Background
တရုတ်နဲ့ ဂျပန်နိုင်ငံတို့က အမေရိကန်ဒေါ်လာကို အသုံးမပြုဘဲ တရုတ်ယွမ်ငွေနဲ့ ဂျပန်ယန်းငွေ တို့ကိုအသုံးပြုပြီး တိုက်ရိုက်ကုန်သွယ်မှုကို မြှင့်တင်တော့မှာဖြစ်တယ်။ ဒါ့ပြင် ငွေကြေးဈေးကွက်အတွင်း ပါဝင်တဲ့ ကုမ္ပဏီတွေအတွက် ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမှာဖြစ်ကြောင်း ဂျပန်အစိုးရက ၂၆-၁၂-၂၀၁၁ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
တရုတ်နိုင်ငံသုံး ရန်မင်ဘီ (ယွမ်)ငွေကြေး သည် မကြာမီအတွင်းမှာ ဒေါ်လာ၊ ယူရိုတို့နှင့် အတူ နိုင်ငံတကာငွေပေးချေမှုများတွင် ပါဝင်လာ လိမ့်မည်ဟု HSBC ဘဏ်က ထုတ်ပြန်သည့်စစ် တမ်းတွင် ဖော်ပြခဲ့သည်။ ရန်မင်ဘီကို နိုင်ငံတကာ သုံး ငွေကြေးဖြစ်လာစေရန် တရုတ်နိုင်ငံက ကြိုး ပမ်းဆောင်ရွက်နေခြင်းကို သတိမပြုမိကြသော် လည်း တိုးတက်နေပုံရသည်။
မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်း၏ အရန်ဆန်သိုလှောင်ထား ရှိမှုအစီအစဉ်အတွက် လိုအပ်သော ဧည့်မထ ၂၅ % အဆင့် ဆန် မက်ထ ရစ် တန်ချိန် ၁၀၀၀ နှင့်ညီမျှသော အိတ်ရေ ၂၀၀၀၀ ကို ကျပ်ငွေဖြင့် ဝယ် ယူမည့် အစီအစဉ်အတွက် စိတ်ပါဝင် စားသည့် ကုမ္ပဏီများအား တင်ဒါစနစ် ဖြင့် ရွေးချယ်ပွဲကို ၂၀၁၁ ခုနှစ် ဒီဇင် ဘာ ၃၁ ရက် နေ့လယ် ၁၅း၁၅ နာရီမှာ ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့ နယ်ရှိ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ရုံးရှိ မြန်မာ နိုင်ငံဆန်စပါး လုပ်ငန်းအသင်းရုံးခန်း မှာ ပြုလုပ်ခဲ့ပါတယ်။
ထိုင်းကုန်စည်ပြပွဲ ၂၀၁၁ ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နံနက် ၉း၀၀ နာရီမှာ ရန်ကုန် မြို့ ဦးဝိစာရလမ်းရှိ တပ်မ တော်ခန်းမ မှာကျင်းပပြုလုပ်ခဲ့ ပါတယ်။
တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့်ယာဉ်တင်သွင်းခွင့်အကျိုးဆောင် လုပ်ငန်းအချို့သည် ယာဉ်ဝယ်ယူရန် ကြိုပွိုင့်အဖြစ်ပေးချေထားသည့်ငွေများကို လိမ်လည်ထွက်ပြေးမှုဖြစ်ပွားခဲ့ကြောင်း ယာဉ်ဝယ်ရောင်းလုပ်ကိုင်သူတစ်ဦးက အောက်တိုဘာ ၂၆ ရက်တွင် ပြော ကြားသည်။ ယာဉ်တစ်စီးလျှင် ကျပ်သိန်းတစ်ရာနှုန်းဖြင့် ကြိုပွိုင့်ယူထားပြီး ထွက်ပြေး သွားသည့်အကျိုးဆောင် အဖွဲ့လေးဖွဲ့ရှိကြောင်း၊ လိမ်လည်ယူသွားသည့်ယာဉ်စီးရေ ၁၈၀ စီးခန့်ရှိပြီး ငွေကြေးအား ဖြင့် ကျပ်သိန်းတစ်သောင်း ရှစ်ထောင် ခန့်ရှိကာ ရက်သတ္တပတ်နှစ်ပတ်ခန့်ကြာ မြင့်ပြီဖြစ်ကြောင်း ၎င်းင်းကပြောကြား သည်။ (The Voice Weekly ရဲ့ Monday October 31-November 6- 2011) ရက်နေ့ထုတ် အချပ်ပိုစာမျက် နှာ 1V ပါ " ကားသွင်းပေးသောလုပ်ငန်း အချို့လိမ်လည်" ဆိုသည့်ခေါင်းစဉ်ဖြင့် သတင်းတစ်ပိုင်းတစ်စကို ဖတ်ရသော အခါ ကျွန်တော့်စိတ်ထဲတွင် " ကားသစ် တောင်မမြင်ရသေးဘူး၊ ဇာတ်လမ်းက စပြီ" ဟုကောက်ချက်ချမိသည်။ ယခုအခါ ပုံနှိပ်မီဒီယာများဖြစ်သော အပတ်စဉ်ဂျာနယ်များတွင် ကားတင်သွင်းပေးမည့် ဝန်ဆောင်မှုကုမ္ပဏီ များသည် မော်တော်ကား ဓါတ်ပုံများကို ဖော်ပြပြီး ကားတင်သွင်းခွင့်ခွင့်ပြုမိန့် (ပါမစ်)ရရှိသူများကို ၎င်းတို့ကုမ္ပဏီများ က တာဝန်ခံကား တင်သွင်းပေးမည်ဖြစ် ကြောင်း ကြော်ငြာလျက်ရှိသည်ကို တွေ့ရသည်။ ၃၀-၁၀-၂၀၁၁ ရက်နေ့ထုတ် The Voice Weekly ဂျာနယ်ပါသတင်း အချက်အလက်အရ " ကားပါမစ်ရှိရုံဖြင့် ကားတစ်စီးတင်သွင်းပေးမည်" ''Customerများ၏ ဝယ်ယူအားပေးမှုကို အမြဲ ဦးထိပ်ပန်ဆင်လျက် " ဆိုသည့် ဆွဲဆောင်မှုများကို ယုံကြည်ရန် ခက်ခဲ ခဲ့ပြီဖြစ်သည်။ ကျွန်တော်သည်လည်း နှစ် (၂၀) (၃၀)(၄၀) ဆိုသည့်သတ်မှတ်ချက်နှင့် အကျုံးဝင်သော ယာဉ်အိုယာဉ်ဟောင်း တစ်စီး လက်ဝယ်ပိုင်ဆိုင်ထားသည်ဖြစ်ရာ မျှော်လင့်ချက်အလင်းရောင်တချို့ တစ်ဝက်တောက်ပ လျက်ရှိသည်။ ယာဉ် အိုယာဉ်ဟောင်းများ လဲလှယ်ပေးမည့် အစီအစဉ်ကို နိုင်ငံတော်က မကြေညာ မီကကျွန်တော်သည် ကိုယ်ပိုင်ကားစုတ် ကလေးနှင့်ပတ်သက်ပြီး အလွန်ပင်ဦးနှောက်ခြောက်ခဲ့ရပါသည်။ ယာဉ်ကအို ဟောင်းနေပြီဖြစ်သဖြင့် ခရီးဝေးသွား ရန်မပြောနှင့် လမ်းပေါ်ပင်ရဲရဲတက်မ မောင်းဝံ့၊လမ်းပေါ်တက်ပြန်တော့လည်း သတိထားမောင်းရ၊ အလုပ်ရုံထိုးပြီးပြင်ဆင်ရမည်ဆိုတော့လဲ ဆေး၊ ဘော်ဒီ ပတ်ကားလုပ်မည်ဆိုလျှင် ကိုးသိန်းခန့် ကုန်မည်ဖြစ်သဖြင့် မိမိ၏လတ်တလော အခြေအနေအရမဖြစ်နိုင်။ သို့ဖြစ်ရာ အဖက်ဖက်မှ လက်မှိုင်ချထားရသော ကားအိုကလေးက နိုင်ငံတော်အစိုးရ၏ စေတနာဖြင့် မျှော်လင့်ချက်ရောင်နီသမ်း ခဲ့ရသည်။ နိုင်ငံတော်အစိုးရ၏ စေတ နာကြောင့် ရောင်နီသမ်းခဲ့ရသော မော်တော်ကားနှင့်ပတ်သက်သည့် မျှော်လင့် ချက်သည် ဝိသမလောဘသား တချို့ ၏ စဉ်းလဲကောက်ကျစ်မှုများကြောင့် စိုးရိမ်ပူပန်မှုများဖြစ်ခဲ့ရပြန်သည်။ သို့ဖြင့်ကျွန်တော်က ယာဉ်အို ယာဉ်ဟောင်းအပ်နှံကာ သတ်မှတ်စံနှုန်း များနှင့်အညီ ကားသစ်တစ်စီး တင်သွင်း ခွင့်ဆိုင်ရာ သတင်းများကို လေ့လာခဲ့ မိပါသည်။ ကားသစ်ပါမစ်ရသူအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူ များက မီဒီယာများမှအချိန်နှင့် တစ်ပြေး ညီသတင်းထုတ်ပြန်ခဲ့သည်ကိုလည်း တွေ့ ရသည်။ စက်တင်ဘာလ ၁၆ ရက်နေ့ ထုတ်မော်ဒန်သတင်းဂျာနယ်တွင် ပါရှိသော " ကားသစ်ပါမစ်ရသူ အရောင်းပြခန်းမှာလဲ ဝယ်ယူနိုင်ဖို့စီစဉ်" ဆိုသည့် သတင်းခေါင်းစဉ်တွင် ဖော်ပြသော သတင်းအချက်အလက်များတွင် " ကားအဟောင်းအစား ကားသစ်ဝယ် ယူခွင့် ပါမစ်ရသူတွေ ပြည်တွင်းမှာတင် နိုင်ငံ ခြားကားမျိုးစုံဝယ်ယူနိုင်အောင် ယာဉ်အရောင်းပြခန်းဖွင့်ပြီး ရောင်းချပေးဖို့ ရှိကြောင်း သိရတယ်။ ကားဝယ်ယူခွင့် ပါမစ်ရပြီး နိုင်ငံခြားက ကားဝယ်ယူတင် သွင်းဖို့ မလုပ်တတ်သူတွေ၊ ရုံး မသွား ချင်သူတွေအတွက် နိုင်ငံခြားကား ထုတ် လုပ်တဲ့ ကုမ္ပဏီတွေနဲ့ ဆက်သွယ်ပြီး မြန်မာနိုင်ငံထဲမှာတင် ကားဝယ်ယူနိုင် အောင် ယာဉ်အရောင်းပြခန်းဖွင့်လှစ် ရောင်းချနိုင်ရေး ခွင့်ပြုပေးထားတာဖြစ်တယ်လို့ စက်တင်ဘာလ ၁၁ ရက်နေ့ ပြည်ထောင်စုဝန်ကြီးတချို့နဲ့ တွေ့ဆုံ ပွဲမှာ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းထံ ကသိရပါတယ်။ သူက " ကားဝယ်ယူခွင့် ပါမစ်ရပြီး မလုပ်တတ်သူတွေက ကား လုပ်တဲ့ကုမ္ပဏီတွေ၊ အကျိုးဆောင်လုပ် ငန်းတွေထံအပ်မယ်၊ အဲဒီမှာ လက်ဝါး ကြီးအုပ်လိုက်ရင် ကားဝယ်ယူခွင့်ပါမစ် ရသူတွေ ဒုက္ခရောက်မယ်။ အဲဒီကိစ္စမျိုး တွေပျောက်အောင် ယာဉ်အရောင်းပြ ခန်းဖွင့်ရောင်းပေးမယ်" လို့ပြောပါတယ် ဟုသတင်းတွင် ဖော်ပြထားရာ သက် ဆိုင်ရာတာဝန်ရှိသူများက မော်တော် ကားတင်သွင်းခွင့်ရရှိသူ ယာဉ်အိုယာဉ် ဟောင်းပိုင်ရှင်များ၏ အခွင့်အရေးမဆုံး ရှုံးစေရန် ကြိုတင်မျှော်တွေးကာ အချိန် နှင့်တစ်ပြေးညီသတင်း ထုတ်ပြန်ပေးခဲ့သည် ကို တွေ့ရှိရသည်။ သို့ဖြစ်၍ ကျွန်တော်တို့သည် သတင်းအချက်အလက်များကို အမြဲမ ပြတ်လေ့လာနေရမည်ဖြစ်သည်။ ရုပ်မြင်သံကြားအစီအစဉ်တွင် သတင်း လွှင့်ချိန်ရောက်လျှင် ရုပ်သံပြစက်ကို ပိတ်ထားတာမျိုး၊ ဂျာနယ်စာမျက်နှာ တွင် ရုပ်ရှင်မင်းသား/မင်းသမီးသတင်း၊ အဆိုတော်/မော်ဒယ်သတင်းကလွဲပြီး ကျန်သည့်သတင်းကျော်လွှားကာဖတ် သည့်အလေ့ များကို ပယ်ဖျောက်ချိန် တန်ပြီဖြစ်သည်။ ကားတင်သွင်းခြင်းနှင့်ပတ်သက် ၍ ကားတင်သွင်းခွင့်ပါမစ်ရရှိထားသူ များအတွက် တန်ဖိုးရှိသတင်းတစ်ပုဒ် ကို လည်း အောက်တိုဘာလ ၂၈ ရက်နေ့ ထုတ်မော်ဒန်သတင်းဂျာနယ် စာမျက် နှာ ၆ ပြည်တွင်း သတင်းကဏ္ဍတွင် "တရားဝင်အကျိုးဆောင်ကုမ္ပဏီ နဲ့ကား ဝယ်ဖို့လို" ဆိုသည့် ခေါင်းစဉ်ဖြင့် " ကားဟောင်း အပ်ပြီး ကားတင်သွင်းခွင့် ရထားသူတွေ ငွေကြေးအလိမ်မခံရဖို့၊ ဆုံးရှုံးမှုမရှိဖို့ ဥပဒေလုပ်ထုံးလုပ်နည်း တွေနဲ့အညီ တရားဝင်အကျိုးဆောင် ကုမ္ပဏီတွေ ကားအရောင်းပြခန်းဖွင့်လှစ် ရောင်းချသည်အထိ အချိန်နည်းနည်း စောင့်သင့်တယ်လို့ အချို့ကအကြံပြု တယ်။ လုပ်ငန်းမကျွမ်းကျင်မှုကြောင့် အကျိုးဆောင်ကုမ္ပဏီထံအပ်တဲ့အခါ လိမ်လည်ခံ ရတာ၊ အကျိုးဆောင်ခ ကျပ် ၁၀ သိန်းကနေ သိန်း ၅၀ အထိ အဆမတန်ပေးရတာမျိုးတွေနဲ့ ကြုံတွေ့ နေရကြောင်း ကားဟောင်းပိုင်ရှင်အချို့ ကပြောပါတယ်။ " တရားဝင်အကျိုးဆောင်ကုမ္ပဏီ ဆိုတာက နိုင်ငံခြားကားကုမ္ပဏီကနေ တရားဝင် လုပ်ပိုင်ခွင့်ပေးအပ်ခံထားရသူ မျိုးဖြစ်တယ်။ လုပ်ပိုင်ခွင့်ရကုမ္ပဏီမှာ ဝယ်သူက အပြီးသတ်ဈေးဆစ်လို့ရတယ်။ ဈေးနှုန်းအတည်ပြုလို့ရတယ်။ ကြိုက်ရာကားရွေးချယ်နိုင်တယ်။ ငွေကိုလဲ တစ်ခါတည်းပေးချေနိုင်ပြီး အရောင်းအ ဝယ်စာချုပ်အပြီးသတ်ချုပ်ဆိုနိုင်တဲ့ အခွင့်အရေးသာတယ်။ တရားဝင်အကျိုး ဆောင်ကုမ္ပဏီတွေ ကားအရောင်းပြခန်း ဖွင့်ခွင့်ရတာနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ကားသစ်ဝယ်ယူနိုင်ရေး အခက်အခဲပြေ လည်နိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက သိရတယ်။ လက်ရှိကားတင်သွင်းပေးနေတဲ့ အကျိုးဆောင်ကုမ္ပဏီအချို့က စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ် နည်းတွေနဲ့ တစ်ထပ်တည်းမဖြစ်ဘူး လို့ဆိုပါတယ်။ တရားဝင်လုပ်မယ်ဆိုရင် ဥပမာ နိုင်ငံခြားကားကုမ္ပဏီထံကနေ မြန်မာနိုင်ငံမှာ ကားရောင်းချတာနဲ့ ပတ်သက်လို့ အကျိုးဆောင်ချင်တယ် ဆိုရင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှာ စီးပွားရေးအကျိုး ဆောင် မှတ်ပုံတင်လျှောက်ထားခွင့်ပြု နေတယ်လို့ သိရတယ်"။ " ရင်းနှီးမြှုပ်နှံမှုဦးစီးဌာနမှာ လုပ် ငန်းဆောင်ရွက်မယ့် ကုမ္ပဏီက အကျိုး ဆောင်ကုမ္ပဏီအဖြစ် မှတ်ပုံတင်ရရှိပြီး ကုမ္ပဏီကပဲ စီးပွားရေးအကျိုးဆောင် မှတ်ပုံတင်လျှောက်ထားခွင့်ရှိပါတယ်။ နိုင်ငံခြားကုမ္ပဏီက ကားတွေကို မြန်မာ နိုင်ငံအတွင်း ရောင်းချခွင့်ပေးဖို့ တရား ဝင်အကျိုးဆောင်လွှဲအပ်ခံရသူဖြစ်ရ မယ်။ တရားဝင် အကျိုး ဆောင်ဖြစ်ပြီဆို တာနဲ့ နိုင်ငံခြားကုမ္ပဏီကိုယ်စားမြန်မာ ကကားဝယ်မယ့်သူတွေကို တရားဝင် ရောင်းချပေးတာမျိုးသာ ဥပဒေလုပ်ထုံး လုပ်နည်းတွေနဲ့ အညီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သိရတယ်"။ " လက်ရှိအကျိုးဆောင်ကုမ္ပဏီနဲ့ ဝယ်သူအကြားပြဿနာက မြန်မာနိုင်ငံ ရှိ တည်ဆဲဥပဒေအရပဲ သူတို့မှာ အပြန်အလှန်တာဝန်ရှိမှာဖြစ်တယ်။ ရှေ့ ဆက်ပြီး ဌာနကတရားဝင်ရှိတဲ့ လုပ်ထုံး လုပ်နည်းနဲ့ဆောင်ရွက်မယ့် ကုမ္ပဏီဆို ရင် ပြဌာန်းထားတဲ့ စည်းမျဉ်းစည်းကမ်း တွေကို လိုက်နာဆောင်ရွက်စေမှာဖြစ် တယ်လို့ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာန ပို့ကုန်သွင်းကုန်မူဝါဒနှင့် ဥပဒေ လုပ်ငန်းများဆိုင်ရာ စိစစ်ဆောင်ရွက် ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးသန်း အောင်က ပြောပါတယ်" ဟု ဖော်ပြ ထားသည်ကို ဖတ်ရှုရပါသည်။ ယာဉ်ဟောင်းအပ်နှံပြီး ကားတင် သွင်းခွင့်ခွင့်ပြုမိန့် (ပါမစ်) ရရှိသူများအ တွက် မဖြစ်မနေသိသင့်သိ ထိုက်သော အချက်အလက်များဖြစ်ပါသည်။ တစ်ဆက်တည်းမှာပင် ကားအ ရောင်းစင်တာဖွင့်လှစ်ရန်အတွက် လျှောက်လွှာ နှင့် အတူ တင်ပြရမည့်အ ချက်များကိုလည်း လေ့လာတွေ့ရှိရသ ဖြင့် ဖော်ပြအပ်ပါသည်- ၁။ ကုမ္ပဏီ Letter Head ပါအရောင်းစင်တာဖွင့်လှစ်ခွင့်တင် ပြသည့်လျှောက်လွှာ။၂။ ဝန်ဆောင်မှုကုမ္ပဏီမှတ်ပုံတင် မိတ္တူ။၃။ စီးပွားရေးအကျိုးဆောင်မှတ်ပုံတင်မိတ္တူ။၄။ အရောင်းစင်တာတည်နေရာ နှင့် အကျယ်အဝန်း(ဓာတ်ပုံ ပူးတွဲ တင်ပြရမည်)။၅။ မော်တော်ကားသိုလှောင်ထား မည့် တည်နေရာနှင့် အကျယ်အဝန်း (ဓာတ်ပုံပူးတွဲတင်ပြ ရမည်)။၆။ ကုမ္ပဏီ၏ နိုင်ငံခြားငွေစာရင်း အမှတ်နှင့် နိုင်ငံခြားငွေပမာဏ၊ ဘဏ်စာအုပ်မိတ္တူ။၇။ ကုမ္ပဏီ၏ မြန်မာငွေစာရင်းအမှတ်နှင့် မြန်မာကျပ်ငွေပမာ ဏ၊ ဘဏ်စာအုပ်မိတ္တူတို့ဖြစ်ပါသည်။ တင်ပြရမည့်အချက် (၇) ချက်ရှိ ပြီး အမှတ်စဉ် (၂) အချက်ဖြစ်သော ဝန်ဆောင်မှုကုမ္ပဏီမှတ်ပုံတင်ခြင်းလုပ် ငန်းကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနတွင် ဆောင်ရွက်ရမည်ဖြစ်ပြီး အမှတ်စဉ် (၃)အချက် ဖြစ်သော စီးပွားရေးအကျိုးဆောင်မှတ် ပုံတင်ခြင်းကိစ္စရပ်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရှိရပါသည်။ သို့ဖြစ်၍ ကားတင်သွင်းခွင့်ပါမစ် ရရှိထားသူများအနေနှင့် တရားမဝင်ဝန် ဆောင်မှုကုမ္ပဏီများထံ ယုံမှတ်၍ ပုံမအပ်မိစေရန်၊ ဖတ်ရှုမှတ်သားထားသည် များမှ ထုတ်နုတ်စုစည်းကာ တင်ပြအပ် ပါသည်။ ဆက်လက်၍ တင်ပြလိုသည်မှာ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် ယာဉ်တင်သွင်းခွင့် အကျိုးဆောင်များ၏ စီးပွားရေးကြော်ငြာများကို လက်ခံဖော် ပြနေသည့် မီဒီယာများနှင့် ပတ်သက်၍ ဖြစ်ပါသည်။ မီဒီယာ များ၏ အသက် သွေးကြောသည် ကြော်ငြာဝင်ငွေအပေါ်မှီခိုနေရကြောင်း မှတ်သားဖူးပါ သည်။ သို့သော်လည်း နိုင်ငံတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြုပြင် ပြောင်းလဲကာ ဒီမိုကရေစီနိုင်ငံတော် သစ်ကို ဖော်ဆောင်နေချိန်တွင် တရားဝင်ခွင့်ပြုမိန့်မရသေးသော ဝန်ဆောင်မှု ကုမ္ပဏီများ၏ ကြော်ငြာများကို ဖော်ပြ ခြင်းဖြင့် တရားဥပဒေကိုစောင့်ထိန်းရန် ပျက်ကွက်ရာရောက်ပါသည်။ မီဒီယာ များသည် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးဆိုသည့် မဏ္ဍိုင်(၃)ခုကို တည့်မတ်ထိန်းကျောင်းပေးသည့်စတုတ္ထ မဏ္ဍိုင်ဖြစ်ပေရာ တည်ဆဲဥပဒေများ ကို မစောင့်ထိန်းရာရောက်သော တရား ဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် ယာဉ် တင်သွင်းခွင့်အကျိုးဆောင်များ၏ စီး ပွားရေးကြော်ငြာများကို ဖော်ပြနေသည့် အပြုအမူများကို ပြုမူကျူးလွန်ရန်မှာ သင့်တော်မည်မဟုတ်သောကြောင့် အ လေးအနက်ဂရုပြုဆောင်ရွက်နိုင်ရန် ရေးသားလိုက်ရပေသည်။
