Main menu

Background

ကုန်သွယ်ရေးသတင်း

စက်တင်ဘာလအတွင်း ပဲတန်ချိန် တစ်သိန်းကျော်တင်ပို့

Tue, 10/10/2023 - 08:53 -- journal_editor

စက်တင်ဘာလအတွင်း မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံ တင်ပို့မှုမှာ တန်ချိန် ၁၃၃၈၂၀ နှင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂၁ ဒသမ ၈၈၉ သန်း တန်ဖိုးရှိကြောင်း သိရှိရသည်။
မတ်ပဲ

စက်တင်ဘာလအတွင်း ဆန်နှင့် ဆန်ကွဲ တင်ပို့မှု အခြေအနေ

Tue, 10/10/2023 - 08:43 -- journal_editor

ဆန်
စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်ထိ ကာလအတွင်း ပုံမှန် ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၂၇ ဒသမ ဝ၅၂ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၄၉၂၆၀ကျော် တင်ပို့ကြောင်း သိရသည်။ ဆန်တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန် တန်ချိန် ၃၃၄၉၀ ကျော်၊ အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန် တန်ချိန် ၁၀၁၉၀ ကျော်နှင့်  အာဖရိကနိုင်ငံများသို့ ဆန် တန်ချိန် ၅၅၇၀ ကျော် တင်ပို့ခဲ့သည်။

တရုတ်နိုင်ငံသို့ ဖရဲသီးတန်ချိန် တစ်သိန်းကျော်တင်ပို့ခဲ့

Tue, 09/26/2023 - 11:57 -- journal_editor

ယခု ၂၀၂၃ ခုနှစ်၊ ရှစ်လတာကာလအတွင်း တရုတ် နိုင်ငံသို့ ဖရဲသီးတန်ချိန် တစ်သိန်းကျော်   တင်ပို့ခဲ့ကြောင်း မူဆယ်နယ်စပ်ရှိ သစ်သီးဝလံကုန်စည်ဒိုင်မှ     သိရသည်။တရုတ်နိုင်ငံသို့   ယခုနှစ်  ဇန်နဝါရီမှ သြဂုတ်လကုန်အထိ နယ်စပ်မှတစ်ဆင့် ဖရဲသီးတန်ချိန် ၁၁၃၀ဝ၀ ကျော် တင်ပို့ခဲ့ ခြင်းဖြစ်ပြီး ကားအစီးရေ ၇၀ဝ၀ ကျော်ဖြင့် တင်ပို့ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံအတွင်း၌    ဖရဲသီးလှိုင်လှိုင်ထွက်ချိန်တွင် နိုဝင်ဘာလမှစ၍ ဇွန်လအထိဖြစ်ပြီး ယင်းအချိန်များတွင် အများဆုံးတင်ပို့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဖရဲသီးပေါ်ချိန်က တရုတ်နိုင်ငံ အတွင်းသို့ တင်ပို့ရောင်းချရာတွင်    ဈေးကောင်းရရ

စက်တင်ဘာ ဒုတိယပတ် ရော်ဘာနှင့် ပြောင်း တင်ပို့မှု အခြေအနေ

Tue, 09/26/2023 - 10:11 -- journal_editor

ရော်ဘာ
စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်း ပုံမှန် ကုန်သွယ်မှုမှ အမေရိကန် ဒေါ်လာ ၁ ဒသမ ၂၃၇ သန်း တန်ဖိုးရှိ ရော်ဘာ ၉၀၇ တန် တင်ပို့ခဲ့သည်။ ရော်ဘာတင်ပို့မှု အနေဖြင့် အိန္ဒိယနိုင်ငံသို့ ရော်ဘာတန်ချိန် ၅၀ဝ ကျော်နှင့် တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၄၀ဝ ကျော်တင်ပို့ကြောင်း သိရသည်။ 

ဆန်နှင့် ဆန်ကွဲ တန်ချိန် နှစ်သောင်းခြောက်ထောင်ကျော်တင်ပို့

Tue, 09/26/2023 - 10:10 -- journal_editor

ဆန်
စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၈ ဒသမ ဝ၈၀ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၁၄၆၁၀ ကျော် တင်ပို့ခဲ့သည်။ 

