Main menu

Background

ကုန်သွယ်ရေးသတင်း

မေလအတွင်း ဆန်နှင့် ဆန်ကွဲတန်ချိန် တစ်သိန်းရှစ်သောင်းကျော် တင်ပို့

Mon, 06/03/2024 - 10:14 -- journal_editor

ဆန်
မေ ၁ရက်မှ ၂၄ ရက်အထိ ကာလအတွင်း ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန် ဒေါ်လာ ၆၉ ဒသမ ၇၀၆ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၂၁၀ဝ၀ ကျော် တင်ပို့ကြောင်း သိရသည်။ ဆန်တင်ပို့မှုများအနေဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၃၇၁၀ဝ ကျော်၊  အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၆၃၃၄၀ ကျော်၊ အာဖရိကနိုင်ငံများ ဆန်တန်ချိန် ၂၀၅၈၀ တင်ပို့သည်။ 

မက္ကဒေးမီးယား ကုန်ချောကို ရုရှားဝယ်ယူရန် ကမ်းလှမ်းထား

Tue, 05/07/2024 - 12:03 -- journal_editor

မြန်မာနိုင်ငံမှ ထွက်ရှိသည့် မက္ကဒေးမီးယား ကုန်ချောကို ရုရှားနိုင်ငံ မှဝယ်ယူရန် ကမ်းလှမ်းထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာနမှ သိရသည်။မက္ကဒေးမီးယား ကုန်ကြမ်းကို လက်ရှိတွင် တရုတ်နှင့် ထိုင်းနိုင်ငံသို့ အဓိကတင်ပို့လျက်ရှိပြီး လာမည့် ရာသီချိန်အတွက် အဆိုပါ ကုန်ချောကို ရုရှားနိုင်ငံမှ ဝယ်ယူရန် ကမ်းလှမ်းထားခြင်းဖြစ်သည်။ကုန်ချောအမျိုးအစားဖြစ်သည့် သော့သီးဈေးကွက်ကို ကမ်းလှမ်း ထားခြင်းဖြစ်ကာ ပင်လယ်ရေကြောင်းမှတစ်ဆင့် တင်ပို့နိုင်ရန် လျာထား ကြောင်း သိရသည်။အဆိုပါအသီးသည် ကင်ဆာကို ကာကွယ်နိုင်သောAntioxident  (ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ) အလုံအလောက် ပါဝင်ခြင်း၊

ဧပြီလအတွင်း ဓာတ်မြေသြဇာ၊ ဘိလပ်မြေ၊ နို့မှုန့်နှင့် ဆေးဝါးပစ္စည်းများ တင်သွင်းမှု အခြေအနေ

Tue, 05/07/2024 - 11:30 -- journal_editor

ဓာတ်မြေသြဇာ

ဆန်နှင့် ဆန်ကွဲတန်ချိန် ခြောက်သောင်းကျော် တင်ပို့

Tue, 05/07/2024 - 10:45 -- journal_editor

ဧပြီလ ၁ ရက်မှ ၂၆ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းကုန် သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၄၉၁ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၂၉၃၇၅ တန် တင်ပို့ခဲ့ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့မှုများမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ အင်ဒိုနီးရှား နိုင်ငံ၊ မလေးရှားနိုင်ငံနှင့် အီးယူနိုင်ငံများဖြစ်သည်။  ဆန်အပြင် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဆန်ကွဲကို တင်ပို့ခဲ့ရာ ဧပြီလအတွင်း အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၈၀၈ သန်းဖိုးရှိဆန်ကွဲ ၃၅၉၇၃ တန် တင်ပို့ခဲ့သည်။ ဆန်ကွဲကို ဗီယက်နမ်နိုင်ငံ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ စင်ကာပူနိုင်ငံ၊  အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်င

ဧပြီလအတွင်း ပဲတန်ချိန် တစ်သိန်းခြောက်သောင်းကျော်တင်ပို့

Mon, 05/06/2024 - 12:17 -- journal_editor

ဧပြီ ၁ ရက်မှ ၂၆ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ တန်ချိန် စုစု ပေါင်း ၁၆၁၉၇၀ ခန့်တင်ပို့ခဲ့ပြီး ပဲမျိုးစုံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၄၀ ဒသမ ဝ၁၆ သန်း ရရှိခဲ့သည်။
မတ်ပဲ
မတ်ပဲတင်ပို့မှုမှာ တန်ချိန် ၇၇၇၇၆တန် ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၇၄ ဒသမ ၅၆၇  သန်းဖိုးရရှိခဲ့သည်။ မတ်ပဲကို အိန္ဒိယနိုင်ငံသို့ အများဆုံးတင်ပို့ပြီး ပါကစ္စတန်၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ ဂျပန်နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုသို့ တင်ပို့ခဲ့ကြောင်း သိရှိရသည်။
ပဲတီစိမ်း

လာမည့် ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ရော်ဘာတန်ချိန် တိုးမြှင့်တင်ပို့မည်

Mon, 04/01/2024 - 11:17 -- journal_editor

လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ရော်ဘာတန်ချိန် တိုးမြှင့် တင်ပို့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။ အသင်းအနေဖြင့် ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်  ပြည်ပ သို့ ရော်ဘာ တန်ချိန် တစ်သိန်းခွဲကျော် တင်ပို့ထားပြီး လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တန်ချိန် သုံးသိန်းခွဲခန့်အထိ တိုးမြှင့်တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။  ပြည်ပနိုင်ငံများသို့ မြန်မာ့ရော်ဘာ တင်ပို့ရာတွင် ပုံမှန်ကုန်သွယ်မှုနှင့် နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းကတစ်ဆင့် တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။  မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းကထွက်ရှိသည့် ရော်ဘာများကို တရုတ်၊ စင်ကာပူ၊ အင်ဒိုနီး