ဘယ်ဈေးကွက်ကို ဘယ်သူရွေးခဲ့သလဲ ဗဟိုမှချုပ်ကိုင်ခဲ့သည့် စီမံကိန်းချ စီးပွားရေး စနစ်ဖြင့် စခန်းသွားခဲ့ရသည့် ၁၉၈၈ ခုနှစ် မတိုင် ခင်ကာလ မြန်မာနိုင်ငံတွင် " သမဝါယမ"ဆိုသည့် စကားလုံးသည် အလွန်လူသိများ ရေပန်းစားခဲ့သည်။ " ဈေးကွက် " ဆိုသည်ကို မည်သူမှ ရေးကြီး ခွင်ကျယ်ဆွေးနွေးမှုများ မရှိခဲ့။ စိတ်လည်းမဝင်စား ခဲ့ပေ။ အများပြည်သူတို့သည် ၎င်းင်းတို့၏နေ့စဉ်ဘ၀ လိုအပ်ချက်အတွက် စားသုံးကုန်မှစ၍ လူအသုံး အဆောင်ပစ္စည်းအဆုံး လိုအပ်ချက် အများစုကို အစိုးရမှထူထောင် ထားသော သမဝါယမဆိုင်များ သို့သွားရောက်၍ သတ်မှတ်ထားသော စာအုပ်ဖြင့် ကန့်သတ်ထားသော ကိုတာကို ဝယ်ယူခဲ့ကြရသည်။ ထို့အတွက်ကြောင့်လည်း ဈေးကွက်ဆို သည်ကို သတိမမူမိဘဲ သမဝါယမအဖွဲ့အစည်း၏ သဘောတရား လုပ်နည်းလုပ်ဟန်များထဲတွင်သာ နစ်မျောခဲ့ကြခြင်း ဖြစ်ပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ စီးပွားရေး သဘော တရားအရ ရောင်းသူနှင့်ဝယ်သူရှိလျှင် "ဈေးကွက်" သည် အလိုအလျှောက် တည်ရှိနေပြီးဖြစ်သည်ဟု ဆိုသောကြောင့် ထိုစနစ်အောက်မှာပင် ဈေးကွက် ဆိုသည့်အရာ တည်ရှိနေခဲ့ပြီး ဖြစ်သည်ဟုဆိုနိုင်သည်။ ထိုဈေးကွက်ထဲတွင် ရောင်းသူမှာ တစ်ဖွဲ့ တစ်စည်းတည်းဖြစ်သော အုပ်ချုပ်သူ အစိုးရဖြစ် ပြီး ဝယ်သူမှာ တစ်နိုင်ငံလုံးရှိ အများပြည်သူ ပြည်သားစားသုံးသူများပင် ဖြစ်သည်။ အမျိုးအစားအား ဖြင့် တစ်ဦးတည်း၊ တစ်ဖွဲ့တည်းမှ ချုပ်ကိုင်ထားသော မိုနိုပိုလီဈေးကွက်ဟု ဆိုရမည်။ စီမံကိန်း စီးပွားရေးစနစ်အောက်မှ ထိုဈေးကွက်ထဲတွင် စားသုံးသူ အများပြည်သူတို့သည် အရည်အသွေး၊ဈေးနှုန်း ရွေးချယ်စရာမရှိ ချိန်ဆစရာမလိုဘဲ ရောင်းချသမျှ ဝယ်ယူရန်သာဖြစ်သည်။ သို့ရာတွင် ထိုဈေးကွက်များသည် လွတ်လပ်သောဈေးကွက် စီးပွားရေးစနစ်ထဲရှိ မိုနိုပိုလီဈေးကွက်များကဲ့သို့ ဈေးနှုန်းကစားခြင်း၊ အရည်အတွက်ပေါ် မူတည်၍ ဈေးနှုန်းပြောင်းလဲခြင်းများ မပေါ်ပေါက်တတ် ပေ။ ဆိုရှယ်လစ်စနစ်၏ အခြေခံမူအရ ပြည်သူတို့ ၏ စားဝတ်နေရေး ဖူလုံမှုကိုရှေးရှုရသောကြောင့် ဈေးနှုန်းများ သက်သာပြီး ဈေးကွက်တည်ငြိမ်သည်။ စီမံကိန်းချ စီးပွားရေးစနစ်အောက်ရှိ ပြိုင်ဘက်ကင်း၍ အမြတ်အစွန်း မက်လုံးလှုပ်ရှားမှု မရှိသော ဈေးကွက်များကြောင့် လူအဖွဲ့အစည်း တွင် အဘက်ဘက်မှ အရည်အသွေး ကျဆင်းမှု များဖြစ်ပေါ်ခဲ့ပြီး ညံ့ဖျင်းသော ထုတ်ကုန်များကို သာ အသုံးပြုရသောကြောင့် နေထိုင်မှုဘဝများပါ အဆင့်အတန်းများ နိမ့်ကျခဲ့ရကြောင်း နိုင်ငံရေး ဘောဂဗေဒပညာရှင်တို့က အခိုင်အမာ ထောက်ပြကြသည်ကို တွေ့ရသည်။ ၁၉၈၈ ခုနှစ် ဆိုရှယ် လစ်စနစ်ပြိုလဲသောအခါ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းကို ဦးတည်သော နိုင်ငံရေးစနစ်သို့ ပြောင်း လဲကျင့်သုံးခဲ့ပြီး နိုင်ငံရေးစနစ်နှင့် သဟဇာတဖြစ် မည့် အောင်မြင်မှု စံနမူနာများဖြင့် လူကြိုက်များ နေသော လွတ်လပ်သောဈေးကွက်စနစ်ကိုပါ ရွေး ချယ် ကျင့်သုံးခဲ့ကြတော့သည်။ မိတ်အဆက်မှာ စိတ်ပျက်ခဲ့ရတဲ့ဈေးကွက် စီမံကိန်းချစီးပွားရေးစနစ်တွင် "သမဝါယမ"ဖြင့် ရင်းနှီးကျွမ်းဝင်ခဲ့ပြီးနောက် နိမ့်ဆင်းလာခဲ့ သော နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးမှုအဆင့်၊ ချွတ်ခြုံကျလာသော ပြည်သူတို့၏ လူနေမှု အဆင့်အတန်း များကို ရင်ဆိုင်ကြုံတွေ့လာရသောကြောင့် လွတ်လပ်သောဈေးကွက်များကို အများနည်းတူ အားကိုးရကောင်းမှန်း သိလာခဲ့ခြင်းဖြစ် ပေလိမ့်မည်။ ဈေးကွက်စနစ်ကြောင့် ချက်ချင်းလက်ငင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာနိုင်သည်ဟု မပြောနိုင်သော်လည်း ဈေးကွက်စနစ်ပီပြင်မှု ရှိလာလေလေ ပြိုင်ဆိုင်မှုနှင့် ဈေးကွက်မက်လုံးများ စွမ်းအားရှိလေ လေဖြစ်လာကာ လုပ်သားအင်အားစုများ၏ ကြိုးစားလုပ်ကိုင်မှုများ တိုးတက်များပြားလာခြင်း၊ ဝင်ငွေအဆင့် မြင့်မားလာခြင်း၊ တစ်နိုင်ငံလုံးအားဖြင့် လည်း စီးပွားရေးဖွံ့ဖြိုးမှု အဆင့်အတန်း တိုးတက် လာနိုင်ခြင်း စသည့်ကောင်းကျိုးရလဒ်များရှိလာနိုင် သည်ကိုမူ တထစ်ချ သုံးသပ်နိုင်သည်။ အပြောင်းအလဲကာလတွင် မတည်ငြိမ်မှု သည် သဘာဝဖြစ်သည်။ ဈေးကွက်စနစ်သို့ ကူးပြောင်းကာစ ဈေးကွက်စနစ်ကို မိတ်ဆက်ကျင့်သုံး စကာလတွင် ဈေးကွက်ဈေးနှုန်း မတည်ငြိမ်မှုများ ကြုံတွေ့ရနိုင်သည်။ ပေါ်လစီချမှတ်ရာတွင် မကျွမ်းကျင်မှု၊ သတင်းအချက်အလက် စီးဆင်း နိုင်စွမ်း အားနည်းမှုတို့နှင့် လုပ်ထုံးလုပ်နည်းများ ထင်သာမြင်သာ ရှိနိုင်စွမ်း လျော့ပါးခဲ့ခြင်းတို့ ကြောင့် ဈေးနှုန်းမတည်ငြိမ်ဖြစ်မှုများ ဖြစ်တတ် သကဲ့သို့ အခြေအနေဖန်တီး၍ အခွင့်အရေးများ ရယူတတ်သည့် စီးပွားရေးသမားများကြောင့်လည်း ဈေးကွက်မသေချာ မရေရာခြင်းများ၊ ဈေးကွက် အခြေ အနေကမောက်ကမ ဖြစ်ခြင်းများလည်း ကြုံတွေ့ရတတ်ပြန် သည်။ ဥပမာ နိုင်ငံရပ်ခြားတွင် သာမန်ကုန်စည်ဖြစ်နေသော ဟန်းဖုန်းနှင့် မော်တော်ကားတို့မှာ မြန်မာနိုင်ငံတွင် ဇိမ်ခံပစ္စည်း ဖြစ်ကာ အံ့သြစရာကောင်းလောက်အောင် ဈေးနှုန်းများမြင့်မားနေခြင်းမျိုးဖြစ်သည်။ ဈေးကွက် စနစ်ကို စတင်မိတ်ဆက်သည့်ကာလ ဆယ်စုနှစ်များအတွင်း အခြေခံ လူတန်းစားအများစုတို့အဖို့ ဈေးကွက်များ၏ အခြေအနေမှာ စိတ်ပျက်ဖွယ် ကောင်းနေတော့သည်။ စားသောက်ကုန်ဈေးကွက် မှစ၍ ပို့ကုန်သီးနှံဈေးကွက်၊ ဟန်းဖုန်းဈေးကွက်၊အိမ်ခြံမြေနှင့် ရွှေ၊ ကားဈေးကွက် စသည်ဖြင့် ဈေးကွက်မျိုးစုံတို့မှာ မှန်းဆရခက်ခဲလောက်အောင် မတည်ငြိမ်မှုများ ရှိခဲ့လေသည်။ မိတ်ဆက်ခြင်းအလွန် ယခု ၂၀၁၁ ခုနှစ် ဧပြီလတွင် အစိုးရသစ် သည် နိုင်ငံတော်တာဝန်များကိုယူခဲ့ပြီး လွှတ်တော် အခင်းအကျင်းဖြင့် နိုင်ငံတော်၏ ခရီးစဉ်သစ်ကို ချီတက်နေပြီဖြစ်သည်။ မိတ်ဆက်ပေး ကျင့်သုံး လာခဲ့သည့် ဈေးကွက်စနစ်သည်လည်း ပီပြင်စွာရုပ်လုံးပေါ်လာတော့မည်။ ဤအချက်ကို အားလုံး သတိပြုမိဖို့လိုသည်။ လွန်ခဲ့သော အပြောင်းအလဲ ကာလများက ဈေးကွက်မျိုးများကိုဖန်တီး၍ ဈေး ကွက်လှုပ်ခါစေရန်၊ ကမောက်ကမဖြစ်စေရန် အား ထုတ်မည်ဟု စိတ်ကူးမယဉ်သင့်တော့ပေ။ ထိုသို့ဆို နေစဉ်မှာပင် စက်တင်ဘာလအစက ကားဟောင်း များကို ပယ်ဖျက်၍ အစားထိုးတင်သွင်းခွင့် ပြုသည့် ကြေညာချက်ပေါ်ထွက်ခဲ့ချိန်၌ ထူးခြား သော မော်တော်ကားဈေးကွက်တစ်ခု ဖြစ်ပေါ်လာ ခဲ့သည်။ ဟောင်းနွမ်းစုတ်ပြတ်နေသော (အချို့ဆို လျှင် လုံးဝသုံးမရတော့သော)ကားတစ်စီး၏ တန်ဖိုး သည် သင့်တင့်မော်ဒယ်မြင့်ကားတစ်စီး တန်ဖိုးနီး ပါးပင်ဖြစ်နေသည်။ ထိုကဲ့သို့ အခြေအနေမျိုးသည် သတင်းအချက်အလက် လွတ်လပ်စွာ စီးဆင်းမှု နှင့် ကုန်ပစ္စည်းလွတ်လပ်စွာစီးဆင်းမှု အားနည်းနေ ခြင်း၊ လုပ်ထုံးလုပ်နည်းများ ထင်သာမြင်သာရှိမှု လိုအပ်နေခြင်း၊ အခွင့်ထူးခံ စီးပွားရေးသမားများ ရှိနေသေးခြင်းတို့ကြောင့် ဖြစ်ပေါ်နေခြင်းဖြစ်သည်။ နိုင်ငံရေး အခင်းအကျင်းသစ်အောက်တွင် စီးပွားရေးဝန်းကျင်သစ် တဖြည်းဖြည်းရုပ်လုံးပေါ်လာသည့်အခါ ထိုအခြေအနေမျိုး တဖြည်းဖြည်း ကွယ်ပျောက်သွားပေလိမ့်မည်။ ၂၀၁၅ ခုနှစ်တွင် အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသ (AFTA) လာတော့မည်။ အများ နည်းတူ ပြိုင်ဆိုင်နိုင်ရတော့မည်။ ဂွင်ဖန်တီးဈေး ကစားတတ်ရုံနှင့် အလုပ်မဖြစ်တော့၊ တကယ့် အရည်အချင်းတွေလိုလာပြီဖြစ်သည်။ အချိန်အခါ သည်လည်း ဈေးကွက်စနစ်နှင့် မိတ်ဆက်ပေးသည့် နိဒါန်းကာလ၏ နိဂုံးသို့ ချဉ်းကပ်လာနေပြီ ဖြစ်ရာ လက်ချင်းချိတ်၍ လာတတ်သော အခွင့် အလမ်းနှင့် စိန်ခေါ်မှုအတွက် အိုင်ဒီယာအသစ် များခင်းကျင်းထားရန် လိုအပ်ပြီဖြစ်ပါကြောင်း။
