Main menu

Background

Wednesday, 9 Jan 2013

တရုတ်နိုင်ငံစီးပွားရေးက ပြန် လည်ရှင်သန်လာတဲ့လက္ခဏာတွေပြသ လာတဲ့အတွက် ဒီဇင်ဘာမှာ အာရှဒေသ ရဲ့ကုန်ထုတ်လုပ်ငန်းတွေပြန်ပြီးလှုပ်လှုပ် ရှားရှားဖြစ်လာပါတယ်။ ဒါပေမဲ့ ပို့ကုန် ဝယ်လိုအား မညီမညာတက်လိုက်ကျ လိုက်ဖြစ်နေပြီးဒေသတွင်းမှာ စီးပွားရေး ဖွံ့ဖြိုးမှုထပ်မံနှေးကွေးစေမဲ့အခြေအနေ ကိုပြသနေကြောင်း စီးပွားရေးစစ်တမ်း တစ်ခုမှ ဖော်ပြထားပါတယ်။ ၂၀၁၂ ခုနှစ်နှောင်းပိုင်းမှာ တရုတ်စီးပွားရေး ပြန်ကောင်းလာတာကို တွေ့ရပါတယ်။စက်ရုံ ကုန်ထွက်တွေကောင်းလာပြီး အမှာစာသစ် တွေလည်း ရလာတဲ့ အတွက် ဒီဇင်ဘာမှာ အိန္ဒိယရဲ့ ကုန် ထုတ်လုပ်မှုက ခြောက်လအတွင်းအမြင့် ဆုံး ဖြစ်ခဲ့ကြောင်း ပုဂ္ဂလိကနဲ့အစိုးရ ကုန်ထုတ်လုပ်မှု စစ်တမ်းတွေအရ သိရ ပါတယ်။

Wednesday, 9 Jan 2013

ယခုနှစ်တွင်ထိုင်းနိုင်ငံမှာ အများ ဆုံးအငြင်းပွားမှုဖြစ်နိုင်သည့်ပြဿနာ မှာ ၂၀၁၃ ခုနှစ်အဝင်မှစပြီး ထိုင်းနိုင်ငံ အနှံ့အပြားတွင်နေ့တွက်အနိမ့်ဆုံးလ စာကိုဘတ် ၃၀၀ ထိတိုးမြှင့်ပေးဖို့ ဆုံး ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ လစာတိုးမြှင့် ပေးလိုက်တဲ့အတွက် ထိုင်းနိုင်ငံပုဂ္ဂလိက ကဏ္ဍမှာ အကြီးမားဆုံး အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ထိုင်းစက်မှုလုပ်ငန်းအသင်း (Federation of Thai Industries) အတွင်းမှာ သဘောထား ကွဲလွဲမှုတွေဖြစ် ခဲ့ပါတယ်။ အထူးသဖြင့် အသေးစား နဲ့အလတ်စားစက်မှုလုပ်ငန်းတွေအပေါ် ရိုက်ခတ်လာ တဲ့နေ့စားလုပ်ခပြဿနာ ကိုဖြေရှင်းမပေးနိုင်တဲ့အတွက်  FTI   ရဲ့ အဓိက အမှုဆောင ်အရာရှိတွေက အ သင်းရဲ့ဥက္ကဌပါယွန်ဆပ်ချုပ်ဆွတ်သီပို ကိုဝေဖန်ခဲ့ကြပါတယ်။

Wednesday, 12 Dec 2012

တောင်ကိုရီးယားမှာရှိတဲ့ နိုင်ငံခြား ဘဏ်တွေကယခုနှစ်မှာ အကျိုးအမြတ် ရောဈေးကွက်ရှယ်ယာ နှစ်ခုစလုံး တစ် ဟုန်ထိုးကျဆင်းခဲ့ကြောင်းနဲ့ နှစ်ထပ် ကွမ်းစည်းမျဉ်းပြဌာန်းမှုခံနေရတဲ့ ပြည် တွင်း ဘဏ်တွေ ကို အသားပေးတယ်လို့ ပြစ်တင်ပြောဆိုမှုတွေနဲ့အတူ တချို့လုပ် ငန်းတွေက ဖျာလိပ်ပြီး ပြည်တော်ပြန်ဖို့ စိုင်းပြင်လာတာကို တွေ့ရကြောင်း ကိုရီး ယားဟာရယ်သတင်းမှာ ဖော်ပြထား ပါ တယ်။

