Main menu

Background

ကုန်သွယ်ရေးသတင်း

ပြည်ပနိုင်ငံများသို့ ရော်ဘာတန်ချိန် ၂၈၀ဝ၀ဝ ခန့် တင်ပို့ထား

Mon, 04/20/2026 - 12:40 -- journal_editor

မြန်မာ့ရော်ဘာများကို ပြည်ပတင်ပို့ရာ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း တန်ချိန် ၂၈၀ဝ၀ဝခန့် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၄၀ဝခန့် ဝင်ငွေရရှိ ခဲ့ကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။ ယင်းသို့ တင်ပို့ထားသော ရော်ဘာများ အနက် ၇၅ ရာခိုင်နှုန်းခန့်ကို တရုတ်နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်ပြီး ကျန်ရှိသော ပမာဏများကို မလေးရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဗီယက်နမ်နှင့်  တောင်ကိုရီးယားနိုင်ငံများသို့လည်း  တင်ပို့ခဲ့ကြောင်း သိရသည်။

မတ်ပဲနှင့် ပဲစင်းငုံ လွတ်လပ်စွာ တင်ပို့ခွင့် တစ်နှစ်သက်တမ်းတိုးမြှင့်

Mon, 04/20/2026 - 12:39 -- journal_editor

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ အစိုးရတို့အကြား ညှိနှိုင်း ဆောင်ရွက်ခဲ့မှုအရ အိန္ဒိယအစိုးရသည် မတ်ပဲနှင့် ပဲစင်းငုံ တို့ကို လွတ်လပ်စွာ တင်သွင်းခွင့်အား ၂၀၂၇ ခုနှစ် မတ် ၃၁ ရက်နေ့အထိ သက်တမ်းတိုးမြှင့်လိုက်ကြောင်း အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ၂၀၂၆ ခုနှစ် မတ် ၃၁ ရက်တွင်  အမိန့်ကြေညာစာများ  ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ယင်းသို့ တိုးမြှင့်လိုက်သည့် အိန္ဒိယ၏ ပဲတင်သွင်းခွင့် မူဝါဒသည် မြန်မာနိုင်ငံမှ ပဲမျိုးစုံ  စိုက်ပျိုးသူများအတွက် အကျိုးရှိစေမည်ဖြစ်ကြောင်း အိန္ဒိယသံရုံးမှ ထုတ်ပြန်ထား သည်။

၁၁ လတာ ကာလအတွင်း ပြည်ပသို့ ပျားရည် တန်ချိန် ၉၈၆ ဒသမ ၂၃ မက်ထရစ်တန် တင်ပို့နိုင်ခဲ့

Mon, 04/20/2026 - 12:38 -- journal_editor

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၏ ဧပြီလမှ ဖေဖော်ဝါရီလ ကုန်အထိ ၁၁ လတာကာလအတွင်း  ပြည်ပသို့ ပျားရည် မက်ထရစ်တန်ချိန် ၉၈၆ ဒသမ ၂၃ ကျော်ခန့် တင်ပို့နိုင်ခဲ့ပြီး အဆိုပါတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၇၉ သန်း ရရှိခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားမွေးမြူ ရေးဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။  မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ပျားရည်တန်ချိန် ၇၀ဝ၀ ထွက်ရှိပြီး ပြည်ပတင်ပို့မှုအနေဖြင့်  နှစ်စဉ် ပျမ်းမျှတန်ချိန် ၂၆၀ဝ ရှိကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) အမေရိကန်ဒေါ်လာသန်း ၄၀ဝ နီးပါး ဝင်ရောက်ထား

Wed, 03/04/2026 - 13:02 -- journal_editor

၂၀၂၅ – ၂၀၂၆ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု (FDI)တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၄၀ဝ နီးပါး ဝင်ရောက်ထားပြီး ကုန်ထုတ်လုပ်မှုကဏ္ဍ၌ အများဆုံး ဝင် ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြား မှုဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။
ယင်းကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၆၇ ခု ဝင်ရောက်ထားပြီး ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၉၈ ဒသမ ၃၅၇ သန်း ဝင်ရောက်ထားကြောင်း သိရသည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုသည့် ကျိုင်းလပ်ကုန်သွယ်ရေးစခန်း

Tue, 03/03/2026 - 12:39 -- journal_editor

မဲခေါင်-လန်ချန်း   ပူးပေါင်းဆောင်ရွက်မှုကို ဒေသတွင်း ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးတို့ကို ဖော်ဆောင်သွားရန်၊ ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်များ ကို လျှော့ချရန်နှင့်  ဒေသတွင်းနိုင်ငံများ၏ အလုံးစုံ ပါဝင်သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေး ကြိုးပမ်းမှုများကို အထောက်အကူပြုရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ 

အလုပ်အကိုင်အခွင့်အလမ်း ၃၃၀ဝ ကျော်ကို ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၂၀ အား ခွင့်ပြု

Tue, 02/03/2026 - 11:20 -- journal_editor

အလုပ်အကိုင်အခွင့်အလမ်း ၃၃၀ဝ ကျော်ကို ဖန်တီး ပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၂၀ ခုအား ခွင့်ပြုပေး ခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။ 
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁/၂၀၂၆)အစည်းအဝေးကို ဇန်နဝါရီ ၂၆ ရက် မွန်းလွဲပိုင်းတွင်   နေပြည် တော်ရှိ  ရုံးအမှတ်(၅)အစည်းအဝေးခန်းမ တွင် ကျင်းပရာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးမြထွန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက် ခဲ့သည်။ 

ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပျားရည် မက်ထရစ်တန် ၈၀ဝ ကျော် တင်ပို့နိုင်ခဲ့

