Main menu

Background

Friday, 19 Mar 2010

သရက်စိုက်တောင်သူတွေက သရက်သီးရဲ့ အရည်အသွေးကောင်း မွန်ပြီး ပိုးမွှားဖျက်ဆီးမှု မရှိစေဖို့ရည်ရွယ် ပြီး သရက်သီးအရွယ်ရောက်တဲ့အခါ အိတ်စွပ်ကြပါတယ်။ သရက်များပန်း ပွင့်ချိန်မှ ဈေးကွက်ဝင်တဲ့တိုင်အောင် အဆင့်တိုင်းတွင်ပိုးမွှားရောဂါကျရောက် ဖျက်ဆီးမှု ရှိကြပါတယ်။ ပန်းခိုင် ထွက် ချိန်၊ ပန်းပွင့်ချိန်တွင် နေရာဒေသကို လိုက်ပြီး ပွင့်ထွေးပိုး၊ အပွင့်စားပိုး၊ ဖြုတ် ပိုး၊ လှေးပိုးတွေ ကျရောက်ဖျက်ဆီးမှုရှိ ပါတယ်။ အဲဒီပိုးတွေကို ကြိုတင်သိရှိ နှိမ်နင်းနိုင်ပါမှ အနာအဆာ ကင်းမဲ့တဲ့ သီးကင်းများ၊ ပုံသဏ္ဍာမှန်တဲ့ အသီးငယ် များ ထွက်ရှိလာမှာဖြစ်ပါတယ်။ အသီးများ ဖြစ်လာပါကလည်း ကြီးထွားမှုအဆင့်အလိုက် အစေ့စားပိုး (Seed Borer)၊ လှေးပိုး (Trips)၊ အသားထိုးပိုး (Pulp Weevil)၊ အစေ့ ပိုးထိုး (Seed Weevil)၊ အကြေးပိုး (Scale) နဲ့ သီးထိုးယင် (Fruit Fry) တွေ ကျရောက်ဖျက်ဆီးတတ်ပါတယ်။ ဒီလိုပိုးမွှားရောဂါဖျက်ဆီးမှုများမှ အထိုက်အလျောက် ကင်းလွတ်နိုင်ဖို့ အတွက် သရက်စိုက် တောင်သူများဟာ မိမိတို့ သရက်သီးတွေကို အိတ်စွပ်ခြင်းနဲ့ ကာကွယ်လာခဲ့ကြပါတယ်။ ဒီအိတ် စွပ်ခြင်း အလေ့အထကို အာရှဒေသက စီးပွားဖြစ် စိုက်ပျိုးတဲ့ တောင်သူများ၊ ခြံသမားများ၊ လက်တွေ့ ကျင့်သုံးခဲ့တာ နှစ်ပေါင်း ၇၀ ကျော်ပြီလို့ မှတ်တမ်းများ အရ သိရှိရပါတယ်။ အသီးကို အိတ်စွပ် ရာမှာ သရက်သီးတစ်မျိုးတည်း အိတ် စွပ် ခြင်းသာမကဘဲ ယခုအခါမှာတော့ ကျွဲကောသီး၊ ဖရဲသီး၊ စောင်းလျားသီး၊ ကြက်ဟင်းခါးသီး၊ မာလကာသီး၊ ပန်း သီး၊ သင်္ဘောသီးက အစ ပိနဲ္နသီးအထိ အိတ်စွပ်ကာကွယ်လာကြပါတယ်။ သရက်အိတ်စွပ်ရမဲ့အချိန်ဟာမိမိရဲ့ရည်ရွယ် ချက်နဲ့အညီ အချိန်ကိုက် လုပ် ဆောင်ရ ပါမယ်။ အောက်မြန်မာပြည် သရက်ခြံ များမှာတော့ နေလောင်ဒဏ်ကာကွယ် ဖို့၊ အရောင်လှပဖို့၊ သီးထိုးယင် ကာကွယ် ဖို့ အတွက်  အိတ်စွပ်ကြပေမယ့် ရှမ်း ပြည်သရက်ခြံများကတော့ သီးထိုးယင်၊ အစေ့ထိုးပိုး (Seed weevil)၊ အသား ထိုးပိုး(pulp weevil) တွေက ကာကွယ် ဖို့နဲ့ သရက်သီး အရောင်လှပဖို့၊ ထိခိုက် ဒဏ်ရာကင်းရှင်းဖို့ အတွက် အိတ်စွပ် ကြပါတယ်။ ရှမ်းပြည်နယ် ဒေသ အခေါ် ငမဲလုံး၊ ရွာငံဘက် အခေါ် ဆင် ပိုးခေါ်အစေ့ထိုးပိုး (seed weevil)၊ အသားထိုးပိုး (pulp weevil)  တွေဟာ နိုင်ငံတကာ သရက်သီးဈေးကွက်မှာ quarantine dangerous pest အဖြစ် သတ်မှတ်ပြီး အရောင်းအဝယ်များကို တင်းတင်းကျပ်ကျပ် တားမြစ် ထားပါ တယ်။ အဲဒီ ပိုးဖျက်ဆီးမှုကို ကာကွယ်ဖို့ နည်းလမ်းများထဲမှာ အဓိက အကျဆုံးကတော့ အိတ်စွပ်ကာကွယ် ခြင်းသာဖြစ်ပါတယ်။ အိတ်စွပ်ရာမှာ လည်း အချိန်ကိုက် အိတ်စွပ်နိုင်ဖို့ လိုအပ်သလို စနစ်တကျ ဆောင်ရွက်နိုင် ဖို့လည်းလိုအပ်ပါတယ်။ မိမိခြံလုပ်အား နဲ့ တစ်နေ့တာ အိတ်စွပ်နိုင်တဲ့ တစ်ဦး ပျမ်းမျှ အိတ် ၃၀၀ ပြီးစီးမှု အတိုင်း အတာနဲ့ တွက်ချက်ကာ အပိုင်းလိုက် ပိုးသတ်ဆေး၊ မှိုသတ်ဆေးတွေကို ဆေး ဖြန်းပါ။ဆေးဖြန်းရာမှာလည်း ဆေး အညွှန်းအတိုင်း အတိအကျ ဖျော်စပ် ပါ။ အပင်ရဲ့ ဖွဲ့စည်းပုံ အတိုင်းအတာ အရ ဖြန်းရမယ့် ဆေးပမာဏ (ဥပမာ-ပျမ်းမျှ ၈ နှစ် ၁၀ နှစ်သား ဝန်းကျင် အပင်တစ်ပင်ကို ဖျော်ပြီးသား ဆေး ၁ ဂါလံ/၁ ဂါလံခွဲ) အတိုင်းအတာ အတိ အကျပက်ဖြန်းဖို့ဖြစ်ပါတယ်။ ဆေးဖြန်း ပြီး ၂/၃ ရက်ခြားပြီး ၄/၅ ရက်အတွင်း အတိုင်းအတာအလိုက် အိတ်စွပ်ဖို့ ဖြစ်ပါတယ်။ အိတ်စွပ်ဖို့သင့်လျော်တဲ့ သရက် သီးအခြေအနေမှာ သရက်ပွင့်ပြီး ရက် ပေါင်း ၅၅ ရက်မှ ၆၀ အတွင်း အသီး လုံးအရွယ်အစားမှာ ဂေါက်သီးလုံးခန့် အရွယ်တွင် စတင်အိတ်စွပ်ဖို့ ဖြစ်ပါ တယ်။ ဒေသနေရာ အလိုက် သရက်သီး ကြီးထွားမှုနဲ့ သရက်သီး အမျိုးအစား အလိုက် ကွာခြားမှု ရှိပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်း တစ်ခွင်မှာ ဆိုရင်တော့ ဧပြီ ပထမ အပတ်မှာ အပြီးအိတ်စွပ်ဖို့လိုပြီး။ အောက် မြန်မာပြည် တစ်ဝိုက်မှာတော့ မတ် ပထမပတ်မှာ အိတ်စွပ်ရန် ဖြစ်ပါတယ်။ အိတ်စွပ်ပြီးပါကလည်း အားလုံး ပြီးမြောက်သွားပြီလို့ မှတ်ယူလို့မရနိုင် သေးပါဘူး။ ဆေးဖြန်းတာ စနစ်မကျရင်၊ မလုံလောက်ရင်၊ ဆေးမနှံ့ရင် အိတ် အတွင်းမှာ အကာအကွယ် ယူပြီး လှေးပိုး၊ အကြေး ပိုးများကျရောက်ဖျက် ဆီးတတ်တာကြောင့် အိတ်စွပ်ပြီးရင် မကြာခဏခြံဝင်းရဲ့ နေရာအပိုင်း အခြားလိုက်ပြီး သရက်အိတ်အတွင်းက သရက်သီးများကို ဖွင့်ကြည့်ဖို့ လိုပါ တယ်။ သရက်အိတ်စွပ်ရာမှာလည်း ဘယ် လိုအမျိုးအစားအိတ်များကို အသုံးပြုမှာ လဲဆိုတာလည်း စဉ်းစားဖို့လိုအပ်ပါ တယ်။ ယေဘုယျအားဖြင့် အိတ် (၄) မျိုးခွဲလို့ရပါတယ်။ ယိုးဒယားဘက်မှဝင် လာတဲ့အိတ်၊ မူဆယ် (၁၀၅) မိုင်က မြန်မာ သရက်သီးပွဲရုံများက ထုတ်လုပ် တဲ့  သရက်အိတ် များ (တရုတ်အိတ်)၊ ခြံတွင်းလုပ် သတင်းစာ စက္ကူအိတ်နဲ့ ဂျာနယ်နဲ့လုပ်တဲ့အိတ်တို့ ဖြစ်ပါတယ်။ အိတ် အမျိုးအစား ရွေးချယ်ရာမှာ မိမိတို့ ရောင်းချမယ့်ဈေးကွက်ကိုလည်း ထည့်သွင်း စဉ်းစားရမှာ ဖြစ်ပါတယ်။ ယိုးဒယားအိတ်က အသီးအရောင်ကို ပိုမိုလှပပြီး၊ ရာသီဥတုကိုလည်း ပိုမိုခံနိုင် ပါတယ်။ ဒါပေမဲ့ ဈေးကတော့အမြင့် ဈေး ၄၀ ကျပ်ဝန်းကျင် ပေါက်ဈေးရှိ ပါတယ်။ တရုတ်အိတ်ကတော့ ၁၂ ကျပ်၊ ၁၇ ကျပ်ဝန်းကျင်မှာရှိပါတယ်။ ခြံလုပ် သတင်းစာစက္ကူကတော့ ၅ ကျပ်ဝန်း ကျင်ပဲရှိပါတယ်။ အသီးအိတ် စွပ်ကာစတော့ လူတစ်ယောက်ပျမ်းမျှ ၃၀၀ ဝန်း ကျင် (အပင်အနိမ့်၊ အမြင့် ပေါ်မူတည်ပြီး အလုံး ၂၀၀ မှ ၄၀၀ အတွင်းရှိ) ဆိုတော့ အသီးတစ်လုံးလုပ် အားခ ၄-၆ ကျပ်ခန့်လောက်ရှိပါတယ်။ အသီး အရေအတွက် များရင်များသလို ရင်းနှီးစရိတ် ရှိလာမှာဖြစ်ပါတယ်။ စီးပွားဖြစ် စိုက်ပျိုးတဲ့ ခြံကြီးများအနေနဲ့ မိမိရောင်းချမယ့် ဈေးကွက်အနေ အထားကိုကြည့်ပြီး ချင့်ချိန်၍အိတ်ကို အသုံးပြုသင့်ပါတယ်။ အိတ်စွပ်တာနဲ့ပတ်သက်လို့ အတွေ့ အကြုံတစ်ခုတင်ပြလိုပါတယ်။ မန္တလေး တိုင်းမှာရှိတဲ့ သဇင်နွယ်သရက် ခြံပိုင်ရှင် ဒေါ်သန်းသန်းဆွေ၊ ဒေါ်တင်တင်မြတို့ ရဲ့ တွေ့ရှိချက်ပါ။ မနှစ်က ၂၀၀၉ သရက် ရာသီမှာ စိန်တလုံး သရက်သီး များကို အိတ်  ၄ မျိုး ခွဲခြားပြီး စမ်းသပ်ခဲ့ပါတယ်။ ယိုးဒယားအိတ် (FAO မှပေးတဲ့အိတ်) က အသီးအရောင် အသွေး အလှပဆုံးဖြစ်သော်လည်း သရက် သီးမှည့်တဲ့အခါ အနံ့မမွှေးပါ။ အနံ့ မရှိတော့ပါဘူး။ တရုတ်အိတ်က တော့  အသီးလှပ ပေမယ့် ၎င်းလည်း သရက်သီး အနံ့မွှေးတာမရှိဘူးလို့ ပြောပါတယ်။ သတင်းစာအိတ်ကတော့ သရက်သီး အတော်အတန်လှပမှု ရှိသော်လည်း အမဲစက်သေးသေးများ ပါတတ်တာ တွေ့ရပြီး မှည့်တဲ့အခါ သရက်အနံ့မွှေး တယ်လို့ သိရပါတယ်။ ၎င်းင်းရဲ့အားနည်း ချက်ကတော့ လေဒဏ်မိုးဒဏ်မခံနိုင်ဘဲ လေတိုက်၊ မိုးရွာတာနဲ့တင် စုတ်ပြဲကုန် ပါတယ်။ ဂျာနယ်အိတ်ကတော့ အသီးလည်း လှပ၊ အမဲစက်လည်းမပါ၊ အသီး မွှေးရနံ့လည်းရ၊ မိုးဒဏ်လေဒဏ်လည်း ခံတာကြောင့် စီးပွားရေးလည်းတွက်ချေ ကိုက်လို့ ဂျာနယ်စာစောင်တွေကလုပ် တဲ့ အိတ်ကတော့ အကောင်းဆုံးဖြစ် ကြောင်းကို ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်စိုက် ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း၊ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး မှာ စေတနာအပြည့်နဲ့ တင်ပြသွားတာကို တစ်ဆင့်ပြန်လည် ဖောက်သည် ချအပ်ပါတယ်။ စီးပွားဖြစ် စိုက်တဲ့ သရက်ခြံကြီးများ၊ ကုမ္ပဏီများ အနေနဲ့ ဘယ်အခြေအနေမှာ ဘယ်အိတ်က အကောင်းဆုံး ဖြစ်မလဲ ဆိုတာ ကတော့ မိမိခြံတွင်းမှာ ရေရှည်အကျိုး အတွက် သီးခြား စမ်းသပ်မှုများ ပြုလုပ် ကာ မှတ်သားလေ့လာသင့်ပါတယ်။ အိတ်စွပ်ခြင်းကြောင့် ငွေအင်အား၊ လူအင်အားကို သုံးစွဲရခြင်း၊ အသီးမှည့် မမှည့်၊ ပိုးမွှားရောဂါ ကျရောက်မှုကို ရုတ်တရက်မမြင်မတွေ့နိုင်ခြင်းစတဲ့ အားနည်းချက်များရှိသလို၊ အသီးများ အိတ်စွပ်ခြင်းနဲ့ quarantine dangerous pest အဖြစ် သတ်မှတ်ထားတဲ့ သီးထိုးယင်၊ ငမဲလုံးခေါ် အစေ့ အသား ထိုးပိုးများဖျက်ဆီးမှုမှ ကာကွယ်နိုင်ခြင်း၊ အသီးအခွံပွန်းပဲ့မှု၊ ခြစ်ရာထင်မှုစတဲ့ ပြင်ပဒဏ်ရာရရှိမှုမှကာကွယ်ပြီး၊ အရောင်အသွေးပိုမိုလှပပြီး ဝယ်ယူသူ ကို ဆွဲဆောင်နိုင်ခြင်း၊ နေလောင်ဒဏ် မခံရခြင်း၊ မှိုသတ်ဆေး၊ ပိုးသတ်ဆေး စတဲ့ သွင်းအားစုများကို လျော့နည်း စွာ  နဲ့ အသုံးပြုနိုင်ခြင်းကြောင့် ကုန်ကျ စရိတ်သက်သာစေရုံသာမက အသီး ပေါ်မှာ ဓာတုဆေး<ကင်းကျန်မှုနည်းပါး စေ ခြင်းစတဲ့ အကျိုးကျေးဇူးများရရှိနိုင် တဲ့ အပြင် အသီးအလေအလွင့် ဆုံးရှုံးမှု မှာလည်း စုစုပေါင်းဆွတ်ခူးတဲ့ သရက် သီးရဲ့ ၆၀ ရာခိုင်နှုန်းခန့်ထိရှိတတ်ရာမှ  ၁၅ ရာခိုင်နှုန်း - ၁၀ ရာခိုင်နှုန်းသာ လေလွင့်တော့တဲ့အထိ လျော့ကျနိုင် ကြောင်း သိရပါတယ်။  စီးပွားဖြစ်စိုက်တဲ့သရက်တောင် သူများ၊ ကုမ္ပဏီခြံကြီးများ၊ ရှမ်းပြည်နယ် ရှိ သရက်ခြံများအားလုံးအနေနဲ့ သရက် အိတ်စွပ်သင့်ပါကြောင်း အကြံပြုအပ် ပါတယ်။စိုးသန်းမင်းဒင်

