Main menu

Background

Wednesday, 31 Mar 2010

မြန်မာတို့ နှစ်စဉ် နှစ်သစ်ကူးပွဲတော်အဖြစ် ဆင်နွှဲလေ့ရှိတဲ့ သြင်္ကန်ပွဲတော်ဟာ သက္ကတ ဘာသာ စကား သြင်္ကန္တ ဆိုတဲ့ စကားကဆင်းသက် လာခဲ့တာ ဖြစ်ပါတယ်။ အဓိပ္ပာယ်က ကူးပြောင်းခြင်း လို့  အဓိပ္ပာယ်ရပါတယ်။ ကိုးကွယ် ယုံကြည်မှုအရ  တူညီမှုရှိတဲ့ ဒေသ တွေမှာ လိုက်နာ ကျင့်သုံးကြတဲ့ ဓလေ့ထုံးစံတွေကလည်း တူညီလေ့ ရှိကြပါတယ်။ မြန်မာနိုင်ငံလိုပဲ မြတ်ဗုဒ္ဓရဲ့ အဆုံးအမနဲ့ အညီ ကျင့်ကြံနေထိုင်ရာဒေသအချို့မှာ နှစ်သစ်ကူးကျင်းပပုံမှာ  တူညီမှုရှိကြပါတယ်။ သက္ကတ ဘာသာစကားကနေ ဆင်းသက်လာ တဲ့ သင်္ကန္တ စကားလုံးဟာ သက်ဆိုင်ရာ ဒေသနေ ပြည် သူတွေရဲ့ ဝန်းကျင် အခြေ အနေ ပေါ်မှာ မူတည်ပြီး ကွဲပြားခြားနားမှုရှိခဲ့တာကိုလည်း တွေ့ရပါ တယ်။ မြန်မာတို့ရဲ့ သြင်္ကန်၊ ထိုင်းတို့ရဲ့ ဆွန်ကရန် (Song Kran)၊ ကမ္ဘောဒီးယား ချိုချနန်သမေး (Chol Chnam Thmey)၊ လာအို တို့ရဲ့ ဘီးမိုင် (Bpee Mai) နဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒိုင်လူမျိုး တို့ရဲ့ ရေသဘင်ပွဲဆိုတဲ့ နှစ်သစ်ကူးပွဲတော်တို့ဟာ တစ်ခုတည်းသော ရင်းမြစ်က ဆင်းသက်လာခဲ့တဲ့ ပွဲတော်များ ဖြစ်ပါတယ်။ ကျင့်သုံး လိုက်နာကြသူတွေရဲ့ နေထိုင်ရာ ပထဝီဝင်ဒေသ ကွဲပြားမှုအရ အခေါ် အဝေါ်ကွဲပြားမှုရှိသလို ကျင်းပပုံ ကျင်းပနည်း မှာလည်း အနည်းအများကွဲပြားမှုရှိကာ အမျိုးသား အသွင်အပြင် လက္ခဏာ တစ်ခုအဖြစ် ပြောင်းလဲမှု ရှိတန်သလောက်ရှိခဲ့ပါတယ်။ကမ္ဘောဒီးယားတို့ရဲ့ ချိုချနမ်သမေး ချိုချနမ်သမေးဆိုတာ ခမာဘာသာစကားအရ နှစ်သစ်သို့ ကူးပြောင်းခြင်းလို့ အဓိပ္ပာယ်ရပါ တယ်။ အများအားဖြင့် မတ် ၁၃ ရက်မှာ စတင်ပါတယ်။ တစ်ခါတစ်လေ မတ် ၁၄ ရက်စတင်ပြီး ၃ ရက်ကြာကျင်းပပါတယ်။ နှစ်အရေ အတွက်ကိုတော့ သာသနာ သက္ကရာဇ်နဲ့ သတ်မှတ်ပါတယ်။ ဥပမာ ၂၀၀၉ ခုနှစ်ဟာ ကမ္ဘောဒီးယား ပြက္ခဒိန်အရ ၂၅၅၃ (သာသနာ သက္ကရာဇ် Buddhist Era) ခု ဖြစ်ပါတယ်။ နှစ်သစ်ကူးနေ့မှာ လူအများက ဝတ်ကောင်းစားလှတွေ ဝတ်ပြီး ဘုရားစင်မှာ ဖယောင်းတိုင်တွေ၊ အမွှေးတိုင်တွေထွန်းပြီး ပူဇော်ကြပါတယ်။ မိသားစုဝင်တွေဟာ ဆင်းတုတော်ရှေ့မှာ မြတ်စွာဘုရားကို ရှိခိုးပူဇော်ကြပါတယ်။ ကံကောင်းစေရန်အတွက် ရေနဲ့ မနက်ပိုင်းမှာ မျက်နှာ၊ နေ့လည်မှာ ရင်အုပ်၊ အိပ်ရာဝင်ခါနီးမှာ ခြေစတဲ့နေရာတွေကို ဆွတ်ဖြန်းကြပါတယ်။ ဒုတိယနေ့မှာ ဆင်းရဲသားတွေ၊ အိုးအိမ်မဲ့တွေ၊ ဝင်ငွေ နည်းသူတွေ၊ မိမိအမှုထမ်းတွေကို ပေးကမ်းစွန့်ကြဲပါတယ်။ ဘုရား ကျောင်းကန်သွားပြီး ဘိုးဘေးဘီဘင်တွေကို ပူဇော်ကန်တော့ ကြပါ တယ်။ တတိယနေ့မှာ ဗုဒ္ဓဆင်းတော်တွေကို ရေသပ္ပါယ်ပြီး အမွှေးနံ့သာတွေ ပက်ဖြန်းပေးပါတယ်။ ဘိုးဘွားမိဘတွေနဲ့ ကလေး တွေကိုလည်း ရေမိုးချိုးပြီးသန့်ရှင်းစင်ကြယ်အောင် ဆောင်ရွက် ပေး ကြပါတယ်။ ကျောင်းပရဝုဏ်တွေအတွင်းမှာ သဲပုံစေတီတွေ တည်တာ ဟာလည်း ခမာတို့ရဲ့ နှစ်သစ်ကူးအစဉ်အလာတစ်ခု ဖြစ်ပါတယ်။ မြတ်စွာဘုရားရဲ့ ဆံတော်နဲ့ မကိုဋ်တော်ကိန်းဝပ်စံပယ်နေတယ်လို့ အစဉ်အလာအရ ယုံကြည်ထားတဲ့ တာဝတိ ံသာနတ်ပြည်က စေတီတော်ကို ရည်မှန်းပြီး သဲပုံစေတီကြီးကို တည်ပါတယ်။ မြတ်စွာဘုရားရဲ့ မဟာသာဝက လေးပါးဖြစ်တဲ့ ရှင်သာရိပုတြာ၊ ရှင် မောဂ္ဂလန်၊ ရှင်အာနန္ဒာနဲ့ ရှင်မဟာကသပ တို့ကို ရည်စူးပြီး စေတီရံလေးဆူကိုတည် ပါတယ်။ နောက်အစဉ်အလာတစ်ခုကတော့ တစ်ဦးနဲ့တစ်ဦး ရေလောင်းတဲ့ ရေသဘင်ပွဲဖြစ်ပါတယ်။ ခမာတို့ဟာ နှစ်သစ်ကူးပွဲမှာ အထူးစားဖွယ်ခဲဖွယ်တို့ကို ပြင်ဆင် တတ်ပါတယ်။ ထူးခြားတာကတော့ ကြာလန်လို့ ခေါ်တဲ့ ကောက်ညှင်းကျည်တောက်လို စားစရာ ဖြစ်ပါ တယ်။ နောက် အစဉ်အလာတစ်ခုက ကစားပွဲတွေကျင်းပတဲ့အစဉ်အလာဖြစ်ပြီး ကစားနည်းတွေက အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ပြည် နယ်ဖြစ်တဲ့ မဏိ ပူရက ကစား နည်း တွေနဲ့ တူပါ တယ်။ နှစ်သစ်ကူး ကာလတစ်ခုလုံး လမ်းဆုံ လမ်းခွ တွေမှာ ကစားပွဲ တွေ ကျင်းပပေးပါတယ်။လာအိုရဲ့ ဘီးမိုင် ဘီးမိုင် သို့မဟုတ် ဆွန်ကရန် လို့ခေါ်တဲ့ လာအို နှစ်သစ်ကူးပွဲတော်ကို ဧပြီ ၁၃ ရက်က နေ ၁၅ ရက်နေ့အထိ ကျင်းပပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ပြင်သစ်နဲ့ သြစတြေးလျကို ရောက်နေကြတဲ့ လူမျိုး တွေကလည်း နှစ်သစ်ကူးပွဲကိုကျင်းပကြပါတယ်။ တရုတ်နိုင်ငံ တောင်ပိုင်းကနေ စတင်ပြောင်းရွှေ့ရောက်ရှိစက လာအိုနှစ်သစ်ကူး ပွဲတော်ကို ဇန်နဝါရီ ၁ ရက်မှာ ကျင်းပခဲ့ပေမယ့် အခြေချ နေထိုင် လာတဲ့အချိန်မှာတော့ ခမာနဲ့မွန်မြန်မာတို့ရဲ့ အစဉ်အလာ အတိုင်း လက်ခံကျင်းပခဲ့ပါတယ်။  ပွဲတော်ကျင်းပရက်ဟာ ဧပြီ ၁၃ ရက်ကနေ ၁၅ ရက်အထိ ဖြစ်ပေမယ့် လွမ်ဘရာဘန်လို မြို့ကြီးတွေမှာတော့ ရက်သတ္တ တစ်ပတ်ကျော်ကြာမြင့်ပါတယ်။ နှစ်သစ်ကူးပထမရက်မှာ ကျေးရွာနဲ့အိမ်တွေကို သန့်ရှင်းရေးလုပ်ပါတယ်။ နှစ်သစ်ကူး ပွဲတော်အတွက် အမွှေးနံ့သာ၊ ရေချမ်း၊ ပန်းတို့ကို ဆက်ကပ်ပါတယ်။ ဒုတိယနေ့ကိုတော့ နှစ်ဟောင်းနှစ် သစ်ရဲ့ ကြားရက်အဖြစ် သတ်မှတ်ပါတယ်။ ပွဲတော်နောက်ဆုံးရက်ကို နှစ်ဆန်းတစ်ရက်အဖြစ် သတ်မှတ်ပါတယ်။ အစဉ်အလာအရ ဆင်းတုတော်တွေနဲ့ ဆရာတော် သံဃာ တော်တွေကို ရေသပ္ပာယ်ပေးပါ တယ်။ ပြီးတော့ မိတ်ဆွေသင်္ဂဟတွေ ဖြတ်သွားဖြတ်လာတွေကို ရေပက်ဖြန်းပါတယ်။ ကျောင်းသား သူငယ်တွေက ရှေးဦးစွာ လူကြီး သူမတွေကို ရိုသေစွာနဲ့ ရေးမိုးချိုးပြီး သန့်စင်ပေး ပါတယ်။ နောက်အသက်ရှည်ငြိမ်းချမ်းသာယာဖို့ ရည် စူးပြီး သံဃာတော်တွေကို ရေးမိုးချိုး သန့်စင် ပေးပါတယ်။ နောက်ဆုံးမှ အချင်းချင်းရေလောင်းပြီး ရေသဘင်ပွဲနွှဲကြပါတယ်။ ရေပက် ဖြန်းတဲ့အခါ ရေထဲမှာ အမွှေးနံသာရဖို့အတွက် ပန်းများ၊ ရေမွှေးများထည့်ပါတယ်။ ကာဘင်လာဖွန်ဘုရင်ကြီးရဲ့ သမီးတော် ခုနှစ်ပါးက ဂူကြီးထဲမှာ ဖခင်ကြီးရဲ့ ဦးခေါင်းတော်ကို ထားပြီး နှစ်စဉ် ပသရာကနေ ရေပက်ဖြန်းတဲ့အလေ့ ပေါ်လာတယ်လို့ အယူရှိ ပါတယ်။ နောက်ပိုင်းမှာတော့ တစ်ဦးနဲ့တစ်ဦးခေါင်းလျှော်ရေ သို့ မဟုတ် ပေါင်ဒါမှုန့်တွေနဲ့ ပက်ဖြန်းတဲ့ အလေ့ပါ ထွန်းကား လာပါတယ်။ လာအိုနိုင်ငံမှာလည်း သဲပုံစေတီ တည်တဲ့ အစဉ်အလာ ရှိပါတယ်။ သဲပုံစေတီကို အမွှေးနံသာ၊ ပန်းမန်၊ တံခွန် ကုက္ကားတွေနဲ့ မွမ်းမံပြီး အမွှေးနံသာ ပက်ဖြန်းပါတယ်။ လာအိုတို့ရဲ့သဲပုံစေတီက သမီးတော်ခုနှစ်ပါးရဲ့ခမည်းတော်ကာ ဘင်လာဖွန်ဘုရင်ကြီးရဲ့ ဦးခေါင်းတော်ထားရှိရာ တောင်တော်ကို ရည်မှန်းပြီး တည်ထားတာ ဖြစ်ပါတယ်။ တိရစ္ဆာန် ဘေးမဲ့လွှတ်တဲ့ပွဲတော်နဲ့ နှစ်သစ်ကူးပန်းခူး ပွဲတော်ကလည်း ထင်ရှားတဲ့ ပွဲတော်တွေ ဖြစ်ပါတယ်။ လာအိုနိုင်ငံမှာ နှစ်စဉ်နှစ်သစ်ကူးမယ်ရွေးပွဲကျင်းပပါတယ်။ နှစ်သစ်ကူးမယ်ရွေးပွဲကို ဒေသအသီးသီးမှာ ကျင်းပပါ တယ်။ ကာဘင်လာဖွန် ဘုရင် မင်းမြတ်ရဲ့ သမီးတော်ခုနှစ်ပါးကို ရည်စူးအလှမယ် ခုနှစ်ဦး ပြိုင်ပွဲဝင်ရပါတယ်။ လူကြီး လူငယ်အားလုံးဟာ ဘုန်းတော်ကြီး ကျောင်းကိုသွားပြီး ဥပုသ် သီးတင်းဆောက်တည်ကြပြီး ညနေပိုင်းမှာ ဖျော်ဖြေပွဲတွေကို ကြည့်ရှုကြပါတယ်။ထိုင်း ဆွန်ကရန် ထိုင်းရိုးရာနှစ်သစ်ကူးပွဲတော်ကို လူကြီးသူမတွေနဲ့တွဲပြီး ကျင်းပလေ့ရှိတဲ့အတွက် ထိုင်းလူမျိုး တွေဟာ နှစ်သစ် ကူးပွဲတော် ကာလမှာ ဇာတိရပ်ရွာကိုပြန်တတ်ကြပါတယ်။ ပွဲတော်ကာလဟာ အစဉ်အလာအားဖြင့် ဧပြီ ၁၃ ရက်ကနေ ၁၅ ရက်နေ့အထိ ကျင်းပပါတယ်။ နှစ်သစ်ကူးရက်ကို မူလက ဗေဒင်ကိန်းခန်း အရ တွက်ချက်ခဲ့ပေမဲ့ ယခုတော့ ပုံသေ သတ်မှတ် ထားပါတယ်။ပွဲတော်ရက်တွေဟာ ရက်သတ္တပတ် ပိတ်ရက်တွေနဲ့ကြုံရင် ပိတ်ရက်ထဲ ပါတဲ့ရက်တွေကို နောက်ရက်တွေမှာ ထည့် ပေါင်းကျင်းပပါတယ်။ တ ကယ်လို့ သြင်္ကန်ရက်ဟာ ရက် သတ္တပတ် ကြားရက်ဖြစ်ရင် ရှေ့ သီတင်းပတ် သောကြာ နေ့ ကနေ နောက် သီ တင်းပတ် တနင်္လာ နေ့ အထိ ကျင်းပပါတယ်။ ထိုင်းသြင်္ကန် အထင် ရှားဆုံး ကတော့ ရေသဘင် ပွဲဖြစ် ပါတယ်။ လူတွေဟာ လမ်းတကာ လှည့်ပြီး ရေစည်တွေ ရေ>ပတ်တွေနဲ့ ရေကစားကြ ပါတယ်။ ဒါမှမဟုတ် လမ်းဘေးမှာ မဏ္ဍပ် ထိုးပြီး လမ်းသွားလမ်းလာတွေကို ရေပိုက်တွေနဲ့ ရေပက်ပါတယ်။ သြင်္ကန်ရဲ့ တကယ့်အစဉ်အလာထုံးစံက မိသားစု ဝင်၊ မိတ်ဆွေ သင်္ဂဟ အိမ်နီးချင်းအပါအဝင် လူကြီးသူမ တွေကို သွားရောက် ဂါရဝပြုတဲ့ပွဲ ဖြစ်ပါတယ်။ ရေကစားတာအပြင် ဘုရားကျောင်းကန်သွားပြီး သံဃာတော်တွေကို ဆွမ်းကပ်ပူဇော်တာ ကလည်း သြင်္ကန် ဓလေ့တစ်ခုဖြစ်ပါတယ်။ အိမ်ဦးခန်းဘုရားစင်က ဗုဒ္ဓဆင်းတော်တွေ၊ ဘုန်းတော်ကြီးကျောင်းက ဆင်းတုတော်တွေကို လည်း အမွှေးနံ့သာရေတို့နဲ့ ပူဇော်ပါတယ်။ ဒီလိုလုပ်ရင် နှစ်သစ်မှာ သာယာဝပြောမှုကိုရနိုင်တယ်လို့အယူရှိပါတယ်။ ချင်းမိုင်လို မြို့ကြီးတွေမှာတော့ ဗုဒ္ဓဆင်းတုတော်တွေကို တခမ်းတနား ဆင်ယင် ထား တဲ့ ယာဉ်တွေနဲ့ ပင့်ဆောင်လှည့် လည်ပြီး ရေသပ္ပါယ်ခံပါတယ်။ လူအများအပြားက လမ်းတွေပေါ် လှည့်လည် လာတဲ့ ဆင်းတု တော်တွေကို ရေပက် ဖြန်းပေးတာဟာ အစဉ်အလာတစ်ခု ဖြစ်ပါ တယ်။ ထိုင်းနိုင်ငံမြောက်ပိုင်းမှာတော့ ဒီတစ်နှစ်အတွင်း ကျောင်းကို လာချိန် ခြေထောက်မှာကပ်ပါခဲ့တဲ့ သဲမှုန့်တွေကို အစားပြန်ပေး တဲ့အနေနဲ့ လူတိုင်းဟာ ဘုန်းတော်ကြီးကျောင်းကို သဲလက် တစ်ဆုပ်စီ သယ်ယူလာပါတယ်။ ဒီသဲတွေကိုစုပြီး သဲပုံစေတီတည်ပါတယ်။တချို့ကတော့ အကုသိုလ်အမှုကိုရှောင်ကြည်ပြီး ကုသိုလ်မှုကို ပြုပါမယ်ဆိုတဲ့ နှစ်သစ်ကူး အဓိဋ္ဌာန်ပြုကြပါတယ်။ တစ်အိမ်လုံးကို ရှင်းလင်းသုတ်သင်ပေးပါတယ်။ရေပက်ဖျန်းတာရဲ့ မူလရည်ရွယ်ချက်က လူတွေကိုအရိုအသေ ဂါရဝပြုတဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ ဗုဒ္ဓဆင်းတုတော်တွေကို ရေ သပ္ပါယ်တဲ့ရေကို ခံယူထားတယ်။ လူကြီးသူမတွေနဲ့ အိမ်ထောင်စု ဝင်တွေ ကောင်းချီးမင်္ဂလာနဲ့ ပြည့်စုံပါစေဆိုတဲ့ ရည်မှန်းချက်နဲ့ သူတို့ ရဲ့ ပုခုံးကို ဒီရေစင်နဲ့ဖျန်းဆွတ်ပေးတာဖြစ်ပါတယ်။ လူငယ် လူရွယ် တွေကလည်း အပူဒဏ်ကိုသက်သာပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ခရီး သွားတွေကို ပက်ဖျန်းပေးတာဖြစ်ပါတယ်။ ကားတွေလှည့်ပြီး ကြမ်း ကြမ်းတမ်းတမ်းရေကစားတာက နောက်မှပေါ်လာတဲ့ အလေ့အကျင့် တစ်ခုဖြစ်ပါတယ်။မူးယစ်သောက်စားလို့ မတော်တဆမှုနဲ့ ခိုက်ရန်ဖြစ်ပွားမှုတွေ၊ အလွန်အကျွံပြုမူမှုတွေ၊  အနာတရဖြစ်မှုတွေကြောင့် သြင်္ကန်ရက် အတွင်း ကြမ်းကြမ်းတမ်း ပြုမူမှုတွေလျှော့ချဖို့ အစဉ်အလာ စောင့် ထိန်းသူတွေက တောင်းဆိုလာပါတယ်။သြင်္ကန်ကာလမှာ  မယ်အလှ ပြပွဲတွေကို နေရာအနှံ့အပြား ကျင်းပကြပါတယ်။ မိန်းမပျိုကလေး တွေက အလှအပနဲ့ အစွမ်းအစတွေကို ထုတ်ဖော်ပြသကြပြီး ပရိ သတ်က အဆုံးအဖြတ်ပေးပါတယ်။ယူနန် ရေသဘင်ပွဲတရုတ်နိုင်ငံ ယူနန်ပြည်နယ် စစ်ဆောင်ပနာမှာ မှီတင်းနေထိုင် ကြတဲ့ ဒိုင်မျိုးနွယ်စုတွေရဲ့ နှစ်သစ်ကူးပွဲတော်မှာ အရေးပါတဲ့ အခမ်း အနားတစ်ခုကတော့ ရေသဘင်ပွဲဖြစ်ပါတယ်။ နှစ်စဉ် ဧပြီလ ၁၃ ရက်ကနေ ၁၅ ရက်အထိ ကျင်းပပါတယ်။ ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ ရေသဘင်ပွဲန ဲ့တူညီပါတယ်။ ပွဲတော်ရက်အစမှာ အရိုအသေဂါရ၀ ပြုတဲ့ ပွဲတွေနဲ့စတင်ပြီး နောက်ဆုံးမှာ ရေသတင်ပွဲကို ဆင်နွှဲကြပါ တယ်။ ပွဲတော်ပထမရက်မှာ နှစ်ဟောင်းကို စွန့်ခွာတဲ့အနေနဲ့ နဂါးလှေပြိုင်ပွဲကို ကျင်းပပါတယ်။ ဒုတိယနေ့ကျင်းပ တဲ့ပွဲကတော့ နှစ်သစ်ကူးပွဲတော်ဖြစ်ပါတယ်။ တတိယနေ့က ပွဲတော်ရဲ့ အထွတ် အထိပ်နေ့ဖြစ်ပြီး ရေသတင်ပွဲနွှဲတဲ့နေ့ဖြစ်ပါတယ်။ အဲဒီနေ့မှာ ဒိုင် လူမျိုးတွေဟာ ဝတ်ကောင်းစားလှတွေဝတ်ပြီး ဘုန်းတော်ကြီး ကျောင်းကိုသွားကြပါတယ်။ ကျောင်းမှာဘုန်းတော်ကြီးတွေက ပရိတ် တော်တွေကို ရွတ်ဖတ်သရဇ္ဈာယ်ကြပါတယ်။ နောက်တော့ ဗုဒ္ဓရုပ် ပွားတော်ကို ဘုန်းတော်ကြီးကျောင်း ပရိဝုဏ်အတွင်းမှ ပင့်ဆောင်ပြီး မဏ္ဍပ်ကို ပင့်ဆောင်ပါတယ်။ အဲဒီမှာရုပ်ပွားတော်ကို ရေနဲ့  ပက်ဖျန်း ပါတယ်။ ဒီပွဲတော်ကို  "ဗုဒ္ခဘုရားရှင်အား ရေသပ္ပာယ်ပွဲ" လို့ ခေါ်ပါ တယ်။ အခမ်းအနားပြီးဆုံးမှ အချင်းချင်း ရေပက်ဖျန်းကြပါတယ်။ ဒါပေမယ့် ရေပက်ကစားတာဟာ ပျော်ပွဲရွှင်ပွဲ သက်သက် မဟုတ်ပါဘူး။ ဒီပွဲဟာ ဂုဏ်ယူစရာပွဲတစ်ပွဲလည်းဖြစ်ပါတယ်။ ဒိုင် လူမျိုးတို့ အယူအဆအရ ရေဆိုတာ သန့်စင်မှုသဘောကို ဆောင်ပါ တယ်။ ချစ်ခင်စေတနာထားမှုသဘောကို ဆောင်ပါတယ်။ ဒါကြောင့် အတန်းအစားအစိမ်း အကျက်မရွေး တစ်ဦးဦးကို ရေသဘင်ပွဲတော် ကာလမှာ ရေနဲ့ပက်ဖျန်းတာက ကံကောင်းပါစေ၊ သာယာဝပြော ပါစေဆိုတဲ့သဘောကို ဆောင်ပါတယ်။ ယခုနှစ်မှာ ယူနန်ပြည်နယ် မှာ ပူပြင်းခြောက်သွေ့မှုနဲ့ ရင်ဆိုင်နေရပြီး ဒီမိုးခေါင်ရေရှားမှုဟာ ရာစုနှစ်အတွင်းမှာ အပူပြင်းဆုံးဖြစ်ပါတယ်။ ဒါပေမယ့် ပူပြင်းခြောက် သွေ့မှုကို သက်သာစေမဲ့ မိုးခေါ်ပွဲတွေနဲ့အတူ ရေသဘင်ပွဲတော် ကို ဒိုင်လူမျိုးတွေက အစဉ်အလာမပျက်  ဆင်နွှဲမှာ ဖြစ်တယ်လို့ ပေကျင်းတိုင်းမ် သတင်းစာမှာ ဖော်ပြထားပါတယ်။ဘင်္ဂါလီနှစ်သစ်ကူးဘင်္ဂါလီပြက္ခဒိန်ရဲ့နှစ်သစ်ကူးနေ့ကို ဘင်္ဂလားဒေ့ရှ်နဲ့ အနောက် ဘင်္ဂေါနယ်မှာ ကျင်းပပါတယ်။ ပြီးတော့  အာသံနဲ့ ထရိုင်ပူရမှာရှိတဲ့ ဘင်္ဂါလီတို့ကျင်းပတဲ့ ပွဲဖြစ်ပါတယ်။ ပွဲတော်ကျင်းပရက်ဟာ ဧပြီလ ၁၄ ရက်ကနေ ၁၅ ရက်အထိကျရောက်ပါတယ်။ အိန္ဒိယနိုင်ငံမှာ အနောက်ဘင်္ဂေါနဲ့ အာသံပြည်နယ်တို့မှာ အများပြည်သူ (ပြည်နယ်) ရုံးပိတ်ရက်ဖြစ်ပြီး နှစ်စဉ် ဧပြီလ ၁၅ ရက်နေ့ မှာ ခမ်းခမ်းနားနား ကျင်းပပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ ဧပြီလ ၁၄ ရက်နေ့မှာ ကျင်းပပါတယ်။  ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အနောက်ဘင်္ဂေါနဲ့ အာသံ ပြည်နယ်တို့မှာ အများပြည်သူ (ပြည်နယ်) ရုံးပိတ်ရက်ဖြစ်ပါတယ်။ဘင်္ဂါလီနှစ်သစ်ကူးပွဲတော်ကို ကိုလ်ကတ္တား၊ ဒါကာမြို့တို့မှာ ကျင်းပလေ့ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စစ်တကောင်း တောင် ပေါ်သားတို့ရဲ့ မြို့တော်ဖြစ်တဲ့ Rangamatiမှာ ကျင်းပပါတယ်။ဘင်္ဂါလီနှစ်သစ်ကူးပွဲတော်ဟာ တောင်အိန္ဒိယ (ကေရာလ၊ တမီနာဒူး)၊ သီရိလင်္ကာ၊ နီပေါ၊ အိန္ဒိယအရှေ့ ပိုင်း၊ အိန္ဒိိယ (အာသံ၊ မဏိပူရ၊ သြရိဿ) နဲ့  အရှေ့တောင်အာရှဒေသတွေမှာ ကျင်းပတဲ့ နှစ်သစ်ကူးသြင်္ကန်ရက်နဲ့ တိုက်ဆိုင်မှုရှိပါတယ်။wikipadia.com, asiaroom.com, cir.cnဉာဏ်တင်

