Background
မြဝတီကုန်သွယ်ရေးဇုန်၏ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်း ပို့ကုန်တန်ဖိုးအမေရိကန်ဒေါ်လာ ၃ ဒသမ ၁၆၉ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၁၉၀ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၃၅၉ သန်းဖြစ်ကာ အနီးစပ်ဆုံးကာလနှင့်နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၄၇ သန်းလျော့နည်းပြီး သွင်းကုန်တန်ဖိုး အမေ ရိကန်ဒေါ်လာ သုည ဒသမ ၉၇၈ သန်းပိုမိုခဲ့ သဖြင့် ကုန်သွယ်မှုပမာဏမှာ တန်ဖိုးအမေရိကန် ဒေါ်လာ ၁ ဒသမ ၄၆၉ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရခိုင်ပြည်နယ်ရှိ စစ်တွေနယ်စပ် ကုန် သွယ်ရေးစခန်းမှသာ တင်ပို့ရမည့် ရေထွက်ပစ္စည်း၊ လယ်ယာထွက် ကုန်နှင့် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းအချို့ကို သတ်မှတ်လိုက်ကြောင်း စက်တင်ဘာ ၁ရက်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန လက်အောက်ရှိ ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပြန်သည့် ပို့ကုန်၊ သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ (၁၅/၂၀၂၃)အရ သိရ သည်။
မြဝတီကုန်သွယ်ရေးဇုန်၏ သြဂုတ် ၁ ရက်မှ ၃၁ ရက်ထိ ကာလ အတွင်း ပို့ကုန်တန်ဖိုးအမေရိကန်ဒေါ်လာ ၁၅ ဒသမ ၂၁၉ သန်း၊ သွင်း ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၄၀ ဒသမ ဝ၂၃ သန်းဖြစ်၍ ကုန် သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၅၅ ဒသမ ၂၄၂ သန်း ဖြစ်ပြီး ကုန်သွယ်မှုလျာထားချက်အပေါ် ၃၉ ဒသမ ၄၅၉ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့သည်။ ကာလတူဖြစ်သော ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဇူလိုင်လ လုပ်ငန်း ဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန် အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၃၆၃ သန်းနှင့် သွင်းကုန် အမေရိကန်ဒေါ်လာ ၈၁ ဒသမ ၇၃၃ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။ ပို့ကုန်ပိုင်းတွင် လျော့နည်းရခြင်းမှာ သြဂုတ် ၇ ရက်မှစ၍ သြဂုတ်လ နောက်ဆုံးပတ်ထိ
ကချင်ပြည်နယ်အတွင်း စိုက်ပျိုးရေးလုပ် ငန်းသုံးခုအတွက် တရုတ်-မြန်မာဖက်စပ်ကုမ္ပဏီ နှစ်ခုကို ရင်းနှီးမြှုပ်နှံခွင့်ပြုထားကြောင်း ကချင် ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရသည်။
မက္ကဒေးမီးယား၊ ပင်မှည့်၊ ရော်ဘာစိုက်ပျိုး ရေးလုပ်ငန်းများအတွက် Sanyaung Myanmar Investment ကုမ္ပဏီနှင့်Sin Xin Myanmar Myit-kyina ကုမ္ပဏီတို့ကို ယခု သြဂုတ်လဆန်းပိုင်းမှစ၍ ရင်းနှီးမြှုပ်နှံခွင့်ပေးခဲ့ထားပြီး စီမံကိန်းအား မည် သည့်အချိန်တွင် အကောင်အထည်ဖော်မည်ကို မသိရသေးကြောင်း သိရသည်။
မြဝတီကုန်သွယ်ရေးဇုန်သည် သြဂုတ် ၁၂ ရက်မှ ၁၈ ရက်အထိ ကာလအတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၆၅၁ သန်း၊ သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၂၄ သန်းဖြစ်၍ ကုန်သွယ် မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၇၅ သန်းဖြစ်ပြီး ယခင် တစ်ပတ် လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၃ ဒသမ ၉၅၁ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၆ ဒသမ ၈၉၈ သန်း လျော့နည်းခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၈၄၉ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။
မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်သည် သြဂုတ် ၁၂ ရက်မှ ၁၈ ရက်ထိ ကာလအတွင်း ပို့ကုန်တန်ဖိုး အမေရိကန် ေ ဒါ်လာ ၇ ဒသမ ၈၅၇ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၉ ဒသမ ၁၃၈ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၉၉၅ သန်းဖြစ်ပြီး ယခင်ပတ် လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေ ရိကန်ဒေါ်လာ သုည ဒသမ ၇၂၁ သန်း၊ သွင်းကုန် တန်ဖိုး အမေရိ ကန်ဒေါ် လာ ၃ ဒသမ၄၃၂ သန်း ပိုမိုခဲ့သောကြောင့် ကုန် သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၅၃ သန်း ပိုမိုခဲ့ကြောင်း သိရသည်။
တာချီလိတ်ကုန်သွယ်ရေးစခန်းသည် သြဂုတ် ၁၂ ရက် မှ ၁၈ ရက်ထိ ကာလအတွင်း ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ သုည ဒသမ ၈၇၉ သန်း၊ သွင်းကုန်တန်ဖိုး အမေ ရိကန် ဒေါ်လာ ၁ ဒသမ ၁၅၀ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏ မှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ဝ၂၉ သန်းဖြစ်ပြီး ယခင်တစ်ပတ်လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၁၂၂ သန်း၊ သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ၂၇၆ သန်း ပိုမိုတင် သွင်းခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၃၉၈ သန်း ပိုမိုခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပြောင်းဆန်များကို ထိုင်း နိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့လျက်ရှိရာ တရုတ် နိုင်ငံသို့ပါ ပင်လယ်ရြေေကောင်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှတစ်ဆင့် တင်ပို့ရန် တရုတ်ကုန်သည်များ နှင့် မြန်မာကုန်သည်များ ဈေးနှုန်းညှိနှိုင်းဆောင်ရွက်မှုများ လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ သိရသည်။
မြန်မာ့ပင်ရင်းထုတ်ကုန်များ အကောက်ခွန် သက်သာစေရန်အတွက် အတည်ပြုပို့ကုန် တင်ပို့ သူအဖြစ် လျှောက်ထားနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ် ရေးဦးစီးဌာနမှ သိရသည်။
ပို့ကုန်လုပ်ငန်းရှင်များသည် မြန်မာ့ပင်ရင်း ထုတ်ကုန် အကောက်ခွန်သက်သာစေရန် CO Form RCEP ကို ၂၀၂၃ ခုနှစ် သြဂုတ် ၁ ရက်မှ စတင်ကာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအောက်ရှိ သက်ဆိုင်ရာ ပို့ကုန်/သွင်းကုန်များနှင့် ကုန်သွယ် ရေးစခန်းများတွင် လျှောက်ထားနိုင်ကြောင်း သိရ သည်။
မြန်မာ့ပြောင်းများကို ပြည်ပသို့ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် တန်ချိန် ၁၄၀ဝ၀ဝ ကျော် တင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
မေလ ၁ ရက်မှ ၃၁ ရက်အထိ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှပြောင်းတန်ချိန် ၁၄၂၆၃၀ ကျော်နှင့် မြန်မာ-တရုတ် နယ်စပ် ကုန် သွယ်မှုလမ်းကြောင်းမှပြောင်းတန်ချိန် ၁၁၅၆တန်၊ စုစုပေါင်း ပြောင်းတန်ချိန် ၁၄၃၇၈၈ တန် တင်ပို့ ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄၄ ဒသမ ၆၉၆ သန်း ရရှိခဲ့ခြင်းဖြစ်သည်။