ်ငန်းတစ်ခုဖြစ်ပြီး ဒီကုမ္ပဏီကထုတ်တဲ့ပစ္စည်းတွေက BT  ဘရော့ဘင်ကွန်ရက်မှာ အသုံးပြုနိုင်ပါ တယ်။ ဒါပေမဲ့ ဒီအမှတ်တံဆိပ်ကို UK  ကအိမ်ထောင်စုတွေက မသိကြပါဘူး။ တရုတ်ပြည့်သူ သမ္မတနိုင်ငံအတွင်းမှာပင် လျှို့ဝှက်သိပ်သည်းတဲ့အဖွဲ့အစည်း တစ် ခု ဖြစ်နေတဲ့ ဟွာဝေးကို တပ်နီတော်မှ

Tuesday, 3 Apr 2012

    ဗီယက်နမ်နိုင်ငံ အလုပ်သမား၊ မသန်မစွမ်းနဲ့ လူမှုရေးဝန်ကြီးဌာန (MOLISA)   က အဆင့်မြင့် အသက်မွေးဝမ်းကျောင်းပညာ လေ့ကျင့်ရေး ကျောင်းများ ထူထောင်ပေးမဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ထိပ်တန်း ဦးစား ပေး အဖြစ်ထားရှိတဲ့ လေ့ကျင့်ရေးဖွံ့ဖြိုးမှုမဟာဗျူဟာကို ရေးဆွဲဖို့စီမံကိန်းချမှတ် ထားကြောင်း (MOLISA) ဒုတိယဝန်ကြီး၊ ငုယင်ငေါ့ဖီကပြောပါတယ်။ သင်တန်း ကျောင်းတွေကို နိုင်ငံခြားကအပြည့်အဝရင်းနှီးမြှုပ်နှံမှု၊ ဖက်စပ်လုပ်ငန်းနဲ့ အစိုးရ ပုဂ္ဂလိကအစုစပ် ရင်းနှီးမြှုပ်နှံမှုစတဲ့ ပုံစံများအပါအဝင် ရင်းနှီးမြှုပ်နှံမှု ပုံစံများ ကိုအသုံးပြုပြီး ထူထောင်မှာ ဖြစ်ကြောင်း ဖီက ပြောပါတယ်။

Tuesday, 3 Apr 2012

     ဗြိတိန်နိုင်ငံက ပိုင်ဆိုင်တဲ့ စကော့ တလန် ဘဏ် RBS  ရဲ့ ရှယ်ယာများ ရောင်းချဖို့ဆွေးနွေးညှိနှိုင်းရာမှာအဘူဒါ ဘီ တော်ဝင်မိသားစုတွေ ပါဝင်လာ ကြောင်း သတင်းရပ်ကွက်များက ပြော ပါတယ်။  အရှေ့အလယ်ပိုင်း  ကိစ္စနဲ့ ပတ်သက်ပြီး ထင်ရှားသူ  စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးက တော်ဝင် မိသားစု ရဲ့ အတိုင်ပင်ခံအဖြစ် ဆောင် ရွက်နေကြောင်း ဒီကိစ္စနဲ့ ကျွမ်းဝင်သူတို့ က မတ် ၂၈ ရက်က ပြောပါတယ်။

Pages