Wednesday, 31 Mar 2010

မြန်မာ့ရိုးရာ အတာသြင်္ကန်က မကြာမီအချိန်မှာ ကျရောက် တော့မှာပါ။ မြန်မာလူမျိုးများကလဲ အတာသြင်္ကန်ပွဲတော်ကို မျှော် လင့် ရင်ခုန်နေကြသူများဟာ  ကလေး၊ လူကြီးမကျန် အားလုံးလို့ ပြောရမှာပါ။ဒီလိုတစ်နှစ်တာ ပင်ပန်းခဲ့သမျှ ပျော်ရွှင်ဖို့အတွက် တစ်ဦးချင်း ကနေ အဖွဲ့လိုက်ပျော်ရွှင်မှုများ ရှိနေသလို ဌာနအလိုက်၊ အစုအဖွဲ့ အလိုက်၊ ကုမ္ပဏီကြီးများကလဲ သူ့ထက်ငါပိုမိုပြီး ခမ်းနားသထက် ခမ်းနားအောင် ပြင်ဆင်မွမ်းမံကြဖို့ ကြံဆနေကြပါတယ်။ အထူး သဖြင့် ရန်ကုန်မြို့တော်ရဲ့ အချက်အခြာကျတဲ့နေရာတွေမှာ ရေပက်ခံ မဏ္ဍပ်ကြီးများ၊ ဖျော်ဖြေရေးမဏ္ဍပ်ကြီးများ၊ အလှပြမဏ္ဍပ် ကြီးများ၊ ယိမ်းအကမဏ္ဍပ်ကြီးများ အပြိုင်အဆိုင် တည်ဆောက်ကြ တော့မှာ ဖြစ်ပါတယ်။အစဉ်အလာမပျက် တည်ဆောက်ကြမယ့် မဏ္ဍပ်များနှစ်စဉ်လိုလို သြင်္ကန်ကာလမှာ ရေပက်ခံမဏ္ဍပ်များနဲ့ ဖျော် ဖြေရေးမဏ္ဍပ်များဟာ အင်းယားလမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ဆရာစံလမ်း စတဲ့နေရာတွေမှာ မိုးဦးကျမိုးပွင့်များလို အပြိုင်ပြိုင် အဆိုင်ဆိုင် တည်ဆောက်ပြီး မြန်မာ့ရိုးရာအတာသြင်္ကန်ကို တပျော် တပါး တည်ဆောက်ပျော်မြူးခဲ့ကြတယ်။ ယခုလက်ရှိ ၂၀၁၀ ခုနှစ် ရဲ့ ရန်ကုန်မြို့ မြန်မာ့အတာ သြင်္ကန်ကို သြင်္ကန်ချစ်သူတို့ ဘယ်လိုပုံ ဖော်ကြမလဲ၊ ဘယ်နေရာတွေမှာ ဘယ်လိုပုံစံတွေနဲ့ တည်ဆောက် ကြပြီး အများပြည်သူတွေကို ပျော်ရွှင်စေကြမှာလဲဆိုတာကလဲ ကြည့် ရတော့မှာ ဖြစ်ပါတယ်။ စီးပွားရေးအခွင့်အလမ်းများ ပွင့်လန်းလာပြီ ဆိုသည့်နောက်တွင် ပြည်တွင်းမှာရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးများ ဘာတွေလုပ်ပြကြဦးမှာလဲ ဆိုတာတွေနဲ့ပတ်သက်ပြီး ပထမဦးဆုံး ရေပက်ခံမဏ္ဍပ်နဲ့ ဖျော်ဖြေရေးမဏ္ဍပ်များ တည်ဆောက်ကြမဲ့ အခြေ အနေတွေနဲ့ပတ်သက်ပြီး လေ့လာကြည့်တဲ့အခါမှာ-"ကျွန်တော်တို့အဖွဲ့က ပြီးခဲ့တဲ့ ၂၀၀၉ ကတော့ အင်းယားလမ်း ဘက်မှာ မဏ္ဍပ်လေးလုံး ဆောက်ဖို့ အော်ဒါရပါတယ်။  အဲဒီတုန်းက အင်းယားလမ်းမှာ ဆောက်ရတာက မဏ္ဍပ်တွေက တစ်ဆက်တည်း လေ။ ကိုယ်ဆောက်ရမဲ့မဏ္ဍပ်က အဝင်အနိမ့်ပိုင်းဆိုရင်တော့ နည်း နည်း သက်သာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဆောက်တဲ့ မဏ္ဍပ် တွေက အလယ်လောက်ကျတော့ တဖြည်းဖြည်းမြင့်လာပြီး ဆောက် လုပ်ရတာ တော်တော်ခက်ခဲခဲ့ပါတယ်။ ဒါက မဏ္ဍပ်အားလုံးက သူ့ ထက်ငါ အမြင့်ရောက်အောင်ဆောက်ကြတာလေ။ သစ်တွေကတော့ ဆောက်လုပ်တဲ့ ကုမ္ပဏီတွေက ငှားထားတာပါ။ ကျွန်တော်တို့က သံချက်နည်းအောင်တော့ အသုံးပြုပေးရတယ်။ ဒါက ဒီသစ်တွေက သြင်္ကန်ပြီးရင်   သစ်ဆိုင်တွေစီ  ပြန်အပ်ကြတာပါ။  ဆောက်တဲ့ အခါမှာလဲ ဒေါက်ပိုးစနစ်နဲ့ အများဆုံးဆောက်ရတယ်။ ဒါမှလဲ သံချက်နဲမှာပါ။ နောက်ပြီး အရင်က မဏ္ဍပ်တွေကို ဆေးသုတ်ကြ တယ်။ ဒီနောက်ပိုင်း မသုတ်ကြတော့ဘူး။ ဆေးသုတ်ခဆေးဖိုး၊ သုတ်ခသက်သာတဲ့အပြင် ဒီသစ်တွေကိုလဲ မူလအရောင်အတိုင်း ရှိနေပါတယ်။ အခုခေတ်စားလာတာက စပွန်ဆာယူတဲ့ ကုမ္ပဏီတွေ ရဲ့ ကုန်ပစ္စည်းကြော်ငြာ ဗီနိုင်းတွေ ချိတ်တယ်။ ကပ်တယ်။ မဏ္ဍပ် ဆောက် ကုမ္ပဏီတွေဘက်က ကြည့်ရင်လဲမှန်တယ်။  ဒီသြင်္ကန်မှာ ကိုယ့်မဏ္ဍပ်ကို စပွန်ဆာကုမ္ပဏီ ဘယ်နှစ်ခုရလဲဆိုတာတို့ လက်မှတ် ဘယ်လောက် ရောင်းရ တာတို့ ကလဲ တွက်ရတယ်လေ။ ကျွန်တော်တို့ ဆောက်တဲ့လူတွေကလဲ သစ်တွေကို တတ်နိုင်သလောက် ဖြတ်တာ တောက်တာတွေ ရှောင်ရတယ်။  ကျွန်တော်တို့အဖွဲ့တော့ အခုထိ လက်ခံထား တဲ့မဏ္ဍပ်က ရပ်ကွက်မဏ္ဍပ်ဆိုရင် နှစ်လုံးပဲရသေးတယ်။ ရပ်ကွက် မဏ္ဍပ်က ငါးသိန်းနဲ့လက်ခံတယ်။ တခြားကုမ္ပဏီ မဏ္ဍပ်က ၁၇ သိန်းနဲ့လက်ခံထားတယ်။ ဈေးနှုန်းဆိုတာက မဏ္ဍပ်အကြီး အသေး အပေါ်မူတည်တယ်။ ဒီဇိုင်းပုံတွေပါရင်တော့ ဈေးပိုတယ်။ မနှစ်က ဈေးလောက်တော့ မရဘူး။ ဒါကလဲ အခြေအနေကြည့်ပြီး လုပ်ရတာလို့" သြင်္ကန်ကာလများကို မျှော်နေတဲ့  ရွှေပြည်သာက သြင်္ကန်မဏ္ဍပ် တည်ဆောက်ရေးလုပ်ငန်းနဲ့ တစ်နှစ်တစ်ခါ ဝင်ငွေ ကောင်းရှာနေတဲ့ ကိုကြည်စိုးနဲ့အဖွဲ့ကလဲ မျှော်လင့်ချက်စကား လက် ဆောင်ပါးခဲ့ပါ တယ်။အော်ဒီယိုစက်တို့ကလဲ မျှော်လင့်ကြမြန်မာတို့ရဲ့ နှစ်သစ်သြင်္ကန်ဟာ တစ်နှစ်မှာ တစ်ကြိမ်ကျ ရောက်ခဲ့မှုကြောင့်လဲ မြန်မာလူမျိုးတို့ နှစ်သက်စွာနဲ့ ပျော်မြူးခဲ့ကြ တာဟာဆိုရင် ရှေးနှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သလို ခေတ်စနစ်များ ပြောင်းလဲလာမှုကြောင့်လဲ ပျော်ရွှင်မှုပုံသဏ္ဌာန်များ၊ ဖျော်ဖြေမှုပုံ သဏ္ဌာန်များဟာ တစ်နှစ်နဲ့တစ်နှစ်မတူဘဲ တိုးတက်ပြောင်းလဲလာ ခဲ့ရာမှာ ဖျော်ဖြေရေးကဏ္ဍတွေမှာ အသုံးပြုတဲ့ အသံပိုင်းဆိုင်ရာ အော်ဒီယိုစက်တို့ရဲ့နေရာ အတော်ပင်နေရာရရှိခဲ့ကြရပါတယ်။ ဒီလို အော်ဒီယိုစက်များ နေရာရရှိခြင်းဟာ လူငယ်တို့ရဲ့ဖျော်ဖြေမှုအသွင် သဏ္ဌာန်များ ဆန်းသစ်လာခြင်း၊ မဏ္ဍပ်ကြီးများတစ်ခုနဲ့ တစ်ခု အပြိုင် အဆိုင် တီးမှုတ်သီဆိုကြခြင်းများက အော်ဒီယိုစက်များကို နေရာရ စေခဲ့ပါတယ်။ ဒါကြောင့်မို့ အော်ဒီယိုစက်များကို သြင်္ကန်ကာလ ရောက်တိုင်း ငှားရမ်းတဲ့လုပ်ငန်းလုပ်ကိုင်သူတို့နဲ့ တွေ့ဆုံကြည့်ရာမှာ-"ကျွန်တော်တို့ စက်တွေကို မနှစ်က တီဟုမ်းမဏ္ဍပ်ကရယ်၊ အင်းယားလမ်းက မဏ္ဍပ်သုံးခုရယ်က ငှားပါတယ်။ ကျွန်တော့်ဆီမှာ အော်ဒီယိုစက်က မဏ္ဍပ်လေးခုစာရှိပါတယ်။ မနှစ်က အကြိုနေ့ ကနေ အတက်နေ့အထိကို တစ်စင်စာကို ၃၂ သိန်းနဲ့ ငှားပါတယ်။   အခုထိတော့ ဆိုင်ထားတဲ့ မဏ္ဍပ် တစ်ခုရှိတယ်။ ၂၅ သိန်းနဲ့။ ဈေး နည်းသွားတာကလဲ ရတာကို ချိတ်ထားတာပါ။  ကျွန်တော်တို့ စက်တွေက အထူးသဖြင့် တီးဝိုင်းတွေအတွက် မဖြစ်မနေလိုတယ် လေ။ မဏ္ဍပ်တွေမှာက သူ့ထက်ငါ အပြိုင်တီးကြ၊ ဆိုကြမှာ။ ကိုယ့် စက်က ပါဝါနိမ့်ရင် ခံသွားရမှာ။ ဒါကြောင့်စက်တွေကို အသံပိုင်း ဆိုင်ရာ အကောင်းဆုံးဖြစ်အောင် လုပ်ထားရတယ်။ ပြီးခဲ့တဲ့နှစ်က ကျွန်တော့်စက်တွေက တီဟုမ်းမှာကြားကြမှာပါ။ အခု စက်ငှားတယ် ဆိုတာကလဲ စောသေးတယ်ထင်ပါတယ်။ တချို့ ၄-၅ ရက် အလိုမှ ကပ်ပြီး လာငှားကြတာဆိုတော့ မျှော်လင့်ချက်တော့ ရှိနိုင်သေးတယ် လို့ ထင်ပါတယ်" လို့ မြောက်ဥက္ကလာက အော်ဒီယိုစက်များကို ငှားရမ်းတဲ့အလုပ် လုပ်ကိုင်နေသူ ကိုမြင့်ဆွေကလဲ သူ့ရဲ့မျှော်လင့် ချက်တွေ ဖြစ်လာနိုင်ပါသေးတယ်လို့ ဆိုပါတယ်။ဒီလိုသြင်္ကန်ကာလတစ်ခုကို အမှီပြုပြီး တစ်နှစ်တစ်ခါ စီးပွားရှာ သူတို့ရဲ့ မျှော်လင့်ချက်များဟာ ယခုနှစ်မြန်မာ့ ရိုးရာအတာသြင်္ကန် က သူတို့အားထားရာ ဈေးကွက်တစ်ခုဆိုတာကလဲ မှေးမှိန်မသွားဘဲ ရှိမြဲရှိဆဲ ရှိနေဦးမယ်လို့ ဆိုကြပြန်ပါတယ်။   တင်စိုး၊ စဉ့်ကူး