Friday, 19 Mar 2010

ဆန်စပါးလုပ်ငန်း တည်ဆောက်မှုပုံသဏ္ဌာန် ဗီယက်နမ်၌ စပါးစိုက်ပျိုးသော ဧရိယာသည် ဟက်တာ (၇)သန်းကျော်၊ (ဧက ၁၇ သန်း) ကျော် ရှိပါတယ်။ ၂၀၀၇ ခုနှစ်က စပါးတန်ချိန် (၃၂၆) သန်းလောက် ထွက်ရှိပါတယ်။ စပါးအထွက်ရဲ့ တစ်ဝက်လောက်ဟာ မဲခေါင်မြစ်ဝှမ်းဒေသက လာတာဖြစ်ပြီး ပြည်ပတင်ပို့တဲ့ ပမာဏရဲ့ ၉၀ရာ ခိုင်နှုန်းလောက်ကလည်း အဲ့ဒီဒေသကပါပဲ။ မြေနိမ့် လွင် ပြင်အပိုင်းမှာ မိုးစပါးကော၊ နွေစပါး ကော စိုက်ကြပါတယ်။ တချို့ပြည်နယ်တွေမှာ (၃)သီး စားအထိတောင် စိုက်ကြပါတယ်။ ဗီယက်နမ်လယ် သမားတွေဟာ မြန်မာတွေလိုပဲ ကိုယ့်စိုက်တဲ့အထဲ က ကိုယ့်စပါးမျိုးကို ကိုယ်ဖါသာ ဖယ်ထုတ်ထား လေ့ ရှိပါတယ်။ ထူးခြားကောင်းမွန်တဲ့ စပါးအမျိုး အစားကောင်း တွေကို ရွေးချယ်စိုက်လေ့မရှိကြပါ။ ဒါပေမဲ့ စပါးထုတ်လုပ်မှု ကုန်ကျစရိတ်က ထိုင်း ထက်သက်သာပါတယ်။ မြန်မာနိုင်ငံမှာလိုပဲ ရိတ် သိမ်းချိန်ကာလမှာ လယ်ယာလုပ်သားရှားပါးတဲ့ ပြဿနာ ကြုံရလေ့ ရှိပါတယ်။ စပါးစိုက်တဲ့ဒေသ အများစုမှာတော့ ရိုးရိုး လူအားနဲ့ စိုက်၊ လူအားနဲ့ ရိတ်သိမ်းနေဆဲ ရှိပေမဲ့ နေရာ တော်တော် များများ တော့ စပါးေ>ခလှေ့စက်တွေ၊ ကွန်ဗိုင်းစပါးရိတ် သိမ်းေ>ခလှေ့စက်တွေ အသုံးပြု နေကြပါပြီ။ ဒါပေမဲ့ ဒီလယ်ယာသုံးစက် ကိရိယာများကို ဆန်စက်ပိုင်ရှင် တွေနဲ့ ချမ်းသာတဲ့ လယ်သမားတွေက ပိုင်ဆိုင် ကြပြီး အခြားမဝယ် နိုင်တဲ့ လယ်သမား အုပ်စုတွေကို ငှားရမ်းကာ ဝင် ငွေရအောင် လုပ်ကြပါတယ်။ ကန်ထရိုက် လယ် ယာစနစ် အသုံးပြုပြီး ထူးခြား ကောင်းမွန်သော အရည်အသွေးရှိတဲ့ စပါးတွေကို အမြောက်အမြား စိုက်ပျိုးထုတ်လုပ်ဖို့ ကြိုးပမ်းမှု တော့မရှိသေးပါဘူး။ ဒါပေမဲ့ ဧရိယာ (၇၀၀) ဟက်တာ (၁၇၃၀ ဧက) ပေါ်မှာ စံပယ်ဆန်မွှေးကို စိုက်ပျိုးပြီး ဂျပန် ဈေးကွက်ကို တင်ပို့ဖို့ကြိုးစားနေတဲ့ ပရိုဂျက် တစ်ခု ကိုတော့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ပျမ်းမျှခြင်းအားဖြင့် လယ်သမားများဟာ သူတို့ ထုတ်လုပ်မှုပမာဏရဲ့ ၇၀ရာခိုင်နှုန်းလောက်ကို ဈေးကွက်မှာ ရောင်းချလေ့ရှိပါတယ်။ ကျန်တာက တော့ သူ့မိသားစုစားဖို့နဲ့ မျိုးစေ့အတွက် ချန်ကြပါ တယ်။ ၈၅ ရာခိုင် နှုန်း လောက်က တောမှာ ရှိတဲ့ စပါးပွဲစားကို ရောင်းကြပါတယ်။ သို့သော်လည်း နောက်ပိုင်း၌ လယ်သမားများ ကိုယ်တိုင် ဆန်စက်များကို ရောင်းချကြတဲ့ အလေ့ အထသို့ ပြောင်းလဲလာပါတယ်။ မဲခေါင်ဒေသမှာတော့ စပါးပွဲစားများ (အဝယ် တော်များ) ဟာ ဆန် Supply Chain မှာ အဓိ က အရေးပါတဲ့သူတွေ ဖြစ်နေဆဲပါ။ သူတို့အားလုံး ဟာ လယ်သမားတွေလိုတဲ့ ငွေကြေးနဲ့ သွင်းအားစု တွေ ပံ့ပိုးပေးကြသူများဖြစ်ပြီး လယ်သမားဘာလုပ် တယ်ဆိုတာကအစ ဂဃဏနသိကြတဲ့ သူတွေပဲ ဖြစ်ပါတယ်။ လယ်သမားအများစုဟာ နေရောင် ခြည်နဲ့ပဲ စပါးကိုခြောက်သွေ့အောင်ပြုလုပ်ပြီး စပါးပွဲစားတွေကို ရောင်းချပါတယ်။ စပါးပွဲစား တွေက စပါးအခွံချွတ် စက်ပိုင်ရှင်တွေဆီ ပြန် ရောင်းကြပါတယ်။ မဲခေါင်ဒေသမှာ တစ်နေရာနှင့် တစ်နေရာ စပါးဆန် သယ်ယူပို့ဆောင် ဖို့က ရေ လမ်းခရီးကိုပဲ အားကိုးရတာပါ။ စပါးအခွံချွတ်ခြင်း၊ ဆန်အဖြူဖွပ်ခြင်းစတဲ့ လုပ်ငန်းတွေကို လုပ်ကြတဲ့ ကုမ္ပဏီတွေဟာ တစ်ခုနှင့်တစ်ခု မတူကြပါဘူး။ ဗီယက်နမ်မှာတော့ ဒီလိုလုပ်ကိုင်ကြခြင်းဟာ မိရိုးဖလာ လုပ်ငန်းပါပဲ။ ပထမအဆင့် ကြိတ်ခွဲကြရ တဲ့ စက်ပိုင်တွေအနေနဲ့ စပါး၊ ဆန်၊ ဆန်ကွဲ၊ ဖွဲကြမ်း၊ ဖွဲနုတွေ သိုလှောင်နိုင်တဲ့ အင်အား မရှိ ကြပါ။ Goletti (2002)က Supply Chainကြီးရဲ့ အပိုင်းတစ်ခုဖြစ်တဲ့ ဒီအပိုင်းမှာ အရည်အသွေး အားဖြင့် လေလွင့်ဆုံးရှုံးမှုဟာ ၉ ရာခိုင်နှုန်း လောက်တော့ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဆန်စပါး Supply Chain ရဲ့ အစပိုင်းမှာရှိတဲ့ ဆန်စက်ပိုင်ရှင်တွေဟာ သူတို့ ကြိတ်ခွဲထုတ်လုပ်ပေးရတဲ့ ပမာဏကြီးမားလာတဲ့ အခါ ဈေးကွက်မှာ ယှဉ်ပြိုင်ရောင်းချရဖို့ တော်တော် ခက်ခဲလာတာကို တွေ့ရပါတယ်။ အစိုဓါတ် များ တာကြောင့်ဖြစ်စေ၊ ကြိတ်ခွဲတာ ရက်ကြာလာပြီး ဈေးကွက်မှာ ရောင်းမထွက်နိုင်တဲ့ အခြေအနေ ကြောင့် ဖြစ်စေ၊ ရောင်းပန်းလှအောင် ဆန်ကို ပြန် လည် ကြိတ်ဖွပ်ပေးရတဲ့အတွက် ဆုံးရှုံးမှုများ ဖြစ် ပေါ်လေ့ ရှိပါတယ်။ ဗီယက်နမ်မှာ ဆန်စက်များ၊ ဆန်ဖွပ် ချောတဲ့ စက်များနှင့် ပတ်သက်ပြီး အနည်းငယ် ရှုပ်ရှုပ် ထွေးထွေး ရှိနေပါတယ်။ အချို့က ဗီယက်နမ်မှာ စပါးအခွံချွတ်လုပ်ငန်းလုပ်ပေးတဲ့ စက်ပေါင်း (၃)သိန်းနီးပါးလောက် ရှိတယ်လို့ ဆိုကြပါတယ်။ အချို့ ဆန်စက်ငယ်တွေက လယ်သမားဝမ်းစာ စပါးကို ကြိတ်ခွဲပေးပြီး အခကြေးငွေ ရယူကြ ပါတယ်။ စက်ကြိတ်ခကိုတော့ စက်ပိုင်တွေကို ထွက်ရှိလာတဲ့ ဖွဲနုကို ပေးကြပါတယ်။ မဲခေါင် မြစ်ဝှမ်းဒေသမှာ အစိုးရပိုင်တဲ့ ဆန်စက်ပေါင်း (၃၅၀)လောက် ရှိပါတယ်။ တစ်နာရီ တန် (၃၀) လောက် ကြိတ်ခွဲပေးနိုင်တဲ့ ဆန်စက် ပေါင်း (၃) သောင်းလောက်လည်း ထိုဒေသမှာ ရှိနေပါ တယ်။ စပါးအခွံချွတ်လုပ်ငန်းလုပ်တဲ့ စက်တွေ ကတော့ ပုဂ္ဂလိကပိုင်းမှာ ရှိနေပြီး ဆန်ဖြူ အဆင့် အထိ ကြိတ်ဖွပ်ပေးနိုင်တဲ့ ဆန်စက်ပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကို အစိုးရက ပိုင်ပါတယ်။ဆန်စပါးလုပ်ငန်းတစ်ခုလုံးကို ဗီယက်နမ်မှာ အစိုးရက ချုပ် ကိုင်ထားဆဲဖြစ်ပါတယ်။ အစိုးရပိုင် အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍ ဟာ မြင့်မားနေဆဲပါ။ အထူးသဖြင့် ဆန်ပြည်ပတင်ပို့ခြင်း လုပ်ငန်းနဲ့ ပတ်သက်လာရင် အရေးပါနေဆဲဖြစ်ပါတယ်။ ဗီယက်နမ် ဆန်စပါး လုပ်ငန်းနှင့်ပတ်သက်ပြီး တာဝန်ရှိတဲ့အဖွဲ့အစည်းက Vietnam Food Association(VFA)ဖြစ်ပါတယ်။ ဆန်ဈေးကွက်မှာ VFA က အခြေခံနည်းလမ်း (၃)သွယ်နဲ့ ဝင်ရောက်စွက်ဖက်ပါတယ်။ လယ် သမားများထံမှ စပါးဝယ်ယူရာတွင် အနိမ့်ဆုံး သတ်မှတ်ထားသော စပါးဈေးနှုန်းဖြင့်ဝယ်ရန်၊ ဆန်စက်ပိုင်ရှင်များကို ဆန်စပါးအပိုအလျှံ ထွက်ရှိချိန်ကာလရောက်မှသာ စပါးဝယ်ယူရန်၊ ပြည်ပတင်ပို့တဲ့ ပမာဏကို သတ်မှတ်ရန်တို့ ဖြစ်ပါတယ်။VINA FOOD 2  ဗီယက်နမ်(တောင်ပိုင်း)မှာရှိတဲ့ နိုင်ငံပိုင် အဖွဲ့အစည်းဟာ ပြည်ပတင်ပို့မဲ့ ပမာဏရဲ့ ၅၀ရာခိုင်နှုန်းလောက်ကို တာဝန်ယူပါတယ်။ VINA FOOD 2 ဟာ ၎င်းကိုယ်တိုင် စပါးဝယ် ယူ ကြိတ်ခွဲပြီး ပြည်ပတင်ပို့တာမျိုးရှိသလို ပုဂ္ဂလိက ကုမ္ပဏီများနှင့် လည်း ကန်ထရိုက်စာချုပ်များချုပ်ပြီး ပြည်ပတင်ပို့နိုင်ဖို့အတွက် ဆန် များထောက်ပံ့စေပါတယ်။ VFA ရဲ့အဓိကတာဝန်ကတော့ ဗီယက်နမ် အတွင်း ဆန်ဈေးကွက် တည်ငြိမ်စေရေးအတွက် အစိုးရကိုယ်စား ဆောင်ရွက်ရတာဖြစ်ပြီး ပြည်တွင်းမှာ ဆန်စပါးဖူလုံမှုရှိရေးကိုလည်း တစ်ဖက်က ထိန်းချုပ်မှုများလုပ်ပေးရပါတယ်။ င်္ဠဗ က အစိုးရနှင့် ပုဂ္ဂလိကအပိုင်းကို ဆက်စပ်ညှိနှိုင်းပေးနေတဲ့ အဖွဲ့အစည်းလို့ဆိုရမှာ ဖြစ်ပါတယ်။ (စာရေးသူမှတ်ချက်။  မြန်မာနိုင်ငံမှာလည်း မြန်မာဆန် စပါး လုပ်ငန်းအသင်း Myanmar Rice Industry Association MRIA) ဟာလည်း အစိုးရနဲ့ ပုဂ္ဂလိကအကြား ပေါင်းကူး ပေးနေတာဖြစ်သလို တစ်နေ့ကြရင် နိုင်ငံတော်ရဲ့ ဆန်စပါး နထစသမအ လုပ်ငန်းမှာ အရေးပါလာတဲ့ အဖွဲ့အစည်းတစ်ရပ်အနေ ဖြင့် ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ သုံးသပ်မိပါတယ်။) VFA က လယ်သမားများရဲ့ အကျိုးစီးပွားများကိုလည်း အကာအကွယ်ပေးရမဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်လာခဲ့ပါတယ်။ သို့သော်လည်း VFA တွင် လယ်သမားများဟာ အဖွဲ့ဝင်အဖြစ် မပါဝင်နိုင်သေးပါ။ VFAတွင် အဖွဲ့ဝင်အဖြစ် အစိုးရပိုင် ဆန်စပါးအဖွဲ့အစည်းများ၊ ဆန်စပါးကုန် သည်အကြီးစားများ၊ စုစုပေါင်း (၁၀၀)လောက်မှာ အဖွဲ့ဝင်အဖြစ် ပါဝင်ရပါတယ်။မောင်တိုင်ပင်

