Main menu

Background

Wednesday, 24 Jul 2013

လောလောဆယ်မှာ ကမ္ဘာ့အကြီး ဆုံးနေစွမ်းအင်သုံးအင်ဗတ်တာထုတ် လုပ်သူဂျာမန်အခြေစိုက် SMA Solar Technology အတွက် လစ်သီယံအိုင် ယင်းဘက်ထရီအိမ်တွေကို ယခုလက စပြီးပေးသွင်းမှာဖြစ်ကြောင်း  LG Chem ကဇူလိုင် ၁၄ ရက်ကပြော ကြောင်း ကိုရီးယား ဟာရယ်သတင်းမှာ ဖော်ပြ ထားပါတယ်။

Wednesday, 24 Jul 2013

၂၀၁၅ ခုနှစ် ဒီဇင်ဘာမှာ အာဆီ ယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) တစ်ခုဖြစ်ပေါ်လာတော့မှာဖြစ်လို့ လေ ကြောင်းလိုင်းဖြေလျော့မှုကို ဆောင်ရွက် ပေးမဲ့ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ထိုင်း လေကြောင်းလိုင်းတွေ ရင်ဆိုင်ရတော့ မယ်လို့ကာဆီကွန်သုတေသနဗဟိုဌာန က ပြောကြောင်း  ttrweekly သတင်း မှာ ဖော်ပြထားပါတယ်။

Wednesday, 24 Jul 2013

တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက် နှုန်း နှေးကွေးကျဆင်းတာက ဥရောပနဲ့ အာရှအပေါ်အရိပ်ကျလျက်ရှိကြောင်း ဇူလိုင် ၁၆ ရက်က လေ့လာဆန်းစစ်သူ တွေက ပြောကြားကြောင်း အေအက်ဖ် ပီသတင်းမှာ ဖော်ပြထားပါတယ်။ ဒီလိုဖြစ်လာတဲ့အတွက် ကမ္ဘာ့စီး ပွားရေးအပေါ်ဒုက္ခအ၀၀ကျရောက်နိုင် တဲ့ တရုတ်နိုင်ငံစီးပွားရေးတိုးတက်မှုနဲ့  ကျဆင်းမှုအပြောင်းအလဲမြန်တာကို တရုတ်အစိုးရရှောင်ကွင်းနိုင်အောင် စွမ်း ဆောင်နိုင်ပ့ါမလားဆိုတဲ့ သံသယတွေ တိုးပွားစရာဖြစ်ခဲ့ရကြောင်း လေ့လာ ဆန်းစစ်သူတွေက ပြောပါတယ်။

Monday, 15 Jul 2013

ဂျပန်ဝန်ဆောင်မှုကဏ္ဍယုံကြည် မှုအညွှန်းကိန်းက ဇွန်မှာ ၅၃ မှတ်ထိ ကျရောက်ခဲ့ကြောင်း ဇူလိုင် ၈ ရက်က ထုတ်ပြန်တဲ့ ဝန်ကြီးအဖွဲ့ရုံးစစ်တမ်းရဲ့ ဖော်ပြချက်ကို ကိုးကားပြီး ရိုက်တာ သတင်းမှာဖော်ပြထားပါတယ်။

ယခုကျဆင်းမှုက ဘဏ္ဍာရေးဈေး ကွက်များအတွက် အလားအလာ အပေါ် မရေရာမှုကယုံကြည်မှုကို ဆိုး ကျိုးသက်ရောက်စေတဲ့ လက္ခဏာတစ် ရပ်ဖြစ်ပါတယ်။ အငှားယာဉ်မောင်း၊ ဟိုတယ်လုပ်သားများနဲ့ စားသောက် ဆိုင်ဝန်ထမ်းတွေလို လုပ်သားတွေကို ကောက်ခံထားတဲ့စစ်တမ်းအရ လက်ရှိ စီးပွားရေးအခြေအနေနဲ့ပတ်သက်တဲ့ သူတို့ရဲ့ယုံကြည်မှုက မေလမှာ ၅၅ ဒသမ ၇ မှတ်ရှိရာကနေ ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ ဝန်ကြီးအဖွဲ့ရုံးက စီးပွားရေး အလားအလာအညွှန်းကိန်းကို ၂၀၀၁ ခုနှစ် သြဂုတ်လကစပြီး စုစည်းပြုစုခဲ့ တာဖြစ်ပါတယ်။ အနာဂတ်အခြေ အနေတွေနဲ့ပတ်သက်တဲ့ ယုံကြည်မှု အဆင့်ကိုညွှန်ပြနေတဲ့ အညွှန်းကိန်းက မေမှာ ၅၆ ဒသမ ၂ မှတ်ရှိရာက ၅၃ ဒသမ ၆ မှတ်ကို ကျဆင်းခဲ့ပါတယ်။ စီးပွားရေးနာလန်ထူမှုနှုန်းက မကြာ သေးမီက အနည်းငယ် တိုးတက်မှုရှိခဲ့ ကြောင်း ဝန်ကြီးအဖွဲ့ရုံးက ထုတ်ပြန်ပါ တယ်။
 