Wednesday, 31 Mar 2010

 ပဲအဓိက  အရောင်းအဝယ်လုပ်တဲ့ ပွဲစား မောင်ကျော်ပါ။ စက်မှုကုန်သည် အသင်းချုပ်က ကုန်စည်ဒိုင်များဆွေးနွေးပွဲကို မတ်လ ၂၂ ရက်နေ့ မန္တလေးမှာလုပ်မယ်ဆိုလို့   ဆွေးနွေးပွဲ တက်ဖို့  မန္တလေးမြို့ကို ရောက်ခဲ့ပါတယ်။ မန္တလေးမြို့ရောက် တုန်း ရွှေမန်းသားသူငယ်ချင်း ကုန်သည်ဦးသိန်းရဲ့ ဖိတ်ခေါ်မှုနဲ့ မန္တလေးမြို့ ပြည်ကြီးပျော်ဘွယ်အရှေ့ ပဲလှော်ချောင်ရပ်မှာရှိတဲ့ ပွဲစားကုန်သည် စက်ပိုင် များ ကထိန်တော်အသင်း ကုန်စည်ဒိုင်ကို ရောက် ခဲ့ပါတယ်။"ကုန်စည်ရောင်းဝယ်သူများဖြင့်  စုရုံးဖွဲ့ စည်းတည်ထောင်ထားသည့် အဖွဲ့အစည်းတစ်ခု သတ်မှတ်ချိန်အတွင်း အသင်းဝင်များတွေ့ဆုံ၍ စည်းမျဉ်းဘောင် တစ်ခုအတွင်း အသိအမှတ်ပြု ထားသည့် ကုန်စည်များအား ရောင်းဝယ်ဖောက် ကားရန် သတ်မှတ်ထားသော ဈေးကွက်နေရာ" ကို ကုန်စည်ဒိုင်လို့ အများက  လက်ခံခေါ်ဝေါ် ကြပါတယ်။ ဒိုင်ဆိုတာကို ရောင်းသူနဲ့ဝယ်သူကြား မှာ သမာသမတ်ရှိရှိ ထိန်းကြောင်းပေးတဲ့ အဖွဲ့လို့ လဲ ပြောနိုင်ပါတယ်။ဒီကထိန်တော်ကြီးဟာ အင်္ဂလိပ် ကိုလိုနီ ခေတ် မြန်မာသက္ကရာဇ် ၁၂၉၇ခု၊ ၁၉၃၅ ခုလောက် ကစပြီး ၈၆ လမ်း၊ ၂၆x၂၇ လမ်းရှိ ပွဲစားကြီး ဦးသန့်ရဲ့ အိမ်၊ ပွဲရုံမှာ ကုန်သည်ပွဲစားများ စုပေါင်း တိုင်ပင်ပြီး နှစ်စဉ်ကထိန်ခင်းခြင်းကို ဆောင်ရွက် ကြရာမှ ၁၉၄၅ ခုနှစ်မှာ " ပဲဘက်ဆိုင်ရာ  ပွဲစား ကုန်သည်များအသင်းဆိုပြီး" ပေါ်ပေါက်လာ တယ်လို့ သိရပါ တယ်။ နောက်ပိုင်း စက်ပိုင် တွေပါ ပါလာတဲ့အတွက် ၁၉၈၆ ခုနှစ် (၅၂)ကြိမ်မြောက် ကထိန်တော်နှစ်ကစပြီး ပွဲစားကုန်သည် စက်ပိုင် များရဲ့ ကထိန်တော်အသင်း အမည်ပြောင်းလဲခေါ် ဝေါ် သုံးစွဲကြပါတယ်။ ကုန်စည်ဒိုင်ကိုရောက်တဲ့ နေ့က တိုက်တိုက်ဆိုင်ဆိုင်အသက်  ၈၅ နှစ်ကျော် ရှိပြီး ဥက္ကဋ္ဌတာဝန်ကို ၂၄နှစ်ကျော် တာဝန်ယူခဲ့တဲ့  ဦးကျော်သိန်း(အရီးတောင်း) ကိုလည်း တက်တက် <က<ကနဲ့  လှုပ်ရှားနေတာကို  တွေ့ရတဲ့အတွက် ရှေးအစဉ်အလာမပျက် ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုး တက်သော ကုန်စည်ဒိုင်ဖြစ်ပေါ်ရေး ဆောင်ရွက် ကြရာမှာ စံပြုထိုက်တဲ့ ကုန်စည်ဒိုင်တစ်ခု လို့ခံယူ မိပါတယ်။ FAOမှာလုပ်ခဲ့တဲ့ မိတ်ဆွေတစ်ယောက် က နိုင်ငံတကာမှာ ကုန်စည်ဒိုင် များမှာ ရှိသင့်တဲ့ အချက် ၉ ချက်ကို စံသတ်မှတ်ပြီး ကမ္ဘာတစ်ဝန်း မှာရှိတဲ့ ကုန်စည်ဒိုင်များကို FAO က ပညာရှင် တွေ ကွင်းဆင်းလေ့လာခဲ့ကြရာမှာ သင်တန်းပေး နိုင်မှုနှင့် ရောင်းလိုအား ထိန်းသိမ်းနိုင်မှု နှစ်ခုသာ လိုအပ်ချက်ရှိ ပြီးကျန် ခုနစ်ချက်ပြည့်စုံတဲ့အတွက် မန္တလေး ကထိန်တော် အသင်း ကုန်စည်ဒိုင်ဟာ အရည်အချင်းပြည့်စုံ အဆင့်အတန်းမီတဲ့ ကုန်စည် ဒိုင်အဖြစ် ၤFAO က သတ်မှတ်ထုတ်ပြန် ကြေညာ ခဲ့တယ်လို့ ပြောခဲ့တာ ပြန်လည်သတိရမိ ပါတယ်။ မန္တလေးကုန်စည်ဒိုင်ရဲ့ အရောင်းအဝယ်စနစ်ကို မေးကြည့်တော့ လက်ငင်းငွေချေ ရောင်းဝယ်တဲ့ စနစ်ကိုသာ ကျင့်သုံးပြီး ကြိုရောင်းကြိုဝယ်မလုပ်ဖို့ ပိတ်ပင်ထားတယ်လု့ိ သိရပါတယ်။ ကုန်စည်ဒိုင် တွေမှာ ကြိုရောင်းကြိုဝယ်ခြင်း (ကြိုပွိုင့်ရိုက်ခြင်း) ကို လောင်းကစား တစ်ခုလို လုပ်ကိုင်ကြတဲ့အတွက် ၂၀၀၈ ခုနှစ်  နှစ်ကုန်ပိုင်းလောက်က ရန်ကုန်ပဲ လောကမှာ ကျပ် ဘီလီယံ ၂၀၀ လောက်ရှိတဲ့ ပဲအရှုပ်အရှင်းပြဿနာ ပေါ်ပေါက်လာခဲ့လို့ ဌာန ဆိုင်ရာတွေပါ ဝင်ထိန်းပေးခဲ့ရပါတယ်။ ဒီဖြစ်ရပ် မျိုးထပ် မဖြစ်ဖို့ သတိထားလို့ သူငယ်ချင်းက ရှင်း ပြပါတယ်။ အဲဒီတုန်းက ဘုရင့်နောင် ပဲလောကမှာ ဖြစ်ပေမယ့် နယ်ကုန်သည်များကိုလည်း ဂယက် ရိုက်ခတ်သွားတဲ့အတွက် ဟင်္သာတက ကုန်သည် အချို့ ဆုံးရှုံးခဲ့တာကိုလည်း သိလိုက်ရပါတယ်။သူငယ်ချင်း ကိုသိန်းက  ဆက်ရှင်းပြရာမှာ မန္တလေး  ကထိန်တော်အသင်းရဲ့  တံဆိပ်က ကဒေါင်းက ချိန်ခွင်ကိုချီထားပါတယ်။ အဓိပ္ပာယ် က သမာသမတ်ရှိခြင်း၊ ဘက်မလိုက်ခြင်း၊ မျှတ ခြင်း၊ ဂုဏ်သိက္ခာ ထိန်းသိမ်းခြင်း၊ ရိုးသားခြင်းတို့ကို ဖော်ပြတာဖြစ်လို့  အသင်းသားများကလည်း အလားတူ စီးပွားရေး ဂုဏ်သိက္ခာထိန်းသိမ်းမှုများ ဖြစ်ပါလိမ့်မယ်။ မန္တလေးကထိန်တော်အသင်းကြီး မှာ စီးပွားရေးကျင့်ဝတ်  ထိန်းသိမ်းဖို့  စည်းမျဉ်း စည်းကမ်းတွေ ချမှတ်ထားပါတယ်။ နမူနာအနေနဲ့  ပြောရရင် ကထိန်တော်အသင်းရဲ့ စည်းမျဉ်းဥပဒေ စည်းကမ်းချက်များရဲ့ လုပ်ထုံးလုပ်နည်း စာအုပ် ငယ်တွင် ကောက်ပဲသီးနှံများထဲသို့ မသမာသော နည်းဖြင့် အလေးချိန်တိုးအောင် အခြားပစ္စည်းများ ထည့်ခြင်း၊ ပြုပြင်ခြင်း၊ ကာကွယ်တားမြစ်သော စည်းမျဉ်းကို(၁-၁-၁၉၅၅)ကစပြီး ထုတ်ပြန်ဆောင် ရွက် လိုက်နာခဲ့တယ်လို့ ရှင်းပြပါတယ်။ ဒီကုန်စည် ဒိုင်မှာဝင်ပြီး ရောင်းဝယ်ကြရင် ပြတဲ့နမူနာအပေါ် နှစ်ဦးသဘောတူ ဈေးဖြတ် ရောင်းဝယ်ကြတာဖြစ် လို့ လိုအပ်တဲ့ပစ္စည်းမှာ နမူနာနဲ့ကွဲလွဲလို့ ဈေးဖျက် တာမျိုးတွေဖြစ်လို့ တိုင်ကြားလာရင် ကုန်စည် ဒိုင်ကအဖွဲ့နဲ့ ဖြေရှင်းပေးပါတယ်။စီးပွားရေး ကျင့်ဝတ်ကောင်းတွေကို ကုန် စည်ဒိုင်မှာ မှန်မှန်ကန်ကန် အရောင်းအဝယ်လုပ် ခြင်းဖြင့် လေ့လာလိုက်စားပြီး အလေ့အကျင့်ဖြစ် လာမှာမို့ လူငယ်မျိုးဆက်သစ်တွေကို  စီးပွားရေး ဂုဏ်သိက္ခာ ထိန်းနိုင်အောင် ပြည်ပ တင်ပို့ရာမှာ လည်း နိုင်ငံတကာဈေးကွက်မှာ နိုင်ငံဂုဏ်သိက္ခာ၊ အမျိုးသားရေး ဂုဏ်သိက္ခာတွေကို စောင့်ထိန်းပြီး သားဖြစ်အောင် အလေ့အကျင့်ကောင်းတွေ ရ အောင်  ကုန်စည်ဒိုင်စည်းမျဉ်း စည်းကမ်းတွေက လုပ်ပေးနေတယ်လို့ ရှင်းပြပါတယ်။ သူငယ်ချင်းက  အသင်းရုံးခန်းထဲကိုခေါ် သွားပြီး စိန်ရတုအထိမ်းအမှတ် စာစောင်ကို လက်ဆောင်ပေးလို့  ကျွန်တော် အမြန်လေ့လာ ဖတ်ခဲ့ရာ ကျွန်တော်တို့ ပဲလောကမှာ ကြုံတွေ့ ရတတ်တဲ့ အရည်အသွေးကောင်းတဲ့ သီးနှံကုန် ပစ္စည်းများကို ဘေးထွက်ပစ္စည်း အဖျင်းအမှော် ဖုံ သဲခဲတွေ ပြန်ရောပြီး ရောင်းနေကြတာကို သရုပ်ဖော် သရော်ထားတဲ့ ဆရာသြရဲ့ အတွေး၊ မြောက်ပြင်မှော်က ကိုရွှေမော်ရဲ့ လက်ရာကာတွန်း သရုပ်ဖော်ကို သဘောကျလို့  ဒီဆောင်းပါးနဲ့အတူ တွဲပြီး ဖော်ပြလိုက်ပါတယ်။ ၂၂ ရက်နေ့က မန္တလေးမြို့မှာ ကျင်းပတဲ့ တတိယအကြိမ် လက်ကားကုန်စည်ဒိုင်များ ဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲမှာလည်း တက် ရောက်လာတဲ့ လူ ၃၀၀ ကျော်နဲ့ ကုန်စည်ဒိုင်များ အားလုံးရဲ့ သဘောတူညီချက်နှင့် ဆုံးဖြတ်ချက် ၅ခု ချမှတ်ရာမှာ အရည်အသွေး ထိန်းသိမ်းဖို့နဲ့ ဈေးကစားတဲ့ကိစ္စနဲ့ဆိုင်တဲ့ အချက် ၃ ချက်ပါတယ် လို့သိရတယ်။ အဲဒီအချက်တွေက-၁။ အရည်အသွေး  သတ်မှတ်ချက်များကို ကုန်စည်ဒိုင်အားလုံး တစ်ပြေးညီ ဖြစ်စေရန် ရန်ကုန်တိုင်းကုန်စည်ဒိုင်နှင့် ပဲ၊ နှမ်း ကုန် သည်များအသင်းတို့မှ ပဲပြောင်း၊ နှမ်းသီးနှံ များ၏ ကုန်ကြမ်း (Raw) အရည်အသွေး သတ်မှတ်ချက်ကိုပြုစု၍  နယ်ကုန်စည်ဒိုင် များသို့ တစ်ပတ်အတွင်းဖြန့်ဝေရန် နယ်ကုန် စည်ဒိုင်များမှ  အကြံပြုချက်များနှင့်အတူ ဧပြီလကုန်နောက်ဆုံးထား ပြန်လည်တင်ပြ ရန်နှင့် ရန်ကုန်တိုင်း ကုန်စည်ဒိုင်နှင့် ပဲနှမ်း အသင်းတို့မှ ပြန်လည်ညှိနှိုင်းပြီး အရည် အသွေးသတ်မှတ်ချက်များ ပြန်လည်ရေးဆွဲ ၍ ကုန်စည်ဒိုင်အားလုံးသို့ ပြန်လည်အသိ ပေး ကြေညာရန်။၂။ ယခု ပဲပြောင်းနှမ်း ရောင်းဝယ်မှုတွင် ဖြစ်ပေါ်နေသော ဖုန်၊ သဲ ရောနှောသည့် ပြဿနာကို ကုန်စည်ဒိုင်များမှ ဦးစားပေး အလေးထား ဟန့်တားဆောင်ရွက်သွားရန်။၃။ ကုန်စည်ဒိုင်အလိုက် ဈေးနှုန်း ရုတ် ချည်း မြင့်တက်ခြင်း၊ ကျဆင်းခြင်းများကို သက်ဆိုင်သည့် ကုန်စည်ဒိုင်မှဖြစ်ပေါ်သည့် အကြောင်းအရာများကို   လေ့လာပြီး UMFCCI နှင့် သက်ဆိုင်ရာဌာနများသို့ အ မြန်ဆုံး တင်ပြသွားရန်။ဒီဆုံးဖြတ်ချက်တွေဟာ ပြည်တွင်း ကူးသန်း ရောင်းဝယ်ရေး နှလုံးသားဗဟိုချက်မှ စည်တော် သံများဟု တင်စားနိုင်ပါကြောင်း မန္တလေး ကထိန် တော်အသင်းကြီးကို  တိုင်တည်ပြီး တင်ပြလိုက် ရပါတယ်။TAM