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး မြို့နယ် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး မြို့နယ်မန်နေ ဂျာ ဦးဇော်မင်းဦး ခေါင်းဆောင်တဲ့ TPI ဝန်ထမ်းများဟာ အောက်တိုဘာ လ ၂၅၊ ၂၆ ရက်များက စပါး၊ ပဲ အထွက် ကောင်းတဲ့နေရာမှာ နာမည်ကြီးတဲ့ ဖဒိုဒေသကို ဆိုင်ကယ်ကိုယ်စီနဲ့ ခရီးနှင်ခဲ့ပါတယ်။ ဒေသတွင်းမှာ စိုက်ပျိုးထားတဲ့ မိုးစပါးများဖြစ်ထွန်းအောင် မြင်လျက်ရှိပြီး သက်တမ်းအလိုက် မြစိမ်းရောင်ကစပြီး၊ ဝါနုရောင်၊ ရွှေဝါရောင်၊ ရွှေအိုရောင်အဆင့်ဆင့် သဘာ၀ ဆေးချယ်ထားတာကို တောက်ပတဲ့ နေရောင်အောက်မှာ အားရစရာ မြင် တွေ့ရပါတယ်။ ကောက်ရိတ်သမများဟာ တံဇဉ် ကိုယ်စီနဲ့ တေးတကျော်ကျော် သီရင်းရွှေအိုရောင်စပါးခင်းများရဲ့ ယာယီ အလှကို စခန်းသတ်ရိတ်သိမ်းနေကြပါတယ်။ ဒါလဲ နှစ်စဉ်ဒီအချိန်ရောက်ရင် မြင်တွေ့ရတဲ့ တောအလှတောသဘာ၀ ဖြစ်ပါတယ်။ ဒီလိုနဲ့ ခရီးဆက်ခဲ့ရာ ဖဒိုဒေသဝိုင်းကြီးကျေးရွာအရောက်မှာ မထင်မှတ်ဘဲ အဝါ အဖြူကျား Combine Harvester တစ်စီးဟာ ရွှေဝါရောင်စပါးခင်းထဲမှာအပြာရောင်ကောင်းကင်ကို နောက်ခံပြုပြီး ရိတ်သိမ်းခြွေ လှေ့လျက်ရှိနေပြီး ရွာထဲက ကလေးလူကြီး ကျားမအရွယ်စုံ အားပေးလေ့ လာကြည့်ရှုနေတာ တွေ့ရလို့ TPIS အဖွဲ့သားများလဲ အားရကျေနပ်စွာနဲ့ ဝင်ရောက်အားပေးတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ Combine Harvester ပိုင်ရှင်က ဖဒိုဝိုင်းကြီးကျေးရွာက လယ်သမားကြီး ဦးခင်မောင်ဦးဖြစ်ပြီး ကိုယ်တိုင် ဦး ဆောင်ပါဝင်ပြီး သားချင်းများစုပေါင်း ကာ Golden Win Success CO., Ltd (GWS) အကူအညီနဲ့ ထိုင်းနိုင်ငံ လုပ် Kubota GC 68 G (ဒီဇယ်သုံး) စက် ဝယ်ဖြစ်ခဲ့ပုံကို ရှင်းပြပါတယ်။ သူ့ အနေနဲ့ လယ်ဧက ၉၀ ပိုင်ဆိုင်ပြီး၊ မိုး စပါးနဲ့ ဆောင်းသီးနှံမတ်ပဲကို သီးထပ် အနေနဲ့ စိုက်ပျိုးလေ့ရှိပါတယ်။ မနှစ်က အချိန်အခါမဟုတ် မိုးရွာတဲ့အခါ စပါး ရိတ်ခြွေ ပြဿနာများစွာ တွေ့ခဲ့ရပါကြောင်း၊ ကောက်စိုက်သမတွေကို မိုးတွင်းကြိုတင်ငွေပေးစနစ်နဲ့ ငှားခဲ့ပေ မယ့် မိုးရိပ်လဲမြင်ရော လယ်သမား တစ်ဦးနဲ့ တစ်ဦးအပြိုင် ဈေးပိုပေးပြီး၊ အလုအယက်ခေါ်ကြတဲ့အတွက် လယ် သမားချင်းချင်းလဲ ပြဿနာပေါ်၊ ဆောင်းသီးနှံစိုက်တာလဲ နောက်ကျ၊ စပါးကကျွမ်း၊ အလေအလွင့်ကများ၊ စပါးအရည်အသွေးပျက်၊ ဆန်ဝါပေါက် တော့ ဈေးနှိမ်ခံရ၊ ယခုထက်ထိ ဝမ်းစာကို ကိုယ့်ဆန်ဝါပဲစားနေရနဲ့ နောက် ဆက်တွဲပြဿနာကတော့ ပြောမကုန် နိုင်ပါကြောင်း၊ ဒါကြောင့် ကိုယ်တိုင် အပါအဝင် သားချင်းတွေနဲ့ ပေါင်းကာ (GWS)နဲ့ဆက်သွယ်ပြီး ယခုလို စတင် ဝယ်ယူဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။ ကုမ္ပဏီအနေနဲ့ နောက်ထပ် လေးစီးကိုပါပေးပို့ပြီး လိုအပ်တဲ့ ဒေသတွေကို အငှားလိုက်ရိတ်သိမ်း၊ ခြွေလှေ့ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ လူနဲ့ရိတ်လျှင် ကောက်ရိတ် သမ ၁၀ ဦးမှ ၁၂ ဦး၊ တစ်နေ့ကို တစ် ဧကသာ ပြီးစီးနိုင်ပါတယ်။ စက်က တစ်နာရီတစ်ဧကနှုန်း ရိတ်ခြွေခြင်းဖြင့် အရည်အသွေးကောင်း စပါးများရ အလေအလွင့် ကလဲနည်းလို့ တွက်ခြေကိုက်ပါကြောင်း ရှင်းပြပါတယ်။ မြို့နယ်မန်နေဂျာ ဦးဇော်မင်းဦးက လယ်သမားကြီး ဦးခင်မောင်ဦး အပါအဝင် စိတ်ဝင်စားစွာ လာရောက်လေ့လာကြတဲ့ လယ်သမားများကို မိမိတို့ မြို့နယ်မှာ ယခုလိုခေတ်မီရိတ်သိမ်းခြွေ လှေ့စက်သုံးပြီး၊ တလင်းပျောက်စနစ် ကျင့်သုံးနိုင်တာ ဂုဏ်ယူစရာဖြစ် ကြောင်းပြောကြားပါတယ်။ ဆက်လက် ပြီး ရာသီအမီ သီးထပ်စိုက်ပျိုးရန် ရိတ် သိမ်းခြွေလှေ့လုပ်ငန်းကို အမြန်ဆုံး လုပ် နိုင်ရေးမှာ အဓိကကျပါကြောင်း၊ လုပ်သားအင်အားအခက်အခဲကို ဖြေရှင်းရာ လဲရောက်ပါတယ်။ ကျွဲနွား အင်အား သုံးတာထက်စာရင် အလေအလွင့် ၅ ရာခိုင်နှုန်းအထက် သက်သာပါကြောင်း၊ အရည်အသွေးကောင်းလို့ ဈေးကောင်းရပါကြောင်း၊ Combine Harvester ကို တွင်ကျယ်စွာသုံးနိုင်ဖို့ အရေးကြီး၊ လိုက်နာဖို့ အချက်များကို ဆွေးနွေးခဲ့ပါတယ်။ ေလှေ့စက်များကို စက်စွမ်းအားပြည့်သုံးနိုင်ဖို့ စက်သွားမယ့်လမ်းကြောင်းအား ကြိုတင်ကြည့် ရှုပြင်ဆင်ထားဖို့လိုပါကြောင်း၊ မိုးစပါး ရင့်မှည့်မှုကို မောင်းညိုအဆင့်မှစပြီး စက်ဖြင့်ရိတ်သိမ်းမယ့်ဧက၊စိုက်ပျိုးထားတဲ့ မျိုးစပါးမျိုးကွဲအလိုက်၊ သက်တမ်း အလိုက် ချင့်ချိန်ကာ ရိတ်သိမ်းရမယ့် ရက်ကို ကွင်းဆက်မိမိချိတ်ဆက်သွား ရန်၊ အောက်ခံမြေမာအောင် ရေဖောက် ထုတ်ထားရန်၊ တောင်သူအချင်းချင်း အစုအဖွဲ့ပြုလုပ်ပြီး ညှိနှိုင်းဆောင်ရွက် နိုင်မှ စွမ်းအားပြည့် လုပ်နိုင်မှာဖြစ် ကြောင်း၊စက်ရဲ့သဘာဝအရ တစ်ဆက် တစ်စပ်တည်း ဆက်တိုက်ဆောင်ရွက်မှ လုပ်ငန်းတွင်ကျယ်မှာ ဖြစ်ကြောင်း၊ ယခုနှစ် ရိတ်သိမ်းမှု အခြေအနေကို မှတ်တမ်းမှတ်ရာနဲ့ ထားခြင်းအားဖြင့် လာမယ့်နှစ်စိုက်ပျိုးရာသီမှာ စက်ဖြင့် ရိတ်သိမ်းခြွေလှေ့ရန် လွယ်ကူအဆင် ပြေမယ့် စိုက်ပျိုးမှုပုံစံကို ဖန်တီးနိုင် မှာဖြစ်ကြောင်း၊ စက်မှုလယ်ယာသို့ ကူးပြောင်းရာမှာ ယခုလို ပုဂ္ဂလိကများနဲ့ လယ်သမားများရဲ့ စိတ်ဝင်တစားပါဝင်မှုဟာ အရေးကြီးပါကြောင်း၊ မိမိတို့ TPIS အဖွဲ့များကွင်းဆင်းရာမှာ တော်ဝိ၊ ကြိမ်ခါးကုန်း၊ ခင်ကြီး၊ တောင်ခင်ကျေးရွာအုပ်စုများမှာ ရိတ်သိမ်းရန် သင့် တော်နေပြီ၊ ရိတ်သိမ်းခြွေလှေ့စက် အလုပ်လုပ်ရန် အခြေအနေပေးတဲ့ အနေအထားမျိုးရှိတဲ့အတွက် ၎င်းကျေးရွာအုပ်စုများရှိ စိုက်ပျိုးရေးညှိနှိုင်း မှုအဖွဲ့များနဲ့ အမြန်ဆုံးဆက်သွယ်ပေး သွားမှာဖြစ်ကြောင်း ဆွေးနွေးခဲ့ပါတယ်။ T.T (ပဲခူး)
လက်ဖက်စိုက်ပျိုးခြင်းကို ရှေးကျသော စိုက်ပျိုးမှုတစ်ခုအဖြစ် သတ်မှတ်ယူဆခဲ့ပြီး လက်ဖက် သည် မြန်မာနိုင်ငံ၏ ဒေသထွက် စားသောက် ကုန်တစ်မျိုး ဖြစ်ပါတယ်။ လက်ဖက်စိုက်ပျိုးမှုကို ပုံဂံခေတ်ကတည်းက စတင်ခဲ့သည်ဟု မြန်မာလူ မျိုးများက ယုံကြည်ကြပါသည်။ မြန်မာ့ရိုးရာယဉ် ကျေးမှုကို လေ့လာမည်ဆိုလျှင် ထမင်းစားပြီး နောက် လက်ဖက်အခါးရည်နှင့် လက်ဖက်သုတ်ကို ဧည့်ခံကျွေးမွေးသော ဓလေ့ထုံးတမ်းကို တွေ့ရှိနိုင် ပါသည်။ ဤရိုးရာဓလေ့ကြောင့်ပင် ပုံမှန်လက်ဖက် ဈေးကွက်ကို ဖြစ်ပေါ်စေပါတယ်။ မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းဒေသကြီး များရှိ သင့်တော်သော ရာသီဥတုနှင့် မြေဆီလွှာ အခြေအနေပေးနိုင်သည့် တောင်တန်းထူထပ် သောဒေသများတွင် လက်ဖက်ကို စိုက်ပျိုးလျက်ရှိ ကြပါတယ်။ လက်ဖက်အရည်အသွေး မြင့်မားပြီး အဓိကကျသော ထုတ်လုပ်မှုကို ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် တွေ့ရှိနိုင်ပါတယ်။ မြန်မာနိုင်ငံတွင် လက်ဖက်ထွက်ရှိရာ ဒေသများမှာ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကချင် ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန် ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်း တိုင်းဒေသကြီးတို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် လက်ဖက်စိုက်ဧက တစ် သိန်းလေးသောင်းခန့်ရှိပြီး တစ်နှစ်ကို ပျမ်းမျှလက် ဖက်ရွက်စိမ်း မက်ထရစ်တန် ရှစ်သောင်းခန့် ထုတ် လုပ်နိုင်ပါတယ်။ ပြည်တွင်းစားသုံးမှုမှာ တစ်နှစ်ကို လက်ဖက်တန်ချိန် ၄ သောင်းခန့်ရှိပြီး လူတစ်ဦး ချင်းစီရဲ့ စားသုံးမှုမှာ သုည ဒသမ ၅ ကီလိုဂရမ် ခန့်ရှိပါတယ်။ မြန်မာနိုင်ငံမှာလက်ဖက်လုပ်ငန်းကို အဓိကအနေနဲ့ ခြံလုပ်ငန်းလုပ်ကိုင်သူ၊ ထုတ်လုပ်သူ၊ လက်လီလက်ကား ရောင်းဝယ်သူများလို့ လေးမျိုး ပိုင်းခြားနိုင်ပါတယ်။ လုပ်ငန်းတွေမှာ အလတ်စား နဲ့ အသေးစားလုပ်ငန်းတွေသာဖြစ်ပြီး မိရိုးဖလာ လုပ်ကိုင်ကြသူ အများစုဖြစ်ပါတယ်။ ရောင်းဝယ်တဲ့ပုံသဏ္ဌာန်မှာ လက်လီရောင်း ဝယ်သူတွေနဲ့ လက်ကား ရောင်းဝယ်သူတွေက ထုတ်လုပ်သူများကို လက်ဖက်ရာသီမစမီ ကြိုတင် ငွေထုတ်ပေးပြီး လက်ဖက်ထုတ်လုပ်ပြီးချိန်မှာ ကုန် ချောကို ခုနှိမ်ပြီး ဝယ်ယူကြပါတယ်။ ဒါ့အပြင် ထုတ်လုပ်သူအများစုကလည်း ခြံလုပ်ငန်းလုပ်ကိုင် သူတွေကို ကြိုတင်ငွေထုတ်ပေးပြီး လက်ဖက်ထွက်ချိန်မှာ စာရင်းခုနှိမ်တဲ့စနစ်နဲ့ အရောင်းအဝယ် ပြုလုပ်ကြပါတယ်။ လက်လီရောင်းဝယ်သူတွေက ထုတ်လုပ်သူတွေဆီမှ တိုက်ရိုက်သော် လည်း ကောင်း၊ လက်ကားရောင်းဝယ်သူများထံမှ တစ် ဆင့်သော်လည်းကောင်း ဝယ်ယူကြပြီး မိမိရဲ့ကိုယ် ပိုင်အမှတ်တံဆိပ်နဲ့ရောစပ်ပြီး ဖြန့်ဖြူးရောင်းချပါ တယ်။ ဒါ့အပြင် အချို့ထုတ်လုပ်သူတွေမှာလည်း လက်လီဈေးကွက်ကို တိုက်ရိုက်ဖြန့်ဖြူးရောင်းချမှု တွေလည်းရှိပါတယ်။ ဒါပေမဲ့ လက်လီဈေးကွက်ရဲ့ ဝေစု အများစုကို လက်လီရောင်းဝယ်သူတွေမှ ချုပ်ကိုင်ထားပါတယ်။ ထုတ်လုပ်သူတွေအနက်မှ အချိုခြောက် ထုတ်လုပ်သူတွေက မိမိတို့ရဲ့ ကိုယ်ပိုင်စိုက်ခင်းမှ ဆွတ်ခူးပြီး ထုတ်လုပ်ခြင်းမျိုးမဟုတ်ဘဲ ခြံလုပ် ငန်းလုပ်ကိုင်သူတွေဆီမှ ရွက်စိမ်းကို ဝယ်ယူပြီး ထုတ်လုပ်ခြင်းဖြစ်ရာ ကျန်အခါးခြောက်နဲ့ လက်ဖက်စိုမှာ ထုတ်လုပ်မှုနည်းစဉ်ကြောင့် အိမ်တွင်း တစ်ပိုင်တစ်နိုင် ထုတ်လုပ်နိုင်ပြီး ၎င်းင်းတို့ကိုယ်တိုင် ထုတ်လုပ်သူတွေလည်းဖြစ်ပါတယ်။ လက်ကား လုပ်ငန်းလုပ်ကိုင်သူတို့မှာ ထုတ်လုပ်သူနဲ့ လက် ကားရောင်းဝယ်သူ၊ လက်လီရောင်းဝယ်သူတို့ရဲ့ ကြားမှာ လက်ဖက်ဈေးပြိုင်စနစ်နဲ့ ရောင်းဝယ်တဲ့ ပုံသဏ္ဌာန်ဆန်ဆန်လုပ်ငန်းကို လုပ်ကိုင်ရောင်း ဝယ်ကြပါတယ်။ ပြည်တွင်း ထုတ်လုပ်မှုနှင့် စားသုံးမှုမှာ အကြမ်းအားဖြင့် ညီမျှနေပြီး ရံဖန်ရံခါ ပြင်ပဈေး ကွက်အခြေအနေကြောင့် အထူးသဖြင့် တရုတ် ပြည်ဈေးကွက်ပေါ်မူတည်၍ ပြည်တွင်းလက်ဖက် ပြတ်လပ်မှု၊ ပိုလျှံမှုများပေါ်ပေါက် တတ်ပါသည်။ မြန်မာနိုင်ငံမှာ လက်ဖက်လုပ်ငန်းနှင့် အပြိုင် ကော်ဖီ၊ အချိုရ ည်နဲ့ အခြားအဖျော်ယမကာ လုပ် ငန်းများ ခေတ်နှင့်အညီ ဖွံ့ဖြိုးလာသော်လည်း မြန်မာတု့ိရဲ့ နေ့စဉ်ဘဝ၊ ဓလေ့ထုံးစံ၊ ယဉ်ကျေး မှုများအရ လက်ဖက်စားသုံးမှုဈေးကွက်ဟာ ဆက်လက်ကြီးထွားနေဦးမှာဖြစ်ပါတယ်။ ပွက်ပွက်ဆူ နေတဲ့ ရေထဲမှာ လက်ဖက်ခြောက်လေးခတ်ပြီး နှပ်ထားကာ သောက်ရတဲ့အလေ့ဟာ ရှေးမြန်မာ တွေ လက်ထက်ကတည်းက ယနေ့အထိ ရိုးရာမပျက် ရှင်သန်နေဆဲဖြစ်ပါတယ်။ လက်ဖက်ကို သုတေသန ပြုချက်တွေအရ လက်ဖက်ရည်ကြမ်းမှာ ဖလေဗင်နွိုက်ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီးပါဝင် ပါတယ်။ လက်ဖက်ခြောက်မှာ ကဖင်းဓာတ် ပမာ ဏလည်း နည်းပါးပါတယ်။ လူကို နုပျိုစေပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါများနဲ့ ကင်ဆာရောဂါ များကိုလည်း ကာကွယ်ပေးနိုင်ပြန်ပါသေးတယ်။ မြန်မာနိုင်ငံမှာ လက်ဖက်ခြောက် ခတ်သောက် ရတာကို ဂုဏ်ယူကြ သလို အနောက်နိုင်ငံက ထင်ပေါ်ကျော်ကြား လူသိများတဲ့ စတားတွေက လည်း (အထူးသဖြင့် သရုပ်ဆောင်မင်းသမီးလေးတွေ) လက်ဖက်ရည်ကြမ်း တစ်နေ့ကို ၅ ခွက်၊ ၆ ခွက်စီသောက်လို့ သူတို့အသားရေလေးတွေ စိုဝင်းလင်း လက်နေပါတယ်လို့ ဂုဏ်ယူစွာ ပြောပြလေ့ ရှိပါတယ်။ သူတို့ရဲ့ အသားအရေ ထိန်းသိမ်းနည်း လျှို့ဝှက်ချက်အဖြစ် ဖွင့်ဟဝန်ခံလေ့ရှိပါတယ်။ အာဟာရဓာတ်နဲ့ ဆေးပညာဆိုင်ရာ အမေရိကန်ဂျာနယ်မှာ ဖော်ပြချက်အရ လက်ဖက်ရည်ကြမ်းဟာ အသက်ရှည်ကျန်းမာစေပါသတဲ့။ ဓာတ်ခွဲခန်းထဲမှာနဲ့ တိရစ္ဆာန်များမှာ လေ့လာသုတေသန ပြုချက်များအရ လက်ဖက် ရည်ကြမ်းဟာ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ အနှောင့်အယှက် အဟန့် အတားများကို ကာကွယ်ပေးနိုင်ကြောင်း၊ ထိခိုက်ပျက်စီးမှုရှိရင်တောင် ပြန်ကောင်းစေတဲ့ အာနိသင်ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်ပါသတဲ့။ စံနမူနာ အနေဖြင့် လက်ဖက်ရည်ကြမ်းဟာ လူတွေမှာ အထူးသဖြင့် ဂျပန်လူမျိုး သက်ကြီးရွယ်အို ဘိုးသက်ရှည်၊ ဘွားသက်ရှည်အုပ်စုများမှာတော့ များများသောက် လေ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ နှောင့်ယှက်ဟန့်တားမှု နည်းပါးလှကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်လို့ ဆိုပါတယ်။ လက်ဖက်ရည်ကြမ်း (Green Tea) တွင်ပါဝင်သော ဒြပ်ပေါင်းတစ်ခု ဖြစ်သည့် (Catechin Poly pherois) သည် အသက်ရှူ ခေတ္တရပ်ဆိုင်းခြင်း နှင့် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ချို့ယွင်းခြင်းအန္တရာယ်မှ ရှောင်လွဲနိုင် ကြောင်း ဓာတ်ခွဲခန်း စမ်းသပ်ခံတိရစ္ဆာန်များတွင် စမ်းသပ်တွေ့ရှိမှုအရ သိရှိရပါတယ်။ ဒါ့အပြင်လည်း အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်ပေးနိုင်ကြောင်း နယူးကာစတယ်ယူနီဗာစတီးမှ သုတေသီများက ဖော်ထုတ်ပြောကြားခဲ့ပါတယ်။ လက်ဖက်ရည်ကြမ်းဟာ အယ်ဇိုင်းမားဝေဒနာခံစားနေရတဲ့ သူတွေရဲ့ ဦးနှောက်ထဲမှာတွေ့ရတတ်တဲ့ ပရိုတင်းဓာတ်များ စုပုံနေခြင်းကို ကာကွယ်ပေး နိုင်ကြောင်း တွေ့ရှိရပါတယ်။ နေ့စဉ် လက်ဖက်ရည်ကြမ်း သောက်ပါက လေသင်တုန်းဖြတ်ခြင်း၊ နှလုံးတိုက်ခိုက်ခံရခြင်းနဲ့ ကင်ဆာရောဂါများကို ကာ ကွယ်နိုင်ကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။ နှစ်ကာလကြာရှည်စွာ လက်ဖက်ရည်သောက်သုံးသူတွေမှာ ပိုသန်မာ တဲ့ အရိုးတွေရှိကြပါတယ်။ သုတေသီတွေရဲ့ တွေ့ရှိချက်အရ ၁၀နှစ်နဲ့ အထက် ကြာအောင် တစ်နေ့လက်ဖက်ရည်အနည်းဆုံးနှစ်ခွက် သောက်သုံးသူတွေ ဟာ လက်ဖက်ရည် လုံးဝမသောက်သူတွေထက် အရိုးပိုသန်မာကြပါတယ်။ ၎င်းင်းတို့ရဲ့တင်ပဆုံရိုးသိပ်သည်းမှုဟာ ၆ ဒသမ ၂ ရာခိုင်နှုန်းပိုကြံ့ခိုင်ပါတယ်။ လက်ဖက်ခြောက်နဲ့ လက်ဖက်ရည် အမျိုးမျိုးကွဲပြားနေပေမဲ့ လက်ဖက်ရည် သောက်သုံးခြင်းရဲ့ အကျိုးရလဒ်ကတော့ အတူတူပါပဲ။ အာရှတိုက်သားတွေမှာ ဆေးလိပ်အသောက်များသော်လည်း နှလုံးသွေး ကြောကျဉ်းရောဂါနှင့် ကင်ဆာရောဂါများ နည်းပါးခြင်းဟာ လက်ဖက်ရည် ကြမ်းသောက်သုံးခြင်းနဲ့ ဆက်စပ်မှုရှိရမည်ဟု ယခုအခါ ယေးလ်တက္ကသိုလ်မှ လေ့လာချက်အသစ်အရ ဖြစ်နိုင်ခြေရှိကြောင်း အဓိက ဓာတုပစ္စည်းတစ်မျိုးကို တွေ့ရှိခဲ့ရပါတယ်။ အာရှတိုက်သားများရဲ့ တစ်နေ့လျှင် ပျမ်းမျှ ၁ ဒသမ ၂ လီတာ လက်ဖက်ရည်ကြမ်း သောက်သုံးမှုနှုန်းမှာ ၎င်းင်းတွင်ပါဝင်သော polyphenolic epigallocatechin -3- gallate (EGCG) ဓာတ်တိုး ဆန့်ကျင်ပစ္စည်း၏ အာနိသင်ကို ရရှိစေပါတယ်။ ၎င်းင်းပစ္စည်းဟာ သွေးလွှတ် ကြောမာကျဉ်းရောဂါဖြစ်စေသည့် အဆီတစ်မျိုးကို ဟန့်တားပေးပါတယ်။ အဆီများအားထိန်းသိမ်းပေးခြင်း၊ သွေးလွှတ်ကြောနံရံကြွက်သားများ ကောင်း မွန်စေခြင်းတို့ကြောင့် နှလုံးသွေးကြောရောဂါများကို ကာကွယ်ပေးပါတယ်။ အခြားလေ့လာချက်များအရလည်း (EGCG) ဓာတ်မှာ ကင်ဆာအဖုအကျိတ်များ ဖြစ်ပေါ်ကြီးထွားမှုကို ကာကွယ်ပေးသည်ဟု ဆိုပါတယ်။ မြန်မာ့လက်ဖက်အားသာချက်မှာ လက်ဖက်စိုက်ပျိုးထုတ်လုပ်သည့် ဒေသများသည် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနှင့် လေထုညစ်ညမ်းမှုမရှိခြင်း၊ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများအသုံးပြုမှု လုံးဝမရှိခြင်း၊ သဘာ၀ အတိုင်း သာ စိုက်ပျိုးထုတ်လုပ်ခြင်းကြောင့် ယုံကြည်စိတ်ချစွာဖြင့် စားသုံးမှုမြင့်မားနေ ရခြင်းဖြစ်ပါတယ်။ ထုတ်လုပ်မှုနည်းစဉ်များမှာလည်း စက်ကိရိယာများ လုံး၀ သုံးထားခြင်းမရှိဘဲ သဘာဝနည်းစဉ်များအတိုင်း ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ အဆိုပါ အခြေအနေကောင်းများကြောင့်လည်း ကမ္ဘာ့ဈေးကွက်သို့ မြန်မာ့လယ်ဖက်ထိုးဖောက်ရာမှာ အဓိကမောင်းနှင်အားအဖြစ် အသုံးချနိုင်မည် ဆိုပါလျှင် မြန်မာ့လက်ဖက်သည်အချိန်တိုအတွင်း ကမ္ဘာသို့ ခြေဆန့်နိုင်တော့ မှာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။
