Main menu

Background

Friday, 29 Jan 2010

      စစ်ကိုင်းတိုင်းမှာ မြေထောက်ပဲကို ကသာခရိုင်မှာ ဧက ၃ သောင်းကျော်၊ မော်လိုက်ခရိုင်မှာ ဧက ၆ ထောင်ကျော်၊ ကလေးခရိုင်မှာ ဧက ၃ ထောင်ကျော်၊ ခန္တီးခရိုင်မှာ ဧက ၇ ထောင်ကျော် စုစုပေါင်း ဧက ၅၄၇ဝဝ ကျော်စိုက်ပျိုးနိုင်ခဲ့ပြီး ဒီလအတွင်းပဲသစ်များ စတင် ထွက်ပေါ်စပြုနေပြီဖြစ်ပါတယ်။    ချင်းတွင်းမြစ်ဝှမ်း ကျွန်းမြေထောက်ပဲများ ဈေးကွက်လက်လှမ်း မှီရာ မုံရွာကုန်စည်ဒိုင် ပဲဈေးကွက်ကို တစ်ပတ်ကို အိတ်ရေ ၁၅ဝဝ မှ ၂ဝဝဝ ခန့် စတင်ဝင်ရောက်လို့လာပြီဖြစ်ပါတယ်။     ပဲအရည်အသွေးမှာ ယခင်နှစ်ထက်သာပြီး ဈေးနှုန်းမှာ တစ်တင်းကို ၁၄၅ဝဝ ကျပ်မှ ၁၅ဝဝဝ ကျပ်ထိရှိကာ ဝင်ရောက်ကာလမှာ ယခင်နှစ်ထက် တစ်လခန့်စောကြောင်း သိရပါတယ်။

Friday, 29 Jan 2010

      ယခုတစ်ပတ်အတွင်း ပခုက္ကူ ပဲစင်းငုံနီဈေးက တစ်တင်းကို ၂၈ဝဝဝ ကျပ်ပတ်ဝန်းကျင်မှာဘဲ တက်နဲနဲ၊ ကျနဲနဲနဲ့သွားနေခဲ့ပါတယ်။ အဝင်လည်းများလာသလို ဒိုင်မှာအရောင်းအဝယ်ဖြစ်မှုလည်းတိုးလာပါတယ်။ အနယ်နယ်အရပ်ရပ်တောင်သူအများစုကို မေးကြည့် တော့ ဒီနှစ်ပဲစင်းငုံအထွက် နှစ်တိုင်းနဲ့ယှဉ်ရင် တော်တော်နည်းတယ်လို့သိရပါတယ်။ ကုလားပဲဖြူလုံးကြီးလည်း အသစ်စဝင်လာပါပြီ၊ ၁၉ဝဝဝ ကျပ်ဈေးဖြစ်ပြီး လှောင်လက်   V2 အဟောင်းက ၁၈၉ဝဝ ကျပ်ဈေးရှိပါတယ်။

Friday, 29 Jan 2010

      ငွေကြေးဖောင်းပွမှု မြင့်တက်ချိန်မှာ ကုလားပဲဟာ အိန္ဒိယအစိုးရရဲ့ စောင့်ကြည့်အကဲခတ်ရမယ့် ကုန်စည်ဖြစ်လာခဲ့ပါတယ်။ ဈေးနှုန်း မြင့်တက်မှုကို ထိန်းချုပ်နိုင်ဖို့ ပဲသိုလှောင်မှုကန့်သတ်ခြင်းအပါအဝင် ကုလားပဲအပေါ်ထိန်းချုပ်မှုများ ဆောင်ရွက်ခဲ့တာကြောင့် လက်ရှိ ပြည်တွင်းမှာ ကုလားပဲအလံျှပယ်ဖြစ်နေပါတယ်။ ဒါကြောင့် အိန္ဒိယကုလားပဲ တောင်သူများအသင်း လက်အောက်မှာရှိတဲ့ တောင်သူ များဟာ အစိုးရက တောင်သူတွေဆီက ကုလားပဲအနည်းဆုံး တန်ချိန်နှစ်သန်း ဝယ်ယူပေးဖို့တောင်းဆိုခဲ့ပါတယ်။

Friday, 29 Jan 2010

    ဂျပန်နိုင်ငံအခြေစိုက် ဆာတာကေး ကော်ပိုရေးရှင်းမှ ဝယ်ယူထားသော မြန်မာနိုင်ငံဆန်စက်များ ခေတ်မီဖွံ့ဖြိုးရေးအတွက် စက်ယူနစ် များတပ်ဆင်ပေးရန်ရောက်ရှိနေတဲ့ ပညာရှင် ၃ ဦးဟာ မြန်မာနိုင်ငံဆန်စပ်လုပ်ငန်းရှင်များအသင်းကို ဇန်နဝါရီလ ၂၂ ရက်နေ့က လာရောက်ပြီး ခေတ်မီဆန်ယူနစ်သစ်များ ထပ်မံရောင်းချပေးမယ့် အစီအစဉ်များကို တာဝန်ရှိသူများနဲ့ လာရောက်ဆွေးနွေးခဲ့ကြောင်း သိရှိရပါတယ်။