Wednesday, 31 Mar 2010

မန္တလေးမှာရှိတဲ့ မန္တလေးဟိုတယ်မှာ ၂၀၁၀ မတ်လ ၂၂ရက်နေ့က လက်ကားကုန်စည်ဒိုင်များ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကို တစ်နိုင်ငံလုံးက ကုန်စည်ဒိုင်တွေအားလုံး တက် ရောက်ပြီး တစ်နေကုန် ညှိနှိုင်းဆွေးနွေးခဲ့ကြတာ တွေ့ရပါတယ်။ ဒါဟာ တတိယအကြိမ်ပါ။ကုန်စည်စီးဆင်းမှု မှန်ကန်မှုအဓိကလက်ကားကုန်စည်ဒိုင်တွေဟာ တကယ် တော့ ကုန်သွယ်မှုအဆင့်အတန်း မြင့်မားရေးနဲ့ ပြည်တွင်း ကုန်စည်စီးဆင်းမှု မှန်ကန်စေဖို့အတွက် အရေးပါလှပါတယ်။ ကုန်စည်စီးဆင်းမှု မှန်ကန် မြန်ဆန်ရေးဟာ ပြည်တွင်းကုန်ဈေးနှုန်း တည်ငြိမ်ဖို့ နဲ့  စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် အဓိက ကျတဲ့နေရာက ရပ်တည်နေတာပါ။ကုန်စည်ဒိုင်ဆိုတာကုန်စည်ဒိုင်ဟာ   စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမား၊ ပွဲစား၊ ကုန် သည်၊ ပြည်ပ တင်ပို့သူတွေအကြား ပေါင်းကူးတံတားဖြစ်ရုံမက ဘဲ စားသုံးသူတွေအပေါ် စေးျနှုန်းဖိစီးမှု မဖြစ်ပေါ် အောင် ဈေးနှုန်းတွေဟာ မှန်ကန်ပြီးဖြစ် သင့်တဲ့ ဈေးဖြစ်အောင် ကုန်စည်စီးဆင်းမှု မှန်ကန်အောင် ထိန်းသိမ်းဆောင်ရွက်ပေးနိုင်တာမို့ ပြည်တွင်း ကူး သန်းရောင်းဝယ်ရေးမှာ အဓိကကျတဲ့နေရာကနေ ပါဝင်လာရတာပါ။တကယ်တော့ ကုန်စည်ဒိုင်ဆိုတာဟာ ဈေး ကွက်တစ်ခုလုံးရဲ့  ကွင်းလယ်ဖန်တီးရှင်လို့ဆိုရင် မှားစရာမရှိပါဘူး။ စိုက်ပျိုးထုတ်လုပ်တဲ့ အချိန်က နေ တင်ပို့ရောင်းချတဲ့အထိ  ှကစစူပ ဃ့ငေည ြခေ့ညေငျာ  မှန်ကန်စေဖို့ ပစ္စည်းနဲ့ငွေ ဆက်စပ် ဆောင်ရွက်ပေးတဲ့  နယ်ကုန်စည်ဒိုင်တွေဟာလဲ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်လာတာတွေ့ ရပါတယ်။ ဒါကြောင့် ကုန်စည်ဒိုင်တွေအားလုံး   ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်လာပြီဆိုတာ တွေ့ရမှာပါ။မှန်လေးမှန်ဈေးကွက်ဖော်ဆောင်ရာမှာတော့ လွတ်လပ် တဲ့ ဈေးကွက်စီးပွားရေးစနစ်ဖြစ်ဖို့ရာမှာ ကုန်စည် ဒိုင်တွေဟာ ဈေးကွက်မှန် (Market) ဈေးနှုန်းမှန် (Price) ရောင်းဝယ်မှုအမှန် (Mechanism ) ပစ္စည်းမှန် (Quality) ဆိုတာတွေနဲ့ ပြည့်စုံနေရ မှာပါ။ ဒါကိုမလိုက်နာဘဲ ကိုယ့်ဒေသ ကိုယ့်ဓလေ့ ထုံးစံ အလေ့အထ အစဉ်အလာတွေအရ ဆောင် ရွက်နေကြတာလဲ ရှိပါသေးတယ်ဆိုတာ တွေ့ရပါ တယ်။ ကိုယ့်သဘောကိုယ်ဆောင်နေတဲ့ ကုန်စည် ဒိုင်တွေအားလုံး ခေတ်နဲ့အညီ ဖွံ့ဖြိုးတိုးတက်လာ အောင် ဒီတွေ့ဆုံဆွေးနွေးမှုက ဆောင်ရွက်ပေး သွားမှာပါ။ဈေးကွက်ဈေးနှုန်းမှန်ဖို့ကုန်စည်ဒိုင်တွေအနေနဲ့က  ဈေးကွက်မှာ ဈေးနှုန်းဖြစ်ပေါ်မှုဟာ တောင်သူ၊ သယ်ယူရောင်း ချသူ၊ ပွဲစား၊ ကုန်သည်များရဲ့ အကျိုးအမြတ် တွေ ကို ထည့်သွင်းစဉ်းစားထားပေးဖို့ လိုပါတယ်။ စိုက် ပျိုးထုတ်လုပ်တဲ့ တောင်သူရဲ့ထုတ်လုပ်မှု  ကုန်ကျ စရိတ် ကာမိဖို့နဲ့ သင့်တင့်တဲ့ အကျိုးအမြတ် ရရှိစေ မဲ့ ဈေးနှုန်းဖြစ်ဖို့လိုတာပါ။ ဒါကိုကုန်စည်ဒိုင်တွေက ထိန်းကျောင်းပေးဖို့ တာဝန်ရှိနေတာပါ။ အခက် အခဲတွေကို ဖြေရှင်းပေးရမှာပါ။ ဈေးကွက်မှန် ဈေး နှုန်းမှန် ဖြစ်အောင် လုပ်ပေးဖို့ အဓိကတာဝန်ရှိနေပါ တယ်။မှန်ကန်အောင်မြင်သော ကုန်စည်ဒိုင်တကယ်တော့   ကုန်စည်ဒိုင်တစ်ခုဟာ အမြတ်အစွန်း အဓိကမထားဘဲ ရောင်းသူနဲ့ဝယ်သူ အကြား ရောင်းချရန်နေရာကို စနစ်တကျဖွဲ့စည်း ပေးမှာပါ။  ကုန်ရောင်းသူနဲ့  ကုန်ဝယ်သူတွေ အတွက် အကောင်းဆုံး အမြင့်မားဆုံးဆိုတဲ့ စွမ်း ဆောင်ချက်တွေနဲ့ တစုတစည်းတည်းသော ဈေး ကွက်ယန္တရားကို တည် ထာင်နိုင်ရမှာဖြစ်ပါတယ်။မှန်ကန်အောင်ဖြစ်တဲ့ ကုန်စည်ဒိုင်ဆိုတာက အချက် ၄ ချက်နဲ့ ပြည့်စုံရပါမယ်။ အဲဒါတွေက ကုန်ပစ္စည်း  အရည်အသွေး၊  မှန်ကန်တိကျစွာ သတ်မှတ်ဆောင်ရွက်နိုင်တာ၊ ဈေးပြိုင်ခေါ်ယူကာ ဈေးနှုန်း သတ်မှတ်တာ၊ ကုန်စည်ဒိုင်ရဲ့အသင်းအ ဖွဲ့စည်းမျဉ်းတွေ ချမှတ်ဆောင်ရွက်တာနဲ့ စာချုပ် ချုပ်ဆိုရောင်းဝယ်မှု စနစ်တကျရှိထားဖို့ပဲ ဖြစ်ပါ တယ်။အရည်အသွေးစံချိန်စံညွှန်းလဲ အရေးပါကုန်ပစ္စည်းတွေရဲ့ အရည်အသွေး စံချိန် စံညွှန်းတွေဟာ စနစ်တကျသတ်မှတ်ဖို့လိုတာက တော့ အမှန်ပါ။ အထူးသဖြင့် လယ်ယာထွက်ကုန် တွေဟာ ကုန်သွယ်မှုပြုရာမှာ အရည်အသွေးစံချိန် စံညွှန်းကို စနစ်တကျ သတ်မှတ်အရောင်းအဝယ် ပြုတာပါ။ပဲမျိုးစုံနဲ့ ပတ်သက်လာရင် ၁၉၉၂ ခုနှစ်မှာ အမိန့်ကြော်ငြာစာအမှတ် ၅/၉၂ နဲ့သတ်မှတ်ထား ခဲ့တာရှိပါတယ်။ ဒီလိုသတ်မှတ်ရာမှာလဲ အရည် အသွေး စံချိန်စံညွှန်းဟာ အများကသဘောတူ လက်ခံရမယ်၊ ပြီးတော့ ပြည်တွင်းပြည်ပ တင်ပို့ ရောင်းချရာမှာလဲ စံချိန်စံညွှန်းဟာ လိုအပ်ပါ တယ်။ နိုင်ငံတကာ အရောင်းအဝယ်အဖွဲ့တွေနဲ့ လဲ လိုက်လျောညီ ထွေဖြစ်အောင် ဆောင်ရွက်ဖို့ လိုပါတယ်။ လက်ရှိ အရည်အသွေးသတ်မှတ်ချက် ဟာ ကာလကြာရှည်နေပြီဖြစ်တာ တစ်ကြောင်း၊ နိုင်ငံတကာ အရောင်းအဝယ်နဲ့ လိုက်လျောညီထွေ ဖြစ်ဖို့လိုတာ တစ်ကြောင်း ကြောင့် ပြင်ဆင်သတ် မှတ်ဖို့လိုပါပြီ။ နယ်က ကုန်စည်ဒိုင်တွေကတော့ မျက်မြင်အဓိကထား ကြိုက်ရောင်း ကြိုက်ဝယ်လုပ် နေတာတွေကို တွေ့နေရပါတယ်။အရည်အသွေးကောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်ဖို့ပြည်ပတင်ပို့ရာမှာ အရည်အသွေး စံချိန် စံညွှန်းပေါ်မူတည်ပြီးတော့  ဈေးကောင်းရတာမို့ အရည်အသွေး စိစစ်ဝယ်ယူသင့်တာပါ။ စံချိန် စံညွှန်း  သတ်မှတ်ပြီးသွားတဲ့အခါမှာ  အရည် အသွေးကောင်းရင်  ဈေးကောင်းရတယ်ဆိုတဲ့ အသိ  အလေ့အထတွေကို စိုက်ပျိုးထုတ်လုပ်သူ၊ ရောင်းချသူ၊ ပွဲစားကုန်သည်တွေက လက်ခံလာ ပြီဆိုရင်တော့  စိုက်ပျိုးထုတ်လုပ်သူတွေဟာလဲ အရည်အသွေးကောင်း သီးနှံတွေကို စိုက်ပျိုးထုတ် လုပ်တတ်လာမှာပါ။  အလေ့အကျင့်ကောင်းတွေ လဲ ဆက်ရလာမှာပါ။ တောင်သူတွေက ပစ္စည်း ကောင်းရင် ဈေးကောင်းတယ်ဆိုတာကို အသိသာ မက လက်တွေ့ခံစားရအောင် ဆောင်ရွက်ပေးရင် သူတို့ကအရည်အသွေးမြင့် ဆောင်ရွက်ပေးမှာပါ။ဖော်ထုတ်အရေးယူသင့်တာယူ ဒီအလေ့အကျင့်ကောင်းတွေရလာဖို့အတွက်ကတော့ စံချိန် စံညွှန်း၊ သတ်မှတ်ချက်တွေနဲ့အညီ မဟုတ်ဘဲ ရောင်းတာ၊ ဝယ်တာ၊ မမှန်မကန် လုပ်ဆောင်နေတဲ့သူတွေကိုလဲ ဖော်ထုတ်ဟန့်တား အရေး ယူဖို့လိုပါတယ်။ အသင်းချုပ်နဲ့ အသင်းအဖွဲ့တွေဟာ လိုအပ်တဲ့ ထိန်း ကျောင်းမှုတွေကိုလဲ လုပ်ပေးနေရမှာပါ။အရည်အသွေးသတ်မှတ်ရောင်းဝယ်ခြင်းဖြင့် ယုံကြည်မှုတည်ဆောက်ကုန်စည်ဒိုင်တွေဟာ  ဘယ်ကုန်ပစ္စည်းမျိုးကိုမဆို သတ်မှတ် ထားတဲ့ အရည်အသွေးအလိုက် ရောင်းဝယ်ကြမယ်ဆိုရင်  ရောင်းသူ နဲ့  ဝယ်သူအကြားမှာ ယုံကြည်မှု  ခိုင်မာလာစေမှာဖြစ်ပါတယ်။ ဒါ့အပြင် ရေရှည်မှာတော့ နမူနာပြစရာမလိုဘဲ သတ်မှတ် အရည် အသွေးအတိုင်း စံချိန်စံညွှန်းအတိုင်း အရောင်းအဝယ် လုပ်လာ ခြင်းဖြင့် အဆင့်အတန်းရှိတဲ့ ကုန်စည်ဒိုင်တွေ ဖြစ်ပေါ်လာမှာပါ။ ဒီလို ယုံကြည်မှု  ခိုင်မာလာမှသာလျှင် လူချင်းမတွေ့၊ ပစ္စည်းကြည့်စရာ မလိုဘဲ၊ အင်တာနက်ပေါ်ကနေ ရောင်းဝယ်နိုင်တော့မှာ အမှန်ဖြစ် ပါတယ်။သတင်းကွန်ရက်တည်ဆောက်ယနေ့ကမ္ဘာဟာ ရွာကြီးတစ်ရွာ ဖြစ်လို့နေပါပြီ။ ဒါကြောင့်မို့ သတင်းအချက်အလက်တွေဟာ အချိန်နဲ့အမျှ တစ်ကမ္ဘာလုံးကို ပျံ့နှံ့ နေသလို တစ်ကမ္ဘာလုံးကသတင်းတွေကလဲ မိမိထံကို တိုက်ရိုက် ရောက်လာနေတာပါ။ ဒါကြောင့်မို့ ရေရှည်ကိုမျှော်ကိုးပြီး ကွန်ပျူတာ၊ အင်တာနက်အသုံးပြုကာ သတင်းအချက်အလက်ကွန်ရက် တည် ဆောက် ဖို့ရာ လိုအပ်နေပြီဖြစ်ပါတယ်။ဒီလို သတင်းကွန်ရက် ချိတ်ဆက်ထားမှလည်း  ပြည်တွင်း ပြည်ပ ဈေးကွက်အခြေအနေတွေကို သိနိုင်မှာပါ။ ဒါမှသာလဲ ဈေး ကွက် အခြေအနေကိုသုံးသပ်ပြီး ဈေးနှုန်းတည်ငြိမ်အောင် ကာကွယ် နိုင်မှာပါ။တိုက်ရိုက်ချိတ်ဆက်စာချုပ်ရောင်းဝယ်၂၀၀၈ ခုနှစ် မတ် ၂၄ ရက်က စတင်ခဲ့တဲ့ "အစဉ်အလာနဲ့ လက်ရှိ အခြေအနေကို မပျက်ယွင်းစေဘဲ ခေတ်နဲ့အညီ နိုင်ငံတကာ စံချိန်စံညွှန်းမီသည့် ဖွံ့ဖြိုးတိုးတက်သော လက်ကားကုန်စည်ဒိုင်များ တိုးတက်ဖြစ်ထွန်းစေရေး"  စကားဝိုင်းဆွေးနွေးပွဲကစခဲ့တာ ယနေ့ဆို အရွယ်ရောက် ခရီးပေါက်ခဲ့ပါပြီ။အားရစရာ အောင်မြင်မှုတစ်ခုကတော့ ဘုရင့်နောင်ကုန်စည် ဒိုင်လို အများသိတဲ့ ရန်ကုန်တိုင်း ကုန်သည်စက်မှုအသင်း ကုန်စည် ဒိုင်ဟာ အခုဆိုရင် နိုင်ငံခြားကုန်ဝယ်သူနဲ့ မိမိကုန်သည်အကြားမှာ တိုက် ရိုက်ချိတ်ဆက်စာချုပ်ချုပ် အရောင်းအဝယ်လုပ်တဲ့  အဆင့် ရောက်နေပါပြီ။ ဒီလို စာချုပ်ချုပ်ရောင်းကြပြီဆိုတာနဲ့ သီးနှံအရည် အသွေးပေါ်မှာ အဓိကထားလာတာ တွေ့ရပါတယ်။ အရင်ကမတ်ပဲ FAQ. SQ. ခွဲခြမ်းဆိုတာမျိုးတွေ သာခွဲခြားထားရာကနေ အခုဆိုရင်ပဲ အရွယ်အစား (Size)တွေပါ ခွဲခြားရောင်းဝယ်လာတာ တွေ့ရပါတယ်။ဝိုင်းဝန်းထိန်းသိမ်းဖို့လိုဒီလို ဒိုင်တွေစနစ်တကျ ဆောင်ရွက်လာရာမှာ သာမန်သွေးရိုး သားရိုး ရောင်းဝယ်တာမျိုးမဟုတ်ဘဲ ဈေးနှုန်းဈေးကွက် တည်ငြိမ်ရေး ကို ထိခိုက်လာအောင် ဈေးကိုဆွဲတင်တာ၊ ဆွဲချတာ၊ အစပြုလို့ဈေး  ကစားတာတွေပါ ထိန်းသိမ်းဖို့ိလိုအပ်ပါတယ်။ မသမာမှု လုပ်တာနဲ့ စည်းကမ်းဖောက်ဖျက်သူတွေကို ဖော်ထုတ်အရေးယူရမှာပါ။ မကြာ သေးတဲ့ အတိတ် ၂၀၀၈ နှစ်ကုန်ပိုင်းက ဘုရင့်နောင်မှာဖြစ်ခဲ့တဲ့ အရုပ်ဆိုး အကျည်းတန်ပြဿနာမျိုး ထပ်မဖြစ်ဖို့ အားလုံးက ဝိုင်းဝန်း ထိန်းကျောင်းရမှာပါ။ပြည်တွင်းမှာလဲ ချိတ်ဆက်ရောင်းဝယ်ဆန်ဆိုရင် ကျွန်တော်တို့ရဲ့ အဓိကစားနပ်ရိက္ခာ (Stable Food) ဖြစ်ပါတယ်။ ကုန်သွယ်မှုမှာ ပြည်တွင်းစားသုံးမှုကနေ ပိုလျှံမှ ပြည်ပကို တင်ပို့ရောင်းချခွင့်ပြုတာပါ။ အဲဒီတော့ ပြည်တွင်းပိုလျှံ မှု ရှိ၊ မရှိနဲ့ ပြည်တွင်းကူးသန်းရောင်းဝယ်မှုမှာ ကုန်စီးဆင်းမှု မှန်ကန် ရေးဟာ သေချာသိဖို့ လိုအပ်နေပါတယ်။ဒီလိုပြည်တွင်းစီးဆင်းမှု မှန်မှန်ကန်ကန် ရှိ၊ မရှိသိဖို့နဲ့ ပိုင်ပိုင် နိုင်နိုင် ကိုင်တွယ်နိုင်ဖို့ကတော့ ကုန်စည်ဒိုင်တစ်ခုနဲ့တစ်ခု ချိတ်ဆက် ရောင်းဝယ်ဖို့လိုပါတယ်။ကုန်သည်အချင်းချင်း ချိတ်ဆက်ရောင်းဝယ် တဲ့ စနစ်ကနေ ကုန်စည်ဒိုင်အချင်းချင်း ချိတ်ဆက်ရောင်းတဲ့စနစ်ထိ ချိတ် ဆက်နိုင်ရင်တော့ ပြည်တွင်းရောင်းဝယ်မှုကို နိုင်နိုင်နင်းနင်း ကိုင် တွယ်နိုင်မှာပါ။ ဒါကြောင့် ပြည်တွင်းကုန်စည်ဒိုင်အချင်းချင်း ချိတ် ဆက် ရောင်းဝယ်မှုဟာလဲ အရေးပါလာတာဖြစ်ပါတယ်။ကတိကဝတ်၊ ကျင့်ဝတ်တွေထိန်း ဒီနေ့ Globalization ခေတ်ကြီးမှာ စီးပွားရေးလုပ်ဆောင် မှုနဲ့ပတ်သတ်ပြီး ရေရှည် အကျိုးအမြတ်ရရှိရေးကို ဦးတည်ဆောင် ရွက်နေပါတယ်။ အပိုင်းကဏ္ဍလိုက် တသီးတခြား ရပ်တည်တာမျိုး မဟုတ်ဘဲ ထုတ်လုပ်သူကနေ စားသုံးသူအထိ တစ်လျှောက်လုံးမှာ ပါဝင်ကြသူတွေ (stake holder)  ထုတ်လုပ်သူ (Supply) ဝယ်ယူ သူ (Demand) များနဲ့ ပါဝင်ပတ်သက်သူအားလုံး အကောင်းဆုံး အကျိုးအမြတ်ရအောင် ဆောင်ရွက်တာဟာ ယနေ့စီးပွားရေးလုပ်ငန်း ဆောင်ရွက်နေသူအားလုံးရဲ့ ရည်မှန်းချက်ဖြစ်ပါတယ်။ ဒါကြောင့် တစ်ဦးနဲ့တစ်ဦး အဖွဲ့စည်းတစ်ခုနဲ့တစ်ခုကြား ဆက်ဆံကြရာမှာတော့ ကိုယ်ကျင့်တရားနဲ့ညီဖု့ိ လိုတာအမှန်ပါ။ပြည်ပရောင်းဝယ်မှုမှာလဲ ကတိကဝတ်ကို အလေးထားပြီး အပြန်အလှန် ယုံကြည်မှုကို တည်ဆောက်ရပါမယ်။ ဒီလို တည် ဆောက်ရာမှာလဲ စာချုပ်အရ အလေးချိန်၊ အရည်အသွေး ပစ္စည်း ပေးရမယ့် ကာလဈေးနှုန်းကို  နှစ်ဖက်သဘောတူထားတဲ့အတိုင်း ပေးအပ်ရမှာပါ။ ဒီလိုလုပ်မှသာ ဝယ်သူဘက်ကယုံ ကြည်ပြီး ပုံမှန် ဖောက်သည် (regular buyer) ဖြစ်လာမှာပါ။ အဲဒီမှာ ကတိက ဝတ်တည်လာရင် အရောင်းအဝယ်လောကမှာ သတင်းကောင်းပြန့်ပြီး ချိတ်ဆက်ဝယ်လိုသူ များလာတာကြောင့် လုပ်ငန်းတိုးတက်အောင် မြင်မှာ သေချာပါတယ်။ ဒါကြောင့် ကတိကဝတ်ထိန်းသိမ်းတဲ့ စီးပွား ရေးကျင့်ဝတ်ဟာ စီးပွားရေးလောက အောင်မြင်မှု သော့ချက်တစ်ခု ဆိုတာ မမေ့သင့်ပါဘူး။ဈေးကွက်ရှာဖွေရေးနိုင်ငံတော်အပိုင်းက  ကုန်သွယ်မှုနဲ့ပတ်သက်ပြီး လုပ်ကိုင် ဆောင်ရွက်ပေးရမဲ့ လုပ်ငန်းတွေကို တစ်စိုက်မတ်မတ် တွန်းအားပေး ဆောင်ရွက်နေသလို  ပုဂ္ဂလိက  ကုန်သည်လုပ်ငန်းရှင်တွေကလဲ မြန်မာ့ပို့ကုန်ပစ္စည်း  အရေအတွက်၊ အမျိုးအစား ပိုမိုတင်ပို့နိုင်ဖို့ ကြားပွဲစားနိုင်ငံမခံဘဲ စားသုံးသူထံ တိုက်ရိုက်တင်ပို့နိုင်ဖို့ မိမိတို့ရဲ့ ပို့ကုန်ပစ္စည်းတွေကို ပြည်တွင်းအရောက်လာဝယ်တဲ့ ပြည်ပကုမ္ပဏီ တွေကို ချိတ်ဆက်ရောင်းချရုံနဲ့ ကျေနပ်မနေကြဘဲ ကုန်သည်အသင်း ချုပ်၊ အသင်းအဖွဲ့ဦးဆောင်မှုနဲ့ အလားအလာရှိတဲ့ ပြည်ပဈေးကွက် ထိုးဖောက်ရှာဖွေရေးကို ဆောင်ရွက်ဖို့လိုပါတယ်။ ဈေးကွက် ထိုး ဖောက် ရှာဖွေရေးအဖွဲ့တွေကလဲ ဈေးကွက်ဝေစု လျော့မသွားဖို့ ဈေးကွက် ပျောက်မသွားဖို့ ဈေးကွက်သစ်ရှာဖွေခြင်းနဲ့ ပို့ကုန်မြှင့် တင်ရေးလုပ်ငန်းတွေကို တက်<ကစွာ ပူးပေါင်းဆောင်ရွက်ကြဖို့လို ကြောင်း တွေ့ရပါတယ်။အရည်အသွေးကောင်းသီးနှံရရှိဖို့စိုက်ပျိုးထုတ်လုပ်မှုရှိမှ ပုံမှန်လည်ပတ်မှသာ ပြည်ပကို ဆက် လက်တင်ပို့  ရောင်းချနိုင်မှာပါ။  ဒါကြောင့်လဲ အရင်းအနှီးမရှိတဲ့ တောင်သူ၊ နည်းပညာလိုအပ်တဲ့သီးနှံ စသည်စသည်ဖြင့် လိုအပ်ချက် တွေကိုဖြည့်ဆည်းပေးဖို့ လိုနေမှာပါ။ ဒါကြောင့် ဒေသအသီးသီးက စိုက်ပျိုးထုတ်လုပ်သူ၊ ဒေသခံလုပ်ငန်းရှင်၊ ကုန်သည်ပွဲစားနဲ့ ပို့ကုန် လုပ်ငန်းရှင်ကြီးတွေပါ အားလုံးပါဝင်တဲ့ လုပ်ငန်းစဉ်တစ်ရပ် လိုအပ် လာပါတယ်။ ဒီလိုအပ်ချက်ဖြည့်ဆည်းဖို့ ပြည်တွင်းပြည်ပဈေးကွက် အ ကြိုက် အရည်အသွေးကောင်း သီးနှံတွေ စိုက်ပျိုးထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ သီးနှံအလိုက်အထူးပြုကုမ္ပဏီတွေ ဖွဲ့ စည်းထားခဲ့ပါ တယ်။ ဒီအထူးပြုကုမ္ပဏီတွေကနေ အရည်အသွေး ကောင်းစိုက်ပျိုး သီးနှံတွေထုတ်လုပ်နိုင်ဖို့ တောင်သူလယ်သမား တွေကို ငွေကြေးအရင်း အနှီး သွင်းအားစုတွေပံ့ပိုးပေးကာ စိုက်ပျိုးစေလျက်ရှိပါတယ်။ ဒါကြောင့် နိုင်ငံတကာဈေးကွက်ကို အရည်အသွေး မြှင့် သီးနှံတွေ၊ တန်ဖိုးမြှင့်ထုတ်ကုန်တွေ တင်ပို့နိုင်တော့မှာမို့ သီးနှံ အမျိုးအစားလိုက် နယ်ပယ်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ငန်းရှင်ကြီးများက ရင်းနှီးမြှုပ်နှံပူးပေါင်းပါဝင်ဖို့ လိုအပ်ပါတယ်။စဉ်ဆက်မပြတ်ဆောင်ရွက်ကုန်စည်ဒိုင်များဟာ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေဖို့ ပြည်တွင်းကုန်ဈေးနှုန်း တည်ငြိမ်ရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် အဓိကကျတဲ့ကဏ္ဍမှာ ရပ်တည်နေတာမို့ တစ်နိုင်ငံ အတိုင်း အတာနဲ့ နှစ်လတစ်ကြိမ် ပုံမှန်အစည်းအဝေးများကျင်းပကာ အကြေ အလည် ညှိနှိုင်းဆွေးနွေးပြီး ဆောင်ရွက်ရမဲ့လုပ်ငန်းစဉ်တွေ ချမှတ်နေ ခဲ့တာပါ။ကုန်ကူးသန်းရောင်းဝယ်မှုမှာ အဓိကကျတဲ့ ကုန်စည်ဒိုင်တွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်တွေ အပေါ် ဆောင်ရွက်ပြီးစီးမှုတွေ တင်ပြဆွေးနွေးကြတဲ့အပြင် ဆက် လက်ဆောင်ရွက်ကြမဲ့ လုပ်ငန်းစဉ်တွေ၊ ရောင်းဝယ်မှုကဏ္ဍမှာ လတ် တလော ပြုပြင်ဆောင်ရွက်ရမဲ့ကိစ္စတွေ၊ ရေရှည်စီမံဆောင်ရွက်ရမဲ့ ကိစ္စတွေကို အကြေအလည် အပြန်အလှန်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ဆုံးဖြတ်ကျတာမို့ အားရဖို့ကောင်းလှပါတယ်။ကုန်သွယ်မှုလုပ်ငန်းတွေ စနစ်တကျ ဖြစ်ပေါ်တိုးတက်စေဖို့ နိုင်ငံတော်ကလဲ အဘက်ဘက်က ပံ့ပိုးဆောင်ရွက်နေတာကြောင့် ဒေသခံ ကုန်သည်လုပ်ငန်းရှင်များကလဲ နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက် ရေးအတွက် အတ္တပရမျှတစွာဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက် တွန်းပါကြောင်း။(မတ် ၂၂ ရက်ကကျင်းပခဲ့သည့် မန္တလေးတိုင်း လက်ကားကုန်စည်ဒိုင်များ ဖွံ့ဖြိုးတိုးတက် ရေး အလုပ်ရုံဆွေးနွေးပွဲမှ ဆွေးနွေးချက်များအား ကိုးကားတင်ပြခြင်းဖြစ်ပါသည်။)ဗိုလ်ဇော်