Wednesday, 12 Dec 2012

ဗြိတိန်နိုင်ငံရှိ မိသားစုသန်းပေါင်း များစွာကဝင်ငွေနဲ့ထွက်ငွေညီမျှအောင် အလူးအလဲ ရုန်းကန်နေရကြောင်း စား သုံးသူသုတေသနအဖွဲ့အစည်းတစ်ခုရဲ့ အစီရင်ခံစာကိုရည်ညွှန်းပြီး P.T.I သတင်းမှာ ဖော်ပြထားပါတယ်။ မိသားစု စုစုပေါင်းရဲ့ ၁၀ ရာခိုင် နှုန်းက ချေးငွေများ၊ ဘီလ်များသို့မဟုတ် အိမ်ငှားခများကို ပေးဆောင်ရန် ပျက် ကွက်နေကြောင်းအောက်တိုဘာလက လူပေါင်း ၂၁၀၀ ကိုပြုလုပ်ခဲ့တဲ့သဘော ထားစစ်တမ်းကို အခြေခံပြီးသုတေသန အဖွဲ့က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိဝင်ငွေနဲ့ လုံလုံလောက်လောက် သုံးစွဲဖို့ အခက်အခဲရှိနေတဲ့လို့ သူက စစ်တမ်းမှာပါဝင်သူရဲ့ ၃၂ ရာခိုင်နှုန်း ရှိတယ်လို့စားသုံးသူအဖွဲ့ Whichက ပြောပါတယ်။

Wednesday, 12 Dec 2012

ကမ္ဘာ့အနှံ့အပြားရှိမိသားစုပိုင် လုပ်ငန်းများရဲ့ သုံးပုံနှစ်ပုံက လွန်ခဲ့တဲ့နှစ်က ရောင်းအားအ များကြီးထွက်လာသည်ကို တွေ့ရပြီး လာမဲ့ငါးနှစ်ကျော် ကာလအတွင်းအလားအလာ ပိုမို ကောင်းမွန်နိုင်မယ်လို့ ခန့်မှန်းကြောင်း PwC စစ်တမ်းအရသိရကြောင်း ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။

