Main menu

Background

Tuesday, 28 May 2013

ဗြိတိသျှက အစားအသောက်တွေ အနံ့အရသာပိုမိုကောင်းမွန်စေတဲ့ ဖြည့် စွက်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးတဲ့ ဆိုင် နာဂျီကုမ္ပဏီဟာ ထိုင်းနိုင်ငံ၊ ဆာမတ်ဖ ရာစန်ပြည်နယ်မှာ စက်ရုံအသစ်တစ်ခု တည်ဆောက်ဖို့ စီစဉ်နေပါတယ်။ Synergy Flavours (Thailand)   ရဲ့ မန်နေဂျင်းဒါရိုက်တာ ဂီးရော့ အယ်လန်က ထိုင်းနိုင်ငံရဲ့ မဟာဗျူဟာ ကျတဲ့တည်နေရာ၊ ကုန်ကြမ်း ပစ္စည်း ပေါကြွယ်ဝမှုနဲ့ ကောင်းမွန်တဲ့ အခြေခံ အဆောက်အအုံတွေစတဲ့ အားသာ ချက်တွေကြောင့် အာရှမှာ ကုမ္ပဏီရဲ့ ပထမဆုံးစက်ရုံကို ထိုင်းနိုင်ငံမှာ ထူ ထောင်ဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

Tuesday, 28 May 2013

သြစတြေးလျအနောက်ပိုင်း ပါ့တ်မြို့ဟာ စတော့တလန်နဲ့ နော်ဝေးက ရေနံနဲ့ ဓါတ်ငွေ့လုပ်ငန်း အဓိကမဏ္ဍိုင်အဖြစ်တည်ရှိတဲ့ မြို့တွေကို စံနမူနာထား ပြီးဆောင်ရွက်နေတဲ့အတွက် အာရှရဲ့ အကောင်းဆုံးရေနံနဲ့ ဓါတ်ငွေ့နည်းပညာ ဗဟိုချက်ဖြစ်လာနိုင်တဲ့ အခွင့်အရေးရှိနေတယ်လို့ အင်တာနက်သတင်းတစ်ရပ် မှာ ဖော်ပြခဲ့ပါတယ်။

Tuesday, 28 May 2013

လယ်ယာထွက်ကုန်ထုတ်လုပ်မှုနဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍက လုပ်ငန်း အားလုံးအတွက်လျှပ်စစ်ဓါတ်အားခတွေ က ယခုဇွန် ၁ရက်မှစပြီးလျှော့ချပေးမယ် လို့ အမျိုးသားဖွံ့ဖြိုးရေးနဲ့ ပြန် လည်ပြု ပြင်ရေးကော်မရှင် ကကြေညာလိုက်ပါတယ်။

Monday, 20 May 2013

သူတို့လုပ်ငန်းတွေတိုးမြှင့်ဖို့ အတွက် အသုံးစရိတ်ဘတ်ဂျက်နည်းပါးတဲ့ အသေးစားနဲ့အလတ်စားကုမ္ပဏီတွေက ဒစ်ဂျစ်တယ်သုံးဈေးကွက် ရှာဖွေရေး လုပ်ငန်းတွေကိုအသုံးပြုလာကြပါတယ်။ ဒါပေမဲ့အတတ်ပညာကို နားမလည် ရင် လုပ်လိုက်တဲ့ နည်းစဉ်တွေက အရည်အသွေးမပြည့်ဝတဲ့အ ပြင် စွမ်းဆောင် ရည်မရှိဘဲ ဖြစ်သွားတတ်ပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်လောက်က စင်ကာပူမှာ Impakt အားကစားသင်တန်းဖွင့်ခဲ့စဉ်ကလူသိနည်းခဲ့ပါတယ်။ ဒါပေမဲ့ ဈေး ကွက် ထဲမှာ အစကတည်းက ရောက်နေသူတွေပြည့်ကျပ်နေလို့ လူတွေအသိအမှတ် ပြုတာ ခံရဖို့က Impakt  အတွက် စိန်ခေါ်မှုဖြစ်နေပါတယ်။