Wednesday, 31 Mar 2010

သကြားသည် ခေတ်သစ်လူနေမှု ဘဝတွင် အခြေခံစားသောက်ကုန်တစ်ရပ် ဖြစ်နေပါသည်။ စားသောက်ကုန်ပစ္စည်း များထုတ်လုပ်ရာတွင် မပါမဖြစ် အဓိက ကုန်ကြမ်းတစ်ရပ်လည်း ဖြစ်ပါ သည်။ သကြားစားသုံးမှုနှင့် အသုံးပြုမှုသည် နှစ်စဉ် တိုးတက်လျက်ရှိပါသည်။အာဆီယံ-သြစတြေးလျ၊ နယူးဇီလန် FTA တွင် သကြားပါဝင်မှု အခြေအနေအဖွဲ့ဝင် နိုင်ငံ အလိုက် အာဆီယံ-သြစတြေး လျ- နယူးဇီလန် FTA တွင် သကြားကို ထည့်သွင်း ထားခြင်း ရှိ၊ မရှိ၊ သကြားအတွက် အခြေခံ အကောက်ခွန်နှုန်းများနှင့် လျှော့ချရန်အစီအစဉ် တို့ကို အောက်တွင်ဖော်ပြလိုက်ပါသည်။ဘရူနိုင်းနိုင်ငံသကြားအတွက် အခြေခံအကောက်ခွန်နှုန်း မှာ သုညရာခိုင်နှုန်းဖြစ်ပါသည်။ လူဦးရေ နည်းပြီး ချမ်းသာသော နိုင်ငံဖြစ်သဖြင့် ဈေးကွက်ကိုထိန်း ချုပ်ထားခြင်းမရှိဘဲ ဖွင့်ပေးထားပါသည်။ကမ္ဘောဒီးယားနိုင်ငံသကြားအတွက် အခြေခံအကောက်ခွန်နှုန်း မှာ ၇ ရာခိုင်နှုန်းဖြစ်ပါသည်။ 1701.11.00:Cane Sugar နှင့် Refined Sugarအောက်မှ 1701.99.90: White Sugar တို့ကိုFTAမှ ဖယ်ထုတ် ထားပါသည်။ 1701.99.11: White Suagr ကို အကောက်ခွန်နှုန်း လျှော့ချခြင်းမရှိဘဲ ၇ ရာခိုင် နှုန်း တောက်လျှောက် စည်းကြပ်သွားမည်ဖြစ်ပါ သည်။ 1701.99.19:Otherကိုလည်း ၂၀၂၃ ခုနှစ် ရောက်မှ ၇ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းသို့လျှော့ချ ပြီး ယင်း ၅ရာခိုင်နှုန်းကို တောက်လျှောက်စည်း ကြပ်မည်ဖြစ်ပါသည်။  ကျန်သကြားအမျိုးအစား များကို ၂၀၁၉ခုနှစ်ရောက်လျှင် ၅ ရာခိုင်နှုန်းသို့ လည်းကောင်း၊ ၂၀၂၁ ခုနှစ်ရောက်လျှင် သုည ရာခိုင်နှုန်းသို့ လည်းကောင်း လျှော့ချမည်ဖြစ်ပါ သည်။ ယေဘုယျအားဖြင့် သကြားဈေးကွက်ကို ထိန်းထားခြင်း ဖြစ်ပါသည်။အင်ဒိုနီးရှားနိုင်ငံသကြားကို FTAတွင်မထည့်ဘဲ ဖယ်ထုတ် ထားပါသည်။FTAဘောင်အတွင်းမှ သကြား ကိုရောင်းဝယ်၍ မရပါ။ အာဆီယံတွင် သကြား စားသုံးမှုနှင့် အသုံးပြုမှု အများဆုံးနိုင်ငံဖြစ်ပါသည်။ ထို့ကြောင့် အာဆီယံ၏ AFTAအစီအစဉ်တွင် သကြားကို အလွန်အရေးကြီး ကုန်ပစ္စည်းစာရင်း တွင် ထည့်ထားပါသည်။လာအိုနိုင်ငံသကြားအတွက် အခြေခံအကောက်ခွန်နှုန်း မှာ ၁၀ ရာခိုင်နှုန်း ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်တွင် ၈ ရာခိုင်နှုန်း၊ ၂၀၁၇ တွင် ၅ ရာခိုင်နှုန်း၊ ၂၀၂၁ တွင် ၃ ရာခိုင်နှုန်း၊ ၂၀၂၃ခုနှစ်တွင် သုညရာခိုင်နှုန်း သို့ တစ်ဆင့်ပြီးတစ်ဆင့် လျှော့ချမည်ဖြစ်ပါသည်။ သကြားဈေးကွက်ကို တဖြည်းဖြည်း ဖွင့်ပေးခြင်း ဖြစ်ပါသည်။မလေးရှားနိုင်ငံသကြားအတွက် အခြေခံအကောက်ခွန်နှုန်း မှာ သုညရာခိုင်နှုန်း ဖြစ်ပါသည်။ နိုင်ငံအတွင်းသို့ လွတ်လွတ်လပ်လပ်  တင်သွင်းခွင့်ပြုထားခြင်းဖြစ် သည်။မြန်မာနိုင်ငံသကြားအတွက် အခြေခံအကောက်ခွန်နှုန်း မှာ ဝ.၅ ရာခိုင်နှုန်းဖြစ်ပါသည်။ သုညနီးပါး ဖြစ်ပါ သည်။ သို့ရာတွင် ယင်း ဝ.၅ ရာခိုင်နှုန်းကို သက် တမ်းတစ်လျှောက်လုံး စည်းကြပ်သွားမည် ဖြစ်ပါ သည်။ လုံးဝဖယ်ရှားပေးခြင်းမရှိပါ။ မြန်မာနိုင်ငံ သည် AFTA အစီအစဉ်တွင် အရေးကြီး ကုန်ပစ္စည်းစာရင်းတွင် ထည့်ထားပါသည်။ဖိလစ်ပိုင်နိုင်ငံသကြားအတွက် အခြေခံအကောက်ခွန်နှုန်း ကို ကိုတာအတွင်း (In quota)အပေါ် ၅၀ ရာခိုင် နှုန်းနှင့် ကိုတာပြင်ပ (Out quota) အပေါ် ၆၅ ရာခိုင်နှုန်း သတ်မှတ်ထားပါသည်။  သကြားကို FTAတွင်  ထည့်မထားပါ။ ထို့ကြောင့် FTA ဘောင်အတွင်းမှ ရောင်းဝယ်၍  မရပါ။ သကြား စားသုံးမှုနှင့် အသုံးပြုမှုများသဖြင့် အာဆီယံ၏ AFTA အစီအစဉ်တွင် သကြားကို အရေးကြီး ကုန်ပစ္စည်း စာရင်းတွင် ထည့်ထားပါသည်။ သကြား ကို အဆင့်တိုးမြှင့်၍ အလွန်အရေးကြီး ကုန်ပစ္စည်း စာရင်းသို့  ပြောင်းရွှေ့ရန်  ကြိုးစားခဲ့သော်လည်း စည်းမျဉ်းစည်းကမ်းနှင့်  လုပ်ထုံး လုပ်နည်းများ မရှိသဖြင့် အောင်မြင်မှုမရခဲ့ပါ။ထိုင်းနိုင်ငံသကြားအတွက် အခြေခံအကောက်ခွန်နှုန်း မှာ ၆၅ ရာခိုင်နှုန်း ဖြစ်ပါသည်။ သို့ရာတွင် FTAတွင် သကြားကို ထည့်မထားဘဲ ဖယ်ထုတ်ထားပါ သည်။ ထို့ကြောင့် FTAဘောင်အတွင်းမှ သကြား ကို ရောင်းဝယ်၍မရပါ။ထိုင်းနိုင်ငံသည် အာဆီယံ ဒေသအတွင်း၌ သကြားအများဆုံး တင်ပို့ရောင်းချသည့် နိုင်ငံဖြစ်ပါ သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ လိုအပ်ချက် ကို အဓိက ဖြည့်ဆည်းရောင်းချလျက်ရှိသည့် နိုင်ငံ ဖြစ်ပါသည်။ နှစ်စဉ် သကြား  အမြောက်အမြား ဝယ်ယူတင်သွင်းသည့်    အင်ဒိုနီးရှားနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် AFTA အစီအစဉ်တွင် သကြားပေါ် စည်းကြပ်သည့် အခြေခံအကောက် ခွန်နှုန်းကို ဖယ်ရှားပေးခြင်းမရှိဘဲ  လျှော့ချရန် အတွက် ညှိနှိုင်းသတ်မှတ်လျက်ရှိရာ ထိုင်းနိုင်ငံ သည် ယင်းနှစ်နိုင်ငံသို့ သကြားတင်ပို့ရောင်း ချ သည့်ဝေစု လျော့နည်းခြင်းမရှိစေရန် အဓိကပါဝင် ညှိနှိုင်းလျက်ရှိပါသည်။စင်ကာပူနိုင်ငံအကောက်ခွန်စည်းကြပ်ခြင်းမရှိသော နိုင်ငံ ဖြစ်ပါသည်။ဗီယက်နမ်နိုင်ငံ1701.00.00:Cane Sugar နှင့်1701.12.00:Beet Sugarတို့အတွက်  အခြေခံ အကောက်ခွန် နှုန်းမှာ ကိုတာအတွင်း(In quota) အပေါ် ၃၀  ရာခိုင်နှုန်းစီဖြစ်ပြီး တဖြည်းဖြည်း လျှော့ချသွား မည်ဖြစ်ရာ  ၂၀၂၀ ပြည့်နှစ်အတွင်း သုညရာခိုင်နှုန်းသို့ ရောက်ရှိမည်ဖြစ်ပါသည်။ ယင်း တို့၏ ကိုတာပြင်ပ (Out quota) အပေါ် အခြေခံ အကောက်ခွန်နှုန်းမှာ ၈၀ရာခိုင်နှုန်းစီဖြစ်ပြီး ၂၀၂၂ ခုနှစ်ရောက်လျှင် ၅၀ ရာခိုင်နှုန်းသို့ အသီးသီးလျှော့ ချ၍ ဆက်လက်စည်းကြပ်မည်ဖြစ်ပါ သည်။ကျန်သကြားအမယ်များအတွက် ကိုတာ အတွင်း (In quota) အပေါ်အခြေခံ အကောက် ခွန်နှုန်းမှာ ၄၀ ရာခိုင်နှုန်းစီဖြစ်ပြီး တဖြည်းဖြည်း လျှော့ချမည်ဖြစ်ရာ ၂၀၂၀ ပြည့်နှစ်တွင် သုည ရာခိုင်နှုန်းသို့ ရောက်ရှိမည်ဖြစ်ပါသည်။ ယင်းတို့ ၏ ကိုတာပြင်ပ (Out quota) အပေါ် အခြေခံ အကောက်ခွန်နှုန်းမှာ ၁၀၀ ရာခိုင်နှုန်း ဖြစ်ပါသည်။ ယင်းတို့ကို ၂၀၂၂ ခုနှစ်ရောက်လျှင် ၅၀ ရာခိုင်နှုန်း သို့ အသီးသီးလျှော့ချပြီး ဆက်လက်စည်းကြပ်မည် ဖြစ်ပါသည်။သြစတြေးလျနိုင်ငံနှင့် နယူးဇီလန်နိုင်ငံသကြားအတွက် အခြေခံအကောက်ခွန်နှုန်း မှာ သုညရာခိုင်နှုန်း ဖြစ်ပါသည်။သုံးသပ်ချက်ထိုင်းနိုင်ငံသည် အာဆီယံ၏ AFTAအစီ အစဉ်အရ အာဆီယံနိုင်ငံများ၏  သကြားဈေး ကွက်ကို ရရှိထားပြီး ဖြစ်ပါသည်။ ထို့ကြောင့် အာဆီယံ-သြစတြေးလျ၊ နယူးဇီလန် FTAတွင် ထိုင်းနိုင်ငံက သကြားက FTA မှ ဖယ်ထုတ်ထား ခြင်းဖြစ်ပါသည်။သြစတြေးလျနိုင်ငံသည်  ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့ WTO၏ ဘောင်အတွင်းမှသာ အင်ဒို နီးရှားနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့၏ သကြားဈေး ကွက်ကို ဝင်ရောက်နိုင်မည်ဖြစ်ပါသည်။ ထိုင်းနိုင်ငံ နှင့် ယှဉ်ပြိုင်မည်ဆိုလျှင်  AFTA အစီအစဉ်အရ အကောက်ခွန် အခွင့်အရေးကိုရရှိထားသည့် ထိုင်း နိုင်ငံအား ယှဉ်ပြိုင်နိုင်မည်မဟုတ်ပါ။ အာဆီယံ သည် AFTAအစီအစဉ်တွင် ပေးထားသည့် အခွင့်အရေးကို အာဆီယံပြင်ပနိုင်ငံများအား တန်း တူ မပေး(မပေး)ရန်နှင့်  အကယ်၍ အာဆီယံ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံက အာဆီယံပြင်ပ နိုင်ငံ တစ်နိုင်ငံအား ကုန်သွယ်မှု/ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အရေးကို ပိုမို(ပိုမို)ပေးခဲ့ပါက ယင်းအခွင့် အရေးအတိုင်း ကျန်အာဆီယံအဖွဲ့ဝင် နိုင်ငံများ ကိုပေးရန် စည်းကမ်းသတ်မှတ်ထားပါသည်။ ယင်း စည်းကမ်းသတ်မှတ်ချက်အရ သကြားကို အင်ဒိုနီး ရှားနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့က FTAမှ ဖယ် ထုတ်ထားခြင်း ဖြစ်ပါသည်။မောင်မောင်ရီ(ဘောဂဗေဒ)

Wednesday, 31 Mar 2010

လူသားနှင့် သက်ရှိသတ္တဝါများ မှီတင်းနေထိုင်လျက်ရှိသော ကျွန် တော်တို့၏ ကမ္ဘာကြီးသည် တိုးတက် လာသောလူဦးရေအရ စွမ်းအင်အရင်း အမြစ်များ (အဆမတန်) ထုတ်ယူသုံးစွဲ ခြင်း၊ စက်ရုံအလုပ်ရုံများ၏ ဓါတုအဆိပ် အတောက်များစွန့်ပစ်ခြင်း၊ သစ်တော များ ပြုန်းတီးခြင်း တို့ကြောင့် ကမ္ဘာကြီး သည် ပူနွေးလာပြီး ကမ္ဘာ၏ တစ်ဖက် ခြမ်းတွင် မိုးခေါင်ရေရှား ဖြစ်နေ သော် လည်း အခြားတစ်ဖက်ခြမ်းတွင် မိုး သည်းထန်စွာရွာသွန်း၍ ရေကြီးခြင်း၊ ကိုဘေးငလျင်(ဂျပန်)၊ ဟေတီငလျင်၊ ချီလီ ငလျင်ကဲ့သို့ ကြီးမားပြင်းထန် သော ငလျင်လှုပ်ခြင်းများ၊ ၂၀၀၆ ခုနှစ်၊ဒီဇင်ဘာ ၂၆ တွင် အင်ဒိုနီးရှား တွင် ဗဟိုပြုခဲ့သော ဆူနာမီငလျင်၊ မြန်မာနိုင်ငံ၌၂၀၀၈ခုနှစ် မေလ(၂)ရက် နေ့တွင် ဖြစ်ပွားခဲ့သော နာဂစ်မုန်တိုင်း နှင့် အမေရိကန်၌ဖြစ်ပေါ်ခဲ့သော ကတ် ထရီနာ မုန်တိုင်းကဲ့သို့သော သဘာ၀ ဘေးဆိုးကြီးများ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့ပြီး အယ်လ်နီညို၊ လာနီညာနှင့် အိုဇုန်းလွှာပေါက်ခြင်းတို့သည် ကမ္ဘာကြီး၏ မောပမ်းနွမ်းလျ နာမကျန်းမှု နိမိတ်လက္ခဏာများပင် ဖြစ်ပါသည်။ ယင်းအခြေအနေကို ပညာရှင် များက အစဉ်အမြဲထောက်ပြခဲ့ပြီး လူ သားတို့သည်လည်း မိမိတို့ ၏ နားနေ ခိုနားရာ အိမ်သဖွယ်ဖြစ်သော ကမ္ဘာ ကြီး၏နွမ်းလျမှုကို နားလည်သဘော ပေါက်လာ ကြပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ စွမ်းအင် နှင့် အရင်းအမြစ် ချွေတာ သုံးစွဲခြင်းဖြင့် သက်ရှိအားလုံး မှီတင်းနေထိုင်ရာ "ကမ္ဘာ့အိမ်ကြီး" ရေရှည်တည်တံ့ခိုင်မြဲ ရေးကို အထူးအလေးပေး လုပ်ဆောင် လာသည်ကို တွေ့ရပါသည်။   လူသားတို့သည် တစ်နေရာမှ တစ် နေရာသို့ ပုံစံအမျိုးမျိုးဖြင့် ခရီးသွား လျက်ရှိကြရာ အပန်းဖြေ အနားယူသူူ၊ လေ့လာသူ၊ ပျားရည်ဆမ်းခရီးထွက်သူ၊ ယုံကြည်ရာဘာသာအလိုက် ဘုရားဖူးသူ၊ အပျော် ခရီးသွားသူ စသည်ဖြင့် ခရီး သည် အမျိုးမျိုးနှင့်အတူ ခရီးသွား လုပ်ငန်း အသွင်သဏ္ဌာန်အမျိုးမျိုး ပေါ် ပေါက်လာပါသည်။ ယင်းတို့အထဲတွင် နေရာဒေသတစ်ခုသို့ စွန့်စွန့်စားစား သွားလာတတ်သူ၊ သဘာဝကို ချစ်မြတ် နိုးသူ၊ မြို့ပြ၏ဘဝအမောများကို ခေတ္တ ကျောခိုင်းလိုသူများ၊ သဘာဝအလှကို ပကတိအတိုင်း ခံစားလိုသူ၊ ကျေးလက် ဒေသလူမှုဘဝပတ်ဝန်းကျင်ကိုအထောက် အပံ့ပြုလိုသူတို့က မြို့ကြီး၊ပြကြီးထဲမှ ခွဲထွက်ပြီး ကျေးလက်၊ တောင်ပေါ်၊ တောတွင်းခရီးစဉ်များကို ရွေးချယ်သွား လာတတ်ကြသည်။ ဤသို့ဖြင့် သဘာ၀ အခြေခံခရီးသွားလုပ်ငန်း (Ecotourism)  ဟူ၍ ခရီးသွားလုပ်ငန်း အမျိုး အစားသစ်တစ်ရပ် ပေါ်ထွက်လာခဲ့ပါ သည်။ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဆိုသည်မှာ သဘာဝနယ်မြေအား နှောင့်ယှက်မှု (သို့မဟုတ်) ညစ်ညမ်းမှု မရှိစေဘဲ လေ့လာခြင်း၊ သဘာဝရှုခင်း နှင့် သဘာဝပေါက်ပင်၊ သားငှက် တိရစ္ဆာန်များအပြင် တည်ရှိနေသော ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များအား တွေ့ကြုံ နှစ်သက် ခံစားနိုင်ရန် ရည်ရွယ် ၍ ခရီးသွားလာခြင်းကို သဘာ၀ အခြေခံခရီးသွားလုပ်ငန်းဟု အဓိပ္ပါယ် ဖွင့်ဆိုကြပါသည်။လူသားတို့၏ သဘာ၀ အရ နေ့စဉ်ရှင်သန်လှုပ်ရှားရုန်းကန်နေ ကြရသည့် ပတ်ဝန်းကျင်ကို ငြီးငွေ့လာ ချိန်တွင် လူသားတို့ ဖန်တီးမှုများဖြင့် တန်ဆာဆင် ထားခြင်း မရှိသော သဘာဝပတ်ဝန်းကျင်ကို တောင့်တမိ တတ်ကြ သည်ချည်းပင်ဖြစ်ပါသည်။ အင်္ဂလိပ်စာပေတွင်ထင်ရှားသော  ချော် ဆာ  (Gepffreu Chaucer)  ရေးဖွဲ့ ခဲ့သော ကန်တာ ဘာရီပုံပြင်များ (Canterbury Tales)၊ (၁၄)ရာစုနှောင်းပိုင်း၊ အင်းဝခေတ် မြန်မာစာပေတွင်  ထင် ရှားခဲ့သောပေလေးပင်၊  ရှင်လေးပါး တွင်အပါအဝင်ဖြစ်သောရှင်အုန်းညို၏ ဂါထာခြောက် ဆယ်ပျို့နှင့် ရှင်ဥတ္တမ ကျော်၏ တောလားတို့သည်လည်း သဘာဝပတ်ဝန်းကျင်ရှိ အလှအပများ ၏ စေ့ဆော်မှုကြောင့် ခရီးသွားယင်း ရေးသားခဲ့ကြသော (Ecotourism) ဆိုင်ရာဂန္ထဝင်စာပေလက်ရာများပင် ဖြစ်ပါသည်။  အာရှဒေသတွင် ဂျပန် နိုင်ငံသည် အခြားဖွံ့ဖြိုးတိုးတက်သော နိုင်ငံများ နည်းတူ ယခုအခါတွင် ပတ် ဝန်းကျင် ထိန်းသိမ်းမှုကို အထူး အလေး ထား ထိန်း သိမ်းဆောင်ရွက်နေသော နိုင်ငံ တစ် နိုင်ငံ ဖြစ်ပါသည်။ ယခုအခါ ဂျပန် နိုင်ငံသည် အာဆီယံအဖွဲ့အစည်း ၏ မိတ်ဖက်နိုင်င ံတစ်နိုင်ငံ အဖြစ် ပေါင်း စည်း လုပ်ကိုင်လျက်ရှိရာ အာဆီယံ-ဂျပန် စင်တာသည် အာဆီယံနိုင်ငံများ ၏ ကူးသန်းရောင်းဝယ်ရေး၊ ရင်း နှီးမြှပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းတိုးမြှင့် ရေးတို့အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံ များအား ပံ့ပိုးကူညီလျှက်ရှိရာ အာ ဆီယံခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ခရီးသွားလုပ်ငန်း ပွဲတော်များစီစဉ် ကျင်းပခြင်း၊ လူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ သင်တန်းများ၊ အလုပ်ရုံဆွေး နွေးပွဲများနှင့် လေ့လာရေးခရီးစဉ်များ စီစဉ်ပေးခြင်းတို့ကို ဆောင်ရွက်ပေး လျက်ရှိပါသည်။ မြန်မာနိုင်ငံသည် ၂၀၀၆ ခုနှစ်တွင် စတင်၍ အာဆီယံ-ဂျပန်စင်တာ(AJC) သို့ ဝင်ရောက်ခဲ့ပြီး ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ အာဆီယံ-ဂျပန်ဗဟိုဌာန၏ အစီ အစဉ်ဖြင့် မြန်မာနိုင်ငံအတွက် ခရီးစဉ် ဒေသများ ရေရှည် တည်တံ့ ဖွံ့ဖြိုး တိုး တက် ရေးဆင့်ပွားဆွေးနွေးပွဲ (Seminar on Sustaninable Develpment of Tourism Destination) ကို (၅.၃.၂၀၁၀) ရက်နေ့တွင် ရန်ကုန် မြို့၊ အင်းလျားကန ်ဟိုတယ်၌ ကျင်းပ ပြုလုပ်ခဲ့ရာ ဟိုတယ်နှင့်ခရီသွား ညွှန် ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော အရာထမ်းများ၊ ပြည် ထောင်စုမြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ရှင်များအသင်း၊ မြန်မာနိုင်ငံဟိုတယ် ဆိုင်ရာ လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဈေးကွက်မြှင့်တင်ရေး ကော်မတီ၊ သစ်တောဦးစီးဌာနမှ အရာထမ်းများ၊ အမျိုးသား စီမံခန့်ခွဲမှု ကောလိပ်မှ ဆရာမများ နှင့် Wildlife Conservation Society မှအဖွဲ့ဝင်များ စုစုပေါင်း (၄၀)ဦး တက်ရောက ်ခဲ့ပါသည်။ ခရီးစဉ်ဒေသများ ရေရှည် တည် တံ့ဖွံ့ဖြိုးတိုးတက်ရေးဆင့်ပွားဆွေးနွေးပွဲ (Seminar on Sustaninable Develpment of Tourism Destination)  သည် ၂၀၀၉ခုနှစ်၊ နိုဝင်ဘာလ(၂)ရက် နေ့မှ (၆)ရက်နေ့အထိ အာဆီယံ-ဂျပန် ဗဟိုဌာန (Tourism and Exchange Division)၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင်ကျင်းပ ပြုလုပ် ခဲ့သော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ နှင့်ဗီယက်နမ်နိုင်ငံများအတွက် ခရီးစဉ် ဒေသများရေရှည်တည်တံ့ ဖွံ့ဖြိုး တိုး တက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Technical Workshop on Sustainable Development of Tourism Destination for CLMV Countries)၏ နောက်ဆက်တွဲဆောင်ရွက်မှု အဖြစ် မြန်မာနိုင်ငံတွင်ဆင့်ပွား ဆွေး နွေးမှုများ ထပ်ဆင့်ပြုလုပ်သော ဆွေး နွေးပွဲဖြစ်ပါသည်။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပ ပြုလုပ်ခဲ့သော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် နိုင်ငံများအတွက် ခရီးစဉ်ဒေသများ ရေရှည် တည်တံ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ      အလုပ်ရုံ ဆွေးနွေးပွဲ (Technical Workshop on Sustainable Development of Tourism Destination for CLMV Countries) သို့ မြန်မာနိုင်ငံ ဟိုတယ် နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီး ဌာန၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီး ဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ခိုင်မီမီထွန်း၊ မြန်မာ့ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းမှ လက်ထောက် မန်နေဂျာဒေါ်ညွန့်ညွန့်ခိုင်၊မြန်မာနိုင်ငံ ဈေးကွက်မြှင့်တင်ရေးကော်မတီဥက္ကဌ ဒေါ်စုစုတင် နှင့် မြန်မာနိုင်ငံဈေးကွက် မြှင့်တင်ရေးကော်မတီမှ အလုပ် အမှု ဆောင် ဦးကျော်မင်းထင်တို့ ပါဝင် တက်ရောက်ခဲ့ပါသည်။ ယခုကျင်းပ သော ဆွေးနွေးပွဲ၏ရည်ရွယ်ချက်မှာ ဂျပန်နိုင်ငံတွင် ကျင်းပခဲ့သော အလုပ် ရုံဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့ သူများမှ ဂျပန်နိုင်ငံတွင် တက်ရောက် လေ့လာ ဆွေးနွေးခဲ့သောအတွေ့အကြုံ များကို မြန်မာနိုင်ငံအတွင်း  EcoTourism လုပ်ငန်းလုပ်ဆောင် နေကြ သူများ၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် ပုဂ္ဂိုလ်များအား ပြန်လည်ရှင်းလင်း တင်ပြ သွားရန်နှင့် Tourism Expert :  Mr. Masaya Kusube မှ ဂျပန်နိုင်ငံ အတွင်း Eco-Tourism ဖွံ့ဖြိုး တိုးတက်ရေး လုပ်ဆောင်မှုအတွေ့အကြုံများနှင့် သဘော တရားများကို ထပ်ဆင့် ရှင်း လင်း ပြောကြားသွားရန်ဖြစ်ပါသည်။(ဆက်လက်ဖော်ပြသွားပါမည်)တေဇာဥုတ်ကျော် (ဟိုတယ်/ခရီး)

