Background
ဂျပန်နဲ့ ဥရောပသမဂ္ဂ ၁၀ နိုင်ငံတို့က အီရန်မှ ရေနံစိမ်း ဝယ်ယူမှုကို အကြီးအကျယ် လျှော့ချလိုက်တဲ့ အတွက် ထို နိုင်ငံတွေကအမေရိကန်ပြည်ထောင်စုက ဘဏ္ဍာရေးပိတ်ပင်မှု ကို အမေရိကန်ပြည်ထောင်စုက ကင်းလွတ်ခွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့အီရန်နိုင်ငံရဲ့ထိပ်တန်းဖောက်သည်တွေဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံကို ချန်လှပ်ထားပါတယ်။နျူကလီးယား အစီအစဉ် နဲ
လေးနှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ် အဆင့်မြှင့်တင်ပေးလိုက်သော ဆိုနာတာဆီဒင်ပုံစံကို ၂၀၁၄ ခုနှစ်တွင် ထုတ်လုပ်ဖို့ ဟွန်ဒိုင်းမော်တာက စီစဉ်ထားကြောင်း ကုမ္ပဏီရဲ့ အမှု ဆောင် အရာရှိချုပ်က မတ် ၂၁ ရက် ပြောပါတယ်။ တောင်ကိုရီးယား ဈေး ကွက်မှာ နိုင်ငံခြားပြိုင်ဖက်တွေ တစစ ကြီးထွားလာချိန်မှာ အမှုဆောင်အရာရှိ ချုပ်ရဲ့ ပြောစကား ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
ဂရိနိုင်ငံ အမျိုးသားကြွေးမြီပေးဆပ်ရန် ပျက်ကွက်မှုကနေ ကာကွယ်နိုင်ဖို့ အတွက် ယူရိုဘီလီယံ ၁၃၀ (ဒေါ်လာ ဘီလီယံ ၁၇၀) ရှိ ကယ်တင်မှု အစီ အစဉ်ကို ဒုတိယအကြိမ်အဖြစ် မတ် ၂၁ ရက်က ဂရိပါလီမန်က အတည်ပြု ပေးခဲ့ပါတယ်။ အဆိုပြုချက်ကို ဆိုရှယ်လစ်နဲ့ ကွန်ဆာဗေးတစ်ပါလီမန်က အတည်ပြုပြီး ကွန်မြူနစ်နဲ့ လက်ဝဲ အလွန်အကျွံဝါဒီ ကိုယ်စားလှယ် ၇၉ ဦး တို့က ကန့်ကွက်ခဲ့ပါတယ်။
အရှေ့တောင်အာရှ နိုင်ငံများ အသင်း (အာဆီယံ)မှ ခရီးသွားလုပ်ငန်း ကျွမ်းကျင်သူတွေက ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင်မြို့မှာ မတ် ၂၀ ရက်က တွေ့ဆုံပြီး ၂၀၁၅ ခုနှစ်မှာ အာဆီယံ ဒေသကို ကမ္ဘာ့အဆင့်မီ ခရီးသွားဒေသ တစ်ခု ဖြစ်လာဖို့အတွက် ခရီးသွား လုပ် ငန်းပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး နည်းလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း ကမ္ဘောဒီးယားအကြီးတန်းအရာရှိတစ်ဦး
၂၀၁၁ ခုနှစ်နောက်ဆုံး သုံးလပတ်အတွင်း စင်ကာပူရှိ ကုမ္ပဏီများက အလုပ်အကိုင်များကို ကနဦးခန့်မှန်းထားတာ ထက် ကျော်လွန်ခန့်ထားနိုင်ခဲ့တဲ့အတွက် အလုက်လက်မဲ့ နှုန်းက လွန်ခဲ့သော ၁၄ နှစ်အတွင်းဖြစ်ခဲ့သော နှုန်းများ အနက် ၂၀၁၁ ခုနှစ်မှာ အနိမ့်ဆုံးသို့ ရောက်ရှိခဲ့ပါတယ်။ အလုပ်ရှင်များက ဒီဇင်ဘာထိ သုံးလပတ်ကာလအတွင်း အလုပ်အကိုင် ၃၇၆၀၀ ပိုမိုခန့်ထားနိုင်ခဲ့သဖြင့် ဇန်နဝါရီက ရှိခဲ့တဲ့ဦးရေဖြစ်တဲ့ ၃၆၃၀၀ ထက်ကျော်လွန်ခဲ့ကြောင်း လူ အင်အား ဝန်ကြီးဌာနကမတ် ၁၅ ရက်ကထုတ်ပြန်ကြေညာ ပါတယ်။