Friday, 19 Mar 2010

မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူ များအသင်း (MIA) က "မြန်မာစက်မှု ပြပွဲ -၂၀၁၀"  မှာ ကုမ္ပဏီ ပေါင်း ၈၂ ခု က ပြခန်းပေါင်း ၁၇၆ ခုကို ပထမဦး ဆုံးအကြိမ် ရန်ကုန်မြို့မှာ ခင်းကျင်း ပြသခဲ့ပါတယ်။ (MIA) အသင်းကို တည် ထောင်ခဲ့တာ ၁၆ နှစ်ရှိပြီဖြစ်ပြီး စက်မှုလုပ်ငန်းနဲ့ စီမံခန့်ခွဲမှုလုပ်ငန်းတွေ တစ်နှစ်ထက် တစ်နှစ် တိုးတက် အောင် မြင်အောင် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ အကောင်အထည်ဖော်ဆောင်ရွက်မှုများ ပြည်တွင်းပြည်ပဆွေးနွေးပွဲ၊ အလုပ်ရုံ ဆွေးနွေးပွဲနှင့် သင်တန်းများ ဆောင် ရွက်ပေးနေပြီး လုပ်ငန်းရှင်များ အတွက် စီးပွားရေးပူးပေါင်း ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းတွေရအောင် ပြည်တွင်း ပြည်ပလုပ်ငန်းရှင်များကို စည်းရုံးပြီး အချင်းချင်း တွေ့ဆုံပေးရေးတွေကို လည်း တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ ပါတယ်။ ဒါ့အပြင် စက်မှု လုပ်ငန်း ဆိုင်ရာ သတင်းအချက် အလက် တွေကို အသင်းသားများ သိနိုင်အောင် မြန်မာ စက်မှုဒိုင်ဂျက်နဲ့ တယ်လီဖုန်း လမ်းညွှန် စာအုပ်များကိုလည်း ထုတ်ဝေဖြန့်ဖြူး ပေးခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ရောက်လာမဲ့ အာဆီ ယံ လွတ်လပ်တဲ့ကုန်သွယ်မှု (AFTA) မှာ အကောက်အခွန်မရှိဘဲ အာဆီယံ (၁၀) နိုင်ငံအချင်းချင်း အတားအဆီးမဲ့ ကုန်စည်တွေ ရောင်းဝယ်ကြတော့မှာမို့ မြန်မာစက်မှုလုပ်ငန်းရှင်များ တွေ့ကြုံ လာမယ့် အဟန့်အတား၊ စိန်ခေါ်မှုတွေ အပေါ် ပြန်လည်တုံ့ပြန်နိုင်အောင် ကြိုတင်ပြင်ဆင် လေ့လာဆောင်ရွက် သင့်တဲ့ အချက်များ၊ နိုင်ငံတကာနှင့် ဒေသတွင်း အပြောင်းအလဲများကို ယှဉ်ပြိုင်နိုင်တဲ့ စွမ်းအားအခြေအနေ များ၊ ပြုပြင်ရမယ့် အချက်များကို လေ့ လာသုံးသပ်နိုင်အောင် (MIA) မှအသိပညာများ ဖိတ်ခေါ်ပြီး ဆွေးနွေး ပွဲများ ဆောင်ရွက်ပေးခဲ့ကြပါတယ်။  လုပ်ငန်းရှင်အချင်းချင်းနဲ့ အများပြည် သူများအနေဖြင့် ဘယ်စက်မှုဇုန်က ဘာ ပစ္စည်းတွေထုတ်လုပ်ပြီး ဘယ်လို အရည်အသွေးတွေရှိသလဲ သိရှိနိုင် အောင် မြန်မာနိုင်ငံ စက်မှုကုန်ထုတ် လုပ်သူများ အသင်းက ဦးဆောင်ပြီး "မြန်မာစက်မှုပြပွဲ-၂၀၁၀"ကို ကျင်းပခဲ့ တာဖြစ်ပါတယ်။ ပြပွဲကျင်းပရခြင်း၏ရည်ရွယ်ချက် မြန်မာနိုင်ငံက ထုတ်လုပ်တဲ့ စက်မှုထုတ်ကုန်တွေကို တစ်စုတစ်ဝေး တည်း နိုင်ငံတကာအဆင့်မီ ပြသနိုင် ရန် ကြည့်ရှုသူများအနေနဲ့ ပြည်တွင်း ဖြစ် စက်မှုထုတ်ကုန်များရဲ့ အရည် အသွေးကို ပိုမိုရင်းနှီးလာစေရန်နဲ့ လုပ်ငန်းရှင်များ အချင်းချင်း စီးပွားရေး ဆက်သွယ်မှုများ ရရှိနိုင်ရေး၊ ဈေးကွက် များ ချဲ့ထွင်နိုင်စေရေးအတွက် စက်မှု ဆိုင်ရာ နည်းပညာများနဲ့ ခေတ်မီ စက်ကိရိယာများရဲ့ နည်းပညာ အဆင့် အတန်းတွေကို လေ့လာခြင်းဖြင့် ထုတ် လုပ်တဲ့ ကုန်ပစ္စည်းတွေရဲ့ စံချိန် စံ ညွှန်းများ မြင့်မားလာစေရန်ဆိုတဲ့ ရည် ရွယ်ချက်များနဲ့ "မြန်မာစက်မှုပြပွဲ-၂၀၁၀"} ကိုကျင်းပရခြင်းဖြစ်ကြောင်း ဥက္ကဌ ဦးပေါဟိန်းမှ ဖွင့်ပွဲမှာ ပြော ကြားခဲ့ပါတယ်။Cluster (၄)ခုနဲ့ဖွဲ့စည်းထားခြင်း မြန်မာနိုင်ငံ စက်မှုကုန်ထုတ် လုပ်သူများအသင်းအနေနဲ့ အသင်း သား ဦးရေ တိုးပွားလာတာနဲ့အမျှ စွမ်းဆောင်ရည် မြင့်မားလာအောင် အသင်းသားများရဲ့ ထုတ်ကုန်ပစ္စည်း အမျိုးအစားလိုက် လုပ်ငန်းအုပ်စု (၄) ခု ခွဲပြီး ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါ တယ်-(က) Iron & Steel Industry Group(ခ) Electrical & Electronic Industry Group(ဂ)Chemical Industry Group(ဃ) New & Renewable Energy Group တို့ဖြစ်ပါတယ်။ အဲဒီကုန်ပစ္စည်းများ ထုတ်လုပ်ဖို့ အတွက် လိုအပ်တဲ့ ကုန်ကြမ်းများ၊ တစ်ဝက်တစ်ပျက် ကုန်ပစ္စည်းများ (Semi Products)ကို စက်ရုံတွေက မလုံလောက်တဲ့အတွက် လိုအပ်တဲ့ ကုန်ချောတွေ (Finish Product) ကို ပြည်ပက တင်သွင်းခဲ့ကြတာကို တွေ့ရ ပါတယ်။ပြည်တွင်းထုတ်လုပ်နိုင်မှုနဲ့ ပြည်ပမှ တင်သွင်းမှု မြန်မာနိုင်ငံမှာ စက်မှုဇုန် ၁၈ ဇုန် ရှိပြီး Metal Industries အုပ်စုမှာ လုပ်ငန်း ၁၆၉ ခု၊ Chemical Industry အုပ်စုမှာ လုပ်ငန်း ၆၈ ခု၊ Electrical & Electronic Industry အုပ်စုမှာ လုပ်ငန်း ၄၂ ခု၊ စုစုပေါင်း လုပ်ငန်း ၂၇၉ ခု မှာ စက်မှုဇုန်အလိုက် တစ်လမှာ ထုတ်လုပ်မှုတန်ဖိုး ကျပ်သန်း ၂၁၉၈၃၆၁ ထုတ်လုပ်နိုင်ခဲ့တာတွေ့ရှိ ရပါတယ်။ နိုင်ငံတော် အနေဖြင့်Metal Industry အုပ်စုဝင်ကုန်ပစ္စည်း အမျိုးမျိုးကို ပြည်တွင်းလိုအပ်ချက် အရ ပြည်ပမှတင်သွင်းခွင့်ပြုခဲ့ရာမှာ ၂၀၀၇-၀၈ ဘဏ္ဍာနှစ်မှာ ကန် ဒေါ်လာ ၁၂၃ သန်း၊ ၂၀၀၈-၀၉ ဘဏ္ဍာနှစ်မှာ သန်း ၁၇၀ နီးပါး၊၂၀၀၉-၁၀ ဘဏ္ဍာနှစ် ယခု လက်ရှိ ကာလအထိကန်ဒေါ်လာ သန်း ၂၈၀ နီးပါးတင်သွင်းခဲ့တာကို တွေ့ရှိ ရပြီး၊ ပြည်တွင်း စက်မှုဇုန်များ အနေဖြင့် အိမ်ရိုက်သံ၊ အမိုးသွပ်၊ ပုံလောင်း ပစ္စည်းအမျိုးမျိုးကို ကျပ်သန်း ၂၂၁၀၀ ထုတ်လုပ်ခဲ့တဲ့အတွက် ပြည်ပ တင် သွင်းမှုရဲ့ ၇.၂ ရာခိုင်နှုန်းသာ ထုတ် လုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် Chemical Industry အုပ်စုဝင်ကုန်ပစ္စည်းများကို ပြည်ပမှ တင်သွင်းခွင့်ပြုခဲ့တာ ၂၀၀၇-၀၈ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ သန်း ၁၂၀၊ ၂၀၀၈-၀၉ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ သန်း ၁၃၀နှင့် ၂၀၀၉-၁၀ ဘဏ္ဍာနှစ် ယခုလက်ရှိကာလအထိ  ကန်ဒေါ်လာ ၁၁၅ သန်း ကျော် တင်သွင်းခဲ့တာတွေ့ရှိ ရပြီး၊ ပြည်တွင်း စက်မှု ဇုန်များအနေနဲ့ အိမ်သုတ်ဆေး အမျိုး မျိုး၊ဘိလပ်မြေ အပါအဝင် ယခုဘဏ္ဍာနှစ်အတွင်း ကျပ်သန်း၁၆၀၀၀ နီးပါး ထုတ်လုပ်နိုင်ခဲ့ တဲ့ အတွက် ပြည်ပ တင်သွင်းမှုရဲ့ ၁၂.