Wednesday, 31 Mar 2010

စားသုံးသူကာကွယ်ရေး (Consumer Protection)ဆိုတာ လူသားတွေ အသုံးပြုနေတဲ့ စားသောက်ကုန် ပစ္စည်း၊ စက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါး၊ အလှကုန်နဲ့ အဝတ်အထည်စတဲ့ ကုန် ပစ္စည်း အားလုံးကို ဘေးအန္တရာယ် ကင်းရှင်းစွာ သုံးစွဲနိုင်စေဖို့ စားသုံး သူတွေကို အကာအကွယ် ပေးခြင်း ဖြစ် ပါတယ်။အိမ်ရှင်မတစ်ဦးဖြစ်တဲ့ ကျွန်မ အနေနဲ့ စားရေး၊ ဝတ်ရေးနဲ့နေရေးဆိုတဲ့ အရေး ၃ ပါးထဲမှာ စားရေး က အရေး ကြီးဆုံးလို့ထင်တာပဲ။ ဘာလို့လဲဆို တော့ ကျွန်မတို့တစ်တွေအားလုံး နေ့စဉ် အစားအစာကို မဖြစ်မနေစားနေ ကြ တာ မဟုတ်လား။ စားနိုင်မှ အင်အား ပြည့်မယ်၊ အင်အားပြည့်မှ အလုပ်လုပ် နိုင်မှာပါ။ မနက်လင်းလို့ မျက်စိနှစ်လုံး ဖွင့်ကတည်းက နံနက်စာ Breakfastနဲ့ စဖွင့်ရပြီလေ၊ ဒါကြောင့်အစားအစာ နဲ့ဆိုင်တဲ့အန္တရာယ်တွေကို ဘယ်လိုကာ ကွယ်ကြမလဲဆိုတာ အလေးထားစိတ် ဝင်စားမိပါတယ်။တိုးတက်ခေတ်မီနေတဲ့ ယနေ့ ခေတ်ကြီးမှာ ကျွန်မတို့ဘယ်လို အစား အစာတွေကို အဓိက စားနေကြ တာလဲ လို့ ဆန်းစစ်ကြည့်တော့ ချက်ရေး၊ ပြုတ် ရေးကို အချိန်မပေးနိုင်တော့တဲ့ အ လျှောက်  Ready Made ခေါ်တဲ့ အသင့် စား အစားအစာ အမျိုးမျိုးကို လွယ်လင့် တကူဝယ်ပြီး စားနေကြတယ်။ အိမ်မှာ စားတာထက် အပြင် စားသောက်ဆိုင် တွေကို သွားပြီး၊ မြိန်ယှက်စွာ စားနေ ကြတယ်။ နိုင်ငံခြား ကဝင်လာတဲ့ စား သောက်ကုန် အဖုံဖုံ တွေကို နှစ်ခြိုက် စွာ စားသုံး နေကြတယ်ဆိုတာ ကိုယ် တွေ့ပါပဲ။တာရှည်ခံတဲ့ စားဖွယ်ရာတွေနဲ့ အသင့်စားစရာတွေကလဲ အရောင် အဆင်းရော အနံ့အရသာပါ ထူးကဲ လှပါရဲ့၊ အချိန်လည်းမကုန်၊ လွယ်လင့် တကူလည်း စားလို့လည်းရ၊ အမြင် လည်းလှ၊ အနံ့အရသာကလည်း ကောင်း မှ ကောင်းပေါ့ ရှင်။သို့ပေမယ့် ဒီစားသောက်ကုန် တွေမှာ ဘာတွေထည့်ထားလို့ ခုလို ကောင်းနေတာလဲဆိုတာ လေ့လာ ကြည့်တော့မှ လား....လား အ ရောင်ဆိုးဆေးတွေနဲ့ နိုက်ထရိုက် (Nitrite)ဆိုတဲ့ ဓာတုဗေဒပစ္စည်းတွေ ထည့်ထားတယ်ဆိုပါလား၊ စားစရာတွေ ထဲကို ချည်ဆိုးဆေး၊ အေဇိုဆိုးဆေး (AZO Dyes)တွေ  ထည့်လိုက်တော့ အရောင်အဆင်းတွေတော့  လှပါရဲ့၊ သို့သော်  ကင်ဆာရောဂါ  ဖြစ်စေဖို့ အလားအလာတွေရှိပါသတဲ့ရှင်။ တစ်ခါ တာရှည်အထားခံ စေဖို့ ထည့်ထားတဲ့ နိုက်ထရိုက်ဓါတ်ကလည်း စားသုံးသူကို  ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ ဓါတ်ပါပဲ တဲ့။ ဒီတော့မှ သိလိုက်တာက ကြာကြာ အထားခံအောင်ဓာတုဆေးတွေနဲ့ပြုပြင် ပြီး အမြင်လှပစေဖို့ ဓာတုဆေးတွေ ရောသမမွှေထားတဲ့ စားသောက်ကုန် တွေဟာ စားသုံးသူရဲ့ ခန္ဓာကိုယ်ထဲကို တိတ်တဆိတ်ဝင်ရောက်နေတဲ့ လျှို့ဝှက် လက်နက်တွေ၊ အဆိပ်အတောက်တွေ ပါလား၊ ပြီးတော့ စားသောက်ဆိုင်တွေ မှာ စားမယ့်သူကမှာလိုက်တာနဲ့ အမြန် စီစဉ်ပေးနိုင်ဖို့ အတွက် အသားစင်းကော အလုံးတွေကို အဆင်သင့်ပြုလုပ်ထား ရာမှာ ကြာကြာ  အထားခံ အောင်နဲ့ အရသာရှိစေဖို့ ဖြည့်စွက်ဓာတုဆေး တွေ အများကြီးထည့်ပြီး မွမ်းမံထားပါ သတဲ့။ ဒါကြောင့်လည်း ကျွန်မတို့တွေ စားသောက်ဆိုင်မှာ မြိန်မြိန်စားပြီး မကြာခင်မှာ ရင်ပူလာတာ၊ ရေငတ်လာ တာကို ကြုံဖူးနေကြတာပေါ့။ဒါ့အပြင်  သဘာဝ  သစ်သီး မဟုတ်ဘဲ လိုချင်တဲ့သစ်သီးရဲ့အနံ့အရ သာဖြစ်စေဖို့ ဓာတုဆေးကို အသုံးပြု၊ အရောင်အဆင်းထည့်ပြီး အသင့်သုံး သစ်သီးဖျော်ရည်တွေ ပြုပြင်ထုတ်လုပ် ကြတော့ ကိုယ်စားချင်တဲ့သစ်သီးကို ရာသီမရွေးစားချင်တဲ့အချိန်မှာ စားရ သလို ကျေနပ်နှစ်ခြိုက်တဲ့ ခံစားမှုနဲ့ အားပေးသောက်သုံးမိပြန်ပါရော။တစ်ခါနို့နဲ့ နို့ထွက်ပစ္စည်းတွေ မှာ မယ်လ်မင်းတွေ ထည့်ထားလို့ ကမ္ဘာ တစ်ဝန်းလုံး တုန်လှုပ်ခဲ့ ရတာမှ မကြာ သေးဘူး၊ ကျွန်မတို့နိုင်ငံကို အိမ်နီးချင်း နိုင်ငံက ဓာတုကြက်ဥ (ကြက်ဥအတု) တွေဝင်လာပြန်ရော၊ ဒါ့ပြင်စားသုံးဖို့ မသင့်တဲ့ဆီတွေကို ဓာတုဗေဒပစ္စည်း တွေသုံး၊ အရောင်ချွတ် အမြင်လှ အောင် ပြုပြင်ပြီး ကျွန်မတို့နိုင်ငံကို စားသုံးဆီတွေအဖြစ် မှောင်ခိုသွင်းလာ တဲ့ သတင်းကိုလည်း ကြားသိရပြန်ပါရဲ့။ ပြီးတော့ ပြည်တွင်းက လက်ဖက်၊ ငါးပိ၊ ငရုတ်သီးမှုန့် အပြင် ပဲနီလေး၊ ပဲဝါလေး ပါမကျန် ဆိုးဆေးတွေ ထည့်ထားလို့ ထိတ်ရ လန့်ရပြန်ပါရောလားရှင်။ကဲ-   နေ့စဉ်နေ့တိုင်း    လက်မှ ပါးစပ်သို့ (Hand to Mouth)ဝင်ရောက် နေတဲ့ ဖြည့်စွက်ဓာတုဗေဒပစ္စည်းတွေ ရဲ့အန္တရာယ်က ကြောက်စရာကောင်း လွန်းလို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO)ရဲ့ဆောင်ရွက်ချက်ကို လေ့လာ ကြည့်တော့ စားသောက်ကုန်ဖြည့်စွက် ဓာတုဗေဒဆေးတွေရဲ့ လူသားတို့ ကျန်မားရေးအပေါ်ထိခိုက်မှုရှိ၊ မရှိ၊ စားသုံးရန် သင့်၊ မသင့်နဲ့ထည့်သွင်းရ မယ့် စံချိန်စံညွှန်းစတဲ့နည်းလမ်းဥပဒေ ကို ၁၉၅၈ ခုနှစ်ကစပြီး ပြဌာန်းထား တယ်။ စားသောက်ကုန်ဖြည့်စွက်ဓာတု ဆေးတွေကို နာတာရှည်အဆိပ်သင့် ရောဂါစမ်းသပ်ချက် (Chronic Toxicity Test)နဲ့တိုင်းတာဆန်းစစ်ဖို့ WHO က ဖော်ညွှန်းတယ်လို့သိရပါတယ်။သုံးခွင့်မရှိတဲ့ ဖြည့််စွက် ဓာတု ဗေဒပစ္စည်းကို အစားအစာထဲထည့်သုံး ခြင်း၊ ခွင့်ပြုတဲ့ဖြည့်စွက်ဓာတုပစ္စည်းဖြစ် စေကာမူ ခွင့်ပြုအတိုင်းအတာထက် ပိုမို ထည့်သုံးခြင်းတွေက ဥပဒေကိုချိုး ဖောက်နေတာပါပဲ။ ကျွန်မတို့နိုင်ငံမှာ ကျန်းမာရေးဝန်ကြီးဌာန၊ အစား အသောက်နဲ့ ဆေးဝါးကွပ်ကဲရေး အဖွဲ့ (Food and Drug Administration) ကလည်း ပြည်ပက တင်သွင်း ရောက်ရှိ လာတဲ့ စားသောက်ကုန်ပစ္စည်းများကို ဓါတ်ခွဲစစ်ဆေးပြီးမှ ဖြန့်ဖြူးရောင်းချခွင့် ပြုခြင်း၊ ဈေးမှာရောင်းချနေတဲ့ စားသောက်ကုန် ပစ္စည်းများကို ရှောင်တခင် စစ်ဆေးခြင်းတို့ကို အား ထည့် ဆောင်ရွက်ပေးနေပါတယ်။ သက်တမ်းကုန်ပြီးတဲ့ စားသောက်ကုန် ပစ္စည်းတွေကို မူလသက်တမ်း အပေါ် မှာ ပြင်ဆင်ထားတဲ့ သက်တမ်းကို ကပ်ပြီးရောင်းချတာကလည်း "ဘယ်သူ သေသေ ငတေမာရင် ပြီးရော"ဆိုတဲ့ လုပ်ဆောင်ချက်ပါ။ ဒီလိုမသမာလုပ် ဆောင်တာတွေကို ဖော်ထုတ်ပြီး ထိထိ ရောက်ရောက်အရေးယူပေးမှ စားသုံး သူတွေမှာ အန္တရာယ်ကင်းမှာပါ။ ဒါ့ အပြင် မှောင်ခိုဝင်ရောက်နေတဲ့ စား သောက်ကုန်တွေကလည်း Fit for Human Consumption Certificate မပါတဲ့အပြင် FDAကစစ်ဆေးခွင့်ပြု ချက်လည်း မရှိတဲ့ အတွက် အန္တရာယ် ကြီးပါတယ်။ မှောင်ခိုတားဆီးဖို့ကိစ္စက လည်း စားသုံးသူကိုကာကွယ်ပေးရာ မှာ အရေးကြီးတဲ့ ကဏ္ဍတစ်ခုပါပဲရှင်။ကျွန်မတို့ စားသုံးသူကလည်း ပြုပြင် ဖြည့်စွက် ထုတ်လုပ်ထားတဲ့ စားသောက်ကုန်တွေနဲ့ ပတ်သက်လို့ ဗဟုသုတ ရှိထားသင့်ပါတယ်။ ဒါ ကြောင့် ကျွန်မတို့ဝယ်ယူမယ့် စား သောက်ကုန် ပစ္စည်းတွေရဲ့ ထုပ်ပိုး ပစ္စည်းအပေါ်မှာ ကုန်အမှတ်တံဆိပ်၊ ပါဝင်ပစ္စည်းတွေရဲ့ အမျိုးအမည်နဲ့ အချိုးအစား၊ ထုတ်လုပ်တဲ့နေ့စွဲနဲ့ သက် တမ်းကုန်မယ့်နေ့စွဲ၊ ထုတ်လုပ်တဲ့ ကုမ္ပဏီအမည်၊ လိပ်စာ၊ ဖုန်း၊ အီး မေးလ် စတာတွေပါရှိတဲ့ စားသောက် ကုန်မျိုးကို ဦးစားပေး ရွေးချယ်သင့် ပါတယ်။ Packing လှတာနဲ့ပဲ ကောင်းလိမ့်နိုးနဲ့ ရမ်းသမ်း မဝယ်သင့် ပါဘူး။ အပြင်ပန်း ထုပ်ပိုးမှုကောင်းမွန် လှပပြီး ဆွဲဆောင်မှု ရှိဖို့ အရေးကြီး သလို အတွင်းက  ပစ္စည်းကလည်း စားသုံးသူကို အန္တရာယ်မဖြစ် စေဖို့ လိုအပ်ပါတယ်။ ဒါ့ပြင် ကြော်ငြာကောင်း တိုင်း မစားမိဖို့ သတိထားသင့်ပါတယ်။ ရှိသင့်တဲ့သဘာဝအရောင်ထက် ပိုလှနေ မယ်၊ ပိုပြီးတောက်ပနေမယ်၊ တာရှည်ခံ တဲ့ကာလပိုရှည်ကြာတယ်ဆိုပြီး ဟန်ကျ ပြီလို့ မထင်လိုက်ပါနဲ့၊ ဒီ စားသောက် ကုန်မှာ ဖြည့်စွက် ဓာတုဆေးတွေကို တရားဝင်ခွင့်ပြုထားတာ ထက် ပိုသုံး ထားနိုင်တယ်ဆိုတာ ချင့်ချိန်စဉ်းစား ပါနော်။စားသုံးဆီဆိုရင် ရေခဲ သေတ္တာ ထဲမှာ တစ်ညလောက်ထားကြည့်ပြီး နောက်တစ်နေ့မှာ ခဲမနေဘူး ဆိုရင် စားသင့်တဲ့ဆီပါပဲ။ ကိတ်မုန့်၊ ပေါင်မုန့် တို့လို မုန့်အစိုတွေဆိုရင်လည်း  သုံး လေးရက်ကြာလို့ မှိုမတက်သေးဘူး ဆိုရင် ကောင်းလိုက်တာလို့  ချီးမွမ်း မစော လိုက်နဲ့နော်။ တာရှည်ခံပြီး နာမည်ရအောင် ဖြည့်စွက်ဓာတုဆေး တွေကို လိုတာထက် ပိုထည့်ထားလို့ မပျက်စီးတာလို့ သိလိုက်ပါ။ စားသုံးသူ တွေအနေနဲ့ ပြုပြင်ထုတ်လုပ်ထားတဲ့ နောက်ဆုံးပေါ်  စားစရာတွေကို စား မယ်ဆိုရင်  အနည်းဆုံးဖြစ်အောင် စားခြင်းဖြင့် ဥပဒ်အနည်းဆုံးဖြစ်မှာပါ လို့ အကြံပြုချင်ပါတယ်။ဒါကြောင့် အိမ်ကချက်ကျွေးတဲ့ ရိုးရိုးရှင်းရှင်း သဘာဝစားဖွယ်ရာကို မိသားစုထမင်းဝိုင်းမှာ လက်ဆုံ စားပြီး၊ သဘာဝစစ်စစ် သစ်သီးနဲ့ သစ်သီး ဖျော်ရည်ကို သုံးဆောင်ခြင်းဖြင့် အမေ့ လက်ရာပဲဖြစ်ဖြစ် အိမ်က ချစ်ဇနီးရဲ့ လက်ရာကိုပဲဖြစ်ဖြစ် အားပေးကြပါ။ အပြင်မှာ စားတာတွေ တတ်နိုင်သမျှ လျှော့ပါလို့ အကြံပြုပါရစေ။ ဒါဆိုရင် ငွေ ကုန်လည်း သက်သာ၊ ဥပါဒ်လည်း ကင်း၊ မိသားစုလည်း ပိုပြီး စည်းလုံးနွေး ထွေးမှု ရှိစေတဲ့အတွက် ပိုမကောင်း ပေဘူးလားလို့ အိမ်ရှင်မ တစ်ဦးရဲ့ အမြင်ကို တင်ပြ လိုက်ပါတယ်ရှင်။ဒေါက်တာ ခင်ဦးမေ