ကော်ဖီတန်ချိန်၂၀ဝ၀ ခန့် ပြည်ပတင်ပို့နိုင်ရန် မျှော်မှန်းထား

Mon, 04/01/2024 - 11:15 -- journal_editor

ယခု ၂၀၂၄ ခုနှစ်အတွင်း ပြည်ပသို့ ကော်ဖီတန်ချိန် ၂၀ဝ၀ ခန့် တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်းမှ သိရသည်။ အဆိုပါ မျှော်မှန်းချက်အတိုင်း ဆောင်ရွက်နိုင်ရန် အတွက် အသင်းအနေဖြင့် လက်ရှိ၌ လိုအပ်သည့် ပြင်ဆင်မှု များကို လုပ်ဆောင်နေကြောင်း သိရသည်။  အခုက ကော်ဖီခူးဆွတ်တဲ့ ရာသီဆိုတော့ တော်တော် များများမှာလည်း ခူးပြီးနေပြီ။ ပုံမှန်ဆိုရင် ဧပြီ၊ မေ၊ ဇွန်လမှာ ပြည်ပကိုတင်ပို့ပါတယ်။ ပြည်ပဈေးကွက ် ရရှိထားတာက တော့ အာရေဗီးကားကော်ဖီပါ။ ရိုဘတ်စတာကော်ဖီ အမျိုး အစားကတော့ ပြည်တွင်းဈေးကွက်မှာ သုံးစွဲမှုများပါတယ် ဟု အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက မတ် ၂၇ ရက်တွင် ပြောသည်။ မြန်

မတ်လအတွင်း ပဲတန်ချိန် တစ်သိန်းငါးသောင်းကျော်တင်ပို့

Mon, 04/01/2024 - 10:41 -- journal_editor

ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ မတ်လ ၁ ရက်မှ ၂၂ ရက်ထိကာလအတွင်း မတ်ပဲ ၊  ပဲတီစိမ်း၊  ပဲစင်းငုံ တင်ပို့မှု များမှာ တန်ချိန်  ၁၅၆၇၀ဝ နှင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂၈ ဒသမ ၄၄၈  သန်းဖိုးဖြစ်သည်။
မတ်ပဲ

မတ်လအတွင်း ရော်ဘာနှင့် ပြောင်း တင်ပို့မှု အခြေအနေ

Mon, 04/01/2024 - 10:39 -- journal_editor

ရော်ဘာ
မတ်လ ၁ ရက်မှ ၂၂ ရက်ထိ ကာလအတွင်း ပုံမှန်ကုန် သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၆၇၂  သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၂၄၆၀ဝ  ကျော်တင်ပို့ခဲ့သည်။ တင်ပို့မှုများအနေဖြင့် တရုတ်နိုင်ငံသို့ တန်ချိန်၁၆၀၆၀ ကျော်၊ မလေးရှားနိုင်ငံသို့ တန်ချိန် ၅၀ဝ၀ ကျော်၊ ဗီယက်နမ်နိုင်ငံသို့ တန်ချိန် ၁၂၂၀ ကျော်၊ အင်ဒိုနီးရှားနိုင်ငံသို့  တန်ချိန် ၅၆၀၊ အိန္ဒိယနိုင်ငံသို့ တန်ချိန် ၉၈၇ တန်၊ ဂျပန်နိုင်ငံသို့  တန်ချိန် ၃၆၀၊ သိရိလင်္ကာနိုင်ငံသို တန်ချိန် ၂၀ဝကျော်၊ ကိုရီးယား နိုင်ငံသို့ တန်ချိန် ၁၀ဝ ကျော်နှင့် ထိုင်ဝမ်သို့လည်း တန်ချိန် ၁၀ဝ ကျော်တင်ပို့ခဲ့သည်။ 

ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ပဲတင်ပို့မှု တန်ချိန် ၃၉၀ဝ၀ ကျော်ရှိ

Mon, 03/04/2024 - 12:12 -- journal_editor

ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဖေဖော်ဝါရီလ၁၆ ရက်မှ ၂၃ ရက်အတွင်း မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစင်းငုံ တန်ချိန် ၃၉၃၇၀ ကျော် တင်ပို့ခဲ့သည်။
မတ်ပဲ
မတ်ပဲ တင်ပို့မှုမှာ တန်ဖိုးအမေရိကန်ဒေါ်လာ ၁၁ ဒသမ ၄၉၃ သန်းဖိုး တန်ချိန် ၁၂၀ဝ၀ ခန့်ဖြစ်သည်။ ပင်လယ်ရေကြောင်း  ကုန်သွယ်မှုဖြင့်  မတ်ပဲကို အိန္ဒိယနိုင်ငံသို့  တန်ချိန် ၁၀၆၀ဝ၊ စင်ကာပူနိုင်ငံသို့ တန်ချိန် ၆၈၀ ကျော်၊ မလေးရှားနိုင်ငံသို့ တန်ချိန် ၃၃၀ တင်ပို့ခဲ့ပြီး ထိုင်းနိုင်ငံ၊ အင်ဒို နီးရှားနိုင်ငံနှင့် ယူအေအီးနိုင်ငံများသို့ပါ တင်ပို့ခဲ့သည်။
ပဲတီစိမ်း

Pages

Subscribe to RSS - ကုန်သွယ်ရေးသတင်း