Main menu

Background

ကုန်သွယ်ရေးသတင်း

ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပျားရည် မက်ထရစ်တန် ၈၀ဝ ကျော် တင်ပို့နိုင်ခဲ့

Sat, 01/10/2026 - 12:22 -- journal_editor

ယခုဘဏ္ဍာနှစ် ဧပြီလမှ နိုဝင်ဘာလရှစ်လတာ ကာလအတွင်း ပြည်ပနိုင်ငံများသို့ ပျားရည်မက်ထရစ်တန် ၈၀ဝ ကျော် တင်ပို့နိုင်ခဲ့ပြီး အများစုကို ပုံမှန်ကုန်သွယ်ရေးဖြစ်သည့် ပင်လယ်ရေကြောင်းမှ တင်ပို့ နိုင်ခဲ့ကြောင်း သိရသည်။
ပျားရည်ကို ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းမှ ၈၃၆ ဒသမ ၉၅ တန်၊ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ ၁ ဒသမ ၂၉ တန် တင်ပို့ခဲ့ပြီး ရှစ်လတာကာလအတွင်း ပျားရည်စုစုပေါင်း မက်ထရစ်တန် ၈၃၈ ဒသမ ၂၄ တန် တင်ပို့နိုင်ခဲ့ကာ အမေရိကန်ဒေါ်လာ ၁ဒသမ ၂၅၇ သန်း ရရှိခဲ့ ကြောင်း သိရသည်။

ပုသိမ်မြို့ပေါ်တွင် အရောင်းအဝယ်ဖြစ်နေသော ပြည်ပပို့ကုန် ဆံပင်ဈေးကွက်

Sat, 01/10/2026 - 12:13 -- journal_editor

ဧရာဝတီတိုင်းဒေသကြီး၏ ပြည်ပပို့ကုန်များ တွင် ပါဝင်သည့် ဆံပင်ဈေးကွက်မှာ တွင်ကျယ်လျက် ရှိသည်။ ပုသိမ်မြို့ပေါ်တွင် အဝယ်ဒိုင်များဖွင့်လှစ်၍ ဆံပင်ကုန်ကြမ်းများ  ဝယ်ယူကာ ပြည်ပနိုင်ငံများသို့ တစ်ဆင့်  ပြန်လည်ရောင်းချလျက်ရှိကြောင်း သိရ သည်၊
ဆံပင်အဝယ်ဒိုင်မှ ၁၂-၁၄လက်မ၊ ၁၅-၁၈ လက်မ၊ ၁၉-၂၀လက်မ၊ ၂၅-၂၈လက်မနှင့်  ၃၀ လက်မ အထက် ဆံပင်အတို-အရှည်  အမျိုးအစား ခွဲခြား၍ ဝယ်ယူလျက်ရှိပြီး ဈေးနှုန်းကွာခြားမှုရှိကြောင်း၊ ဆံပင်ဈေးနှုန်းမှာ တစ်ကျပ်သားလျှင် အနိမ့်ဆုံးကျပ် ၃၀ဝ၀-၄၀ဝ၀ မှ အမြင့်ဈေးနှုန်း ကျပ် ၄၀ဝ၀ဝ-၅၀ဝ၀ဝ ဈေးအတွင်း အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်၊

ခုနစ်လတာကာလအတွင်း ပြည်ပသို့ ငါးမက်ထရစ်တန် ၁၆၀ဝ၀ဝ ကျော်တင်ပို့

Thu, 12/04/2025 - 10:38 -- journal_editor

ပြည်ပနိုင်ငံများသို့ ရေထွက်ကုန် ပစ္စည်းများ တင်ပို့လျက်ရှိရာမှာ ယခု ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၃၁ ရက်အထိ  ခုနစ်လတာကာလ အတွင်း ငါးမက်ထရစ်တန် ၁၆၀ဝ၀ဝ ကျော် တင်ပို့ထားပြီးဖြစ်ကြောင်း ငါး လုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ 
ယခုဘဏ္ဍာနှစ်အတွင်း  ပုံမှန် ကုန်သွယ်မှု ပင်လယ်ရေကြောင်းမှ ငါး မက်ထရစ်တန်  ၈၅၇၅၆ ဒသမ ၉၁ တင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ ၁၃၁ ဒသမ ၈၄၆ သန်း၊ နယ်စပ်ကုန်သွယ်ရေး မှ ငါးမက်ထရစ်တန် ၇၉၃၅၂ ဒသမ ၄၇၇ တန်တင်ပို့ခဲ့ကာ   အမေရိကန် ဒေါ်လာ ၆၉ ဒသမ ၂၅၁ သန်း  ရရှိခဲ့ ခြင်းဖြစ်သည်။