၅၈ ရာခိုင်နှုန်းသာ ထုတ်လုပ်နိုင်ခဲ့ တာ တွေ့ရှိရပါတယ်။ တစ်ဖန် Electrical & Electronic အုပ်စုဝင် ကုန်ပစ္စည်းအမျိုး မျိုးကို ပြည်ပမှ တင်သွင်းခွင့်ပြုခဲ့ရာမှာ ၂၀၀၇-၀၈ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ ၇၆ သန်း၊ ၂၀၀၈-၀၉ ဘဏ္ဍာနှစ်မှာကန် ဒေါ်လာ သန်း၈၀ နီးပါးနှင့် ၂၀၀၉-၁၀ ဘဏ္ဍာနှစ်ယခုလက်ရှိကာလအထိ ကန် ဒေါ်လာ ၈၁ သန်းနီးပါး တင်သွင်း ခဲ့တာ တွေ့ရှိရပြီး ပြည်တွင်း စက်မှု ဇုန်များအနေဖြင့် Transformeer, Generator, Wire နဲ့Battery ပစ္စည်းအမျိုးမျိုးကို ယခု ဘဏ္ဍာနှစ် အတွင်း ကျပ်သန်း ၃၇၄၈၇ သန်း ထုတ်လုပ်နိုင်ခဲ့တဲ့ အတွက် ပြည်ပ တင်သွင်းမှုရဲ့ ၄၂ ရာခိုင်နှုန်း ထုတ် လုပ်နိုင်တာကို တွေ့ရပါတယ်။၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ် ဇန်နဝါရီ လ အထိ ပြည်ပမှ တင်သွင်းမှု တန်ဖိုး အမေရိကန် ဒေါ်လာ သန်း ၄၇၀ ကျော် ရှိပြီး၊ ပြည်တွင်းစက်မှုဇုန်များက ထုတ် လုပ်နိုင်မှုတန်ဖိုး အမေရိကန် ဒေါ်လာ သန်း ၇၀နီးပါးကိုသာ ထုတ်လုပ် နိုင်ခဲ့တာဖြစ်လို့ ပြည်ပ တင်သွင်းမှုရဲ့ ၁၄.၅ ရာခိုင်နှုန်း ကိုသာ ထုတ်လုပ်နိုင်သေးတဲ့အတွက် စက်မှု ဇုန်များအနေနဲ့ ယခု ထက်ပိုမို ထုတ် လုပ်နိုင်ရေး၊ နည်းပညာ၊ ဈေးကွက်တို့ကို ကြံဆရှာဖွေ ရမှာဖြစ်ပါတယ်။ ထို့ပြင် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် အုပ်စုအနေနဲ့လည်း ကမ္ဘာ့နိုင်ငံ အသီး သီးမှာ ရင်ဆိုင်တွေ့ကြုံနေရတဲ့ လောင် စာ စွမ်းအင် အခက်အခဲတွေကို မြန်မာ နိုင်ငံအနေဖြင့်လည်း ဖြေရှင်းနိုင်ဖို့ အ တွက် ဆောင်ရွက်သွားရမှာ ဖြစ်တဲ့ အပြင် ဇီဝပစ္စည်း၊ ရေအား၊ ကမ္ဘာ့ အပူ ဓါတ်၊လေတိုက်ခတ်အား၊နေရောင်ခြည် စွမ်းအင်များကို အသုံးချနိုင်ဖို့ စက်မှု ဇုန်အသီးသီးမှ အကောင်အထည်ဖေါ် ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။  ယခုဆိုရင် စစ်ကိုင်းတိုင်းမှာ ဂရိတ် ဝေါကုမ္ပဏီက ကြံမှထုတ်လုပ်တဲ့ အီသ နော လောင်စာဆီတွေ ထုတ်လုပ်နေ တာကို တွေ့ရှိရပါတယ်။ အဲဒီ စက်ရုံ ဟာ ပြည်ပမှ စက်ပစ္စည်းများ တင် သွင်း ပြီး လည်ပတ်ခြင်းဖြစ် တာကြောင့် ၎င်းစက်ရုံမျိုး ထပ်မံ တည်ဆောက်ပါ က မိမိပြည်တွင်းမှာ ထုတ်လုပ်နိုင်တဲ့ စက်ပစ္စည်းများနဲ့ တီထွင်ကြံဆပြီး ပြည်ပမှ စက်ပစ္စည်းတင်သွင်းမှုကို လျော့ချနိုင်မယ်ဆိုရင် သွင်းကုန် တန်ဖိုးကိုလည်း တစ်ဘက်က လျော့ချ နိုင်မှာဖြစ်ပါတယ်။ပြည်နယ်နှင့် တိုင်းအလိုက် စက်မှု ကုန်ထုတ်လုပ်သူများအသင်း စက်မှုဇုန်များကို လေ့လာ ဆန်းစစ် ရာမှာ ပြည်တွင်းသုံးစွဲမှုနဲ့ ပြည်ပတင်ပို့မှု ကို ဆောင်ရွက် နေကြတဲ့ စက်ရုံလုပ်ငန်း အများစုဟာ အငယ်တန်း လုပ်ငန်းများသာ ဖြစ်ကြတာကို တွေ့ရပါတယ်။ လုပ်ငန်း သဘာဝတူပြီး ထုတ်လုပ်ကုန် ပစ္စည်းဆက်စပ်မှုတူညီပါက ပေါင်းစပ် ညှိနှိုင်းပြီး ဆောင်ရွက်သွားကြမယ် ဆိုရင် ပြည်ပက စက်မှုလုပ်ငန်းကြီး တွေနဲ့ ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စက်မှုဇုန်များရဲ့ ကြီးကြပ် ကော်မတီများအနေနဲ့ ဇုန်အတွင်းနဲ့ ဇုန်အချင်းချင်းမှ လုပ်ငန်းငယ်များ ပူး ပေါင်း ဆောင်ရွက်ရေးကို ပြည်နယ်နဲ့ တိုင်းအလိုက် စက်မှုကုန်ထုတ်သူများ အသင်းတည်ထောင်နိုင်အောင် ဆောင် ရွက်သွားမှာဖြစ်တယ်လို့ (MIA) ဥက္ကဌ က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ပြည်ပကို တင်ပို့နေတဲ့ ကုန် ပစ္စည်းတွေကို ထုတ်လုပ်နေသော စက် မှုဇုန်များနဲ့ သွင်းကုန်အစား ထုတ် ကုန်ပစ္စည်းတွေကို ထုတ်လုပ်နေသော စက်မှုဇုန်တွေဟာ ရန်ကုန်နဲ့ မန္တလေး မြို့ကြီးမှာ အခြေပြုဆောင်ရွက် နေကြ ပါတယ်။ ပြည်ပ သွင်းကုန်များအတွက် နိုင်ငံ ခြားငွေလျော့ချဖို့ စက်မှုဇုန်များအနေနဲ့ ယခုထက် ပိုမို ထုတ်လုပ်နိုင်ဖို့ လိုအပ်ပြီး၊ ကုန်ပစ္စည်း ထုတ်လုပ်ရာမှာလည်း နိုင်ငံ တကာ စံချိန်စံညွှန်းနဲ့အညီ ပြည်တွင်း သုံးစွဲမှု ဖူလုံရေးကို ဦးတည်ပြီး ထုတ် လုပ်ကြရမှာဖြစ်ပါတယ်။ ပြည်တွင်း သုံး စွဲမှု ဖူလုံပါက ပြည်ပဈေးကွက်ကို ထိုးဖောက်ရမှာ ဖြစ်ပါတယ်။ ဒါမှသာ သွင်းကုန်တန်ဖိုး လျှော့ချ နိုင်ပြီး၊ ပို့ကုန်တန်ဖိုးမြင့်မားစွာနဲ့ ပြည်သူ လူထုသာယာဝပြောရေးကို တိုးမြှင့် ဆောင်ရွက်နိုင်မှာဖြစ်လို့ စက်မှုဇုန်များ အနေနဲ့ နိုင်ငံတော်နဲ့ ပြည်သူအတွက် ယခုထက်ပိုမိုကြိုးစား ဆောင်ရွက် သွား ကြရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေး ကို အခြေခံတဲ့ နိုင်ငံဖြစ်တဲ့အတွက် စိုက်ပျိုး ရေးအခြေခံတန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်ရေးဟာလည်း အလား အ လာ ကောင်းများစွာရှိတဲ့ လုပ်ငန်း တစ်ခု ဖြစ်တဲ့အတွက် ယခင်က ပဲ၊ နှမ်းကို ကုန် ကြမ်း အဖြစ်သာ တင်ပို့ခဲ့ပြီး၊ ယခုဆို ရင် ပဲအခွံချွတ်၊ ခွဲခြမ်းများ ထုတ်လုပ် ခြင်း၊ နှမ်းအခွံချွတ် ခြင်းနှင့် နှမ်း အမှုန့်ထုတ်လုပ်ခြင်းများ ဆောင်ရွက် လာကြပြီး တင်ပို့နေကြပြီဖြစ်ပါတယ်။ စက်မှုဇုန်များအနေနဲ့ ပြည်ပနိုင်ငံ တွေရဲ့လိုအပ်ချက်များ၊ စားသုံးမှု ဓလေ့ထုံးစံများကို လေ့လာပြီး မိမိနိုင်ငံ ကထွက်ရှိတဲ့သီးနှံကို တန်ဖိုးမြှင့် ထုတ် ကုန် (Value Added)များ ထုတ်လုပ် တင်ပို့ကြမယ်ဆိုရင် အခွင့် အလမ်း များစွာ ရရှိလာမှာဖြစ်ပါတယ်။ မကြာတော့တဲ့ကာလမှာ Asean Free Trade Area အကောင်အထည် ဖေါ် ဆောင်ရွက်ကြမှာ ဖြစ်တဲ့ အတွက် အာဆီယံ (၁၀) နိုင်ငံအချင်းချင်း ကုန် ပစ္စည်းတွေ အကောက်ခွန်မဲ့ ဝင်ရောက် လာတော့မှာဖြစ်လို့ စက်မှုဇုန်များမှ ယခုအချိန်က စတင်၍ ပြည်ပ သွင်းကုန်များကို ယှဉ်ပြိုင်နိုင်ဖို့ ကြိုတင်ပြင် ဆင် ဆောင်ရွက်သွားကြရန် လိုအပ်ပါ တယ်။ အဲဒီလိုဆောင်ရွက်ကြရာမှာ မိမိ နိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်မယ် ဆိုတဲ့ စိတ်ဓါတ်နဲ့ ထုတ်ကုန် ပစ္စည်း အရေအတွက် များများထုတ်လုပ်ပြီး၊ အမြတ်နည်းနည်းယူတဲ့စနစ်ဖြင့် အရည် အသွေးကောင်းမွန်သော ကုန်ပစ္စည်း များ ထုတ်လုပ်ကြမယ်ဆိုရင် ပြည်ပ နိုင်ငံ များရဲ့ မိမိနိုင်ငံအတွင်း ဈေးကွက် ထိုးဖောက်ဝင်ရောက်လာမှုကို ကာ ကွယ် တားဆီးနိုင်မှာဖြစ်လို့ Industrial Cluster များအတွက် "မြန်မာစက်မှု ပြပွဲ ၂၀၁၀"  က လုပ်ငန်းရှင်များ အချင်းချင်း စီးပွားရေး ဆက်သွယ်မှု များရရှိလာပြီး၊ ဈေးကွက်များ ချဲ့ထွင် နိုင်ဖို့အတွက် အခွင့်အလမ်းကောင်း များ ရရှိလာတော့မှာ ဖြစ်ပါတယ်။PTAC-2