Monday, 20 May 2013

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ စက်ရုံတစ် ရုံပြိုကျပြီး လူပေါင်း ၁၁၀၀ ကျော်သေ ဆုံးပြီးနောက် ဘင်္ဂလားဒေ့ရှ်စက်ရုံတွေ မှာ လုပ်ငန်းခွင် အခြေအနေတိုးတက် ကောင်းမွန်အောင် သဘောတူညီမှုနဲ့ အညီဆောင်ရွက်ဖို့ ဘင်နက်တန်၊ ကာ ရီဖိုးနဲ့ မတ်စပင်ဆာတို့အပါအဝင် ကမ္ဘာကျော်ကုမ္ပဏီကြီးတွေက ကတိပြု ခဲ့ကြပါတယ်။ အနောက်နိုင်ငံ လက်လီ ရောင်းချ သူတွေကို ပေးသွင်းနေတဲ့ အထည်ချုပ်စက်ရုံတစ်ရုံ ဘေးအန္တရာယ် ကြုံတွေ့ရပြီး နောက်ပိုင်း မီးဘေးလုံခြုံ ရေးနဲ့ အဆောက်အအုံ ဘေးအန္တရာယ် ကင်းရှင်းရေး သဘောတူစာချုပ်ကို ချုပ် ဆိုပြီးဖြစ်ကြောင်း စပိန်နိုင်ငံမှ အင်ဒီ တက်နှင့် ဆွီဒင်မှ အိပ်ချ်အင်အမ်တို့ ကပြောကြားပြီးနောက်ပိုင်းယခုကြေညာ ချက်ထွက်ပေါ် လာတာ ဖြစ်ပါတယ်။

Monday, 13 May 2013

ဗီယက်နမ်ရဲ့ စက်မှုကုန်ထုတ်လုပ် မှုက ဧပြီမှာဒေါ်လာ ၁ ဘီလီယံကို ရောက်တဲ့အထိ ကုန်သွယ်မှုလိုငွေပြရာ ကနေ ပြန်လည်နာလန်ထူလာတာ ကို တွေ့ရကြောင်း မေ ၆ ရက်ကထုတ်ပြန် တဲ့ စက်မှုနဲ့ကုန်သွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြ ထားပါတယ်။ ဧပြီလ စက်မှုကုန်ထုတ် လုပ်မှုအညွှန်းကိန်းက ယခင်နှစ်ကာလ တူနဲ့ နှိုင်းယှဉ်ရင် ၅ ဒသမ ၈ ရာခိုင် နှုန်းတိုးတက်ခဲ့ပြီး လေးလအတွက် တိုး တက်နှုန်းက ယခင်နှစ်ကာလတူနဲ့ နှိုင်း ယှဉ်ရင် ၅ ရာခိုင်နှုန်းတိုးတက်ခဲ့ပါတယ်။