မြန်မာ့ဒူးရင်းသီး တရုတ်ဈေးကွက်သို့ GACC နည်းလမ်းဖြင့် တရားဝင်တင်ပို့နိုင်ရေး စီစဉ်

Thu, 12/04/2025 - 10:36 -- journal_editor

ပြည်တွင်းမှ ထွက်ရှိသည့် ဒူးရင်းသီးများကို တရုတ်ဈေးကွက်သို့ တရားဝင် GACC နည်းလမ်းဖြင့်  တင်ပို့နိုင်ရေးအတွက် မြန်မာနိုင်ငံ ဒူးရင်းသီး စိုက်ပျိုးထုတ်လုပ်  တင်ပို့ရောင်းချသူများအသင်းနှင့် စိုက်ပျိုး ရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 
ဒူးရင်းသီးအား တရုတ်ဈေးကွက်သို့ တင်ပို့နိုင်ရေးအတွက် လိုအပ် သည့်  အထောက်အထားGeneral Administration of Customs of China(GACC)) ရရှိရန် လိုအပ်လျက်ရှိကြောင်း သိရ သည်။

ယခုနှစ်အတွင်း ထောပတ်သီး တန်ချိန် ၅၀ဝ၀ ခန့် တင်ပို့ရန်လျာထား

Mon, 12/01/2025 - 13:43 -- journal_editor

ယခုနှစ် ထောပတ်သီးရာသီတွင် ပြည်ပနိုင်ငံများဖြစ် သည့် ထိုင်း၊ တရုတ်နှင့် အိန္ဒိယဈေးကွက်များထံသို့  ထောပတ် သီးတန်ချိန် ၅၀ဝ၀ ခန့် တင်ပို့နိုင်ရေး လျာထားလျက်ရှိကြောင်း မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချ သူများအသင်း (MAVO)မှ  သိရသည်။
ပြည်တွင်းမှထွက်ရှိသည့် ထောပတ်သီးများကို  တရုတ် ပြည်သူ့သမ္မတနိုင်ငံ  အကောက်ခွန်  အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC)၏ သတ်မှတ်ချက်များနှင့်အညီ ပင်လယ်ရေကြောင်းမှ တရားဝင်တင်ပို့နိုင်ရေး ပြင်ဆင်လျက် ရှိပြီး လာမည့်၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် တရုတ်နိုင်ငံဘက် က  လိုအပ်သည်များ လာရောက်စစ်ဆေးရန်ရှိနေကြောင်း သိရသည်။ 

ယခုဘဏ္ဍာနှစ်တွင်း ပြည်ပနိုင်ငံများသို့ အထည်ချုပ်တင်ပို့မှု မြင့်တက်လာ

Mon, 12/01/2025 - 13:41 -- journal_editor

ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ခြောက်လတာကာလ အတွင်း ပြည်ပနိုင်ငံများသို့ အထည်ချုပ်တင်ပို့မှု မြင့်တက် လာကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) မှ သိရသည်။ 

သရက်သီးအနှစ်များ ပြည်ပဈေးကွက်သို့ ဦးစားပေး တင်ပို့ရန် စီစဉ်

Mon, 12/01/2025 - 13:40 -- journal_editor

ဈေးကောင်းရရှိလျက်ရှိသည့် သရက်သီး အနှစ်များကို ပြည်ပနိုင်ငံ များသို့ ဦးစားပေးတင်ပို့ရန် စီစဉ်လျက်ရှိကြောင်း မြန်မာ့သရက် ဈေးကွက် နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရသည်။ လက်ရှိတွင် သရက်သီးအလုံးထက် အနှစ်များ အေးခဲ၍ ပြည်ပဈေး ကွက်သို့ စမ်းသပ်တင်ပို့ခဲ့ရာတွင် ဈေးကောင်းရရှိသည့်အတွက် ပြည်ပဈေး ကွက်အသစ်ရှာဖွေကာ တင်ပို့သွားမည်ဖြစ်သည်။ပြည်ပဈေးကွက်တွင်  ဝယ်လိုအားရှိသည့် စိန်တစ်လုံး၊ မချစ်စုနှင့် ပတ္တမြားမောက် သရက်မျိုးများကို ရုရှားနှင့် စင်ကာပူနိုင်ငံ အပါအဝင် နိုင်ငံအချို့ကို အလုံးလိုက် နှစ်စဉ်တင်ပို့လျက်ရှိသည်။ပြီးခဲ့သည့် သရက်သီးရာသီတွင် လမ်းကြောင်း အခက်အခဲများကြောင့်  အနည်းင