တိုးတက်မဲ့အလားအလာတွေ တွေ့ရပေမဲ့ကျွမ်းကျင်လုပ်သားစုဆောင်း ရေးနဲ့လုပ်ငန်းဆက်ခံရေး အတွက်ရေ ရှည်ပြဿနာစတဲ့အချက်တွေကမိသား စုလုပ်ငန်းတွေရဲ့ ရေရှည်မှာရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေဖြစ်ပါတယ်။ ထိုင်းမိသားစု စီးပွားရေးလုပ်ငန်းတွေက ပိုမိုထိထိရောက်ရောက်ဆောင် ရွက်ပြီးမှန်ကန်တဲ့ ဆက်ဆံမှုစီမံကိန်း ရေးဆွဲဖို့လိုအပ်နေတယ်လို့ PwC ထိုင်းရဲ့ အမှုဆောင်အရာရှိချုပ်ဆီရာ အင်တာရယ် ကွန်သွန်ချိုင်းက ပြောပါတယ်။ "စီးပွားရေးလုပ်ငန်းတွေ နှေးကွေးကျဆင်းနေပေမဲ့ မိသားစုလုပ်ငန်းတွေ က ကမ္ဘာနဲ့အဝှမ်း စည်ပင်ဖွံ့ဖြိုးနေတယ်လို့" သူက ပြောပါတယ်။ ထိုင်းနိုင်ငံမှာ မိသားစုစီးပွားရေးလုပ်ငန်းတွေက စီးပွားရေးကိုမောင်းနှင် ရာမှာ ဆယ်စုနှစ်ပေါင်းများစွာ အဓိကကျတဲ့အခန်းကဏ္ဍကပါဝင်ခဲ့ပါတယ်။ ဒီလုပ်ငန်းတွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံက ထူးခြားတဲ့ အားသာချက်တွေနဲ့ အကျိုးစီးပွားတွေပေးတဲ့အတွက် ၂၁ ရာစုရဲ့ ထူးခြားတဲ့ပုံစံတစ်ခုဖြစ်တယ် လို့ သူကပြောပါတယ်။ သူတို့လုပ်ငန်းတွေ ဆက်လက်စည်ပင်ဖွံ့ဖြိုးပြီးအရေးပါနေ ဖို့အတွက် မိသားစုလုပ်ငန် းတွေက သူတို့ကိုယ်တိုင် အသွင်ပြောင်းဖို့နဲ့အောင် မြင်မှု ရနိုင်ဖို့ အရေးပါတဲ့ကျင့်ဝတ်တွေကို လျင်မြန်စွာ အသိအမှတ်ပြုဖို့ လိုပါ တယ်။ သူတို့ကသူတို့ကိုယ်တိုင်ပြန်လည် တီထွင်ဖန်တီးဖို့ လိုပါမယ်။ ဆွေမျိုးဖြစ် တာနဲ့အလုပ်ခန့် လို့မဖြစ် ပါဘူး။ သူတို့က လုပ်ငန်းဆက်ခံခွင့်ကို အာရုံစိုက်ပြီး ပြင် ပအကူအညီကိုရှာဖွေတဲ့အခါ ပွင့်လင်းမှုရှိ ဖို့လိုပါတယ်။ "ဒီလိုအဆင့်မျိုးတွေမရှိရင်လာမဲ့ အာဆီယံစီးပွားရေးအသိုက်အဝန်း (AEC ) ကိုအကောင်အထည်ဖော်တဲ့ အခါ ရရှိလာမဲ့အကျိုးအမြတ်တွေကို မိသားစု လုပ်ငန်းတွေက ခံစားခွင့်ရှိတော့မှာမဟုတ်ပါဘူး" လို့မစ္စတာဆီရာက ပြောပါတယ်။ အာဆီယံနိုင်ငံတွေက သူတို့ရဲ့ နိုင်ငံရေးနဲ့လုံခြုံရေးရာ၊ လူမှုရေးနဲ့ ယဉ် ကျေးမှုရေးရာဆက်ဆံမှုများ၊ ဒေသဆိုင်ရာစီးပွားရေးတွေကိုခိုင်မြဲစေမဲ့မူဘောင် ကိုအာဆီယံနိုင်ငံတွေက စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။
 

Wednesday, 12 Dec 2012

ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ ထုတ်လုပ် မှုအဆင့်ကိုသတ်မှတ်ရာတွင်ထိုင်းနိုင်ငံ ရဲ့ အဆင့်က မူလ ၁၁ နေရာတွင်ရှိ နေရာမှလာမဲ့ ငါးနှစ်အတွင်း အဆင့် ၁၅ ကို ကျသွားနိုင်ကြောင်းနဲ့ ဗီယက် နမ်နိုင်ငံကထိုင်းနိုင်င ံကိုကျော်တက်ကာ ထိပ်တန်းအဆင့် ၁၀ သို့ရောက်ရှိလာ နိုင်ကြောင်း Deloitte Touche Tohm-astu   ကပြောပါတယ်။ အရှေ့တောင် အာရှဒေသက ကမ္ဘာပေါ်တွင် ယှဉ် ပြိုင်နိုင်မှုရှိသောကုန်ထုတ်လုပ်မှု အဆင့် အမြင့်ဆုံးဖြစ်ပြီးလာမဲ့ငါးနှစ်အတွင်း ဤ အတိုင်း ဆက်လက်တည်မြဲနိုင်ကြောင်း ထိုင်းနေရှင်နယ်သတင်းဌာန က ပြောပါ တယ်။

Wednesday, 5 Dec 2012

ထိုင်းကုမ္ပဏီတချို့က ဘဏ်ချေး ငွေကိုအသုံးပြုတဲ့အခါ အတည်ပြုထား တဲ့ရည်ရွယ်ချက်ကိုကျော်လွန်အသုံးပြု လာတာကိုတွေ့ရပြီးနောက်ပိုင်း အ သေးစားနဲ့အလတ်စားကုမ္ပဏီတွေရဲ့ SME  ဘဏ်ချေးငွေအသုံးပြုမှုကို ထိုင်း ဘဏ်တွေကအနီးကပ်စောင့်ကြည့်လာ ကြောင်းထိုင်းဝက်ဘ်ဆိုက်တစ်ခုမှာဖေါ် ပြထားပါတယ်။

Wednesday, 5 Dec 2012

စီးပွားရေးဆုတ်ကပ် အထိနာထား တဲ့ယူရိုဇုန်ကကမ္ဘာ့စီးပွားရေးကို အကြီး မားဆုံးခြိမ်းခြောက်နေကြောင်း သတိပေး ပြီးနောက် စီးပွားရေး ပူးပေါင်းဆောင် ရွက်မှုနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ (အိုင်အီးစီဒီ) က ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှု ကို နိုဝင်ဘာ ၂၇ ရက်က လျှော့ချ ခန့်မှန်းခဲ့ပါတယ်။ စီးပွားအလားအလာများမှေးမှိန်နေချိန် မှာကြွေးမြီအကျပ်အ တည်းဖြေရှင်းဖို့ အတွက် နိုင်ငံရေးသမားတွေက ထိ ရောက်တဲ့အဖြေကိုထုတ်မပေးနိုင်ဘူး ဆိုရင် ဗဟိုဘဏ်တွေက လှည့်လည် ငွေကြေးတိုးမြှင့်ပေးဖို့ထူးထူးခြားခြား စီစဉ်ဆောင်ရွက်ဖို့ အိုအီးစီဒီအဖွဲ့က တိုက်တွန်းထားကြောင်း ရိုက်တာသ တင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့စီးပွားရေးသည် ယခုနှစ်တွင် ၂ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ပြီး ၂၀၁၃ ခုနှစ်မှာ ၃ ဒသမ ၄ ရာခိုင်နှုန်း အထိမြင့်တက်လာမယ်လို့ အိုအီးစီဒီရဲ့ တစ်နှစ် နှစ်ကြိမ်ထုတ်စီးပွားရေးအလား အလာ ( Economic Outlook) အစီ ရင်ခံစာမှာ ဖော်ပြထားပါတယ်။ အိုအီး စီဒီအဖွဲ့က ယခုနှစ်စီးပွားရေးတိုးတက် နှုန်းကို ၃ ဒသမ ၄ ရာခိုင်နှုန်းနဲ့ ၂၀၁၃ ခုနှစ်အတွက် တိုးတက်နှုန်းကို ၄ ဒသမ ၂ ရာခိုင်နှုန်း ရှိမည်ဟု မေလက ခန့်မှန်း ခဲ့ရာ ယခု ခန့်မှန်းချက်က အဲဒီခန့်မှန်း ချက်အောက်များစွာ ကျဆင်းခဲ့ပါတယ်။ ယူရိုဇုန်က စီးပွားရေးကျဆင်းမှုနဲ့ နှစ် နှစ်ရင်ဆိုင်နေခဲ့ပါတယ်။ အကယ်၍ အခွန်တိုးမြှင့်မှုနဲ့အသုံးစရိတ်လျှော့ချ မှုကို ရှောင်ရှားနိုင်ဖို့အတွက် အမေရိ ကန် လွှတ်တော်ကိုယ်စားလှယ်တွေက မဆောင်ရွက်နိုင်ရင် အမေရိကန်ပြည် ထောင်စုမှာ စီးပွားရေးဆုတ်ကပ်ဖြစ်နိုင် တယ်လို့ ခန့်မှန်းထားပါတယ်။ ဝါရှင် တန်မှာ ဖြစ်ပေါ်နေတဲ့ လိပ်ခဲတည်း လည်း ဖြစ်နေတာတွေအောင်မြင်ကျော် လွှားနိုင်မယ်ဆိုရင် လာမဲ့နှစ်မှာအမေရိ ကန် ပြည်ထောင်စုရဲ့  စီးပွားရေးက       ၂ ဒသမ သုည ရာခိုင်နှုန်းမြင့် တက်မယ် လို့ အိုအီးစီဒီကခန့်မှန်းပါတယ်။ မေ လက ခန့်မှန်းခဲ့တဲ့ ၂ ဒသမ ၆ ရာခိုင် နှုန်းအောက် လျှော့ချ ခန့်မှန်းခဲ့တာဖြစ် ပါတယ်။ "အမေရိကန် ပြည်ထောင်စုရဲ့ ဘဏ္ဍာရေး ချောက်ကမ်းပါးက အလွန် မတန် စိုးရိမ်စရာဖြစ်ပါတယ်။ ဒါပေမဲ့ အကြီးမားဆုံး စိုးရိမ်စရာက ယူရိုဇုန် အ ကျပ်အတည်းဖြစ်ပါတယ်" လို့ အိုအီးစီဒီ မှ စီးပွားရေးပညာရှင် ကာလိုပါဒိုဘင်က တွေ့ဆုံမေးမြန်းခန်းမှာ ရိုက်တာသတင်း ဌာနကို ပြောပါတယ်။ ယူရိုဇုန်စီးပွားရေးက ယခုနှစ်မှာ သုည ဒသမ ၄ ရာခိုင်နှုန်း ကျဆင်း မယ်။ ၂၀၁၃ ခုနှစ်မှာ သုည ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းပြီး ၂၀၁၄ ခုနှစ် ရောက်မှသာ ၁ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာမယ်လို့ အိုအီးစီဒီက ခန့် မှန်းထားပါတယ်။
 