Sat, 01/10/2026 - 12:22 -- journal_editor

ယခုဘဏ္ဍာနှစ် ဧပြီလမှ နိုဝင်ဘာလရှစ်လတာ ကာလအတွင်း ပြည်ပနိုင်ငံများသို့ ပျားရည်မက်ထရစ်တန် ၈၀ဝ ကျော် တင်ပို့နိုင်ခဲ့ပြီး အများစုကို ပုံမှန်ကုန်သွယ်ရေးဖြစ်သည့် ပင်လယ်ရေကြောင်းမှ တင်ပို့ နိုင်ခဲ့ကြောင်း သိရသည်။
ပျားရည်ကို ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းမှ ၈၃၆ ဒသမ ၉၅ တန်၊ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ ၁ ဒသမ ၂၉ တန် တင်ပို့ခဲ့ပြီး ရှစ်လတာကာလအတွင်း ပျားရည်စုစုပေါင်း မက်ထရစ်တန် ၈၃၈ ဒသမ ၂၄ တန် တင်ပို့နိုင်ခဲ့ကာ အမေရိကန်ဒေါ်လာ ၁ဒသမ ၂၅၇ သန်း ရရှိခဲ့ ကြောင်း သိရသည်။

ပုသိမ်မြို့ပေါ်တွင် အရောင်းအဝယ်ဖြစ်နေသော ပြည်ပပို့ကုန် ဆံပင်ဈေးကွက်

Sat, 01/10/2026 - 12:13 -- journal_editor

ဧရာဝတီတိုင်းဒေသကြီး၏ ပြည်ပပို့ကုန်များ တွင် ပါဝင်သည့် ဆံပင်ဈေးကွက်မှာ တွင်ကျယ်လျက် ရှိသည်။ ပုသိမ်မြို့ပေါ်တွင် အဝယ်ဒိုင်များဖွင့်လှစ်၍ ဆံပင်ကုန်ကြမ်းများ  ဝယ်ယူကာ ပြည်ပနိုင်ငံများသို့ တစ်ဆင့်  ပြန်လည်ရောင်းချလျက်ရှိကြောင်း သိရ သည်၊
ဆံပင်အဝယ်ဒိုင်မှ ၁၂-၁၄လက်မ၊ ၁၅-၁၈ လက်မ၊ ၁၉-၂၀လက်မ၊ ၂၅-၂၈လက်မနှင့်  ၃၀ လက်မ အထက် ဆံပင်အတို-အရှည်  အမျိုးအစား ခွဲခြား၍ ဝယ်ယူလျက်ရှိပြီး ဈေးနှုန်းကွာခြားမှုရှိကြောင်း၊ ဆံပင်ဈေးနှုန်းမှာ တစ်ကျပ်သားလျှင် အနိမ့်ဆုံးကျပ် ၃၀ဝ၀-၄၀ဝ၀ မှ အမြင့်ဈေးနှုန်း ကျပ် ၄၀ဝ၀ဝ-၅၀ဝ၀ဝ ဈေးအတွင်း အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်၊

ခုနစ်လတာကာလအတွင်း ပြည်ပသို့ ငါးမက်ထရစ်တန် ၁၆၀ဝ၀ဝ ကျော်တင်ပို့

Thu, 12/04/2025 - 10:38 -- journal_editor

ပြည်ပနိုင်ငံများသို့ ရေထွက်ကုန် ပစ္စည်းများ တင်ပို့လျက်ရှိရာမှာ ယခု ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၃၁ ရက်အထိ  ခုနစ်လတာကာလ အတွင်း ငါးမက်ထရစ်တန် ၁၆၀ဝ၀ဝ ကျော် တင်ပို့ထားပြီးဖြစ်ကြောင်း ငါး လုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ 
ယခုဘဏ္ဍာနှစ်အတွင်း  ပုံမှန် ကုန်သွယ်မှု ပင်လယ်ရေကြောင်းမှ ငါး မက်ထရစ်တန်  ၈၅၇၅၆ ဒသမ ၉၁ တင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ ၁၃၁ ဒသမ ၈၄၆ သန်း၊ နယ်စပ်ကုန်သွယ်ရေး မှ ငါးမက်ထရစ်တန် ၇၉၃၅၂ ဒသမ ၄၇၇ တန်တင်ပို့ခဲ့ကာ   အမေရိကန် ဒေါ်လာ ၆၉ ဒသမ ၂၅၁ သန်း  ရရှိခဲ့ ခြင်းဖြစ်သည်။

မြန်မာ့ဒူးရင်းသီး တရုတ်ဈေးကွက်သို့ GACC နည်းလမ်းဖြင့် တရားဝင်တင်ပို့နိုင်ရေး စီစဉ်

Thu, 12/04/2025 - 10:36 -- journal_editor

ပြည်တွင်းမှ ထွက်ရှိသည့် ဒူးရင်းသီးများကို တရုတ်ဈေးကွက်သို့ တရားဝင် GACC နည်းလမ်းဖြင့်  တင်ပို့နိုင်ရေးအတွက် မြန်မာနိုင်ငံ ဒူးရင်းသီး စိုက်ပျိုးထုတ်လုပ်  တင်ပို့ရောင်းချသူများအသင်းနှင့် စိုက်ပျိုး ရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 
ဒူးရင်းသီးအား တရုတ်ဈေးကွက်သို့ တင်ပို့နိုင်ရေးအတွက် လိုအပ် သည့်  အထောက်အထားGeneral Administration of Customs of China(GACC)) ရရှိရန် လိုအပ်လျက်ရှိကြောင်း သိရ သည်။

Pages

Subscribe to RSS - ကုန်သွယ်ရေးသတင်း