Friday, 19 Mar 2010

ကမ္ဘာ့စီးပွားရေး အင်အားဗဟိုသည် အရှေ့ ဘက်သို့ ရွေ့နေပြီဆိုသည့် အကြောင်းအရာမှာ အသစ်အဆန်းမဟုတ်ပေ။ သို့သော်လည်း ကမ္ဘာ့ ဘဏ္ဍာရေး အကျပ်အတည်းက စီးပွားရေးပါဝါကို အမေရိကန်နှင့် အနောက်ဥရောပတို့မှ အာရှသို့ တွန်းပို့လိုက်သည်ဟူသောအဆိုမှာ လက်လွှတ် စပယ် ပြောရာရောက်နေသည်။ ကမ္ဘာ့စီးပွားရေး တုံ့နှေးကျဆင်းနေရာမှ စီးပွားထွန်းသစ်စ အာရှ နိုင်ငံများသည် ဖွံ့ဖြိုးပြီးနိုင်ငံများထက် ပို၍မြန် ဆန်စွာ ပြန်လည် ထွက်မြောက်လာနိုင်ခဲ့သည်။ ထိုအာရှနိုင်ငံများ၏   ဘဏ်လုပ်ငန်းစနစ်နှင့် ေ<ကးမြီအခြေအနေမှာလည်း အတော်ပင် ကောင်း မွန်ခဲ့သည်။ တရုတ်နိုင်ငံသည်၂၀၀၉ ခုနှစ်တွင် ဂျာမနီကိုကျော်တက်ပြီး ကမ္ဘာ့ပို့ကုန် အများဆုံး ရောင်းချသည့်နိုင်ငံဖြစ်လာခဲ့သည်။ သို့သော်လည်း စီးပွားရေးပါဝါသည်  အရှေ့သို့  ရွေ့သွားခဲ့ပြီဟု ပြောလို့ရနိုင်ဦးမှာ မဟုတ်ပေ။ကုမ္ပဏီအများအပြား၏ မနှစ်က အမြတ် ငွေဝေစု စံချိန်တင်နိုင်ခဲ့သဖြင့် အာရှဒေသသည် ဘဏ်လုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းများ အတွက် အမှန်ပင် အရေးပါလာခဲ့သည်။ ဝါရင့် အမှုဆောင်အရာရှိများပင် အာရှသို့ပြောင်း၍ ရုံး ထိုင်လာကြသည်။ HSBCဘဏ်လုပ်ငန်းမှ အမှု ဆောင်အရာရှိချုပ်သည် လန်ဒန်မှဟောင်ကောင် သို့ ဖေဖော်ဝါရီလ တစ်ရက်နေ့တွင် တရားဝင် ပြောင်းရွှေ့ခဲ့သည်။ ၁၉၉၅ခုနှစ်မှစ၍ အာရှဒေသ ၏ အမှန်ဂျီဒီပီသည် နှစ်ဆကျော်တိုးတက်လာ ခဲ့သည်။ မော်ဂန်စတန်လီ ဘဏ္ဍာရေးလုပ်ငန်း၏ ခန့်မှန်းချက်တွင် အာရှဂျီဒီပီသည် ယခုနှစ်နှင့် လာမည့်နှစ်တို့တွင် ၇ရာခိုင်နှုန်းစီ တိုးလိမ့်မည်ဟု ဆိုထားသည်။ အမေရိကတွင် ၃ ရာခိုင်နှုန်းနှင့် အနောက်ဥရောပတွင် ၁ဒသမ ၂ရာခိုင်နှုန်း တိုးနိုင် သည့်အခြေအနေနှင့် နှိုင်းယှဉ်လျှင် အာရှ တိုး တက်မှုက သိသိသာသာ မြန်ဆန်နေသည်။သို့တိုင်အောင် ကိန်းဂဏန်းများကို သေချာ စိစစ်ကြည့်လျှင် စီးပွားရေးပါဝါ အနောက်မှ အရှေ့ သို့ ရွေ့နေပြီဆိုခြင်းမှာ ချဲ့ကားပြောကြတာ ဖြစ်နိုင် နေသည်။ အာရှငွေကြေးတန်ဖိုး ကျဆင်းလာသည့် အကြောင်းရင်း တစ်စိတ်တစ်ပိုင်းကြောင့် တစ် ကမ္ဘာလုံး ဂျီဒီပီတွင် အာရှ၏စုစုပေါင်း ဂျီဒီပီပါဝင်မှု အချိုးသည် ဈေးကွက်ငွေလဲနှုန်း ပေါက်ဈေးအရ ၁၉၉၅ ခုနှစ်က ၂၉ရာခိုင်နှုန်းရှိခဲ့ရာမှ မနှစ်က ၂၇ရာခိုင်နှုန်းသို့ ရောက်သွားသဖြင့် အမှန်တကယ် တမ်းမှာ ကျဆင်းသွားခြင်းဖြစ်သည်။ ၂၀၀၉ ခုနှစ် က အာရှဂျီဒီပီသည် အမေရိကထက် ကျော်လွန်ခဲ့ သော်လည်း အနောက်ဥရောပထက် အနည်းငယ် လျော့နည်းနေသေးသည်။ (ယခုနှစ်တွင် အနောက် ဥရောပကို ကျော်တက်နိုင်ပါသည်) ယင်းအချက် ကို အခြားနည်းဖြင့် အနက်ဖော်ရလျှင် ချမ်းသာ သော အနောက်၏ ကုန်ထွက် (Output)သည် ယနေ့ထက်တိုင်ပင် အာရှထက် နှစ်ဆလောက် ပိုကြီးနေသေးသည်ဟု ဆိုနိုင်သည်။အများလက်ခံထားကြသလို အာရှထုတ် လုပ်သူများ၏ ပို့ကုန်ဝေစုသည် ဆက်တိုက်ကြီးမား လာသည်ဆိုသည်မှာလည်း မဟုတ်ပေ။ ကမ္ဘာ့ ပို့ကုန်ပမာဏတွင် အာရှပါဝင်သည့်ဝေစုမှာ ယမန် နှစ်က ၃၁ရာခိုင်နှုန်းရှိသဖြင့် ၁၉၉၅ ခုနှစ်ကရှိခဲ့ သည် ၂၈ရာခိုင်နှုန်းထက် မဆိုစလောက်သာ တိုးလာခြင်းဖြစ်သည်။ တကယ်ဆိုလျှင် အနောက် ဥရောပ၏ ပို့ကုန်ဝေစုထက် နည်းနေသေးသည်။ ၁၉၈၀ပြည့်လွန်နှစ်များနှင့် ၁၉၉၀ပြည့်လွန် အစော ပိုင်းကာလအထိ အာရှ၏ကုန်ထွက်နှင့် ပို့ကုန်ဝေစု သည် မြန်ဆန်စွာမြင့်တက်ခဲ့သည်။ ထိုကာလ အတွင် တရုတ်ပြည်၏ ကုန်ထွက်နှင့် ပို့ကုန်ဝေစု ကြီးမားလာခဲ့သော်လည်း ဂျပန်တွင် ထက်ဝက် ကျော် ကျဆင်းသွားသဖြင့် ဘဲစားဘဲချေဖြစ်နေ သည်။အာရှစတော့ဈေးကွက်များ၏   စုစုပေါင်း အရင်းအနှီးသည် အမေရိကနှင့် ဥရောပတို့အသီး သီးထက် ပိုများပါသည်။ အာရှဗဟိုဘဏ်များသည် တစ်ကမ္ဘာလုံး သီးသန့်ငွေပမာဏ၏ သုံးပုံနှစ်ပုံကို လက်ဝယ်ကိုင်ထားနိုင်သဖြင့် အထင်ကြီးဖွယ်ဖြစ် သော်လည်း တရားဝင်သီးသန့်ငွေ အားလုံးပေါင်း လျှင်ပင် တစ်ကမ္ဘာလုံးရှိ ဘဏ္ဍာရေးရပိုင်ခွင့်များ (Financial assets) အားလုံး၏တန်ဖိုးနှင့် နှိုင်း ယှဉ်လျှင် ၅ရာခိုင်နှုန်းခန့်သာရှိသဖြင့် ကမ္ဘာ့ဘဏ္ဍာ ရေး ဈေးကွက်အပေါ် သီးသန့်ငွေလက်ကိုင်ထား ခြင်းဖြင့် သြဇာမလွှမ်းနိုင်ချေ။ ပုဂ္ဂလိကဓနအင်အား သည် အနောက်မှာပင် ရှိနေဆဲဖြစ်သည်။ကမ္ဘာ့လူဦးရေငါးပုံသုံးပုံသည် အာရှတွင်ရှိ သော်လည်း တစ်ကမ္ဘာလုံးပုဂ္ဂလိက ဝယ်ယူစားသုံး မှုတွင် အာရှသည် ငါးပုံတစ်ပုံသာရှိသည်။အမေ ရိက၏ စားသုံးမှုဝေစုသည် ၃၀ရာခိုင်နှုန်းအထိ ရှိ သည်။ သို့သော်လည်း ယမန်နှစ်က တစ်ကမ္ဘာလုံး တွင်ရောင်းချခဲ့သည့် မော်တော်ကား ၃၅ရာခိုင်နှုန်း၊ မိုဘိုင်းလ်ဖုန်း ၄၃ရာခိုင်နှုန်းသည် အာရှဈေးကွက် ၏ ရောင်းအား ဖြစ်နေသည်။ ထို့ပြင် အာရှသည် ၁၉၉၅ခုနှစ်က ကမ္ဘာ့စွမ်းအင်မှ ၂၆ ရာခိုင်နှုန်းသာ သုံးစွဲခဲ့သော်လည်း ယခုတော့ ၃၅ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲလာခဲ့ပြီဖြစ်သည်။ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်း စွမ်းအင်တိုးတက်သုံးစွဲမှု စုစုပေါင်း၏ သုံးပုံနှစ်ပုံကို အာရှက ပိုသုံးလာခြင်းဖြစ်သည်။ ဗြိတိသျှဝန်ကြီးချုပ်  ဝင်စတန်ချာချီက "နောက်ကြောင်းကို ဝေးဝေးပြန်ကြည့်နိုင်သမျှ ရှေ့ ကို ဝေးဝေး လှမ်းမြင်နိုင်လိမ့်မည်" ဟု ဆိုခဲ့ဖူးသည်။ လွန်ခဲ့သည့် ရာစု ၂၀အနက် ၁၈စုတွင် ကမ္ဘာ့ကုန် ထွက်၏ ထက်ဝက်ကျော်ကို အာရှကထုတ်လုပ် ခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ စီးပွားရေးပါဝါ အရှေ့ သို့ ရွေ့ခြင်းဖြင့် ကမ္ဘာ့စီးပွားရေး အစီအစဉ်သစ် (New economic order)ပေါ်လာသည် ဆိုခြင်း မှာ ယခုမှအသစ်ဖြစ်လာခြင်း မဟုတ်။ ယခင်က ရှိခဲ့ပြီး အစီအစဉ်ဟောင်း ပြန်ပေါ်လာခြင်းသာ ဖြစ်သည်ဟု ဆိုပါသည်။ Ref: The Economistဦးဟန်ထွန်း(အခွန်)