ယခုထုတ်ပြန်တဲ့ စာရင်းဇယား ကိန်းဂဏန်းတွေကိုကြည့်ရင် စက်မှုကုန် ထုတ်လုပ်မှုမှာ ပြန်လည်နာလန်ထူလာ တဲ့လက္ခဏာကိုတွေ့ရပြီး ယခုနှစ်စီးပွား ရေးကို စီးပွားရေးလုပ်ငန်းတွေက ပိုမို ယုံကြည်လာကြောင်း ဝန်ကြီးဌာန ကပြော ပါတယ်။ ဒါပေမဲ့ ပထမသုံးလပတ်မှာ စားသုံးမှုက ယခင်နှစ် ကာလတူနဲ့နှိုင်း ယှဉ်ရင် ၄ ရာခိုင်နှုန်းတိုးတက်ခဲ့ တဲ့အတွက် ပြည်တွင်းဈေးကွက်မှာဝယ် ယူနိုင်မှုစွမ်းအားကသိသိသာသာတိုးတက်မလာသေး တာတွေ့ရပါတယ်။ ဗီယက် နမ်ရဲ့ ကုန်သွယ်မှုလိုငွေက  ဧပြီ  မှာ ဒေါ်လာ ၁ ဘီလီယံရှိပြီးယခုနှစ် ပထမ လေးလမှာ ဒေါ်လာ ၇၂၂ သန်း ရှိခဲ့ပါ တယ်။ ယခင်လက ကုန်သွယ်မှုလိုငွေဖြစ် ရတာက အထူးသဖြင့် လယ်ယာစိုက် ပျိုးရေး၊သစ်တောနဲ့ပင်လယ်စာထွက်ကုန် တွေပြည်ပတင်ပို့မှုကျဆင်းမှုကြောင့် ပို့ ကုန်ကျဆင်းခဲ့လို့ ဖြစ်ကြောင်းဝန်ကြီး ဌာနကပြောပါတယ်။ ဧပြီလ ပြည်ပ ပို့ကုန် ဝင်ငွေကမတ်လနဲ့နှိုင်းယှဉ်ရင် ၁၂ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ပြီး ဒေါ်လာ ၉ ဒသမ ၇ ဘီလီယံ ထိ ရောက်ရှိခဲ့ပါတယ်။  ထို့အတူသွင်းကုန် လုပ်ငန်းက ၇ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းပြီး ဒေါ်လာ ၁၀ ဒသမ ၇ ဘီလီယံ ရှိပါတယ်။ စီးပွားရေး လုပ်ငန်း အများစုက သူတို့ထုတ်လုပ်မှုအတွက် ဧပြီမှာ ကုန်ကြမ်းတွေ ပိုမို တင်သွင်း လာတဲ့ အတွက် ကုန်သွယ်မှုလိုငွေ ပို လာခဲ့ပါတယ်။ ဒါကိုကြည့်ရင် ပြည် တွင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ ပြန်လည်နာလန်ထူ လာမဲ့သဘော ကို တွေ့ရပါတယ်။ ယခုနှစ် ပထမ လေးလအတွက် ပို့ကုန်ဝင်ငွေက ယခင် နှစ်ကာလနဲ့ နှိုင်းယှဉ်ရင် ၁၆ ဒသမ ၉ရာခိုင်နှုန်းတိုးတက်ပြီး ဒေါ်လာ ၃၉၄၆ ဘီလီယံရှိပြီး သွင်းကုန်က ၁၈ ရာခိုင် နှုန်း မြင့်တက်ပြီးဒေါ်လာ ၄၀ ဒသမ၁၉  ဘီလီယံနီးပါးရှိခဲ့ပါတယ်။
 