Monday, 22 Mar 2010

အစိုးရပိုင် ဆန်စပါးလုပ်ငန်း အဖွဲ့အစည်း များကပဲ ပြည်တွင်းဆန်စပါး ရောင်းဝယ်မှု ပမာဏ ရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကို ချုပ်ကိုင်ထားဆဲပါ။ ဒီအဖွဲ့အစည်းတွေက စပါးအခွံချွတ်စက် ပိုင်ရှင် တွေဆီက ရံဖန်ရံခါ တိုက်ရိုက်ဝယ်ယူရပါတယ်။ တစ်ခါတစ်ရံ ကုန်သည်တွေဆီကလည်း ဝယ်ပါ တယ်။ ဝယ်ယူရတဲ့ လုံးတီးဆန်တွေကို သူတို့ပိုင်တဲ့ ဆန်စက်တွေမှာ ဆန်အချောဖွပ်ပြီး လက်ကား ရောင်းသူတွေကို ပြန်လည် ရောင်းချပေးပါတယ်။ ဒီအရောင်းအဝယ်  လမ်းကြောင်းပုံစံအတိုင်းပဲ ပုဂ္ဂလိကအပိုင်းမှာ ဆောင်ရွက်ကြပါတယ်။ လက် ကား ရောင်းဝယ်မှုကတော့ ပုဂ္ဂလိကတွေ လက်ထဲ မှာပဲ ရှိပါတယ်။ ပြည်တွင်းလက်ကား ရောင်းဝယ်မှု အပိုင်းမှာ ပါဝင်ကြသူတွေဟာ နှစ်ပေါင်းအတော် ကြာ ဒီလုပ်ငန်းတွေမှာ လုပ်ကိုင်ကြသူတွေ ဖြစ် ပေမယ့် ဆန်ဈေးကောင်းတဲ့အချိန်မှာ မြန်မာနိုင်ငံ လိုမှာပဲ ဝင်နှောက်ဈေးကစားတတ်ကြတဲ့ ကုန် သည်တွေလည်း ရှိကြတယ်လို့ သိရပါတယ်။ဆန်လက်လီရောင်းသူတွေကတော့ ဆန်နှင့် ပတ်သက်ပြီး ကျွမ်းကျင်မှုရှိကြပြီး လက်ကားဈေး ကွက်များမှ ဝယ်ရောင်းကြပါတယ်။ ဆန်လက်လီ ဆိုင်တွေမှာ ဆန်အမျိုးအစားအလိုက်  စုစုပေါင်း ၂၀ လောက်ကို ရောင်းဝယ်ဖေါက်ကားကြပါတယ်။ ထိုင်းနိုင်ငံမှာလို စူပါမားကတ်တွေက တစ်ဆင့် ရောင်းဝယ်ကြတဲ့လုပ်ငန်းက  ဖြစ်ဖြစ်မြောက် မြောက် မရှိကြသေးပါ။ ဗီယက်နမ်စားသုံးသူတွေ ကလည်း မြို့တွေမှာရှိတဲ့ ဆန်လက်လီဆိုင်တွေက တစ်ဆင့် ဝယ်ယူစာသုံးကြတာကို ပိုမိုနှစ်သက်ကြ ပါတယ်။ အချို့ စူပါမားကတ်တွေမှာ ၅ ကီလိုဝင် ဆန်အိတ်ငယ်လေးများကို ရောင်းချပေးတာကို တွေ့ရပြီး ဒီလိုအိတ်ငယ်နဲ့ရောင်းချတာမျိုး အခြား ဆန်လက်လီဒိုင်တွေမှာ မတွေ့ရပါဘူး။ လေ့လာ ချက်များအရတော့ စူပါမားကတ်တွေမှာ ရောင်းချ တဲ့ ဆန်ရဲ့အရည်အသွေးက များသောအားဖြင့် မြင့်မားတာကို တွေ့ရပါတယ်။ လက်လီရောင်းချ တဲ့အခါ Branded ဆန်အိတ်များ ရောင်းချတာ မတွေ့ရပါဘူး။ ဗီယက်နမ်(မြောက်ပိုင်း)VINA Food ကတော့ စတိုးဆိုင်ငယ်တွေမှာ အထူးဆန် အမျိုးအစားတွေကို မြညေိနိ လုပ်ပြီး ရောင်းချ နေတာကို တွေ့လာရပြီလို့ ဆိုပါတယ်။ဆန်ပြည်ပတင်ပို့မှုလုပ်ငန်းသက္ကရာဇ် ၂၀၀၂ ခုနှစ်ထိ ဆန်ပြည်ပတင်ပို့ မှုလုပ်ငန်းကို အစိုးရဆန်လုပ်ငန်း  အဖွဲ့အစည်း ကသာ လုပ်ကိုင်ခဲ့ပါတယ်။ ပုဂ္ဂလိကပိုင်းမှ ဆန် ပြည်ပတင်ပို့သည့်လုပ်ငန်းကို စုစုပေါင်း ဆန်ပို့ကုန် ပမာဏရဲ့ ၁၀ရာခိုင်နှုန်းပဲ လုပ်ကိုင်နေကြပါတယ်။ VINA FOOD 2 သည် ပြည်ပတင်ပို့မှု စုစုပေါင်း ၏ ၅၀ ရာခိုင်နှုန်းခန့် လုပ်ကိုင်ပါတယ်။ ထိုင်း၊ မြန်မာနိုင်ငံတို့မှာကဲ့သို့ ဆန်ပြည်ပတင်ပို့တဲ့အခါ ဆန်အမည်လုံးဝမရှိဘဲWhite Rice ၂၅ရာခိုင်နှုန်း စသည်ဖြင့်သာ အမည်တပ်တင်ပို့ပါတယ်။ ပြည်ပ တင်ပို့မှု ပမာဏကိုVFA ကပဲ ချုပ်ကိုင်ထားပြီး တင်ပို့ရတဲ့ပမာဏနဲ့ ဈေးနှုန်းမည်မျှ ဖြစ်သင့်သည် ကို အကြံပြုလေ့ရှိပါတယ်။  ပြည်ပတင်ပို့နိုင်မဲ့ ပမာဏကို နှစ်စဉ်နှစ်တိုင်း  တွက်ချက်လေ့ရှိပြီး တွက်ချက်ရရှိထားတဲ့ အရေအတွက်ထက် ကျော် လွန်ပို့၍ မရနိုင်ပါ။VFA သည် အရင်လာ အရင်ပို့ စနစ်ဖြင့် ပြည်ပတင်ပို့ခွင့် ပါမစ်ကို သတ်မှတ်ထားသည့် နှစ်စဉ်ပမာဏအပေါ် မူတည်၍ ခွင့်ပြု ပေးလျက် ရှိပါတယ်။ ဒါပေမဲ့ ဒီအချက်ဟာ ဆန်ပြည်ပတင်ပို့ သူတွေအနေနဲ့ သံသယဖြစ်စရာတစ်ခုဖြစ်ပြီး သူတို့ ကိုVFA က ခွင့်ပြုမှာလား၊ ခွင့်မပြုဘူးလား ဆို တာကိုသိရဖို့ တော်တော်ခဲယဉ်းပါတယ်။ ဒီအချက် ဟာ ပုဂ္ဂလိကပိုင်းမှ ဆန်စပါးလုပ်ငန်းတွေမှာ ရင်းနှီး မြှုပ်နှံလိုစိတ်တွေ တော်တော်လျော့ပါးစေပါတယ်။၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလမှာ VFA က ဆန်ပြည်ပတင်ပို့ရန် စာချုပ်တွေကို လက်ခံစာရင်း သွင်းဖို့ ရပ်ဆိုင်းခဲ့ပါတယ်။ နောက်တစ်ဖန် ၂၀၀၉ ခုနှစ်၊ မေလမှာ ပြန်လည်လက်ခံမယ်လို့ ဆိုပါ တယ်။အဲဒီမှာ ပုဂ္ဂလိကအိတ်စ်ပိုတာတွေက မကျေ မနပ်နှင့် ထောက်ပြပြောဆိုခဲ့ကြပါတယ်။ သူတို့ကို ဖေဖော်ဝါရီလမှာခွင့်ပြုခဲ့ရာ ဆန်ဈေးဟာ တစ်တန် မှာ USD၄၄၀ ရမှာဖြစ်ပေမဲ့ မေလထဲမှာ သူတို့ ပြန်လည်ခွင့်ပြုခဲ့တော့ ဆန်ဈေးဟာ USD ၄၀၀ အထိ ကျသွားခဲ့လို့ နစ်နာတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဖေဖော်ဝါရီလအတွင်းမှာ ပြည်ပတင်ပို့ဖို့ အတွက် ပြည်တွင်းမှာ ဆန်ဈေးနှုန်းကြီးမြင့်ချိန်က ဝယ်ယူခဲ့တာဖြစ်ပြီး သင်္ဘောတင်တဲ့အခါ အဆင် သင့်ဖြစ်အောင် လုပ်ထားပေမဲ့ မေလအထိ မတင် ဖြစ်တော့ နှစ်ခါနာသလို ဖြစ်နေပြီလို့ ဆိုကြပါ တယ်။ပုဂ္ဂလိက ဆန်ကုမ္ပဏီတွေဟာ ဆန်ပြည်ပ တင်ပို့ဖို့အတွက် ၁၀ရာခိုင်နှုန်းလောက်ပဲ အခွင့်  အရေး ရတာဖြစ်ပေမဲ့ အိတ်စ်ပို့ပြုလုပ်ဖို့အတွက် အစိုးရအဖွဲ့အစည်းတွေကို ဆန်ပေးသွင်းနေရတဲ့ အခွင့်အလမ်းကတော့ ရရှိနေဆဲပါ။ ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလမှာ ဗီယက်နမ်အစိုးရက ပုဂ္ဂလိက ကုမ္ပဏီများနှင့် ဆန်ပေးသွင်းခြင်း  စာချုပ်နှင့် ပတ်သက်ပြီး ပြင်ဆင်ခဲ့ပါတယ်။ ပြင်ဆင်ချက်တော့ ဆန်ပေးသွင်းတဲ့အခါ  လိုအပ်တဲ့ အချက်တွေကို ပြင်ဆင်သတ်မှတ်တာပါ။  အမှန်တကယ်တော့ ပုဂ္ဂလိက  ဆန်တင်ပို့နေကြတဲ့ ကုမ္ပဏီတွေဟာ သူတို့ကိုယ်တိုင် ပြည်ပတင်ပို့တာထက် ဆန်တင်ပို့ တဲ့ အစိုးရအဖွဲ့အစည်းတွေကတစ်ဆင့် တင်ပို့ခြင်း က ဆုံးရှုံးမှုအန္တရာယ်နည်းတယ်လို့ ဆိုပါတယ်။မောင်တိုင်ပင်

Monday, 22 Mar 2010

မလေးရှားနိုင်ငံ ACCCIM (Associated Chinese Chambers of Commerce and Industry of Malaysia)  မှ ကိုယ်စားလှယ် ၃၂ ဦးပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် မတ်လ ၁၆ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံ ကုန် သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ချုပ်တွင် မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ နှင့် တွေ့ဆုံပွဲကို ပြုလုပ်ခဲ့သည်။ ကိုယ်စားလှယ် အဖွဲ့ကို Kejuru teraan Wang Yuer Sdv-Bhd မှ ဥက္ကဋ္ဌ  Mr.Tan Sri Dato'Soong Siew Hoong မှ ခေါင်းဆောင်၍ လာရောက် ခဲ့ခြင်း ဖြစ် ပါသည်။ အဖွဲ့ဝင်များအနေဖြင့် သတင်းနှင့် နည်း ပညာကဏ္ဍ၊ စားအုန်းဆီထုတ်လုပ်မှု  ကဏ္ဍ၊ စက် နှင့် စက်ပစ္စည်းကိရိယာကဏ္ဍ၊  ဆောက်လုပ်ရေး ကဏ္ဍများအပြင်  လျှပ်စစ်ပစ္စည်း၊  သုတ်ဆေး၊ ယာဉ်စက်အရန်ပစ္စည်း၊ ဘက်ထရီ၊ စက်ဆီ ချောဆီ၊ လယ်ယာသုံးကိရိယာ တန်ဆာပလာ၊ ပရိ ဘောဂပစ္စည်းများ၊ နို့ဆီ၊ စူပါမားကက်အတွက် လိုအပ်သောပစ္စည်းများ၊ ချုပ်စက်များ၊ ပုံနှိပ်လုပ် ငန်း၊ စာအုပ် ထုတ်ပိုးပစ္စည်းများ၊ စာအုပ်ချုပ်စက် ပစ္စည်း ကိရိယာ၊ အိမ်သုံး ပစ္စည်းများ၊ ကလေး စားစရာများ ထုတ်လုပ်သူများ  ပါဝင်ကြောင်း သိရ ပါသည်။အဆိုပါကဏ္ဍများအနက် စိုက်ပျိုးရေး လုပ် ငန်းသုံး ကိရိယာတန်ဆာပလာများ ရောင်းချသည့် Chiap Hup Agriuclture Development Sdv-Bhd.   ကုမ္ပဏီမှ ဥက္ကဋ္ဌ Mr.Wee Chong Yan ကို ကောမတ်စ်က တွေ့ဆုံမေးမြန်းရာမှာ ၎င်းတို့ ကုမ္ပဏီအနေဖြင့် ပဲ၊ ငရုတ်သီး၊ သခွားသီး၊ ရုံးပဒီသီး၊ ကန်စွန်း၊ ဘူးသီး၊ ကြက်ဟင်းခါးသီး၊ ခဝဲသီး၊ ဘုံလုံသီး၊ ဟင်းသီးဟင်းရွက် စသည့်သီးနှံ များ၏မျိုးစေ့များ၊ စိုက်ပျိုးရေးနည်းပညာများအပြင် ပျိုးခင်းအတွက်ပျိုးဗန်း၊ သီးနှံများမရင့်မှည့်မီ အသီး စွပ်သော ထုတ်ပိုးပစ္စည်းများ ပံ့ပိုးမှုပေးပြီး သီးနှံ ထွက်ရှိသောအခါ  အဆိုပါသီးနှံအား မလေးရှားသို့ ပြန်လည်တင်သွင်းသော  စနစ်ကို  ကျင့်သုံးနေ ကြောင်း။ လက်ရှိ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့နှင့် မြေငှားရမ်းပြီး  ဆောင်ရွက်နေကြောင်း  ရှင်းပြခဲ့ သည်။ တစ်နှစ်လျှင် မက်ထရစ်တန် ၂၀၀ ခန့််ကို တရုတ်နိုင်ငံမှ မလေးရှားသို့ ရေကြောင်းမှ ပြန် လည် တင်သွင်းလျက်ရှိကြောင်း၊ ကုမ္ပဏီအနေဖြင့် ထိုင်း၊ တရုတ်နိုင်ငံကဲ့သို့ပင် မြန်မာနိုင်ငံမှာလည်း အဆိုပါ  သီးနှံများကိုစိုက်ပျိုး ထုတ်လုပ်လိုသော ကြောင့် စိတ်ဝင်စားသူများကို ဖိတ်ခေါ်လျက်ရှိ ကြောင်း ၎င်းင်းက ဆက်လက်ရှင်းပြသည်။အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ဦးမျိုးအောင် (မျက်မှောက်ရေးရာ မဂ္ဂဇင်း)က မြန်မာ-မလေးရှား နှစ်နိုင်ငံအရေး ဆွေးနွေးပွဲ အပေါ် ၎င်းင်း၏အမြင်ကို ပြောကြားရာတွင် "ကျွန် တော်က စာအုပ်စာပေဆိုင်ရာ ဆက်စပ်ပစ္စည်း တွေကို ဆွေးနွေးခဲ့တာပါ။ မလေးရှားဘက်က ဆွေးနွေးသူတွေက ပုံနှိပ်စက်တွေ ပရင်တာတွေ ရောင်းချင်ကြောင်း ပြောပါတယ်၊ အရည်အသွေး ပြည့်ဝတဲ့ စက်များရဲ့အကြောင်းကို စက်ပိုင်းဆိုင်ရာ အာမခံချက်တွေနဲ့ရှင်းပြတယ်။ မြန်မာပြည်က ပုံနှိပ် ထုတ်ဝေတဲ့လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ကုမ္ပဏီ တွေနဲ့ဆက်စပ်လိုက်ရင် အချိန်တိုအတွင်း စွမ်းရည် ပြည့် အရည်အသွေးရော အရေတွက်ပါ တက်လာ မယ်။ အကျိုးရှိနိုင်တယ်။ ဒါကြောင့် ပြည်တွင်း မှာရှိတဲ့ လက်တွေ့နယ်ပယ်က လူတွေနဲ့ ချိတ် ဆက်နိုင်ဖို့အတွက် ဆွေးနွေးခဲ့ပါတယ်" ဟု  ဆိုပါ သည်။ပြည်တွင်း    စက်မှုထွက်ကုန်ဖြစ်သော အဝတ်အထည်  ပိုမိုတိုးမြှင့် ထုတ်လုပ်တင်ပို့နိုင် ရေးကဏ္ဍအတွက်တော့ "ချုပ်စက်တွေ ရောင်းချတဲ့ ကုမ္ပဏီနဲ့   ဆွေးနွေးဖြစ်တယ်။ ကျွန်တော်တို့ အထည်ချုပ်လုပ်ငန်းမှာ သုံးစွဲရင် အရည်အသွေး မြင့်တဲ့ အထည်တွေ ရလာနိုင်တယ်။ ဒါကြောင့် ဒီစက်မျိုးတွေကို တင်သွင်းပြီး လက်တွေ့လုပ်နေတဲ့ လုပ်ငန်းရှင်တွေ ကျယ်ကျယ်ပြန့်ပြန့်လေ့လာကာ လက်တွေ့နဲ့  ပေါင်းစပ်  ဆောင်ရွက်နိုင်အောင် အထည်ချုပ်လုပ်ငန်းရှင်များအသင်းနဲ့ ပူးပေါင်းပြီး ဆက်သွယ်ဆောင်ရွက်ဖို့နဲ့  ဒီချုပ်စက်တွေကို ပြည်တွင်းမှာ  Show Room တစ်ခုဖွင့်ပြီး စက် ပစ္စည်းရော နည်းပညာပါ ပြသနိုင်ဖို့ အထည်ချုပ် အသင်းနဲ့ပူးပေါင်းပြီး ဆက်လက် စီစဉ်ဆောင်ရွက် သွားဖို့ တိုက်တွန်းဆွေးနွေးခဲ့တယ်။ အသေးစိတ် အချက်အလက်တွေကိုလည်း ထပ်မံသတင်းထုတ် ပြန်ပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီစက်ပစ္စည်း ရောင်းချလိုတဲ့ ကုမ္ပဏီတွေကိုလည်း ပြည်တွင်းမှာ ရှိတဲ့လုပ်ငန်းရှင်များရဲ့ စက်ရုံတွေကို သွားရောက် လေ့လာပြီး ဈေးကွက်အခြေအနေကို ပြသဖို့ရှိပါ တယ်" ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောပြသည်။မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်ငန်းရှင် အသင်းက ဦးမြင့်ဇော်ကတော့"အခုလာရောက်တဲ့ မလေးရှား လုပ်ငန်းရှင်တွေက မျိုးဆက်သစ်တွေ များပါတယ်။ အရေအတွက်များသလို ကဏ္ဍအစုံ လည်းပါတယ်။ တကယ်လုပ်ငန်း လုပ်ကိုင်ဖို့ရာ အခက်အခဲ အတားအဆီးတွေရှိနေလည်း ထဲထဲ ဝင်ဝင် လိုလိုလားလားလုပ်ကိုင်လိုစိတ် ပြင်းထန် နေကြပါတယ်။ အနာဂတ်မှာ ပူပေါင်းလုပ်ကိုင် ဆောင်ရွက်ခွင့်ရမဲ့ အခြေအနေတွေရှိလို့ ဆွေးနွေး ရတာ စိတ်ဝင်စားစရာကောင်းပါတယ်" လို့ ၎င်းင်း၏ ဆွေးနွေးမှု အတွေ့အကြုံကို ပြောပြပါသည်။ "ဒီနေ့  မလေးရှားနဲ့  မြန်မာလုပ်ငန်းရှင် အချင်းချင်းတွေ့ဆုံတဲ့ပွဲမှာ လယ်ယာစိုက်ပျိုးရေး ကဏ္ဍ၊  သစ်တောထွက်ကဏ္ဍ၊  အလုပ်အကိုင် ရှာဖွေရေးကဏ္ဍ၊ လက်လီလက်ကားစူပါမားကတ် ထူထောင်ရေးကဏ္ဍ၊ ပို့ကုန်^သွင်းကုန်ကဏ္ဍ၊ စက် နှင့် စက်ကိရိယာကဏ္ဍ စသည်ဖြင့် သွင်းကုန်ပိုင်း မှာ တော့တော့ကို အမယ်စုံပါတယ်။ ဆွေးနွေးလို့ လဲကောင်းပါတယ်။ အခုသစ်အချောထည် ဝယ်ယူ လိုသူတွေရှိတာမို့ မုံရွာစက်မှုဇုန်က ဥက္ကဋ္ဌနဲ့ ချိတ် ဆက်ပြီး ဆက်လက်တင်ပို့နိုင်မယ့် နည်းလမ်းတွေ ကို ဆွေးနွေးကြပါတယ်။ ချိတ်ဆက်မှုလည်း ရရှိခဲ့ ပါတယ်။ ဝယ်သူ၊ ရောင်းသူ တိုက်ရိုက်ဆက်သွယ်မှု ကြောင့် မလေးရှား-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုမှာ ပိုပြီးတိုးမြင့်လာမှာ ဖြစ်ပါတယ်" လို့ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်ငန်းရှင်အသင်းရဲ့ ဥက္ကဋ္ဌ ဦးပေါ ဟိန်းကလည်း ဆွေးနွေးပါသည်။ အဆိုပါ မြန်မာ-မလေးရှား စီးပွားရေးလုပ် ငန်းရှင်များအချင်းချင်း တွေ့ဆုံဆွေးနွေးပွဲက နှစ် နိုင်ငံအကြား ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုတိုးတက် စေဖို့  အထောက်အကူဖြစ်စေမည်ဟု ယုံကြည် ကြောင်း ရေးသားလိုက်ရပါသည်။ WWN, KK