Monday, 15 Jul 2013

လာမဲ့ရိတ်သိမ်းရာသီအမီ စပါးတောင်သူတွေအတွက် အပေါင်ထားစနစ် သစ်ကို စတင်နိုင်ဖို့အတွက် လာမဲ့လကစပြီး အစိုးရကစတင်ဆောင်ရွက်နေ ကြောင်း ထိုင်းနိုင်ငံနေးရှင်းသတင်းမှာ ဖော်ပြထားပါတယ်။

ဈေးနှုန်းလျှော့ချတာကို ဆင်းရဲတဲ့ လယ်သမားတွေမခံစားရအောင် အစီ အစဉ်သစ်အရ ဈေးနှုန်းတွေသတ်မှတ် တဲ့အခါ စပါးစိုက်ဧရိယာအရွယ်အစား အပေါ် မူတည်သတ်မှတ်သွားမှာဖြစ်ပါတယ်။ အစီအစဉ်သစ်ကိစ္စဆွေးနွေးဖို့ လယ်သမားများနဲ့သက်ဆိုင်ရာအေဂျင်စီ တွေကို ခေါ်ယူပြီး ဇူလိုင် ၁၀ ရက်နေ့မှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီး ယန်ယောင်ဖူအန်ဂရပ်က အစည်းအဝေးကျင်းပမှာ ဖြစ်ပါတယ်။ "အပေါင်ထားဈေးနှုန်းသစ်ကတကယ်ဈေးကွက်အခြေအနေကို ရောင်ပြန် ဟပ်ထားမှာဖြစ်ပါ တယ်။ ဈေးနှုန်းသစ်တွေ က ကျဆင်းသွားပေမဲ့ ဆင်းရဲတဲ့ လယ်သမားတွေရဲ့ဝင်ငွေကို ထိခိုက်စေမှာမဟုတ်ပါဘူး။ ဒီအစီအစဉ်သစ်အရ ဆန်တင်ပို့မှုတိုးတက်လာ အောင် အားပေးနိုင်ပါလိမ့်မယ်" လို့ ယန်ယောင်က ပြောပါတယ်။ အစီအစဉ်သစ်ကို အားလုံးက လက်ခံနိုင်မှာဖြစ်ကြောင်း၊ ဈေးနှုန်းတွေ ကို ယခုလထဲမှာတွက်ချက်ပြီး လယ် သမားတွေက ညှိနှိုင်းမှုတွေဆောင်ရွက် နိုင်အောင် လာမဲ့လထဲမှာကြေညာသွားမှာဖြစ်ကြောင်း သူကပြောပါတယ်။ အပေါင်ထားတဲ့ဈေးနှုန်းသစ်တွေကိုသတ်မှတ်ရာမှာ လယ်သမားတစ်ဦး ချင်းစီရဲ့ စပါးစိုက်ဧရိယာအရွယ်အစားအရ သတ်မှတ်သွားမှာဖြစ်ကြောင်း ပြည်တွင်းကုန်သွယ်မှုဌာန ညွှန်ကြားရေးမှူးချုပ်ဒီဘွန်းလာဆာနာရူအန်ရာဆာ က ပြောပါတယ်။ ဒီအစီအစဉ်က ဆင်းရဲတဲ့လယ်သမားတွေကိုအကူအညီပေးဖို့ဖြစ်ကြောင်း နဲ့ လယ်သမားတွေရဲ့ ကုန်ထုတ်လုပ်မှုစရိတ် ကျဆင်းသွားအောင်အစိုးရက အကူအညီပေးသွားမှာဖြစ်ကြောင်း သူမကပြောပါတယ်။
 

Monday, 15 Jul 2013

အပိုဘတ်ဂျက်စီမံကိန်းနဲ့ ပေါ်လ စီအတိုးနှုန်းချထားခြင်းစတဲ့ စီးပွားရေး တွန်းအားပေးအစီအမံတွေဆောင်ရွက်ပေ မဲ့ တောင်ကိုရီးယားရဲ့ စီးပွားရေးက တိုး တက်နှုန်းနှေးကွေးနေဆဲဖြစ်နေတာကို ဇူလိုင် ၉ ရက်ကထုတ်ပြန်တဲ့ အစိုးရ အစီရင်ခံစာမှာတွေ့ရကြောင်း ရှင်ဝှာ သတင်းမှာဖော်ပြထားပါတယ်။