Friday, 19 Mar 2010

ကမ္ဘောဒီးယား၊ တရုတ်နိုင်ငံ (ယူနန်ပြည် နယ်နှင့် ဂွမ်ရှီးပြည်နယ်)၊ လာအို၊ မြန်မာ၊ ဗီယက် နမ်နှင့် ထိုင်းနိုင်ငံတို့ပါဝင်သော မဟာမဲခေါင် ဒေသခွဲနိုင်ငံများ အဖွဲ့အစည်း(Greater Mekong Subregion-GMS) ကို (၁၉၉၂)ခုနှစ်က စတင် ဖွဲ့စည်းခဲ့ပါသည်။ စတင်ဖွဲ့စည်းစဉ်က တရုတ်နိုင်ငံ ဂွမ်ရှီးပြည်နယ် (Guangxi Province) မပါဝင် သေးပဲ ၎င်းသည် ၂၀၀၅ ခုနှစ်က ဝင်ရောက်ခဲ့ပါ သည်။မဟာမဲခေါင်ဒေသခွဲ  ဖွဲ့စည်းပြီးနောက် ဒေသခွဲ၏ စီးပွားရေးကဏ္ဍအသီးသီးကို အရှိန် အဟုန်နှင့် ဖွံဖြိုးတိုးတက်ရန် အဖွဲ့ဝင်နိုင်ငံများ စုစည်းညှိနှိုင်း၍ လုပ်ငန်းမဟာဗျူဟာများ ချမှတ် ဆောင်ရွက်ခဲ့ပါသည်။ယနေ့ကမ္ဘာပေါ်တွင် ခရီးသွားလုပ်ငန်းကို နိုင်ငံအသီးသီးနှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ပေးစွမ်းသော စီးပွားရေးလုပ်ငန်း တစ်ရပ်အဖြစ် ခံယူ၍ ၎င်းလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ဆောင် ရွက်လျက်ရှိရာ ယဉ်ကျေးမှု၊ သမိုင်းအစဉ်အလာ၊ သဘာဝအရင်းအမြစ်အပါအဝင် အခြားခရီးသွား လုပ်ငန်း ဖွံ့ဖြိုးရေးအရင်းအမြစ်များ ပေါ<ကွယ်၀ သော မဲခေါင်ဒေသခွဲသို့ ကမ္ဘာလှည့်ခရီးသည်များ ပိုမိုလာရောက်ပြီး  ဒေသခွဲအတွင်း နိုင်ငံအသီးသီး ၏ ပြည်သူများအတွက် စီးပွားရေး၊ လူမှုရေး  အကျိုးရလဒ်ဖြည့်ဆည်းပေးရန် ဦးတည်ချက်ထား ဆောင်ရွက်ခဲ့ပါသည်။အထူးသဖြင့် ခရီးသွားလုပ်ငန်းကို မဟာ မဲခေါင်ဒေသခွဲ၏  11 Flagship စီမံကိန်းများ အကောင်အထည်ဖော်ရန်  လုပ်ငန်းတစ်ရပ်အဖြစ် သတ်မှတ်ပြီး မဲခေါင်ဒေသအား တစ်ခုတည်းသော ခရီးစဉ်ဒေသ (GMS as a Single Destination) အဖြစ် ပေါ်ပေါက်ရေး ဆောင်ရွက်ခဲ့ပါသည်။ ဒေသခွဲအတွင်း ခရီးသွားလုပ်ငန်း စနစ် တကျ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာမဲခေါင် ဒေသခွဲ ခရီးသွားလုပ်ငန်း မဟာဗျူဟာစီမံကိန်းကို ၂၀၀၆ ခုနှစ်တွင် အပြီးသတ်ရေးဆွဲခဲ့ပြီး ၂၀၀၈ ခုနှစ်၌ကျင်းပသော မဲခေါင်ထိပ်သီး အစည်းအဝေး တွင် အတည်ပြုခဲ့ပါသည်။ ယင်း မဟာဗျူဟာ စီမံကိန်းတွင် ဈေးကွက်မြှင့်တင်ရေး၊ ဦးစားပေးခရီး သွားဇုန်များဖွံ့ဖြိုးရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ အမွေအနှစ်နှင့် လူမှုရေးအကျိုး သက်ရောက်မှုများ စီမံခန့်ခွဲရေး၊ နွမ်းပါးမှုလျော့ နည်းရေး၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး၊ ပုဂ္ဂလိက ပါဝင်ပူးပေါင်းရေးနှင့် ရင်းနှီးမြှုပ်နှံရေးနှင့် နယ်စပ် ဖြတ်ကျော် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးဟူသော နယ်ပယ်များအလိုက် ခွဲခြားထားသော စီမံကိန်း ၂၉ ခုကိုရေးဆွဲ၍ စီမံကိန်း အကောင်အထည်ဖော် ရေး၊ ဦးဆောင်နိုင်ငံများ သတ်မှတ်ကာ ထောက်ပံ့ ပေးသော အဖွဲ့အစည်းများ (Development Partners) ၏ ပံ့ပိုးမှုဖြင့် စီမံကိန်းအလိုက် ပါဝင် သော နိုင်ငံများ ပူးပေါင်းအကောင်အထည်ဖော် ရေး ဆောင်ရွက်လျက်ရှိပါသည်။ မဟာမဲခေါင်ဒေသခွဲခရီးသွားလုပ်ငန်း မဟာ ဗျူဟာစီမံကိန်းများ  အောင်မြင်စွာ  အကောင် အထည်ဖော်ရေးအတွက် အတွင်းရေးမှူးရုံးအဖြစ် လည်းကောင်း၊ နိုင်ငံအားလုံးပါဝင်သော ဈေးကွက် မြှင့်တင်ရေး မဟာဗျူဟာလုပ်ငန်း စီမံကိန်းများကို ဦးဆောင်ညှိနှိုင်း    အကောင်အထည်ဖော်ရန် အတွက် လည်းကောင်း၊  မဲခေါင်ခရီးသွားလုပ်ငန်း ညှိနှိုင်းရေးရုံး  (Mekong Tourism Coordination Office - MTCO) ကို ၂၀၀၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပါသည်။ ယနေ့ကာလတွင် ထိုင်းနိုင်ငံ၌ အခြေစိုက်ပြီး အမှုဆောင်ဒါရိုက်တာတစ်ဦး၊ စီမံ ကိန်း ညှိနှိုင်းရေးမှူးနှင့် အတွင်းရေးမှူးရှိပါသည်။ MTCO သည် ဒေသခွဲ၏ ခရီးသွားလုပ်ငန်း၊ ဈေး ကွက်မြှင့်တင်မှုလုပ်ငန်းရပ်များကို ဒေသတွင်းနှင့် နိုင်ငံတကာတွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် နေသကဲ့သို့ စီမံကိန်းများ အကောင်အထည်ဖော် ရေးနှင့် အဖွဲ့ဝင်နိုင်ငံများ ပါဝင်တက်ရောက်သော ခရီးသွားလုပ်ငန်း အဖွဲ့အစည်းအဝေးများကို ကျင်း ပရေးနှင့် ရှေ့အနာဂတ်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ ဖော်ထုတ်ရေးတို့ကို ညှိနှိုင်းဆောင် ရွက်နေပါသည်။လူ့စွမ်းအားအရင်းအမြစ်  ဖွံ့ဖြိုးတိုးတက် ရေးသည် ကဏ္ဍအသီးသီးအတွက် အရေးကြီး သကဲ့သို့ မဲခေါင်ဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး ရေးတွင်လည်း မရှိမဖြစ်အရေးကြီးသော ကဏ္ဍ တစ်ရပ်အဖြစ် သတ်မှတ်ပြီး ခရီးသွားလုပ်ငန်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံ ကိန်း(၄)ရပ် ရေးဆွဲထည့်သွင်း အကောင်အထည် ဖော်လျက်ရှိပါသည်။ အထူးသဖြင့် လုပ်ငန်းကျွမ်း ကျင်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းများ ဖွင့်လှစ် ခြင်း  အလုပ်ရုံဆွေးနွေးပွဲများ  ကျင်းပခြင်းတို့ကို ဆောင်ရွက်ပါသည်။လူဦးရေ ၃၂၅ သန်းရှိသော မဟာမဲခေါင် ဒေသခွဲသို့ တစ်နှစ်လျှင် ကမ္ဘာလှည့်ခရီးသည် ၂၅ သန်းခန့် လာရောက်လည်ပတ်နေပါသည်။  ခရီး သွားလုပ်ငန်းတွင် ဆောင်ရွက်နေကြသော စီမံ ခန့်ခွဲသူလုပ်သား သန်းချီရှိပြီး ဒေသခွဲ၏ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအပေါ် မူတည်၍ ၂၀၁၅ ခုနှစ်တွင် လုပ်သားအင်အား ၂ ဒသမ ၁၄ သန်း လိုအပ်လာမည်ဟု ခန့်မှန်းထားကြပါသည်။ သို့ဖြစ် ရာ ဒေသခွဲအတွင်း အရည်အချင်းပြည့်ဝသော လုပ်သားများ  ပြည့်ပြည့်၀၀  ပေါ်ထွက်လာရေး အတွက် နိုင်ငံများအားလုံး  အခါအားလျော်စွာ စုစည်းညှိနှိုင်း သုံးသပ်ဆွေးနွေး၍ လိုအပ်သော အစီအမံများ၊ လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက် လျက်ရှိပါသည်။မဟာမဲခေါင်ဒေသခွဲ၏  ခရီးသွားလုပ်ငန်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင် ရာ နိုင်ငံတကာဆွေးနွေးပွဲ (International Conference on GMS HAD in Tourism ) ကို ၂၀၁၀ပြည့်နှစ် ဇန်နဝါရီလ ၂၂ရက်မှ ၂၄ ရက် နေ့အထိ ထိုင်းနိုင်ငံ Hua Hin မြို့၌ ကျင်းပခဲ့ပါ သည်။ မဟာမဲခေါင်ဒေသခွဲ နိုင်ငံများ၏ ခရီးသွား လုပ်ငန်းကဏ္ဍမှ အစိုးရနှင့် ပုဂ္ဂလိကကိုယ်စားလှယ် များ၊ လူ့စွမ်းအားဖွံ့ဖြိုးမှု ပညာရေးဆိုင်ရာ အဖွဲ့ အစည်းများမှ ကျွမ်းကျင်သူများနှင့် ကိုယ်စား လှယ်များ ပါဝင်တက်ရောက်ခဲ့ပါသည်။ မြန်မာ နိုင်ငံ ဟိုတယ်နှင့် ခရီသွားလာရေးလုပ်ငန်း ဝန်ကြီး ဌာနမှ ကျွမ်းကျင်အကြံပေးပုဂ္ဂိုလ် ဒေါ်ကြည်ကြည် အေး၊ ကန်တော်ကြီးဟိုတယ်နှင့် ခရီးသွားလုပ်ငန်း သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးဝင်းကြည် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ရှင်များအသင်း  အလုပ်အမှုဆောင်  အဖွဲ့ဝင် ဦးအောင်ဒင်တို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ဆွေးနွေးပွဲကို နိုင်ငံတကာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း (Foundation for International Human Resource Development - FIHRD) ထိုင်းနိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက် ရေး အေဂျင်စီ၊ ထိုင်းနိုင်ငံခရီးသွားလုပ်ငန်း အား ကစား ဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့၊ ထိုင်းနိုင်ငံ ခရီးသွားစီမံခန့်ခွဲမှုအသင်း၊ လူ့ စွမ်းအားဖွံ့ဖြိုးမှု ပေါင်းစည်းရေးဗဟိုဌာနနှင့် Stamford International University တို့ ပူးပေါင်း ကျင်းပခြင်းဖြစ်ပါသည်။ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင်  ကျင်းပရာ ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E Mr Abhisit Vejjajiva တက်ရောက်ဖွင့်လှစ်ပေးပါသည်။ ဆွေးနွေးပွဲပထမ နေ့တွင် ပါမောက္ခ Dr.Chira Hongladarom က မဟာမဲခေါင်ဒေသခွဲအတွင်း လူ့စွမ်းအား အရင်း အမြစ်ဆိုင်ရာ သုတေသနပြုဖော်ထုတ်ခြင်း စာ တမ်းကို ဖတ်ကြားတင်သွင်းဆွေးနွေးကြပြီး လာအို၊ တရုတ်(ယူနန်ပြည်နယ်)နှင့် ကမ္ဘောဒီးယားနိုင်ငံ များမှ ကိုယ်စားလှယ်အဖွဲ့  ခေါင်းဆောင်တို့က လက်ရှိ  ခရီးသွားလုပ်ငန်းနှင့် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးမှုဆိုင်ရာများကို  ရှင်းလင်းတင်ပြကြ ပါသည်။လာအိုနိုင်ငံသည် ၂၀၀၉ခုနှစ်တွင် ခရီးသည် ၁ဒသမ ၇သန်းလာရောက်ခဲ့ပြီး ဝင်ငွေအမေရိကန် ဒေါ်လာ ၂၇၅ ဒသမ ၅သန်း ရရှိပါသည်။ အာရှ-ပစိဖိတ်ဒေသများက  အဓိက လာရောက်ကြပါ သည်။ ခရီးသွားလုပ်ငန်း တွင်လုပ်ကိုင်နေကြသော လုပ်သားအင်အားသည် တစ်နိုင်ငံလုံးရှိ လုပ်သား အင်အား၏ ၅ရာခိုင်နှုန်းရှိပါသည်။ တိုက်ရိုက် လုပ်ကိုင်နေသူ လုပ်သား ၂၂၀၀၀ ရှိပြီး ဆက်စပ် ဆောင်ရွက်သူဦးရေ သုံးသိန်းမှ လေးသိန်း ရှိပါ သည်။ အဓိကအားဖြင့် ခရီးသွားလုပ်ငန်း ဟိုတယ် များ၊ စားသောက်ဆိုင်များ၌ လုပ်ကိုင်ကြပါသည်။ ၂၀၁၅ခုနှစ်တွင် ခရီးသွားလုပ်ငန်း အလုပ်အကိုင် ပေါင်း တစ်သိန်းခန့် ထပ်မံပေါ်လာမည်ဖြစ်သည်။ ခရီးသွားလုပ်ငန်းဆိုင်ရာ ပညာရေးကို အဓိကအား ဖြင့် ပညာရေးဌာနကဖြည့်ဆည်းပေးပါသည်။ ခရီး သွားလုပ်ငန်း၊ အသက်မွေးပညာနှင့် တက္ကသိုလ် ပညာကျောင်းများအတွက် ဘဏ္ဍာရေးအထောက် အပံ့ သင်ရိုးညွှန်းတမ်းနှင့် အသိအမှတ်ပြုမှုများကို တာဝန်ယူ ဆောင်ရွက်ပါသည်။ အစိုးရမှဖွင့်လှစ် သော တက္ကသိုလ်များအဖြစ် ပုဂ္ဂလိကသင်တန်း ကျောင်းများကလည်း အချိန်ပိုင်း၊ အချိန်ပြည့် သင် တန်းများ ဖွင့်လှစ်သင်ကြားပါသည်။ ပညာရေး ဝန်ကြီးဌာနက အသိအမှတ်ပြုနိုင်ငံတွင်း အသက် မွေးနှင့် ကျွမ်းကျင်မှု ဟိုတယ်သင်တန်းကျောင်း၉ ကျောင်းရှိပါသည်။ လာအို အမျိုးသားတက္ကသိုလ် သည် ခရီးသွားနှင့် ဟိုတယ်စီမံခန့်ခွဲမှု ဘွဲ့နှင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း စီမံခန့်ခွဲမှုဘွဲ့ များ ပေးပါသည်။ ၎င်းအပြင် ခရီးသွားလုပ်ငန်းနှင့် ဟိုတယ်ဆိုင်ရာ  သင်တန်းကျောင်း၊  လာအို ဟိုတယ်နှင့် စားသောက်ဆိုင်အသင်း၊ လာအို ခရီး သွားလုပ်ငန်းရှင်များနှင့် ပုဂ္ဂလိက ကောလိပ်များ အသင်း၊ ဧည့်လမ်းညွှန်၊ ဟိုတယ်နှင့် နိုင်ငံခြား ခရီးသည်သင်တန်းများ ပို့ချလျက်ရှိပါသည်။လာအိုနိုင်ငံ၏ ခရီးသွားလုပ်ငန်းဆိုင်ရာ စိန် ခေါ်မှုများမှာ လုပ်ငန်းနယ်ပယ်မှ လိုအပ်ချက်များ ပြည့်ဝအောင်  နိုင်ငံတကာအဆင့်မီ  အရည် အသွေးပြည့်ဝသော သင်တန်းများ၊ လုံလုံလောက် လောက် ဖြည့်ဆည်းပေးရန်ပင် ဖြစ်ပါသည်။ ထို့ ကြောင့် ပညာသင်  လုပ်သားအင်အားကို လုံ လောက်စွာ ဖြည့်ဆည်းပေးရုံမျှမက ကျွမ်းကျင် သော လုပ်သားများ မွေးထုတ်ပေးရေးသည်လည်း အရေးကြီးကြောင်း လာအိုနိုင်ငံက ရှင်းလင်းတင်ပြ သွားပါသည်။ လာအိုနိုင်ငံသည် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေး မဟာစီမံကိန်းရေးဆွဲခြင်း၊ စွမ်းရည်မြှင့်တင်ခြင်း၊ သင်ရိုးညွှန်းတမ်းများနှင့် သင် ထောက်ကူပစ္စည်းများ ဖွံ့ဖြိုးခြင်း၊ အမျိုးသား ခရီး သွားနှင့် ဟိုတယ်သင်တန်းကျောင်း ဖွံ့ဖြိုးခြင်းနှင့် ဒေသအနှံ့ သင်ကြားခြင်းဟူသော ဧရိယာ ၅ ရပ် အတွက် ယူရိုငွေ ၅ ဒသမ  ၅ သန်း ကုန်ကျမည့် Luxembourg အစိုးရမှ   ငါးနှစ်စီမံကိန်းကို အကောင်အထည်ဖော်လျက် ရှိပါသည်။ကြည်ကြည်အေး(ခရီးမြှင့်)(ဆက်လက်ဖော်ပြပါမည်)