Monday, 13 May 2013

အမေရိကန်ပြည်ထောင်စုအ ထက် လွှတ်တော်က အွန်လိုင်းရောင်း ချတာကို အခွန်ကောက်ခံဖို့ မေ ၅ ရက် ကအတည်ပြုခဲ့ပါတယ်။ အမေဇုန်နဲ့ အီးဘေးတို့လို ဝက်ဘ်ဆိုက်ကုမ္ပဏီ ကြီးတွေကတစ်ဆင့် အင်တာနက်နဲ့ ဝယ်ယူမှုအတွက် ရောင်းခွန်ကောက်ခံ ဖို့ ပြည်နယ်တွေကို ခွင့်ပြုလိုက်ပြီးဖြစ် တဲ့အတွက် နှစ်ပေါင်းများစွာအခွန်လွတ် နဲ့ အွန်လိုင်းမှဝယ်ယူမှုတွေ အဆုံးသတ် တော့မှာ ဖြစ်ပါတယ်။ ဥပဒေရဲ့ အမည် က " Marketplace Fairness Act" ဖြစ်ပြီး အထက်လွှတ်တော်မှာ ၆၉-၂၇ မဲနဲ့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဥပဒေအဖြစ်အတည်ပြုနိုင်ဖို့ အတွက် အမေရိကန်လွှတ်တော်ရဲ့ အ တည်ပြုချက်ရယူဖို့ လိုပါတယ်။ အောက်လွှတ်တော်ရှိ ရီပတ်ပလီကင် လွှတ်တော်ကိုယ်စားလှယ်အများစုက ဒီဥပဒေက အမေရိကန်လူထုအပေါ် အခွန်တစ်ခုထပ်ပိုလာတယ်လို့ ရှုမြင် နေကြပါတယ်။ ဒီဥပဒေအရ သာမန် စတိုးဆိုင်တွေကနေ စီးပွားရေးလုပ်ငန်း တွေလုယူနေတဲ့ အွန်လိုင်း ကုမ္ပဏီ တွေရဲ့ အခွင့်အရေးတွေကိုလျှော့ချပေး မှာဖြစ်ပြီး ဖောက်သည်တွေကစတိုးဆိုင် တွေကိုလာကြည့် လှည့်ပြန်သွားပြီး အွန် လိုင်းကနေဈေးသက်သက်သာသာနဲ့ ဝယ်နေကြကြောင်း ညည်းတွားနေကြ တဲ့ ဆိုင်ပိုင်ရှင်တွေအတွက် ပြိုင်ဆိုင်မှု အခွင့်အလမ်း ကိုထိန်းညှိပေးလိုက်တာ ဖြစ်ပါတယ်။

ပြင်ပလက်လီရောင်းချသူတွေက ဒေသခံတွေကိုအင်တာနက်ကတစ်ဆင့် ရောင်းချတာတွေကို အခွန်ကောက်ခံ ဖို့ ဒေသန္တရအစိုးရတွေနဲ့ စီးပွားရေး လုပ်ငန်း တွေကကြိုးပမ်းတိုက်ခိုက်ခဲ့ရာ ဒီဥပဒေက ဒီကြိုးပမ်းမှုကို ကိုယ်စား ပြုပေးလိုက်တာဖြစ်ပါတယ်။ ဆိုင်များခင်းကျင်းရောင်းချတဲ့ လက်လီအရောင်းလုပ်ငန်းတွေကိုကိုယ်စား ပြုနေတဲ့ အမျိုးသားလက်လီရောင်းချသူ များဖက်ဒရေးရှင်းကိုအွန်လိုင်းမှတစ်ဆင့် ရောင်းချမှုကြောင့် အခွန်အကောက် အဟောသိကံဖြစ်တာက ဒေါ်လာ ၂၄ ဘီလီယံလောက် ရှိတယ်လို့ ဆိုပါတယ်။ အွန်လိုင်းတွေကတော့ ဒီဥပဒေကြမ်းကို ဆန့်ကျင်ပါတယ်။ ဒီဥပဒေ အရ အင်တာနက်မှ ရောင်းချသူတွေကို လမ်းဘေး ဆိုင်တွေ မှာပဲ ရောင်းချသူတွေလိုပဲ အလားတူ ထည့်သွင်း စဉ်းစားဖို့ ပြဌာန်းထား ကြောင်း ဒီမိုကရက်တစ် အထက်လွတ် တော် အမတ်ဒစ်ဒါဘန်က ပြောပါ တယ်။နိုင်ငံတော်အခွန်ကောက်အရ သတ်မှတ်ထားတဲ့ ဒေါ်လာတစ်သန်း အောက် ရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ ကတော့ကင်းလွတ်ခွင့်ရှိကြောင်း ဥပဒေ မှာ ပါရှိပါတယ်။ အွန်လိုင်းကဝယ်တဲ့ ပစ္စည်းတွေကို အခွန်မကောက် သင့်ဘူးလို့ဖြေကြား သူ၅၆ ရာခိုင်နှုန်းနဲ့ ကောက်သင့်တယ် လို့ ဖြေကြားသူ၃၇ ရာခိုင်နှုန်း ရှိကြောင်း QUINNIPIAC တက္ကသိုလ် ရဲ့စစ်တမ်း ကောက်ယူချက်မှာ ဖော်ပြ ထားပါတယ်။
 

