Background
ဗီယက်နမ်နိုင်ငံရဲ့ 3G မိုဘိုင်း ဝန်ဆောင်မှုလုပ်ငန်းများရဲ့ စွမ်းဆောင် ရည်က မပြည့်ဝသေးတဲ့အတွက် ပိုမို ခေတ်မီတဲ့ 4G ဝန်ဆောင်မှု လုပ်ငန်း များအား လိုင်စင်ထုတ်ပေးတဲ့လုပ်ငန်း ကို ၂၀၁၈ခုနှစ်အထိ ရပ်ဆိုင်းထား ကြောင်း ကျွမ်းကျင်သူတွေက ပြောပါ တယ်။ဒီပြဿနာကအရးပါတဲ့ပြဿနာ တစ်ခုဖြစ်ပြီး ဟနွိုင်းမှာ ပြန်ကြားရေးနဲ့ ဆက်သွယ်ရေးဌာနက ကျင်းပပေးတဲ့ ၂၀၂၀ ပြည့်နှစ် အမျိုးသားတယ်လီဖုန်း ဆက်သွယ်ရေးဖွံဖြိုးမှုစီမံကိန်းကွန်ဖရင့် မှာ အဓိကထားဆွေးနွေးတဲ့ အကြောင်း အရာဖြစ်ပါတယ်။
ခရီးသွားလာမှုအခြေအနေကိုကြည့် မည်ဆိုပါက အာရှက အနာဂတ်ဖွံ့ဖြိုး တိုးတက်မှုအလားအလာ ပိုမိုများပြား လာကြောင်း အပြည်ပြည်ဆိုင်ရာ လေ ကြောင်း သယ်ယူပို့ဆောင်ရေးအသင်း (IATA) က ပြောကြားပါတယ်။ အမေ ရိကန်ပြည်ထောင်စုမှာ လူတစ်ဦး လေကြောင်းဖြင့်သွားလာမှုက တစ်နှစ် ကို ၁ ဒသမ ၈ ကြိမ်ရှိပြီး ဂျာမဏီ တစ်နှစ်ကို တစ်ကြိမ်သွားကြောင်း (IATA) ရဲ့ အမှုဆောင်အရာရှိချုပ် တိုနီ တိုင်လာကပြောပါတယ်။ တရုတ်နိုင်ငံ က လူတစ်ဦးတစ်နှစ်ကို ပျှမ်းမျှ လေ ကြောင်းသွားလာမှု သုည ဒသမ ၂ ကြိမ်နဲ့ အိန္ဒိယက သုည ဒသမ ၁ ကြိမ် ရှိတယ်လို့ သူက ပြောပါတယ်။
ဝရုန်းသုန်းကားဖြင့် ကြွေးမြီပေး ဆပ်ရန် ပျက်ကွက်စေနိုင်မဲ့အခြေအနေ ကိုရှောင်ရှားရန်အတွက်ထုတ်ပေးမည့် ဒုတိယအကြိမ်ကယ်တင်ရေး အစီအစဉ် ကိုအတည်ပြုဖို့ ဖေဖော်ဝါရီ ၁၅ရက်မှာ ကျင်းပမဲ့ အစည်းအဝေးကို ယူရိုဇုန် ဝန်ကြီးများက ပယ်ဖျက်ခဲ့ကြောင်း ယူရို ဇုန်အကြီးအကဲယွန်းကလောဂျန်ကာက ဖေဖော်ဝါရီ ၁၄ရက်က ပြောပါတယ်။"ဒီအစီအစဉ်ကိုအကောင်အထည် ဖော်ဖို့နဲ့ ပတ်သက်ပြီး ဂရိညွန့်ပေါင်း အစိုးရဆီက လိုအပ်တဲ့ အာမခံချက်ကို ကျွန်တော် မရသေးပါဘူး"လို့ ဂျန်က ပြောပါတယ်။
ကူးစက်ပျံ့နှံနေသော ကမ္ဘာ့အကျပ် အတည်းရဲ့ဒဏ်မှအာရှဒေသသက်သာ ရာရစေရန်အတွက် အာရှနိုင်ငံသား များအချင်းချင်း အနီးကပ်ပူးပေါင်း ဆောင်ရွက်ကြဖို့ တောင်ကိုရီးယား ဗဟိုဘဏ်အကြီးအကဲက ဖေဖော်ဝါရီ ၁၃ရက်က ပြောပါတယ်။ ဥရောပမှာ ဖြစ်ပေါ်နေတဲ့အကျပ်အတည်းကအာရှ ဒေသရှိ ပို့ကုန်အားပြုနိုင်ငံတွေကို ဒုက္ခပေးလာပြီး သူတို့ရဲ့ ကုန်သွယ်ဖက် တွေကိုပါ နစ်နာမှုဖြစ်စေခဲ့ပြီးနောက် တောင်ကိုရီးယားဘဏ်အုပ်ချုပ်ရေးမှူး