Monday, 22 Mar 2010

အာဆီယံ-သြစတြေးလျ၊ နယူးဇီလFTA  (AANZ-FTA)AANZ-FTA ကို ၂၀၁၀ ပြည့်နှစ်၊ ဇန်န ဝါရီလ ၁ ရက်နေ့မှ စတင် အကောင်အထည် ဖော်ခဲ့ပြီဖြစ်ပါသည်။ ယင်FTAအောက်မှ မြန်မာ နိုင်ငံအတွက်  စိတ်ဝင်စားဖွယ်ကောင်းသည့် ကုန်စည်အလိုက် ဈေးကွက်အခြေအနေကို ရေးသားတင်ပြရန် ရည်ရွယ်ပါ သည်။ ထို့ကြောင့် သား ငါးဈေးကွက်အကြောင်း ရေးသားတင်ပြခဲ့ပါသည်။ ယခုအပတ်တွင်  ပဲမျိုးစုံဈေးကွက် အကြောင်း တင်ပြမည်ဖြစ်ပါသည်။AFTA အောက်မှအရေးကြီး ကုန်ပစ္စည်းစာရင်းတွင် ပဲမျိုးစုံပါဝင်မှု အခြေအနေFTA အစီအစဉ်အောက်တွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအား အရေးကြီး ကုန်ပစ္စည်း စာရင်း (ှSensitive List) နှင့် အလွန်အရေးကြီး ကုန်ပစ္စည်းစာရင်း (Highly Sensitive List) တို့ကို ထားရှိခွင့်ပေးခဲ့ပါသည်။ပဲမျိုးစုံကို အရေးကြီး ကုန်ပစ္စည်းစာရင်းတွင် ထည့်သွင်းခဲ့သော အာဆီယံအဖွဲ့ဝင် သုံးနိုင်ငံသာ ရှိပါသည်။ ယင်းသုံးနိုင်ငံမှာ ကမ္ဘောဒီးယား၊ လာအို နှင့် မြန်မာနိုင်ငံတို့ ဖြစ်ပါသည်။ နိုင်ငံအလိုက် အရေးကြီးကုန်ပစ္စည်းစာရင်းတွင် ထည့်သွင်းခဲ့ သော ပဲမျိုးစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-မှတ်ချက်။ မြန်မာနိုင်ငံသည် AFTA၏ စည်း မျဉ်းအတိုင်း ပဲမျိုးစုံ၏အခြေခံ အကောက်ခွန် နှုန်း ၁၅ရာခိုင်နှုန်းကို ၁-၁-၂၀၀၈ နေ့မှစ၍ ၅ရာခိုင်နှုန်းသို့ တရားဝင် လျှော့ချခဲ့ပြီးဖြစ်ပါ သည်။ကျန်အာဆီယံ ခုနစ်နိုင်ငံအနက် ဘရူနိုင်း၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့၏ ပဲမျိုးစုံအပေါ် စည်းကြပ်သည့်အခြေခံအကောက်ခွန်နှုန်းမှာသုည ရာခိုင်နှုန်းဖြစ်ပါသည်။ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့၏ ပဲမျိုးစုံအပေါ် စည်းကြပ်သည့် အခြေခံ အကောက်ခွန်နှုန်းမှာ ၅ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်းနှင့် ၄၀ရာခိုင်နှုန်း အသီးသီးဖြစ် ပါသည်။ ယင်းတို့သည် မူလအာဆီယံအဖွဲ့ဝင် နိုင်ငံများဖြစ် သဖြင့် အဆိုပါ အခြေခံအကောက်ခွန်နှုန်းများကို ၁-၁-၂၀၁၀ နေ့တွင် သုညရာခိုင်နှုန်းသို့ လျှော့ချ ပြီး ဖြစ်ပါသည်။ဗီယက်နမ်နိုင်ငံ၏ ပဲမျိုးစုံအပေါ် စည်းကြပ် သည့် အခြေခံအကောက်ခွန် နှုန်းမှာ ၃၀ ရာခိုင် နှုန်း ဖြစ်ပါသည်။ AFTA အစီအစဉ်၏ စည်းမျဉ်း အရ အာဆီယံအဖွဲ့ဝင်သစ် နိုင်ငံဖြစ်သဖြင့် ယင်း အခြေခံအကောက်ခွန်နှုန်းကို ၁-၁-၂၀၀၈ နေ့တွင် ၅ရာခိုင်နှုန်း၊ ၁-၁-၂၀၁၅ နေ့တွင် သုညရာခိုင်နှုန်း သို့ အသီးသီးလျှော့ချရမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ပဲမျိုးစုံဈေးကွက်များမြန်မာနိုင်ငံသည် လောလောဆယ်အားဖြင့် နိုင်ငံ ၂၀ခန့်သို့ ပဲမျိုးစုံတင်ပို့ ရောင်းချလျက်ရှိပါ သည်။ ယင်းနိုင်ငံ ၂၀ ခန့်တွင် အာဆီယံအဖွဲ့ဝင် ၆ နိုင်ငံ ပါဝင်ပါသည်။ အဆိုပါ အာဆီယံအဖွဲ့ ဝင် ၆ နိုင်ငံမှာ စင်ကာပူ၊ မလေးရှား၊  အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ဖြစ်ပါသည်။ ထို့ပြင် ယင်းနိုင်ငံ ၂၀ ခန့်တွင် အာဆီယံ၏ ဆွေး နွေးဖက်နိုင်ငံများဖြစ်သော အိန္ဒိယ၊ ဂျပန် တရုတ် နှင့် ကိုရီးယားသမ္မတနိုင်ငံတို့လည်း ပါဝင်ပါသည်။မြန်မာနိုင်ငံ၏ စုစုပေါင်းပဲမျိုးစုံ ပို့ကုန်၏ ၇၀ ရာခိုင်နှုန်းဝန်းကျင်ကို အိန္ဒိယနိုင်ငံသို့ ရောင်းချ ရပြီး၊ ကျန် ၃၀ ရာခိုင်နှုန်းခန့်ကို အာဆီယံနိုင်ငံများ အပါအဝင် ဂျပန်၊ တရုတ်၊ ကိုရီးယား၊ ဥရောပနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ ရောင်းချရပါသည်။ စင်ကာပူသို့ ရောင်းချရသော ပဲမျိုးစုံသည် စင်ကာပူ နိုင်ငံ၏  စားသုံးမှုအတွက် စင်ကာပူနိုင်ငံတွင် အခြေစိုက်သည့် ကုမ္ပဏီများက ဝယ်ယူ၍ တစ် ဆင့် ပြန်လည်ရောင်းချခြင်းဖြစ်ပါသည်။ မြန်မာ့ ပဲမျိုးစုံပို့ကုန်အတွက် အကောက်ခွန်မရှိတော့သည့် အာဆီယံဈေးကွက်AFTA အစီအစဉ်အရ ၁-၁-၂၀၁၀ နေ့မှ စ၍ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် စင်ကာပူနိုင်ငံတို့တွင် ပဲမျိုးစုံအပေါ် စည်းကြပ် သည့် အကောက်ခွန်နှုန်းမှာ သုညရာခိုင်နှုန်းသာ ရှိသဖြင့် ယင်းနိုင်ငံများသို့ မြန်မာ့ပဲမျိုးစုံကို လွတ် လပ်စွာ အကောက်ခွန် အတားအဆီးမရှိ တင်ပို့ ရောင်းချနိုင်ပြီဖြစ်ပါသည်။  ဗီယက်နမ် နိုင်ငံ၏ ပဲမျိုးစုံအပေါ် စည်းကြပ်သည့် အကောက်ခွန်နှုန်း မှာလည်း သုညမှ ၅ ရာခိုင်နှုန်းအတွင်းသာရှိသဖြင့် အကောက်ခွန် အတားအဆီး လျော့နည်းသွားပြီ ဖြစ်ပါသည်။ ထို့ကြောင့် အကောက်ခွန် အခွင့် အရေးကို  ထိထိမိမိ ရယူလျက် မြန်မာ့ပဲမျိုးစုံတို့ အာဆီယံနိုင်ငံ ဈေးကွက်များသို့ ပိုမိုတိုးချဲ့တင်ပို့ ရောင်းချရန် ကြိုးပမ်းသင့်ပါသည်။ပဲမျိုးစုံအတွက် မြန်မာနိုင်ငံက အဓိကယှဉ်ပြိုင်ရမည့် သြစတြေးလျနိုင်ငံသြစတြေးလျနိုင်ငံသည် ပဲမျိုးစုံ အမြောက် အမြားတင်ပို့ရောင်းချသည့် နိုင်ငံဖြစ်ပါသည်။ အာဆီယံ-သြစတြေးလျ၊ နယူးဇီလန် FTA ကို စတင်အကောင်အထည်ဖော်နေပြီ ဖြစ်သဖြင့် အာဆီယံ ဒေသတွင်းရှိ ပဲမျိုးစုံဈေးကွက်ကို မြန်မာ နိုင်ငံအနေဖြင့် လက်ဝါးကြီးအုပ်ထား၍ မရတောါ ပါ။ သြစတြေးလျနိုင်ငံနှင့် အဓိကယှဉ်ပြိုင်ရောင်း ချရမည့်သဘော ဖြစ်ပါသည်။ အာဆီယံ-သြစတြေးလျ၊ နယူးဇီလန် FTAအောက်တွင် ပဲမျိုးစုံကို မြန်မာနိုင်ငံမှ ဝယ်ယူလျက် ရှိသော အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ပဲမျိုးစုံဆိုင် ရာ အခြေခံအကောက်ခွန်နှုန်းများမှာ-အင်ဒိုနီးရှားနိုင်ငံအခြေခံအကောက်ခွန်နှုန်းမှာ ၅ ရာခိုင်နှုန်း ဖြစ်သော်လည်း ၂၀၁၀ ပြည့်နှစ်တွင် သုညရာခိုင် နှုန်းသို့လျှော့ချသဖြင့် ပဲမျိုးစုံအပေါ် စည်းကြပ် သည့် အကောက်ခွန်နှုန်း မရှိတော့ပါ။မလေးရှားနိုင်ငံအခြေခံအကောက်ခွန်နှုန်းမှာ သုညရာခိုင် နှုန်းဖြစ်သဖြင့် အကောက်ခွန်မရှိ တင်ပို့ရောင်းချနိုင် သည့် ဈေးကွက်ဖြစ်ပါသည်။ဖိလစ်ပိုင်နိုင်ငံအခြေခံအကောက်ခွန်နှုန်းမှာ ၂၀ ရာခိုင် နှုန်းဖြစ်ပြီး၊ ၂၀၁၂ ခုနှစ်တွင် ၁၈ ရာခိုင်နှုန်း၊ ၂၀၁၃ ခုနှစ်တွင် ၁၅ ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ်တွင် ၁၃ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်တွင် ၁၀ ရာခိုင်နှုန်း၊ ၂၀၁၆ ခုနှစ်တွင် ၈ ရာခိုင်နှုန်း၊ ၂၀၁၇ ခုနှစ်တွင် ၅ ရာခိုင် နှုန်းနှင့် ၂၀၂၀ ပြည့်နှစ်တွင် သုညရာခိုင်နှုန်းသို့ အသီး သီး လျှော့ချမည်ဖြစ်ပါသည်။စင်ကာပူနိုင်ငံသွင်းကုန် အကောက်ခွန်မရှိသော နိုင်ငံ ဖြစ်ပါသည်။ထိုင်းနိုင်ငံအခြေခံအကောက်ခွန်နှုန်းမှာ ၄၀ ရာခိုင် နှုန်းဖြစ်ပြီး၊ ၂၀၁၀ ပြည့်နှစ်တွင် ၁၀ ရာခိုင်နှုန်း၊ ၂၀၁၁ ခုနှစ်တွင် ၈ ရာခိုင်နှုန်း၊ ၂၀၁၂ ခုနှစ်တွင် ၅ ရာခိုင်နှုန်းနှင့် ၂၀၁၃ ခုနှစ်တွင် သုညရာခိုင်နှုန်း သို့ လျှော့ချရမည်ဖြစ်ပါသည်။ဗီယက်နမ်နိုင်ငံအခြေခံ အကောက်ခွန်နှုန်းမှာ ၃၀  ရာခိုင် နှုန်းဖြစ်ပြီး၊ ၂၀၁၀ ပြည့်နှစ်တွင် ၂၅ ရာခိုင်နှုန်း၊ ၂၀၁၂ ခုနှစ်တွင် ၂၀ ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ်တွင် ၁၅ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်တွင် ၁၀ ရာခိုင်နှုန်း၊ ၂၀၁၆ ခုနှစ်တွင် ၁၇ ရာခိုင်နှုန်း၊ ၂၀၁၇ ခုနှစ်တွင် ၅ ရာခိုင်နှုန်းနှင့် ၂၀၁၈ ခုနှစ်တွင် သုညရာခိုင်နှုန်း သို့ အသီးသီး လျှော့ချမည်ဖြစ်ပါသည်။သုံးသပ်ချက်အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်ကာပူနိုင်ငံ တို့တွင် ပဲမျိုးစုံအပေါ် စည်းကြပ်သည့် အကောက် ခွန်နှုန်းမှာ သုညရာခိုင်နှုန်းဖြစ်သဖြင့် မြန်မာနိုင်ငံ သည် ယင်းဈေးကွက်များသို့ သြစတြေးလျနိုင်ငံ နှင့် အဓိကယှဉ်ပြိုင်ရောင်းချရမည် ဖြစ်ပါသည်။ အကောက်ခွန် အခွင့်အရေး တန်းတူဖြစ်သဖြင့် အရည်အသွေးနှင့်   ဈေးနှုန်းအရယှဉ်ပြိုင်ရမည့် သဘောဖြစ်ပါသည်။ထိုင်းနိုင်ငံ ပဲဈေးကွက်မှာ သြစတြေးလျ နိုင်ငံအတွက် ၂၀၁၂ ခုနှစ်အထိ အကောက်ခွန် အတားအဆီးရှိနေသည်ဟု ဆိုရပါမည်။ သို့ရာတွင်AFTA အစီအစဉ်အရ ထိုင်းနိုင်ငံ၊ ပဲဈေးကွက်မှာ မြန်မာနိုင်ငံအတွက် အကောက်ခွန်မရှိတော့သဖြင့် သြစတြေးလျနိုင်ငံ ထက် အကောက်ခွန် အခွင့် အရေး၊ အားသာချက်ရရှိနေပါသည်။ ထို့ကြောင့် ယင်းအားသာချက်ကို ကောင်းစွာအသုံးချပြီး ထိုင်း နိုင်ငံပဲဈေးကွက်၏ ဝေစုတိုးတက်ရရှိအောင်နှင့် ခိုင်မာအောင် ဆောင်ရွက်သင့်ပါသည်။ဗီယက်နမ်နိုင်ငံပဲဈေးကွက်မှာ သြစတြေးလျ နိုင်ငံအတွက် ၂၀၁၇ ခုနှစ်အထိ အကောက်ခွန် ရှိနေသေးသဖြင့် အကောက်ခွန် အတားအဆီးရှိ နေဆဲဖြစ်ပါသည်။ မြန်မာနိုင်ငံအတွက်မူ AFTA အစီအစဉ်အရ လောလောဆယ် သုညမှ ၅ ရာခိုင် နှုန်းအထိ ရှိနေသော်လည်း ၂၀၁၅ ခုနှစ်တွင် သုည ရာခိုင်နှုန်း  ရှိမည်ဖြစ်ပါသည်။ ယင်းအချိန်၌  သြစတြေးလျ ပဲမျိုးစုံပို့ကုန်အတွက် ဗီယက်နမ် နိုင်ငံက ၁၀ ရာခိုင်နှုန်း စည်းကြပ်မည်ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် ဗီယက်နမ်နိုင်ငံပဲဈေး ကွက်အတွင်း ၂၀၁၇ ခုနှစ်အထိ သြစတြေးလျ နိုင်ငံထက် အကောက်ခွန်အခွင့်အရေး ရရှိမည် ဖြစ်သဖြင့် ယင်းအခွင့်အရေးကို ကောင်းစွာအသုံး ချပြီး ပဲဈေးကွက်ခိုင်မာအောင် ဆောင်ရွက် သင့်ပါ သည်။ဖိလစ်ပိုင်နိုင်ငံ၏ ပဲဈေးကွက်မှာ သြစတြေး လျနိုင်ငံအတွက် ၂၀၁၉ ခုနှစ်အထိ အကောက်ခွန် ရှိနေမည်ဖြစ်၍ အကောက်ခွန် အတားအဆီးရှိနေ မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွက်မူ AFTAအစီအစဉ်အရ  အကောက်ခွန် မရှိတော့သဖြင့် သြစတြေးလျ နိုင်ငံထက် သာလွန်သော အကောက်ခွန် အခွင့်အရေးကို ၂၀၁၉ ခုနှစ်အထိ ရရှိ ခံစား ရမည်ဖြစ်ပါသည်။ ထို့ကြောင့် ယင်းအကောက်ခွန် အခွင့်အရေးကို ထိထိမိမိအသုံးချပြီး ဖိလစ်ပိုင် ပဲဈေးကွက်ရရှိမှုကို ခိုင်မာအောင် ဆောင်ရွက် သင့်ပါသည်။ဈေးကွက်ခိုင်မာအောင် ဆောင်ရွက်ရာ၌ အဓိက အရေးကြီးသည့် ကိစ္စနှစ်ရပ်မှာ အရည် အသွေး စံချိန်စံညွှန်း ကောင်းမွန်ရန်နှင့် ပိုးမွှား ကင်းစင်ရန်ဖြစ်ပါသည်။  သြစတြေးလျနိုင်ငံသည် ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်သည့်အပြင်   ကျန်းမာရေးနှင့် ပိုးမွှားအန္တရာယ် ကင်းစင်ရေးကိစ္စကို အလေး ထားသည့် နိုင်ငံဖြစ်သဖြင့် အရည်အသွေး၊ စံချိန် စံညွှန်းကောင်းမွန်ရန်နှင့် ပိုးမွှားကင်းစင်ရန် ကိစ္စ နှစ်ရပ်မှာ ယင်းနိုင်ငံ၏ ပုံမှန်ကျင့်စဉ်သာဖြစ်ပါ သည်။ မြန်မာနိုင်ငံအနေဖြင့် အထူးကြိုးစားပြီး ယှဉ် ပြိုင်ရမည့် ကိစ္စနှစ်ရပ်ဖြစ်ကြောင်း တင်ပြရပါသည်။မောင်မောင်ရီ(ဘောဂဗေဒ)

Pages