Monday, 13 May 2013

စင်ကာပူနိုင်ငံသားတွေက ဒေသတွင်းမှာ အစားအစာအတွက် သုံးစွဲမှု အများဆုံးဖြစ်ကြောင်း မတ်စတာကတ် ကပြုလုပ်တဲ့ အာရှပစိဖိတ် ဒေသတွင်း အစားအစာအတွက် အသုံးပြုမဲ့အလေ့အကျင့်စစ်တမ်းမှာဖေါ်ပြထားပါတယ်။ စင်ကာပူနိုင်ငံကဂျပန်နိုင်ငံကို ကျော်တက်ပြီးထိပ်ဆုံးနေရာကိုရောက်ရှိခဲ့တာဖြစ် ပါတယ်။ စင်ကာပူ နိုင်ငံသားတွေရဲ့ ညစာအတွက် သုံးစွဲမှုက အမေရိကန် ဒေါ်လာ၂၆၂ဒေါ်လာ (စင်ကာ ပူ ၃၂၃) ရှိပါတယ်။ဒီသုံးစွဲမှုက၂၀၁၁ ခုနှစ် ဇွန်က ရှိခဲ့တဲ့ ၂၁၂ ဒေါ်လာထက် ၂၅ ရာခိုင်နှုန်းမြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

ဂျပန်နဲ့တရုတ်စားသုံးသူတို့က တစ်ရက်သုံးစွဲမှုကို ၂၂၅ ဒေါ်လာနဲ့ ၂၀၁၃ ဒေါ်လာအသီးသီးဖြင့် နောက်မှကပ်၍ လိုက်ပါလာကြပါတယ်။ တစ်ကမ္ဘာလုံးလွှမ်းခြုံသောစစ်တမ်းကို အသက်၁၈ နှစ်မှ ၆၄ နှစ် အကြား ရှိသူတို့ကိုကောက်ယူ ခဲ့ခြင်းဖြစ်ပါတယ်။၂၀၁၂ ခုနှစ်နိုဝင်ဘာနှင့် ဒီဇင်ဘာ အတွင်းကောက်ယူခဲ့သော အွန်လိုင်းတွေ့ဆုံမေးမြန်းချက်အရ တစ်ဦး လျှင် ၄၅ မိနစ်ကြာခဲ့တယ်။ ကမ္ဘာတစ်ဝန်းလုံးက စစ်တမ်းမှာပါဝင်သူ ၈၀၀၀ အနက် စင်ကာပူနိုင်ငံသား ၄၅၅ ဦးပါဝင်ပါတယ်။ တရုတ်၊ မလေးရှားနဲ့ထိုင်းစားသုံး သူတွေက စားသောက်ပြီးပြန်လာရင် အစားအသောက်အတွေ့အကြုံတွေကို အွန်လိုင်းပေါ်တင်ထားလေ့ရှိပါတယ်။ စင်ကာပူမှာလည်း ဒီလိုပဲလုပ်တတ်ပါတယ်။ စင်ကာပူ၊ တရုတ်(တိုင်ပေ)နဲ့ ဂျပန်တို့က အပြင်ထွက်စားဖို့ရှိရင် အွန်လိုင်းပေါ်က သုံးသပ်ချက်တွေကို အား ကိုးတတ်ကြတယ်လို့ ဆိုပါတယ်။
 