Friday, 29 Jan 2010

ဆန်စပါးလုပ်ငန်းကို အခြေခံမှစ၍ စနစ်တကျလုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ မြို့နယ်အဆင့် မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းခွဲများကို ၂ဝ.၁.၂ဝ၁ဝ နေ့က ဧရာဝတီတိုင်း၊ ကုံျပျော်မြို့နယ်နဲ့ ဓနုဖြူမြို့နယ်မှာလည်းကောင်း၊ ၂၁.၁.၂ဝ၁ဝ နေ့က မအူပင်မြို့နယ် ပန်းတနော် မြို့နယ်၊ ညောင်တုန်းမြို့နယ်၊ ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်တို့မှာလည်းကောင်း အောင်မြင်စွာဖွဲ့စည်းပြီးဖြစ်တယ်လို့ သတင်းရရှိပါ တယ်။

Saturday, 23 Jan 2010

       အိန္ဒိယနိုင်ငံပိုင်အေဂျင်စီဖြစ်တဲ့ Nafed ဟာ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ အရှေ့ဘက်ကမ်းခြေကို အရောက်ပို့ရမယ့် ကနေဒါ ပဲဝါလေး တန်ချိန် ၂၅ဝဝဝ တင်သွင်းဖို့ တင်ဒါကို ဇန်နဝါရီလ ၁၁ ရက်နေ့ ၎င်းရဲ့ ဝက်ဘ်ဆိုဒ်မှာခေါ်ယူထားပါတယ်။ ဒါ့အပြင် နောက်ထပ်တင်ဒါအနေနဲ့ မတ်ပဲ၊ ပဲတီစိမ်းနဲ့ ပဲစင်းငုံတန်ချိန် ၅ဝဝဝ စီ ဒါမှမဟုတ်၊

Saturday, 23 Jan 2010

       ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလအစပိုင်း အမေရိကန်နိုင်ငံရဲ့ ပဲမိုျးစုံလက်ကျန်သိုလှောင်မှုဟာ ၂ဝဝ၈ ခုနှစ် ကာလတူထက် သိသိ သာသာ မြင့်တက်ခဲ့တယ်လို့ အမေရိကန်စိုက်ပိုျးရေးဌာနက တင်ပြထားပါတယ်။ ၂ဝဝ၈ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့နဲ့ ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ လက်ကျန်ပဲအခြေအနေကိုနှိုင်းယှဉ်ရာမှာ

Saturday, 23 Jan 2010

       အိန္ဒိယပြည်တွင်း လက်ကားဈေးကွက်တွေမှာ လှောင်လက်တွေက ပဲတွေထုတ်ရောင်းလာတာကြောင့် ဇန်နဝါရီလ ၁၃ ရက် နေ့မှာ အချို့ပဲဈေးနှုန်း ၂ ဒသမ ၁ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ပါတယ်။ ဈေးကွက်တွေမှာ သိုလှောင်လက်ကျန်တိုးလာတာအပြင် အရောင်းအဝယ်နည်းပါးခြင်းက ဈေးနှုန်းကို ပိုမိုကျဆင်းစေတာဖြစ်ပါတယ်။     မတ်ပဲဈေးနှုန်းဟာ တစ်တန်ကို ၂ ဒသမ ၁ ရာခိုင်နှုန်းနီးပါး၊ ရူပီး ၅ဝဝ

Saturday, 23 Jan 2010

       ကနေဒါပဲမိုျးစုံ စိုက်ပျိုးထုတ်လုပ်သူများအနေနဲ့ ပဲထုတ်လုပ်မှုအရှိန်ရနေပြီဖြစ်ပေမဲ့ အာရှဈေးကွက်အတွင်း အခွင့်အလမ်းတွေ တိုးတက်ရရှိဖို့ ဆောင်ရွက်ဖို့လိုအပ်လာပြီလို့ Sasketchewan Pulse Growers (SPG) မှ အမေရိကန်စိုက်ပျိုးရေးပညာ ရှင် Bruce Scher  မှ ဇန်နဝါရီလ ၁၂ ရက်နေ့က ပြောကြားပါတယ်။ တရုတ်နိုင်ငံနဲ့ အိန္ဒိယလိုနိုင်ငံတွေကို ပဲလုံး၊ ကုလားပဲဖြူ လုံးကြီး၊ ပဲနီလေးအပါအဝင် ပဲမျိုးစုံတင်ပို့ခြင်း့နဲ့ တန်ဖိုးမြင့်ထုတ်ကုန် အမြောက်အမြား တင်ပို့တဲ့ အခွင့်အလမ်းတွေ ရှိနေတာ ကြောင့် ဒီအခွင့်အလမ်းကို လက်ကိုင်ထားသင့်တယ်လို့လဲ ၎င်းကဆိုပါတယ်။

Pages