ဝန်ဆောင်မှု ဝန်ဆောင်မှုဟူသော စကားရပ်နှင့်ပတ်သက်၍ အနက်အဓိပ္ပာယ် အမျိုးမျိုးရှိသည့်အနက် အရိုးရှင်းဆုံးသော ဖွင့်ဆိုချက်မှာ ဝန်ဆောင်မှု ဟူသည် ဖောက်သည် (Customer) အတွက် ပြုလုပ်ဆောင်ရွက်ပေးသည့် လုပ်ဆောင်ချက် (ဝါ) လုပ်ငန်းစဉ် (ဝါ)ဖျော်ဖြေမှုပင်ဖြစ်ပါသည်။ သာမန် အားဖြင့် ထိုဖွင့်ဆိုချက်မှာ ပြည့်စုံလုံလောက်ခြင်း မရှိဟု မှတ်ထင်နိုင်သော်လည်း ဝန်ဆောင်မှု အဓိပ္ပာယ်အား တိုတိုနှင့်လိုရင်းကို ခြုံငုံမိသည့် ဖွင့် ဆိုချက်ဖြစ်၍ အလွယ်တကူ သဘောပေါက်နိုင်ပါသည်။ ဝန်ဆောင်မှုလုပ်ငန်းများ၏ သဘောသဘာ ဝကိုလိုက်၍ ငွေစုငွေချေး၊ အာမခံနှင့် အပေါင်ဆိုင် စသော ဝန်ဆောင်မှုလုပ်ငန်းများကို တန်ဖိုးမြှင့်ဝန်ဆောင်မှုလုပ်ငန်းများ (Value Added Services) ဟုလည်းကောင်း၊ ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ဘဏ်စသော ဝန်ဆောင်မှုလုပ်ငန်း များကို အခြေခံအဆောက်အဦဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ (Infrastructure Services) ဟု လည်းကောင်း၊ ငွေစာရင်း၊ တရားရေးနှင့် သုတေသန စသော ဝန်ဆောင်မှုလုပ်ငန်းများကို ထုတ်လုပ်မှုနှင့် ပတ်သက်သော ဝန်ဆောင်မှုလုပ်ငန်း များ (Manufacturing Services) ဟု လည်းကောင်း၊ အကြံပေး၊ စာရင်းစစ်နှင့် ကြော်ငြာ စသော ဝန်ဆောင်မှုလုပ်ငန်းများကို စီးပွားရေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ(Business Services) ဟုလည်းကောင်း၊ လက်လီလက်ကား အရောင်းလုပ်ငန်းများနှင့် ပြုပြင်ထိန်းသိမ်းမှု စ သော ဝန်ဆောင်မှုလုပ်ငန်းများကို ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ (Distribution Services) ဟု လည်းကောင်း၊ ပညာရေး၊ တရားရေး၊ ကာကွယ်ရေး၊ ရဲနှင့် မီးသတ်စသော ဝန်ဆောင်မှုလုပ်ငန်းများကို အစိုးရ ဝန်ဆောင်မှုလုပ်ငန်းများ (Government Services) ဟု လည်းကောင်း၊ ကျန်းမာရေး၊ အလှ ပြင်နှင့် အစားအသောက်စသော ဝန်ဆောင်မှုလုပ်ငန်းများကို ပုဂ္ဂလိက တစ်ကိုယ်ရေဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ (Personal Services) ဟု လည်းကောင်း အကြမ်းဖျဉ်းအားဖြင့် အုပ်စုများ ခွဲခြားနိုင်ပါသည်။ အထက်ဖော်ပြပါ ဝန်ဆောင်မှုလုပ်ငန်းများ ကို အကြမ်းဖျဉ်းကြည့်ရုံဖြင့် လူမှုနေ့စဉ်ဘဝတွင် ဝန်ဆောင်မှုလုပ်ငန်းများမှာ မည်မျှလွှမ်းမိုးမှုရှိမည်၊ အရေးပါမည်ကို ခန့်မှန်းကြည့်နိုင်ပါသည်။ ဝန်ဆောင်မှု အဓိကစီးပွားရေးပုံစံ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ဆက်စပ်ပြီး ကမ္ဘာပေါ်ရှိနိုင်ငံများ၏ စီးပွားရေးလုပ်ငန်းများကို လေ့လာကြည့်မည်ဆိုပါက အဓိကအားဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှု (Good and Services) နှစ် မျိုးဖြင့်သာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ နှီးနွယ် ပတ်သက်နေကြောင်း တွေ့ရှိရမည်ဖြစ်ပါသည်။ အတိတ်ကာလများသို့ ပြန်ပြောင်းကြည့်လျှင် ကုန်စည်ထုတ်လုပ်မှုနှင့်ပတ်သက်သည့် စီးပွားရေးလုပ်ငန်းများကိုသာ အသားပေးလုပ်ကိုင် ခဲ့ကြသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ ယင်းသို့ ကုန်စည်ထုတ်လုပ်မှုကို အသားပေးသည့် စီးပွားရေးလုပ်ငန်းများမှ တဖြည်းဖြည်းဖြင့် ဝန်ဆောင်မှုကို အသားပေးသည့် စီးပွားရေးလုပ်ငန်းများကို ပြောင်းလဲလုပ်ကိုင်လာခဲ့ကြပါသည်။ အဆိုပါအချက်နှင့်ပတ်သက်၍ ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးဖြစ်သည့် အမေရိကန်ပြည် ထောင်စု၏ စီးပွားရေးလုပ်ငန်းများ တိုးတက် ပြောင်းလဲမှုပုံစံတွင် ထင်ရှားစွာ တွေ့ရပါသည်။ အမေ ရိကန်ပြည်ထောင်စုတွင် ၁၉ ရာစုအစောပိုင်းကာလများ၌ အလုပ်သမား အားလုံး၏ ၃၀ ရာခိုင်နှုန်းခန့်သာ ဝန်ဆောင်မှုလုပ်ငန်းများတွင် လုပ်ကိုင်ခဲ့ကြပြီး ၁၉ ရာစုအလယ်ပိုင်းကာလများ၌ အလုပ်သမားအားလုံး၏ ၅၀ ရာခိုင်နှုန်းအထိ ဝန်ဆောင်မှုလုပ်ငန်းများတွင် တိုး၍ လုပ်ကိုင်လာနိုင်ခဲ့ကြပါသည်။ လက်ရှိအချိန်တွင်မူ အမေရိကန် ပြည်ထောင်စု၌ အလုပ်သမားအားလုံး၏ ၈၀ ရာ ခိုင်နှုန်းအထက်သည် ဝန်ဆောင်မှုလုပ်ငန်းများတွင် လုပ်ကိုင်လျက်ရှိသည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။ ကမ္ဘာ့စီးပွားရေးဖွံ့ ဖြိုးမှု ဆင့်ကဲဖြစ်စဉ်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ အခြားတစ်ဖက်မှာလည်း ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှုတိုးတက်မှုအဆင့်များကို စီးပွားရေးလုပ်ငန်း ပြောင်းလဲမှု ဖြစ်စဉ်များကိုမူတည်၍ ခွဲခြားသတ်မှတ် ထားပြီး အဆိုပါအဆင့်အလိုက် ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးအရေးပါလာမှုကို လေ့လာနိုင်ပါသည်။ စက်မှုခေတ်မတိုင်မီကာလ (Preindustrial Age) တွင် စက်မှုနည်းပညာ ဖွံ့ဖြိုးမှုနည်းပါး၍ လုပ်သားအားကိုး လုပ်ကိုင်နိုင်သော စိုက်ပျိုးရေး၊ သတ္တုတူးဖော်ရေးနှင့် မွေးမြူရေး စသော လုပ်ငန်းများကို အဓိကထားလုပ်ကိုင်နိုင်ခဲ့ပြီး အလုပ်လက်မဲ့ပြဿနာများ အများအပြားပေါ်ပေါက်ခဲ့ပါသည်။ ဝန်ဆောင်မှုလုပ်ငန်းများနှင့်ပတ်သက်၍ အိမ်တွင်း လက်မှုလုပ်ငန်းအနည်းအကျဉ်းသာ ရှိခဲ့ပါသည်။ စက်မှုခေတ် (Industrial Age) တွင် ထုတ်လုပ်မှုပမာဏကို အဓိကထားခဲ့ပြီး အလုပ်ချိန်နှင့် လုပ်အားကို စက်ပစ္စည်း များနှင့်အပြိုင် လိုက်ပါလုပ်ကိုင်နိုင်ရေး တွန်းအားပေး ဆောင်ရွက်ခဲ့ပါသည်။ အရည်အချင်းနှင့် အရည်အသွေးထက် အရေအတွက်ကိုသာ ဦးစားပေးသည့်အပြင် အုပ်စုဖွဲ့ လုပ်ကိုင်မှုများကိုသာ အဓိက ဦးစားပေးနေရ သဖြင့် ထုတ်လုပ်မှုဆိုင်ရာ လုပ်သားအင်အား လိုအပ်ချက် မြင့်တက်လာခဲ့ပါသည်။ သို့ရာတွင် အရည်အသွေးနှင့် တစ်ဦးချင်း လိုအပ်ချက်ကို အခြေခံရသော ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရန်အတွက် အခွင့်အရေး နည်းပါးခဲ့ရပါသည်။ စက်မှုခေတ်လွန်ကာလ (Postindustrial Age) ဖြစ်သော မျက်မှောက်ခေတ်တွင်မူ ထုတ်လုပ်မှုလုပ်ငန်းများ၏ အသီးအပွင့်ဖြစ်သည့် ရုပ်ပိုင်း ဆိုင်ရာ တိုးတက်ကြွယ်ဝမှုထက် လူမှုနေထိုင်မှုဘ၀ အရည်အသွေး (Quality of Life) တို့ကို ရှေ့တန်း တင်လာရာ ပညာရေး၊ ကျန်းမာရေးနှင့် စိတ်ကျေ နပ်ချမ်းသာမှုတို့မှာ အဓိက တိုင်းတာသည့် လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စံများဖြစ်လာ ပါသည်။ အခြေအနေနှင့် အချိန်အခါအလျောက် ၎င်းတို့နှင့်တိုက်ရိုက်ပတ်သက်နေသည့် ဝန်ဆောင် မှုလုပ်ငန်းများမှာလည်း လိုအပ်ချက်အရ တစ်ဟုန် ထိုး