Wednesday, 5 Dec 2012

အမေရိကန်နိုင်ငံမှာ အကြီးဆုံးဖြစ်တဲ့မြေပဲမှ ထောပတ်ထုတ်တဲ့စက်ရုံတစ် ရုံရဲ့ ထုတ်လုပ်မှုလုပ်ငန်းတွေကို အစားအစာနဲ့ဆေးဝါးစီမံကွပ်ကဲရေးအဖွဲ့ (FDA) ကခေတ္တရပ်ဆိုင်းဖို့အမိန့်ထုတ်ပြန်ပါတယ်။ ၂၀၁၁ ခုနှစ်အစား အစာ ဘေးအန္တရာယ်ကင်းရှင်းရေးဥပဒေအရ အသစ်ခန့်အပ်လိုက်တဲ့ အာဏာပိုင် အဖွဲ့ယခုလိုဆာလ်မိုနယ် လာ အဆိပ်သင့်မှုကိုအရေးယူဆောင်ရွက်တာက ပထမအကြိမ်အရေးယူဆောင်ရွက် တာဖြစ်ကြောင်း အေပီသတင်း တစ်ရပ်မှာ ဖေါ်ပြတဲ့အတွက်ယခုလိုဆောင်ရွက်တာ ဖြစ်ပါတယ်။ နယူးမက္ကဆီကိုပြည်နယ် ရှိ ဆန်းလင်းကုမ္ပဏီ ကထုတ်လုပ်ပြီး ထရိတ်ဒါဂျိုးက ရောင်းချတဲ့ ထောပတ်မြေ ပဲကြောင့် ပြည်နယ် ၂၀ မှာကလေးငယ် အများစု အပါအဝင်လူ ၄၁ ဦးအ ဆိပ်သင့်ပြီးနောက် FDA ကစစ်ဆေးခဲ့ရာမှ ဆယ်လ်မိုနာကိုတွေ့ရှိခဲ့တာ ဖြစ်ပါ တယ်။ ဆန်းလင်းကုမ္ပဏီရဲ့မှတ်ပုံတင်ကို နိုဝင်ဘာ ၂၇ ရက်ကခေတ္တရပ်ဆိုင်း ခဲ့ပြီး ကုမ္ပဏီရဲ့အစားအစာ ထုတ်လုပ်ဖြန့်ချိမှု ကို တားမြစ်ခဲ့ပါတယ်။

Wednesday, 5 Dec 2012

အလုပ်အကိုင်သစ် ဖန်တီးမှု မြင့် မားလာခြင်းနဲ့ အမျိုးသမီးတွေနဲ့ အ သက်အရွယ်ကြီးရင့်တဲ့လုပ်သားတွေ လုပ်ငန်းခွင်ပြန်ဝင်တဲ့နှုန်းမြင့်မားလာတဲ့ အတွက် ယခုနှစ်အတွင်းမှာစင်ကာပူ နိုင်ငံသားအလုပ်သမားတွေအလုပ် အကိုင်ရရှိမှုစံချိန်သစ် တင်ကြောင်း AFP သတင်းတစ်ရပ်မှာ ဖော်ပြထား ပါတယ်။

Pages