Monday, 13 May 2013

အာဆီယံဈေးကွက်ထဲကို ဝင်ဖို့ ထုတ်ကုန်တွေ ထုတ်လုပ်နိုင်ဖို့ အတွက် ထိုင်း  လုပ်ဖေါ်ကိုင်ဖက်တွေနဲ့  လက်တွဲ ချင်တဲ့ ဂျပန်အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေရဲ့ အရေအတွက် အထူးသဖြင့် မော်တော်ကား အစိတ် အပိုင်း ထုတ်လုပ်ရေးအပိုင်းက အရေ အတွက် ပိုမို များလာပါတယ်။ ထိုင်းနိုင်ငံ က ဂျပန်ရင်းနှီးမြှုပ်နှံ သူတွေ အတွက် နှစ်သက်စရာ ဒေသဖြစ်လာရာ အဲဒီ အထဲ မှာ၂၀၁၆ခုနှစ်မှာအာဆီယံ စီးပွား ရေးအသိုက်အဝန်းပေါ် လာရင် ဖြစ်ပေါ် လာမဲ့အခွင့်အလမ်းကို ရယူလိုတဲ့ SME တွေတစ်စစပိုများလာကြောင်း VBM Asia (Thai) Co.,  ရဲ့ စီမံကိန်းဒါရိုက်တာ ဆန်ချိုင်းနွမ်းဘွန်နမ်က ပြောပါတယ်။ ဂျပန် SME တွေ အထူးသဖြင့်မော်တော် ကားအစိတ်အပိုင်း ထုတ်တဲ့ ကုမ္ပဏီတွေ ကဒီကုမ္ပဏီငယ်ကလေးတွေက ဂျပန်မှာ ရှိတဲ့ နစ်ဆန်း၊ တိုယိုတာနဲ့ ဟွန်ဒါတို့ကို မော်တော် ကား ထုတ်လုပ်ရေးလုပ်ငန်း တွေကို ပစ္စည်းပေးသွင်းနေတာ ဖြစ်တဲ့ အတွက် ဒီကုမ္ပဏီတွေနဲ့ အတူနည်း အတတ်ပညာနဲ့ဖေါက်သည်တွေပါတစ် ပါတည်း ပါလာမှာဖြစ်ပါတယ်။

သူတို့ ထိုင်းနိုင်ငံကိုရေရှည် စီးပွား ဖက်လိုသဘောထားပါတယ်လို့သူက ပြောပါတယ်။ ဒီလိုပူးပေါင်း ဆောင်ရွက် မှုကသူတို့စီးပွားဖက်တွေကတစ်ဆင့် ထိုင်း စီးပွားရေးလုပ်ငန်းတွေက အလို အလျှောက်စနစ်သို့မဟုတ်တစ်ဝက်တစ် ပျက်အလိုအလျှောက်စနစ်တွေကို လေ့လာခွင့်ရမှာဖြစ်တဲ့အတွက်ထုတ်လုပ်မှုကုန် ကျစရိတ်ကို လျှော့ချနိုင် မှာ ဖြစ်ပါတယ်။
 

Tuesday, 30 Apr 2013

ဗီယက်နမ်ရဲ့ ထင်ရှားတဲ့ ထုတ်ကုန်တွေရဲ့ ကုန်ထုတ်လုပ်မှုနဲ့ ရောင်းချမှု ကိုအကာအကွယ်ပေးဖို့အတွက် ရည်မှန်းချက်ထားပြီး ဗီယက်နမ်ရဲ့ နာမည် ကျော်ရိုးရာ ထုတ်ကုန်တွေရဲ့ မူပိုင်ခွင့်ကို အကာအကွယ်ပေးနိုင်ဖို့အတွက် ဗီယက်နမ်နိုင်ငံက ပထဝီဝင်အရ ရည်ညွှန်းချက်စနစ် (Geographical Indi cation System)  ကို ဖော်ထုတ် ဆောင် ရွက်နေပါတယ်။

Pages