ဖွံ့ဖြိုးတိုးတက်လာခဲ့ပါသည်။ ကျန်၍ ချန်၍မရသည့် ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ ဖြိုးရေး သတင်းအချက်အလက်နည်းပညာနှင့် အသိ ပညာဉာဏ်တို့ကို အခြေခံထားသည့် မျက်မှောက်ခေတ်၌ ဝန်ဆောင်မှုလုပ်ငန်းများသည် ပညာရေး၊ လူမှုရေးနှင့် ကျန်းမာရေးတည်းဟူသော အခြေခံပင်မနယ်ပယ်ကြီးများ တွင်သာမက စီးပွားရေးလုပ်ငန်းနယ်ပယ်အားလုံးနှင့် ချိတ်ဆက်လျက်ရှိပါသည်။ သို့ဖြစ်ရာ နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုး တက်ရေးအတွက် ဝန်ဆောင်မှုလုပ်ငန်းများမှာ အလွန်အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ သာဓကအားဖြင့် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများမှာ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပင်မဒေါက်တိုင်သဖွယ် အလွန်အရေးပါလျက်ရှိသည်ကို တွေ့ရပါသည်။ ထို့အပြင် အစိုးရ ဝန်ဆောင်မှုလုပ်ငန်းများ၊ စီးပွားရေး ဝန်ဆောင်မှု လုပ်ငန်းများ၊ ထုတ်လုပ်မှုဆိုင်ရာ ဝန်ဆောင်မှုလုပ် ငန်းများ၊ ကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ စသည်ဖြင့် အလယ်အလတ်နှင့် အကြီးစား အဆင့် ဝန်ဆောင်မှု လုပ်ငန်းများမှသည် လူတစ်ဦး ချင်းစီ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနေသော ဆေးခန်း၊ စာအုပ် အငှားဆိုင်၊ ဆံသ လုပ်ငန်း စသော အသေးစားဝန်ဆောင်မှုလုပ်ငန်း များအထိ ဝန်ဆောင်မှုလုပ်ငန်းအမျိုးမျိုးကို လူ့ အဖွဲ့အစည်း အတွင်း၌ပုံစံအရွယ်အစားနှင့် အသွင်သဏ္ဌာန်စုံလင်စွာ တွေ့မြင်ရမည်ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် ဝန်ဆောင်မှုလုပ်ငန်းများနှင့် ကင်းကွာ၍ ရပ်တည်နိုင်သည့် လူ့အဖွဲ့အစည်းရှိ နိုင်မည်မဟုတ်ဟုဆိုလျှင် ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခြင်းမရှိဘဲ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်ရန်မှာ ခြေထောက် တစ်ဖက်တည်းဖြင့် လမ်းလျှောက်ရသကဲ့သို့ ခရီး တွင်ရန် ခက်ခဲမည်သာဖြစ်သည်။ ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအား အလေးထား ဆောင်ရွက်ခြင်းဖြင့် ခေတ်သစ်၏ တောင်းဆိုချက် (ဝါ) လိုအပ်ချက်ကို ဖြည့်ဆည်းပေးရာ ရောက်ပါသည်။ ခေတ်မီဖြင့် ကမ္ဘာကြီး၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို ရှုမြင်ကြည့်ပါက ဝန်ဆောင်မှုလုပ်ငန်းများ၏ အရေးပါအရာရောက်မှုကို အားကျအတုယူဖွယ်ရာ တွေ့မြင်နိုင်မည်ဖြစ်ပါသည်။ သို့ ဖြစ်ရာ ခေတ်မီဖွံ့ဖြိုးတိုးတက်မှု၏ အသီးအပွင့်များ ကို အပြည့်အဝခံစားနိုင်ရေး၊ နိုင်ငံ၏စီးပွားရေးကို ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး တု့ိအတွက် ဝန်ဆောင်မှုလုပ်ငန်းများကို ချန်လှပ်ထား၍မရဘဲ ခေတ်နှင့် အညီ ခေတ်မီဖွံ့ဖြိုးအောင် အကောင်အထည် ဖော် ဆောင်ရွက်သွားရမည်သာဖြစ်ပါသည်။ ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် နိုင်ငံ၏ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်စေသကဲ့သို့ နည်းပညာ၊ အရည် အသွေးနှင့် ထုတ်လုပ်မှုစံချိန်စံညွှန်းများ တိုးတက် ကောင်းမွန်မှုကို တိုက်ရိုက်အကျိုးပြုသွားနိုင်ပါသည်။ ယင်းသို့ တိုက်ရိုက်အကျိုးပြုမှုမှတစ်ဆင့် အရည်အသွေးကောင်းမွန် သည့် ကုန်စည်နှင့် ဝန် ဆောင်မှုများကို နိုင်ငံတကာနှင့် ယှဉ်ပြိုင်ထုတ်လုပ် ရောင်းချနိုင်စွမ်းရှိလာမည်ဖြစ်ပါသည်။ ဤနည်း အားဖြင့် နိုင်ငံခြားဝင်ငွေ ပိုမိုတိုးတက်ရရှိလာစေ ကာ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မပြတ် ဆွဲတင်သွားနိုင်မည်ဟု ယုံကြည်မိပါသည်။
အရှေ့မျှော် အိန္ဒိယ အိန္ဒိယသည် ၁၉၉၀ ခုနှစ်များမ တိုင်ခင် အထိ ၎င်းင်း၏အရှေ့ဘက်တွင် တည်ရှိနေသော နိုင်ငံများကို သတိမမူနိုင်ဘဲ ကိုယ့်အရေးနှင့် ကိုယ်လှုပ်ရှားနေခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည်။ ပြည်တွင်း စီးပွားရေး၊ ဘဏ္ဍာရေး အကျပ်အတည်းများ ဆိုက်ခဲ့ပြီးနောက်ပိုင်းမှသာ မိမိနှင့်အတူ အင်္ဂလိပ် ကိုလိုနီလက်အောက် ကျရောက်ခဲ့သော မြန်မာ နိုင်ငံအပါအဝင်၊ အာရှထွန်းသစ်စ ကျားနိုင်ငံများ၊ ကျားပေါက်နိုင်ငံများ၊ အရှိန်နှင့်ထိုးတက်လာသော ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံး တရုတ် နိုင်ငံနှင့် ဖီးနစ်ငှက်ကဲ့သို့ ပြာပုံထဲမှ ရုန်းကန်ထ ခဲ့သော စစ်ပြီးကာလ စက်မှုနှင့် နည်းပညာ အင်အားကြီး ဂျပန်နိုင်ငံတို့တည်ရှိရာ အာရှဒေသကို သတိထားရကောင်းမှန်း သိလာခဲ့သည်။ မူလ လက်ဟောင်းအမြင်များကို ပြောင်းလဲကာ အရှေ့ မျှော်ဝါဒဖြင့် နိုင်ငံအရှေ့ဘက်ရှိ အာရှဒေသတစ် ခွင်လုံးနှင့် ဆက်စပ်နိုင်ရေး အားထုတ်ခဲ့သည်။ ဝန်ကြီးချုပ်နာရာဆင်ဟရောင်း လက်ထက်မှစခဲ့ သော ထိုဝါဒသည် ယနေ့ကာလအထိ သက်ဝင် လှုပ်ရှားလျက်ရှိကာ အိန္ဒိယနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး မှု၊ လုံခြုံရေး၊ စစ်ရေး၊ ဒေသတွင်း ဆက်ဆံရေးတို့ အတွက်အသက်တမျှ အရေးကြီးလာနေတော့သည်။ မြန်မာမျက်လုံးထဲမှ အိန္ဒိယ အိန္ဒိယသည် မြန်မာနိုင်ငံနှင့် ကီလိုမီတာ ၁၆၀၀ နီးပါးနယ်နိမိတ် ဆက်စပ်မှုရှိနေသည့် ဧရိယာကျယ် လူဦးရေများပြားသည့် ဒီမိုကရေစီ နိုင်ငံကြီးဖြစ်သည်။ အင်္ဂလိပ်တို့လက်အောက်ကျ ရောက်ခဲ့သည့် အချိန်ကတည်းကယခုအထိ မြန်မာ နိုင်ငံနှင့် စီးပွားရေး၊ ကုန်သွယ်ရေး၊ ယဉ်ကျေးမှု နယ်ပယ်တို့တွင် အဆက်အစပ် ကြီးမားနေဆဲ ဖြစ်သည်။ ယခုလက်ရှိအခြေအနေတွင် မြန်မာနိုင်ငံမှ ပဲမျိုးစုံပမာဏအများဆုံး ဝယ်ယူတင်သွင်းနေ သော ကုန်သွယ်ဖက်နိုင်ငံ တစ်နိုင်ငံလည်းဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲ မှုများမှာ ဆယ်စုနှစ်နှစ်ခုနီးပါးပင် ကြာမြင့်ခဲ့ပြီဖြစ် ရာ၎င်းတို့၏ အကျိုးရလဒ်များကိုလည်း ခံစားနေရပြီဖြစ်ပေသည်။ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းတွင်လည်း ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံး တရုတ် နိုင်ငံကဲ့သို့ပင် အရှိန်ကောင်းကောင်းကို ရရှိနေ သည်။ ၁၉၉၀ ခုနှစ်မတိုင်ခင်ကမူ အကျပ်အတည်းများကြား ရုန်းကန်နေရပြီး သိပ်မကြာလိုက်ရသည့် ကာလများအတွင်း ဖွံ့ဖြိုးမှုရုပ်သဏ္ဌာန်များ ဖြစ်ထွန်းခဲ့သဖြင့် အိန္ဒိယအစိုးရ၏ ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်မှုများမှာ လျင်မြန်သွက်လက်သည်ဟု သုံးသပ်နိုင်သည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကန့်သတ်ချက်များကို လျှော့ချခဲ့သည်။ ပြည်တွင်းစီးပွားရေးလုပ်ငန်းများအပေါ် ထိန်းချုပ်ထားမှု များကိုလည်း ဖြေလျော့ခဲ့သည်။ အခွန်အခဆိုင်ရာ လျှော့ချမှုများ၊ ဖြတ်တောက်မှုများကိုလည်း ပြုလုပ် ခဲ့ကြသည်။ ပြုပြင်ပြောင်းလဲမှုများကြောင့် စီးပွားရေး အဆောက်အဦ တစ်ခုလုံးနီးပါး တိုးတက်မှုများရှိ လာခဲ့ပြီး၊ လူတစ်ဦးချင်း ဝင်ငွေမှာလည်း ၆ ဆခန့်အထိတက်လာခဲ့သည်ဟု သုတေသီများကထောက် ပြခဲ့ကြသည်။ အစိုးရ၏ အရန်ငွေကြေး ပမာဏမှာ လည်း အမေရိကန်ဒေါ်လာ ၆ သန်းမျှသာ ရှိနေရာမှ သန်းပေါင်း ၃ သိန်းအထိ အဆပေါင်းများစွာ မြင့်မားလာခဲ့သည်။ ပုဂ္ဂလိက ကဏ္ဍ၏ လွတ်လပ် စွာလုပ်ဆောင်နိုင်မှုကို အလေးပေးလျက် အိန္ဒိယ လုပ်ငန်းများ၏ စွန့်ထွင် ကြံဆလုပ်ဆောင်သည့် အလေ့အထကို ပိုမိုအားပေးခဲ့သည်။ သတင်းနှင့် နည်းပညာအပါအဝင် ဝန်ဆောင်မှုကဏ္ဍကို ဖွံ့ဖြိုး အောင်လုပ်ဆောင်ခဲ့သည်။ အမေရိကန်အပါအဝင် အနောက်နိုင်ငံများတွင် သွားရောက်လုပ်ကိုင်နေ ကြသော အိန္ဒိယနိုင်ငံသား လူစွမ်းအားအရင်း အမြစ်များကို ထိရောက်စွာအသုံးချနိုင်ခဲ့သည်ဟ လည်း သုံးသပ်သူများကဆိုကြသည်။ ဤအချက် နှင့်ပတ်သက်၍ ကွန်ပျူတာဆော့ဖ်ဝဲလုပ်ငန်းများ ထွန်းကားရာ ဘင်္ဂလိုမြို့ရှိ နိုင်ငံရပ်ခြားမှ ပြန်လည် ဝင်ရောက်၍ အလုပ်လုပ်ကိုင်နေသော အိန္ဒိယ နိုင်ငံသားလုပ်သားများက သက်သေပြလျက်ရှိသည်။ အင်္ဂလိပ်စကားပြောလုပ်သားများ ပေါများပြီး ကွန်ပျူတာဆော့ဖ်ဝဲလုပ်ငန်း၊ ဆေးဝါးနည်းပညာ ကဏ္ဍတွင် ဦးဆောင်နေသည့် အိန္ဒိယနိုင်ငံသည် ကမ္ဘာ့စီးပွားရေးစူပါပါဝါနိုင်ငံတစ်နိုင်ငံ ဖြစ်လာနေ သည့် တရုတ်နိုင်ငံနှင့် လိုတိုးပိုလျှော့ချိန်ချိန်ဆဆ နှင့် ဆက်ဆံနေသည်ကိုလည်း မြင်တွေ့နေရသည်။ အိန္ဒိယမြင်သော မြန်မာ မြန်မာနိုင်ငံသည် ပထဝီအနေအထား ရှုထောင့်မှကြည့်ပါက အိန္ဒိယနိုင်ငံ၏ အနီးကပ်ဆုံး အာရှဒေသဖြစ်ပြီး အိန္ဒိယ၏ အရှေ့မျှော်ဝါဒ အမြင်ထဲလည်း အနီးကပ်ဆုံး ပုံရိပ်နှင့် အရေးပါ ဆုံးဒေသဖြစ်သည်။ ထို့ပြင်ကုန်းလမ်းခရီးဖြင့်ကြည့် ပါက မြန်မာနိုင်ငံသည် အိန္ဒိယ၏ အရှေ့ဒေသ တစ်ခုလုံးသို့ ဝင်ပေါက်ဖြစ်သကဲ့သို့ ၎င်းင်း၏ ပြိုင်ဘက် တရုတ်နိုင်ငံ၏ပါဝါကို ထိန်းချုပ်နိုင် ရေးအတွက်လည်း အရေးပါသော မဟာဗျူဟာ ကျသည့်တည်နေရာဖြစ်သည်ဟု အိန္ဒိယသုတေသီ များသုံးသပ်ကြသည်ကိုလည်းတွေ့ရသည်။ အိန္ဒိယ ဗဟိုအစိုးရနှင့် အလှမ်းကွာလှသော အရှေ့ မြောက်ဒေသရှိ ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ထိုဒေသရှိလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပဋိပက္ခများ လျော့ပါးသက်သာလာစေရန်အတွက် မြန်မာနိုင်ငံနှင့် နီးကပ်စွာဆက်ဆံနိုင်မှုများမှ အခြေ အနေသစ်များ ဖန်တီးနိုင်စွမ်းရှိသည်ကိုလည်း ယုံကြည်ထားသည်။ ထို့ကြောင့် အိန္ဒိယ၏ အရှေ့ မျှော်ဝါဒအကောင်အထည်ဖော်ရေးတွင် မြန်မာ နိုင်ငံ၏ အခန်းကဏ္ဍမှာ ကြီးမားလျက်ရှိသည်။ အိန္ဒိယနိုင်ငံသည် ၎င်းပြိုင်ဘက် တရုတ် နိုင်ငံမှ အာရှတစ်ခွင်လုံးနီးပါး ချဉ်းကပ်နေစဉ် အတွင်းမှာပင် ဖိလစ်ပိုင်၊ စင်ကာပူ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံများနှင့် ကူးသန်းရောင်းဝယ်ရေး၊ ယဉ်ကျေးမှု၊ စစ်ရေးနယ်ပယ်တို့တွင် ခိုင်မာသော ဆက်ဆံမှုများ၊ သီရိလင်္ကာ၊ ထိုင်း၊ တောင်ကိုရီး ယား၊ ဂျပန်၊ တရုတ်(တိုင်ပေ)နိုင်ငံများနှင့်လည်း ကုန်သွယ် ရေးသဘောတူစာချုပ်များ ချုပ်ဆိုခဲ့ပြန် သည်။ အာရှဒေသတွင်း အဖွဲ့အစည်းများ၏ လှုပ်ရှားမှုတွင် BIMSTEC (ဘင်းစတက်)၊ ASEA (အာဆီယံ)ကဲ့သို့ အဖွဲ့အစည်းများတွင် ပိုမိုပါဝင် လာခဲ့ပြီး အာဆီယံအဖွဲ့ဝင်သစ် ၄ နိုင်ငံဖြစ်သည့် CLMV (ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်) နိုင်ငံများကိုလည်း အကူအညီများ ပံ့ပိုးလျက် ဒေသတွင်းတွင် ၎င်း၏အခန်းကဏ္ဍကို မြှင့်တင်ရေး နည်းလမ်းသစ်များ ရှာဖွေဆောင်ရွက်နေသည်။ အာဆီယံနှင့် ဘင်းစတက်အဖွဲ့များ၏ အဖွဲ့ဝင် လည်းဖြစ်၊ အနီးကပ်ဆုံး အရှေ့ဘက် အိမ်နီးချင်း မြန်မာနိုင်ငံနှင့်လည်း ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုနယ်ပယ်တွင် တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။ အမျိုးသားအကျိုးစီးပွားအတွက် စေ့စေ့ကြည့်ခြင်း အရှေ့မျှော်ဝါဒကို ကျင့်သုံးခဲ့ပြီးနောက် မဟာဗျူဟာကျစွာ အာရှနှင့် ခပ်စိတ်စိတ်ဆက်ဆံ ခဲ့သော အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့် ဆက်ဆံ ရေးတွင်လည်း ပိုမိုအားထည့်၍ ဆောင်ရွက်ခဲ့သည် ကို အထင်းသားတွေ့ရသည်။ အထူးသဖြင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် မျက်မြင် ပင်။ ပင်လယ်ရေကြောင်း ကုန်သွယ်မှုရှိနေစဉ်မှာပင် နှစ်နိုင်ငံကြား နယ်စပ်ကုန်သွယ်ရေးကဏ္ဍ တိုးတက်လာစေရေးအတွက် ၁၉၉၅ ခုနှစ်တွင် တမူး-မိုရေး နယ်စပ်ကုန်သွယ်ရေးစခန်းကိုလည်း ကောင်း၊ ၂၀၀၄ ခုနှစ်တွင် ရိဒ်-ဇိုခေါဒါ စခန်း ကိုလည်းကောင်း ဖွင့်လှစ်ခဲ့သည်။ နောက်ထပ်စခန်းများလည်းဖွင့်လှစ်နိုင်ရန် အားထုတ်နေဆဲဖြစ် သည်။ မြန်မာနိုင်ငံဘက်မှ အိန္ဒိယသို့တင်ပို့သော ကုန်ပစ္စည်းများတွင် လယ်ယာ၊ သစ်တော၊ သားငါး ကဏ္ဍ ထွက်ကုန်များသာဖြစ်ပြီး အိန္ဒိယဘက်မှ မြန်မာနိုင်ငံသို့ ပို့ကုန်တွင် အသေးစား၊ အကြီးစား စက်မှုထုတ်ကုန်များ၊ သံနှင့် သံမဏိထွက်ကုန်များ၊ ဆေးဝါးများသည် အများစုဖြစ်သည်။ ရင်းနှီးမြှုပ် နှံမှုအပိုင်းတွင် အိန္ဒိယနိုင်ငံသည် မြန်မာ့စီးပွား ရေး၏ နယ်စုံပယ်စုံတွင် ဝင်ရောက်ရန် ရည်ရွယ် ထားပြီး ယခုလတ်တလောအခြေအနေတွင် ရေနံ နှင့်သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေး၊ မီးရ ထားလမ်း၊ မော်တော်ကားလမ်း စီမံကိန်းများ၊ ရေ အားလျှပ်စစ်စီမံကိန်းများတွင် အိန္ဒိယရင်းနှီးမြှုပ်နှံ မှုများကို တွေ့နေရသည်။ ၎င်းင်းတို့အနက် ၂၀၀၈ ခုနှစ်က သဘောတူညီခဲ့သော ဒေါ်လာသန်း ၁၂၀ နီးပါးတန်ဖိုးရှိ ကုလားတန်မြစ်ဘက်စုံသုံးသယ်ယူပို့ ဆောင်ရေးလမ်းကြောင်းနှင့် ၂၀၁၀ ခုနှစ်မှစခဲ့သော ဒေါ်လာသန်း ၁၂၀ တန်ဖိုးရှိ စစ်တွေရေနက်ဆိပ် ကမ်းစီမံကိန်းတို့မှာ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ် နှံထားသော စီမံကိန်းများအနက် စိတ်ဝင်စားဖွယ် ကောင်းသော အိန္ဒိယ၏ ရင်းနှီးမြှုပ်နှံမှုများဖြစ် သည်။ ထို့ပြင် တမူး-ကလေး-ရိဒ်-တီးတိန်ကား လမ်းအဆင့်မြှင့်တင်ခြင်း စီမံကိန်းများနှင့် အိန္ဒိယ- မြန်မာ-ထိုင်း သုံးနိုင်ငံအမြန်လမ်းမကြီးစီမံကိန်းများ မှာလည်း အိန္ဒိယ၏ မြန်မာနိုင်ငံထဲသို့ တိုးဝင်လျက် ရှိသောရင်းနှီးမြှုပ်နှံမှုခြေလှမ်းကျဲကြီးများဖြစ်သည်။ အိန္ဒိယနိုင်ငံသည် စီးပွားရေး အရှိန်ကောင်း လာနေပြီဖြစ်သော်လည်း အချို့ကဏ္ဍများတွင် ထိန်းချုပ်မှုများ ရှိနေဆဲဖြစ်ပြီး ဆင်းရဲမွဲတေမှု ပြဿနာကိုလည်း တိုင်းပြည်လူဦးရေ၏ ထက်ဝက် နီးပါး ရင်ဆိုင်နေရသည်။ ငွေဖောင်းပွမှု၊ အစိုးရ ဝန်ထမ်းများ အကျင့်ပျက်ခြစားမှုစသဖြင့် ပြည်တွင်းပြဿနာမျိုးစုံနှင့်လည်း ရင်ဆိုင်နေရဆဲဖြစ်သည်။ ထို့ကြောင့် ပြည်တွင်း ပြဿနာများဖြေရှင်းရင်း ဒေသတွင်း၊ နိုင်ငံတကာအခြေအနေများနှင့် မျက်ခြည်မပြတ် ရင်ဘောင်တန်းနိုင်ရေးအတွက် အိန္ဒိယသည် အရှေ့မျှော်ဝါဒဖြင့် ၂၁ရာစုကို ဆက်လက်ချီတက်နေသည်။ ၎င်းင်းတို့၏အမျိုးသားအကျိုး စီးပွားအတွက် မြန်မာအပါအဝင် အာရှဒေသတစ် ခုလုံးကို မဟာဗျူဟာအရ အလေးထားနေခြင်းဖြစ် သည်ဟု သုံးသပ်နိုင်သည်။ ဒေသတွင်းလုံခြုံရေး၊ ကုန်သွယ်မှုမြှင့်တင်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ၊ နယ်စပ်ဖြတ်ကျော်လမ်းပန်းဆက်သွယ်ရေး စသည်ဖြင့် ၎င်းင်းတို့၏ အမျိုးသားအကျိုးစီးပွား အတွက် အစီအစဉ်များ ရေးဆွဲဆောင်ရွက်နေရာ မြန်မာနိုင်ငံသည်လည်း နှစ်ဖက် အကျိုးစီးပွား သမမျှတစေရေးအတွက် အိန္ဒိယ၏ ခြေလှမ်းများ ကို အမျိုးသားအကျိုးစီးပွား မျက်လုံးများဖြင့် စေ့ စေ့စပ်စပ်ဖြင့် ကြည့်ရှုလေ့လာရန် လိုအပ်ပေသည်။