ပခုက္ကူမြို့ ဘိလပ်‌မြေ၊ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး ဈေးနှုန်းများအခြေအနေ

Tue, 10/14/2025 - 14:24 -- journal_editor

ပခုက္ကူမြို့တွင် စက်တင်ဘာလဆန်းပိုင်းက  ကြံ့နှစ်ကောင် ဘိလပ်မြေ တစ်အိတ်လျှင် ကျပ် ၂၁၀ဝ၀၊ အယ်လ်ဖာဘိလပ်မြေ တစ်အိတ်လျှင် ကျပ်၂၁၀ဝ၀ ရှိခဲ့ပြီး ယခု စတုတ္ထပတ်တွင် အနည်း ငယ်တက်လာပြီး ကြံ့နှစ်ကောင် ဘိလပ်မြေတစ်အိတ်လျှင် ကျပ် ၂၁၅၀ဝ၊ အပါချီ ဘိလပ်မြေ တစ်အိတ်လျှင် ကျပ်၂၁၅၀ဝဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး   ဆိုင်များတွင် လက်ကျန် လုံ လောက်စွာရှိကြောင်း သိရသည်။ စက်တင်ဘာ စတုတ္ထပတ်တွင်  အသုံးများသော ဓာတ်မြေ သြဇာ ဈေးနှုန်းများမှာ ရွှေနဂါး ယူရီးယား တစ်အိတ်လျှင် ကျပ် ၁၁၀ဝ၀ဝ၊ တရုတ်တီစူပါ သံကွင်း 50kg ပါ တစ်အိတ်လျှင် ကျပ် ၁၆၅၀ဝ၀၊ မြန်မာသြဘာ ရွှေကောမက် (50)kg ပါ တစ်အိတ်လျှင် ကျပ် ၁၆၀ဝ၀ဝ၊ သြဘာ

မြိတ်မြို့ရှိ ရေထွက်ကုန်များ စုပေါင်းရောင်းချရာ ငါးလေလံဈေး

Wed, 09/03/2025 - 14:12 -- journal_editor

တနင်္သာရီတိုင်းဒေသကြီး    မြိတ်မြို့သည် ကမ်းရိုးတန်းဒေသဖြစ်ပြီး ပင်လယ်ဝန်းရံလျက်ရှိ သော ဒေသဖြစ်သည့်အတွက် ရေထွက်ကုန်များ ဖြင့် ကုန်သွယ်ရောင်းဝယ်လျက်ရှိသည်။ ပင်လယ် ကမ်းရိုးတန်းဖြစ်သည့်အတွက် ငါး၊ ပုစွန်၊ ကဏန်း များကို နေ့စဉ် ဖမ်းဆီးရမိလျက်ရှိသည်။ 
ထိုကဲ့သို့    ဖမ်းဆီးရမိသော ငါးများကို အအေးခန်း ကုမ္ပဏီများနှင့် ငါးလေလံဈေးတွင် ရောင်းချလျက်ရှိကြသည်။ ရေထွက်ကုန်များ ရောင်းချရာ ငါးလေလံဈေးမှာ အနယ်နယ် အရပ် ရပ်မှ လာရောက်ရောင်းချကြသော ငါးမျိုးစုံများဖြင့် စည်ကား လျက်ရှိသည်။ ငါးဗန်းများ ၊ ခြင်းများဖြင့် လာရောက်ရောင်းချကြပြီး ကီလို၊ ပိဿာနှင့် ခြင်း အလိုက်သာ ရောင်းဝယ်ကြသည်။ 

မြန်မာ့ထောပတ်သီး တရုတ်သို့ တင်ပို့ခွင့်ရရှိရန် ပိုးမွှားခြောက်မျိုး စစ်ဆေးမည်

Tue, 08/05/2025 - 13:36 -- journal_editor

မြန်မာ့ဒေသထွက် ထောပတ်သီးကို  တရုတ်နိုင်ငံသို့ လာမည့် အောက်တိုဘာလအတွင်း တင်ပို့ခွင့်ရရှိနိုင်ရန် ပိုးမွှား ခြောက်မျိုး စစ်ဆေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်း MAVO မှ သိရသည်။ 

Pages

Subscribe to RSS - ကုန်သွယ်ရေးသတင်း