ကင်ချွန်ဆူးရဲ့ နှိုးဆော်ချက်ထွက်ပေါ် ခဲ့တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံက ပြည်တွင်းဝယ်လိုအားကို တိုးမြှင့်နေတဲ့ အတွက် တရုတ်နိုင်ငံကအမေရိကန်ပြည်ထောင်စုကို ကျော် လွန်ပြီး ဥရောပရဲ့အကြီးမားဆုံးဈေးကွက်တစ်ခု ဖြစ်လာ နိုင်တယ်လို့ ဖေဖော်ဝါရီ ၆ ရက်က တရုတ်နိုင်ငံ ဆိုင်ရာ ဥရောပ သံအမတ် မာကုအက်ဒါရာ ကပြောပါတယ်။
ဥရောပနဲ့ အမေရိကန်ပြည် ထောင်စုမှာ သန့်ရှင်းတဲ့စွမ်းအင် ဖော် ထုတ်ရေး အလားအလာ မှေးမှိန်နေချိန် မှာ အာရှဒေသတွင်းရှိ အစိုးရတွေက ရင်းနှီးမြှုပ်နှံမှုအတွက် ဆွဲဆောင်မှု တွေပေးနေတဲ့အတွက် ကမ္ဘာ ပြန်ပြည့် မြဲ စွမ်းအင်ရင်းနှီးမြှုပ်နှံသူတွေက အရှေ့တောင်အာရှနဲ့ တောင်အာရှ ဘက်ကို စိတ်ဝင်စားလာကြပါတယ်။
ယခုနှစ်အတွင်းမှာ ဗီယက်နမ်ကတောင်ကိုရီးယားကို ချည်မျှင်နဲ့ အဝတ် အထည်တင်ပို့မှုက ဒေါ်လာ တစ်ဘီလီယံကို ကျော်လွန်တဲ့အတွက် အမေရိ ကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနဲ့ ဂျပန်တို့ပြီးရင် တောင်ကိုရီးယား က စတုတ္ထ နေရာမှာရှိနေပါတယ်။
ကမ္ဘာ့ တီဗွီ ထုတ်လုပ်ရေးလုပ်ငန်း မှာ အကြီးဆုံးဖြစ်တဲ့ ဆမ်ဆောင်း အီလက်ထရွန်နစ်က ယခုနှစ် ယခုအချိန် ထိ တီဗွီ အရောင်းလုပ်ငန်းက ခိုင်မာ နေပြီး တန်ဖိုးနည်းတီဗွီ မိုဒယ်တွေရဲ့ ဝယ် လိုအားမြင့်တက်နေတဲ့အတွက် ပိုမို ဈေးသက်သာတဲ့ တီဗွီထုတ်လုပ်ဖို့ စီစဉ်နေကြောင်း တီဗွီ လုပ်ငန်းခွဲ ခေါင်းဆောင်က ဖေဖော်ဝါရီ ၈ ရက်က ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ပြင်းထန်တဲ့ရေလွှမ်းမိုးမှုကြောင့် ဖြစ်ပေါ်ရ တဲ့ အဟန့်အတားတွေကို ကုမ္ပဏီတွေက ကျော်လွှားနိုင်တဲ့ အတွက် ဂျပန်စက်ရုံတွေက ဒီဇင်ဘာကုန်ထုတ်လုပ်မှုက ခန့်မှန်းထားတာထက် ပိုမိုမြင့်တက်လာ ခဲ့ပါတယ်။ ဒါပေမဲ့ ယန်းငွေ တန်ဖိုးထပ်မံမြင့်တက်လာတာနဲ့ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှုနှေးကွေးလာတာတွေကြောင့် ခိုင်ခိုင်မာမာနာလန် ထူလာဖို့အတွက် အလှမ်းဝေးနေပါသေးတယ်။
Work Pass သက်တမ်းကျော် လွန်တဲ့ အတွက် စင်ကာပူ လူအင်အား ဝန်ကြီးဌာနက နိုင်ငံခြားသား ၁၁၀၁ဦး ကို ဖမ်းဆီးခဲ့ရာ ၂၀၁၀ ပြည့်နှစ်က ထက် ၆ ရာခိုင်နှုန်း ပိုမိုခဲ့ပါတယ်။