"စားသုံးသူဈေးနှုန်းတွေ တည်ငြိမ် နေတဲ့အတွက် တချို့စီးပွားရေးညွှန်း ကိန်းတွေ ဖွံ့ဖြိုးတိုးတက်တာကို တွေ့ရပါ တယ်။ ဒါပေမဲ့ အလုပ်အကိုင်ရရှိတာ ကျဆင်းမှုနဲ့အတူ စက်မှုကုန်ထုတ် လုပ်ငန်း၊ စားသုံးမှုနဲ့ ဆောက်လုပ်ရေး ရင်းနှီးမြှုပ်နှံမှုတွေ ကျဆင်းခဲ့ပါတယ်" လို့ မဟာဗျူဟာနဲ့ ဘဏ္ဍာရေးဝန်ကြီး ဌာနက လစဉ်ထုတ်ဝေပြီး စီးပွားရေး အခြေအနေတွေကို ဝေဖန်ဖော်ပြထား တဲ့ ွမနနည သြသု မှာ ဖော်ပြထားပါ တယ်။ ကုန်လွန်ခဲ့တဲ့တစ်လကနဲ့နှိုင်း ယှဉ် ရင် ဝန်ဆောင်မှုကဏ္ဍမှကုန်ထုတ်လုပ် မှုက သုည ဒသမ ၂ ရာခိုင်နှုန်းတိုး တက်ခဲ့ပေမဲ့ သတ္တုတူးဖော်ရေးနဲ့ ကုန် ချောထုတ်လုပ်ရေးလုပ်ငန်းတွေမှာ သုည ဒသမ ၄ ရာခိုင်နှုန်းကျဆင်းခဲ့ပါ တယ်။ အလားတူကာလအတွင်းမှာ လက်လီရောင်းချရေးလုပ်ငန်းတွေက သုည ဒသမ ၂ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဆောက်လုပ်ရေးရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပါ တယ်။ စားသုံးသူဈေးနှုန်းတွေက နှစ် အလိုက်နှိုင်းယှဉ်ရင် ဇွန်မှာ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၁၄ နှစ်အတွင်း အနိမ့် ဆုံးအဆင့်မှာ နှစ်လဆက်တိုက်ရှိခဲ့ပါ တယ်။ တောင်ကိုရီးယား စီးပွားရေးမှာ ထက်ဝက်လောက်ပါဝင်နေတဲ့ ပို့ကုန် လုပ်ငန်းတွေက ယခင်နှစ်အောက် သုည ဒသမ ၉ ရာခိုင်နှုန်းကျဆင်းခဲ့ပါ တယ်။ အဓိကအားဖြင့် ငွေကြေးမူဝါဒ လျှော့ချမှုတွေကို တရကြမ်းပြုလုပ်ခဲ့တဲ့ အတွက် အမေရိကန်ဒေါ်လာ၊ တောင် ကိုရီးယားဝမ်စတာတွေနဲ့ ဖလှယ်တဲ့ အခါ ငွေကြေးတန်ဖိုးကျဆင်းနေတဲ့ ဂျပန်ရဲ့ဝယ်လိုအားကျဆင်းတဲ့အတွက် ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံက ဧပြီလ မှာ ဖြည့်စွက်ဘတ်ဂျက်အစီအစဉ်ဝမ် ၁၇ ထရီလီယံ (ဒေါ်လာ ၁၅ ဘီလီယံ)   ကို ကြေညာခဲ့ပြီး ပေါ်လစီအတိုးနှုန်းကို မေက သုည ဒသမ ၂၅ ရာခိုင်နှုန်း လျှော့ပေးခဲ့ပါတယ်။
 

Monday, 15 Jul 2013

အရေးတကြီးလိုအပ်နေတဲ့ ပြုပြင် ပြောင်းလဲမှုတွေကို ဆက်လက်ဆောင် ရွက်သွားမယ်ဆိုရင် ဂရိနိုင်ငံအတွက် အကူအညီသစ် ယူရိုဘီလီယံ ပေါင်း များစွာပေးဖို့ ဥရောပဘဏ္ဍာရေးဝန်ကြီး တွေက ဇူလိုင် ၈ ရက်က သဘောတူခဲ့ ကြောင်း အေအက်ဖ်ပီ သတင်းမှာ ဖော် ပြထားပါတယ်။

