ဒူးရင်းဈေးကွက်ချဲ့ထွင်ရေး မြန်မာ့ဒူးရင်းသီးပွဲတော်ကျင်းပရန် ပြင်ဆင်
ဒူးရင်းဈေးကွက်ချဲ့ထွင်နိုင်ရေးအတွက် မြန်မာ့ဒူးရင်းသီးပွဲတော်ကို ယခုလအတွင်း ရန်ကုန်မြို့၌ ကျင်းပနိုင်ရန် ပြင်ဆင်နေကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။
ယင်းပွဲတော်ကို မြန်မာ့ဒေသထွက် ဒူးရင်းသီးများကို ပြည်ပပို့ကုန်အဖြစ် တိုးမြှင့်နိုင်ရန်"မြန်မာ့ဒူးရင်း" အမည်ဖြင့် နိုင်ငံတကာဈေးကွက်တွင် ထိုးဖောက်နိုင်ရန်နှင့် ခေတ်မီစိုက်ပျိုးရေးနည်းပညာများ၊ ရိတ်သိမ်းပြီးနောက် ထိန်းသိမ်းခြင်းနည်းပညာများကို ဆွေးနွေးဖလှယ်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