အဓိကဘဏ်ကြီးများက ငွေကြေး မူဝါဒများကို တသီကြီး အဆမတန် လျှော့ချထားတဲ့အတွက်နဲ့ ဥရောပ ကြွေးမြီ အကျပ်အတည်း တိုးတက်တဲ့ လက္ခဏာတွေပြလာတဲ့အတွက် ယခု နှစ်ထဲမှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ စီးပွားရေး တွေ တိုးတက်မှုရှိလာကြောင်း ရိုက်တာ သတင်းဌာနက စစ်တမ်းကောက်ယူ ထားတဲ့ စီးပွားရေးပညာရှင်တွေရဲ့ အဆိုအရ သိရပါတယ်။ လွန်ခဲ့တဲ့ ရက် အနည်းငယ်အတွင်း စီးပွားရေးပညာ ရှင် ၂၅၀ ကို စစ်တမ်း ကောက်ယူချက် အရယူရိုဇုန် ဗြိတိန်နဲ့
ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်ဖို့နဲ့ တစ်ဆင့်ကန်ထရိုက်လုပ် ငန်း အခွင့်အလမ်းများ ပိုမိုဖန်တီးနိုင်ဖို့အတွက် ဗီယက်နမ်နိုင်ငံရဲ့ သတင်း အချက်အလက်နည်းပညာ (အိုင်တီ)ကို တိုးမြှင့်သွားမှာဖြစ်ကြောင်း အင်တာ နေရှင်နယ် ဒေတာကော်ပိုရေးရှင်း (IDC) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ အိုင်တီသုံးစွဲမှုက အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံ ရှိခဲ့ရာ တစ်နှစ်အတိုးနှုန်း ၁၉ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်က တိုးတက်ခဲ့တဲ့ ၈ ဒသမ ၄ ရာခိုင်နှုန်းထက်မြင့်တက်လာခဲ့ ပါ တယ်။
လွန်ခဲ့တဲ့ တစ်နှစ်က ဖြစ်ပွားခဲ့တဲ့ ငလျင်ကြောင့် ပေါ်လာတဲ့ ရေလွှမ်း မိုးမှုကြောင့် မီယာဖူဂျီ အင်ဒပ်စထရီ ကုမ္ပဏီရဲ့ ဝရိန်စက် ၃၀ လုံး ၂ ဒသမ ၅ မီတာအထိ ရေနစ်မြုပ်ခံခဲ့ရပါတယ်။ ဒါပေမဲ့လုပ်သားတွေက လက် မြှောက် အရှုံးပေးခြင်းမရှိပါဘူး။ စီးဝင်လာ တဲ့ နုန်းတွေကို သယ်ထုတ်ခဲ့တာ လေး တန်ကား ၆၀ လောက်ရှိပါတယ်။ ဒီလို ဆောင်ရွက်လို့ ၂၀၁၁ မတ် ၂၃ ရက်မှာ လုပ်ငန်းတွေပြန်စနိုင်ခဲ့ပါတယ်။
ယခုအခါ ဗီယက်နမ်စီးပွားရေးလုပ်ငန်းများက နိုင်ငံပြင်ပ မှာ ရင်းနှီးမြှုပ်နှံထားတဲ့ စီမံကိန်းပေါင်း ၆၂၇ ခုရှိပြီး စုစုပေါင်း တန်ဖိုးဒေါ်လာ ၁၀ ဒသမ ၈ ဘီလီယံ ရှိကြောင်း စီမံကိန်းနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ပြောပါတယ်။ဗီယက်နမ်ရင်းနှီး မြှုပ်နှံမှုတွေက နိုင်ငံနဲ့ ဒေသပေါင်း ၅၅ ခုမှာ ရောက်ရှိနေပြီး ဗီယက်နမ်လုပ်ငန်းတွေ ကသူတို့ဈေးကွက်ကို ဒီထက်ပိုချဲ့ဖို့ စဉ်းစားနေပါတယ်။
အမေရိကန် ပြည်ထောင်စုက ဦးဆောင်ပြီး အီရန်နိုင်ငံရဲ့ နျူကလီး ယား အစီအစဉ်ကို အငြင်းပွားလျက် ရှိနေပေမဲ့ စီးပွားရေးနဲ့ ပတ်သက်တဲ့ "အခွင့်အလမ်းကြီးတွေ" ကို စူးစမ်း ဖော် ထုတ်ဖို့အတွက် အိန္ဒိယကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ကလာမဲ့ သီတင်း ပတ်မှာ အီရန်နိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ ကိုယ်စားလှယ်အဖွဲ့က မတ် ၁၀ ရက်ကနေ ၁၄ ရက်အထိ အီရန်နိုင်ငံကို သွားရောက် လည်ပတ် မှာဖြစ်ကြောင်းနဲ့ ဒေါ်လာနဲ့ပေးချေဖို့ အတွက် အရေးယူ ပိတ်ဆို့မှုတွေကို ရှောင်ရှားဖို့ ငွေပေးချေမဲ့ အစီအစဉ်တွေ အပါအဝင်