ယူရိုအုပ်စုကဝန်ကြီးတွေက နွေဦး ရာသီမတိုင်မီ နောက်ဆုံးအစည်းအဝေး ကို ကျင်းပနေတာဖြစ်ပြီး ဒီအစည်း အဝေးအပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံ ငွေအဖွဲ့အကြီးအကဲ ခရစ်စတင်းလား ဂတ်လည်း တက်ရောက်ခဲ့ပါတယ်။ ဒီ အစည်းအဝေးမှာ ဂရိနိုင်ငံအတွက် အကူအညီသစ်ယူရို ၆ ဒသမ ၈ ဘီလီ ယံပေးဖို့ ဝန်ကြီးများက သဘောတူခဲ့ပါ တယ်။ ဒါပေမဲ့ ငွေကြေးကိုတစ်သုတ်ထဲ နဲ့အပြီးထုတ်ပေးမှာမဟုတ်ပါဘူး။ တွေ့ ကြုံလာရတဲ့ အခြေအနေတွေပေါ်မှာ မူတည်ပြီး အမျိုးမျိုးခွဲပြီးထုတ်ပေးမှာ ဖြစ်ပါတယ်။ "ယူရိုအုပ်စုက ဂရိနိုင်ငံသားတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အလေး ထားကြောင်းပြသလျက်ရှိပါတယ်။ တစ် ချိန်တည်းမှာ နောက်တစ်ကြိမ်ငွေထုတ် ပေးဖို့အတွက် ကြိုတင်လုပ်ဆောင်စရာ အားလုံးကိုအပြည့်အဝဆောင်ရွက်ဖို့ လာမဲ့ရက်သတ္တပတ်ထဲမှာ ထူးခြားတဲ့ ဆောင်ရွက်မှုတွေ ပြုလုပ်ဖို့လိုပါတယ်" လို့ ဒတ်ချ် ဘဏ္ဍာရေးဝန်ကြီး ဂျေရို အန်ဒီဆဲဘလိုအင် က ပြောပါတယ်။ အထူးသဖြင့် လိုအပ်တာက ပြည်သူစီမံ အုပ်ချုပ်ရေး အတွက် လိုအပ် တဲ့ပြုပြင် ပြောင်းလဲမှုတွေကို ဆောင်ရွက်ဖို့လို ပါတယ်။ ဒီလို ဆောင်ရွက်ဖို့အတွက် ဂရိအစိုးရက ယခုနှစ်ကုန် မှာ နိုင်ငံတော် လုပ်ငန်း ပေါင်း ၄၀၀၀ ကိုလျှော့ချဖို့နဲ့ မြို့ပြ ဝန်ထမ်း ၂၅၀၀၀ ကို လုပ်ငန်း ပြောင်းရွှေ့ထားဖို့ ကတိပြုထားပါ တယ်။
 

Monday, 1 Jul 2013

ယခုနှစ်မှာ ထိုင်းလုပ်သားတွေရဲ့ တစ်ရက်အနိမ့်ဆုံးလုပ်ခကို ဘတ် ၃၀၀ အထိ တိုးမြှင့်ပေးခဲ့ပေမဲ့ အဓိက အား ဖြင့် နေထိုင်စရိတ်မြင့်မားတဲ့အတွက် ထိုင်းလုပ်သားတွေရဲ့ပခုံးပေါ်မှာ ကြွေးမြီ ဝန်ထုပ်ဝန်ပိုးက ငါးနှစ်အတွင်း အမြင့် ဆုံးကိုရောက်ရှိခဲ့ကြောင်း ထိုင်းကုန် သည်ကြီးများအသင်းတက္ကသိုလ် (UTCC) က စစ်တမ်းတစ်ခုမှာဖော်ပြ ထားတာကို နေရှင်းသတင်းမှာဖောြ်ပ ထားပါတယ်။

Monday, 1 Jul 2013

ဇွန်လမှာ ဗီယက်နမ်ရဲ့ ငွေကြေး ဖောင်းပွနှုန်းမြင့်တက်လာတာကို ဇွန် ၂၅ ရက်က တရားဝင်ထုတ်ပြန်တဲ့ စာရင်းတွေမှာ တွေ့ရပါတယ်။ အစိုးရ က အတိုးနှုန်းတွေလျှော့ချလိုက်ပြီး နောက်ပိုင်း ရှစ်လအတွင်း ပထမဆုံး အကြိမ်မြင့်တက်ခဲ့တာဖြစ်ကြောင်း အေ အက်ဖ်ပီသတင်းမှာဖော်ပြထားပါတယ်။

Thursday, 27 Jun 2013

အသေးစားနဲ့အလတ်စားစီးပွား ရေးလုပ်ငန်းတွေ (SME)  အတွက် လို အပ်တဲ့အကျိုးခံစားခွင့်တွေရရှိတဲ့ လက္ခ ဏာမတွေ့ရတဲ့အတွက် ထိုလုပ်ငန်းတွေ အတွက် အထောက်အပံ့နဲ့ ဦးစားပေးမှု တွေကို အစိုးရကပြန်လည်လေ့ လာသင့် ကြောင်း ဗီယက်နမ်နိုင်ငံစီမံကိန်းနဲ့ ရင်း နှီးမြှုပ်နှံမှု ဝန်ကြီးဌာနရဲ့ ပြောကြားချက် ကို VNS သတင်းဌာနက ဖော်ပြပါ တယ်။

Pages