မြန်မာ-ထိုင်း မြဝတီနယ်စပ်ကုန်သွယ်ရေး ဆောင်ရွက်မှုများ

Mon, 09/11/2023 - 14:20 -- journal_editor

ကရင်ပြည်နယ်တွင် နေရာအနှံ့ မိုးကြီးခဲ့မှု ကြောင့် သြဂုတ် ၇ ရက် နံနက်ပိုင်းတွင်  မြဝတီမြို့ နှင့် ကော့ကရိတ်မြို့အကြားရှိ ဒေါနတောင်၊ တော နော်ရေတံခွန်အနီးဝန်းကျင်တစ်ဝိုက်တွင်  လမ်း ပိုင်းတစ်ခု ပြတ်တောက်သွားခြင်း၊ နေရာနှစ်ခုတွင် တောင်ပြိုကျခြင်းများဖြစ်ပေါ်၍ ယာဉ်များ သွား လာမရနိုင်တော့ဘဲ ကုန်သွယ်မှုလမ်းကြောင်းများ ပြတ်တောက်သွားခဲ့သည်။ 

ပြည်ပပို့ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ ၆ ဘီလီယံကျော် ရရှိထား

Mon, 09/11/2023 - 11:56 -- journal_editor

ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ ငါးလတာကာလအတွင်း ပြည်ပပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၄၈ ဘီလီယံကျော် ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါတင်ပို့မှုသည် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ရရှိထားသည့် ပို့ကုန်ဝင်ငွေများဖြစ်ပြီး စက်မှုကုန်ချောတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ဝ၈ ဘီလီယံဖြင့် အများဆုံးတင်ပို့ထားပြီး လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၃၄ ဘီလီယံဖြင့် ဒုတိယအများဆုံး ဝင်ငွေရရှိထားခြင်းဖြစ်သည်။

အထည်ချုပ်လုပ်ငန်းများအတွက် ပြည်ပအော်ဒါများ နိုဝင်ဘာလတွင် ပြန်လည်ရရှိမည်

Mon, 09/11/2023 - 11:55 -- journal_editor

မြန်မာနိုင်ငံက   အထည်ချုပ်လုပ်ငန်းများအတွက် ပြည်ပအော်ဒါများ လာမည့် နိုဝင်ဘာလတွင် ပြန်လည်ရရှိ မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ  အထည်ချုပ်လုပ်ငန်းရှင်များ အသင်းမှ သိရသည်။
ပြီးခဲ့သည့် ရှစ်လတာအတွင်း မြန်မာနိုင်ငံသို့ ဝင်ရောက် လာသည့် ပြည်ပရင်းနှီးမြှုပ်နှံမှုအသစ်များတွင် လက်ခစား ဃဏြ အထည်ချုပ်လုပ်ငန်းများက အများဆုံးဖြစ်ပြီး အဆိုပါ အထည်ချုပ်လုပ်ငန်းများတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ကြောင်း သိရသည်။

သြဂုတ်လအတွင်း နို့ဆီ၊ နို့မှုန့်နှင့် ဆေးဝါးပစ္စည်းများ တင်သွင်းမှု အခြေအနေ

Mon, 09/11/2023 - 10:58 -- journal_editor

နို့ဆီ
သြဂုတ် ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း  ပင်လယ် ရေ ကြောင်းကုန်သွယ်မှုမှ    အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၈၃  သန်း တန်ဖိုးရှိ နို့ဆီတန်ချိန် ၁၀ဝ၀  ကျော်  တင်သွင်း ခဲ့သည်။ အနီးစပ်ဆုံးကာလနှင့်  နှိုင်းယှဉ်ပါက ပင်လယ်ရေ ကြောင်းမှ နို့ဆီတန်ချိန် ၁၀ဝ၀ ကျော် လျော့နည်းတင်သွင်းခဲ့ကြောင်းသိရသည်။
နို့မှုန့်

Pages

Subscribe to RSS - ကုန်သွယ်ရေးသတင်း