Friday, 19 Mar 2010

၂၀၀၈ခုနှစ် ဆောင်းရာသီ မှာအာတိတ် ဒေသရဲ့ ပျမ်းမျှအပူချိန်ဟာ ၅ ဒီဂရီ စင်တီဂရိတ် မြင့်တက်ခဲ့ပါတယ်။ အဲဒီအပူချိန်ကြောင့် ဝင်ရိုးစွန်း ရေခဲပြင်တွေဟာ ပါးလွှာလာပြီး ရေခဲပြင်ဧရိယာ ဟာ ကျုံ့ဝင်လာနေပါတယ်။ ဒါကြောင့် ဝင်ရိုးစွန်း (ပိုလာ)ဝက်ဝံဖြူလို ရေခဲပြင်ပေါ်မှာ ကျက်စားနေ ရတဲ့ သတ္တဝါတွေအတွက် ပြေးစရာရေခဲပြင်မရှိတဲ့ ဘဝကို တဖြည်းဖြည်း ဦးတည်နေပါပြီ။ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ပိုလာဝက်ဝံဖြူလို အအေး ပိုင်း သတ္တဝါတွေထက် အပူပိုင်းအပင်နဲ့ သတ္တဝါ မျိုးစိတ်တွေက ပိုပြီးခံနေရပြီဖြစ်ပါတယ်။အပူ ပိုင်းဒေသ မြေနိမ့်ပိုင်းမှာရှိကြတဲ့ ဇီဝမျိုးစိတ် အများအပြားဟာ ရာသီဥတု ပူပြင်းလာတဲ့ အတွက် မျိုးတုံးရမယ့်အန္တရာယ်နဲ့ ကြုံတွေ့နေ ရ ပါ တယ်။ သုတေသီအချို့က နောက်ထပ် အပူချိန် ၃ဒသမ ၂ဒီဂရီစင်တီဂရိတ် တက်လာ ရင် မြေနိမ့်ပိုင်းရှိအပူပိုင်းမျိုးစိတ်ပေါင်း ၁၉၀၀ ကျော်အနက် ထက်ဝက်ကျော်ဟာ မျိုးတုံး ပျောက်ကွယ်သွားနိုင်တယ်လို့ ဆိုပါတယ်။ အချို့အပင်နဲ့ သတ္တဝါတွေဟာ နေရင်း ဒေသမှာ အပူချိန်တက်လာရင် ပို၍အေးတဲ့ မြောက်ပိုင်း၊ ဒါမှမဟုတ် တောင်ပိုင်းကို ပြောင်းရွှေ့ရှင်သန်နိုင်ကြပါတယ်။ တချို့မျိုးစိတ်တွေက ပို၍မြင့်တဲ့အရပ်ကို ပြောင်းရွှေ့ကြ ပါတယ်။ ဥရောပတိုက်မှာ ပေ ၃၀၀၀နဲ့အထက် တောင်စောင်းတွေမှာတွေ့ရတဲ့ အပိုလိုလိပ်ပြာတွေ ဟာ ပူပြင်းလာတဲ့ရာသီဥတုကို ရှောင်ကွင်းဖို့ ပိုပြီး မြင့်တဲ့နေရာတွေကို ရွှေ့ပြောင်းနေထိုင်ကြကြောင်း လေ့လာတွေ့ရှိရပါတယ်။ အနောက်ဥရောပ အပင်မျိုးစိတ် ၁၇၁ မျိုးဟာလည်း ပိုပြီးမြင့်၊ ပိုပြီး အေးတဲ့ နေရာတွေကို တဖြည်းဖြည်းချင်း ရွှေ့ ပြောင်း ပေါက်ရောက်နေကြတာ တွေ့ရပါတယ်။ တချို့မျိုးစိတ်တွေဟာ ပြောင်းလဲနေတဲ့ ရာသီဥတု အခြေအနေနဲ့ အမီလိုက်ပြီး မပြောင်းနိုင်ကြသလို၊ တချို့လုံးဝမရွှေ့ပြောင်းနိုင်တဲ့ မျိုးစိတ်တွေ လည်း ရှိကြပြီး ဆက်လက်မရှင်သန်နိုင်တော့ဘဲ မျိုးတုံး ပျောက်ကွယ် သွားခဲ့ကြရပါတယ်။ ဇီဝမျိုးစိတ်တွေ မျိုးတုံးမယ့်အန္တရာယ်ဟာ တဖြည်းဖြည်း ကြီးမားလာလျက်ရှိရာ ပညာရှင် အချို့ဟာ ကမ္ဘာပေါ်ရှိ ဇီဝမျိုးကွဲ (Bio deversity) တွေ<ကယ်ဝတဲ့ ဒေသခြောက်ခုကို သုတေ သနပြုခဲ့ ပါတယ်။ အဲဒီဒေသတွေမှာရှိတဲ့ အပင် တွေ၊ နို့တိုက်သတ္တဝါတွေ၊ တွားသွားသတ္တဝါတွေ၊ ဖားတွေ၊ လိပ်ပြာတွေနဲ့ တခြားကျောရိုးရှိတဲ့ သတ္တဝါမျိုးစိတ်ပေါင်း ၁၁၀၃ မျိုးရဲ့ ရာသီဥတု ပြောင်းလဲမှု တုံ့ပြန်ပုံကို လေ့လာခဲ့ရာမှာ ၂၀၅၀ ပြည့်နှစ်ရောက်ရင် မျိုးတုံးပျောက်ကွယ်နိုင်တဲ့ မျိုးစိတ် အရေအတွက်ဟာ သန်းနဲ့ချီပြီး ရှိနိုင် တယ်လို့ သိရပါတယ်။သဘာဝနဲ့သဘာ၀ သယံ ဇာတများ ထိန်းသိမ်းရေး နိုင်ငံတကာသမဂ္ဂရဲ့ လေ့လာချက်အရ စိုးရိမ်စရာကောင်းလောက် အောင် အရေအတွက် လျော့နည်းလာနေတဲ့ မျိုးစိတ်အရေအတွက်ဟာ ၄၄၈၃၈ မျိုးရှိပြီး အဲဒီထဲက ၁၆၂၉၈ မျိုးဟာ မျိုးတုံးတဲ့အထိ ဖြစ်သွားနိုင်တယ် လို့သိရပါတယ်။ ရာသီဥတု ပြောင်းလဲမှု ကြောင့် ပထမဆုံး မျိုးတုံးသွားခဲ့တဲ့ မျိုးစိတ်တစ်မျိုးကို ပညာရှင်တွေက မကြာမီကပဲ သိရှိခဲ့ရပါတယ်။ အဲဒီမျိုးစိတ်ကတော့ အာဖရိကတိုက် အော်စတာရီကာနိုင်ငံမှ ရွှေရောင် ဖားပြုပ်(Extinct Golden Toad) ဖြစ်ပါတယ်။ဒီရွှေရောင်ဖားပြုပ်တွေဟာ ကော်စတာရီကာနိုင်ငံ မွန်းဗာ့ဒ်ဒေသ ပေ ၄၀၀၀ ကျော်မြင့်တဲ့ တောင် စောင်း သစ်တောတွေမှာ နေထိုင်ခဲ့ကြပါတယ်။ပုံမှန်ရာသီဥတုရှိစဉ်က ရွှေရောင်ဖားပြုပ်ရာပေါင်း များစွာဟာ နှစ်စဉ် ဧပြီလဝန်းကျင်မှာ တောင် စောင်း ရေကန်တစ်ခုအတွင်း စုရုံးနေတတ်ခဲ့ကြ ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော် ခန့်ကစပြီး အဲဒီဒေသမှာ အပူချိန် တက်လာတဲ့ အတွက်ကြောင့် ရွှေရောင်ဖားပြုပ်အရေအတွက် ဟာ တဖြည်းဖြည်းလျော့နည်းလာခဲ့ပါတယ်။၁၉၈၈ ခုနှစ်ရောက်တော့ ၁၀ ကောင်သာကျန် ပါတယ်။၁၉၈၉ ခုနှစ်ရောက်တော့ တစ်ကောင်ပဲ တွေ့ရပြီး နောက် ယခုချိန်အထိ တစ်ကောင်မျှမတွေ့ရတော့ တဲ့အတွက် ကမ္ဘာပေါ်မှ မျိုးတုံးပျောက်ကွယ်သွား ခဲ့ပြီလို့ယူဆရပါတယ်။ ဒေသတစ်ခုမှာ ဇီဝမျိုးကွဲတွေ များပြားစွာ တွေ့ရှိရရင် အဲဒီဒေသရဲ့ ဇီဝစနစ်ဟာကောင်းမွန် တယ်လို့ ဆိုနိုင်ပါတယ်။ လက်ရှိ အခြေအနေမှာ မျိုးစိတ်အ ရေအတွက်တိုးလာဖို့နေနေသာ ဆုတ် ယုတ် လျော့နည်းလာ နေပါတယ်။ မျိုးတုံးလာရတဲ့ အကြောင်းရင်းတွေကတော့ ကမ္ဘာ့လူဦးရေ များ ပြားလာပြီး တိရစ္ဆာန်တွေကို အလွန်အကျွံဖမ်းဆီး သတ်ဖြတ်ခြင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းလာခြင်း၊ သစ်တောတွေ ခုတ်လှဲကြတဲ့အတွက် သတ္တဝါတွေ နေထိုင်စရာ ပျက်စီးခြင်း၊ အစားအစာ အတွက် အပြိုင် ရှာဖွေလာရခြင်းတွေကြောင့်အပြင် ယခု အခါမှာ ကမ္ဘာကြီးပူနွေးလာပြီး ရာသီဥတု ပြောင်း လဲလာမှုကြောင့် အဓိကဖြစ်လာပါတယ်။ လောလောဆယ် တစ်ရက်ကို ဇီဝမျိုးစိတ် ၁၀၀ နှုန်း ခန့် မျိုးတုံးပျောက်ကွယ်နေတယ်လို့ ခန့်မှန်း ကြပါတယ်။ ယနေ့ကမ္ဘာမှာ မျိုးစိတ် ပေါင်း တစ်သန်းခွဲခန့်ကို စနစ်တကျ မှတ်တမ်း တင် ထားရှိပြီးဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ ထဲမှာ အပင်မျိုးစိတ်ပေါင်း သုံးသိန်းခန့်နဲ့ သတ္တ ဝါမျိုးစိတ်ပေါင်း တစ်သန်းနှစ်သိန်းခန့် ပါဝင် ပါတယ်။ မှတ်တမ်းမတင်နိုင်သေးတဲ့ မျိုးစိတ် ပေါင်း ၅ သန်းကနေ သန်း ၃၀ ခန့်အထိ ရှိဦး မယ်လို့ ခန့်မှန်းကြပါတယ်။ ကမ္ဘာ့အပူချိန်ဟာ လက်ရှိထက် နောက်ထပ် ၂ ဒီဂရီမှ ၃ ဒီဂရီ ဖာရင်ဟိုက်တက်လာရင် ကမ္ဘာပေါ်ရှိ မျိုးစိတ် သုံးပုံ တစ်ပုံခန့်ဟာ မျိုးတုံးပျောက်ကွယ်သွား နိုင်တဲ့ အန္တရာယ်ရှိနေကြောင်းပါ ခင်ဗျား။ ။Ref: Economist မောင်ပုဆိုးကြမ်း

Thursday, 11 Mar 2010

     ပါဝါစတီယာရင်ပြဿနာကြောင့် ယာဉ်တိုက်မှု ၁၄ ခု ဖြစ်ပွားသဖြင့် မြောက်အမေရိကရှိ ကား ၁ ဒသမ ၃ သန်းကို ဂျင်နရယ် မော်တာကုမ္ပဏီက ပြန်လည်သိမ်းယူခဲ့ပါတယ်။

Thursday, 11 Mar 2010

     ဂျပန်ကားကုမ္ပဏီဥက္ကဌ အာကီအိုတိုယိုဒါက ကမ္ဘာ့အကြီးဆုံး မော်တော်ကား ဈေးကွက်ဖြစ်တဲ့ တရုတ် နိုင်ငံရှိ ဖောက်သည်တွေ ကို တောင်း ပန်ခဲ့ပါတယ်။

Thursday, 11 Mar 2010

     တိုယိုတာမော်တော်ကားများတွင်အန္တရာယ် ကင်းရှင်းမှုနှင့် ပတ်သက်သော ချို့ယွင်းချက်များ တွေ့လာရသဖြင့် ကမ္ဘာတစ်ဝန်း လုံးသို့ ရောင်းချခဲ့ပြီးဖြစ်သည့် မော်တော်ကားမိုဒယ်အချို့မှ စီးရေ အများအပြားကို ကုမ္ပဏီက ပြန်လည်သိမ်းဆည်း နေရသည်။

Wednesday, 10 Mar 2010

    ပြင်သစ်နိုင်ငံ၏ ပြည်ပကုန်သွယ်မှု အခြေအနေပြစာရင်းဇယားများကို ၂ဝ၁ဝ ပြည့်နှစ် ဖေဖော်ဝါရီ ၅ ရက်တွင် ပြင်သစ်နိုင်ငံ ပြည်ပကုန် သွယ်ရေးဝန်ကြီး Mme.Anne-Marie Idrac  က ထုတ်ပြန်ခဲ့သည်။

Pages