Background
ထိုင်းနိုင်ငံအစိုးရအနေဖြင့် အစိုးရ ဌာနများအားလုံးကို သုံးနှစ်အတွင်း ဒီဂျစ်တယ်စနစ် အပြည့်အဝ ဖြစ်ပေါ် လာစေရေး ပြောင်းလဲဆောင်ရွက်သွား ရန် ရည်ရွယ်ထားသည်။ ဒုတိယဝန်ကြီးချုပ်ဆုန်ကစ်က အစိုးရဌာနအားလုံး အားဒီဂျစ်တယ် စနစ် အပြည့်အဝဖြစ်လာစေရန်အတွက် ဒီဂျစ်တယ်အစိုးရဖွံ့ဖြိုးတိုးတက်မှု လမ်းပြ မြေပုံ Digital Government develop-ment Roadmap (၂၀၂၀-၂၀၂၂)အတွက် Time Frame ကို ထုတ်ပြန် ကြေညာခဲ့သည်။ အဆိုပါလမ်းပြမြေပုံ အား တရားဝင်ဖြစ်စေရန် အစိုးရအဖွဲ့ သို့ တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လည်း သိရှိရပါသည်။ Mr.Somkid က ၎င်းအနေဖြင့် ဒီဂျစ်တယ်အစိုးရဖွံ့ဖြိုးတိုးတက်ရေး ဌာန Digital Government develop-ment Agen
အခွန်နှုန်းထားများနှင့်ပတ်သက်ပြီး စည်းကြပ်မှုမှလွတ်ကင်း နေသည့် ဝင်ငွေများ အပေါ် ကောက်ခံမည့် ဝင်ငွေခွန်နှုန်းထားကို အမျိုးအစားငါးမျိုးခွဲ၍ ကောက်ခံရန် ပြည်ထောင်စုလွှတ်တော်က စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ပြုလုပ်ခဲ့သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၅)ရက်မြောက်နေ့တွင် ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ မဲခွဲဆုံးဖြတ်ကာ အတည်ပြု လိုက်ပြီဖြစ်ပါသည်။ နိုင်ငံသားမည်သူမဆို အခြေခံပစ္စည်းတစ်ရပ်ရပ်ကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်းသစ် တည်ထောင်ခြင်း၊ လုပ်ငန်း ထပ်မံတိုးချဲ့ဆောင်ရွက်ခြင်းတို့အတွက် အသုံးပြု
ထားဝယ် အထူးစီးပွားရေးဇုန် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် မြန်မာ-ထိုင်း ပူးတွဲကော်မတီ(JCC) ဝန်ကြီးအဆင့် အစည်းအဝေးကို အောက်တိုဘာ ၃ ရက်တွင် နေပြည် တော်ရှိ Park Royal Hotel ၌ ကျင်းပခဲ့ ရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် နှင့် ထိုင်းနိုင်ငံဘက်မှ ပို့ဆောင်ရေး ဝန်ကြီးဌာန ဝန်ကြီး H.E Saksayam Chidchob တို့ တက်ရောက် အဖွင့်အမှာ စကား ပြောကြားခဲ့ကြသည်။ အဆိုပါအစည်းအဝေးသို့ မြန်မာ နိုင်ငံဘက်မှ ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန
မြန်မာနိုင်ငံဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍမြှင့်တင် ခြင်း စီမံကိန်း မိတ်ဆက်ခြင်းအခမ်းအနားကို စက်တင်ဘာ ၂၄ ရက် နံနက် ၉း၃၀ နာရီတွင် နေပြည်တော်ရှိ Horizon Lake View Resort Hotel ၌ ကျင်းပရာ ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ World Trade Organization (WTO) Enhanced Integrated Framework (EIF) အစီအစဉ်၏ မြန်မာနိုင်ငံ ဆိုင်ရာ Focal Point ဖြစ်သူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် ဆွစ်ဇာလန် နိုင်ငံ၊ဂျီနီဗာမြို့ရှိ EIF Executive Director ဖြစ်သူ Dr.
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်ပ နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုကလည်း လွန်စွာပင် အရေးကြီးသည့် အခန်းကဏ္ဍက ပါဝင်နေသည်။ ဈေးကွက်စီးပွားရေးစနစ် ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပေါ် လာရေးအတွက် ပြည်ပမှရင်းနှီးမြှုပ်နှံမှုများကို ဖိတ် ခေါ်ရမည်ဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံအစိုးရအနေဖြင့် တိုင်းပြည်စီးပွားရေး အလျင်အမြန် ဖွံ့ဖြိုးတိုးတက်ရန်အတွက် တွန်းအားပေးဆောင်ရွက် နေသလို ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ မြောက်မြားစွာ ဝင်ရောက်လာ ရေးအတွက်ကိုလည်း စည်းရုံးအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်ကို မြင်တွေ့နေရသည်။ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ပေါ်လာစေရေ
မြန်မာနိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်သော စပါးများကို အုပ်စုများ ခွဲခြားသတ်မှတ်ထားပါ သည်။ စိုက်ပျိုးရေးဌာနက ခွဲခြားထားသော အုပ်စု များမှာ ဧည့်မထ၊ လက်ရွေးစင်၊ ငစိန်၊ မြီးတုံးနှင့် ဗြတ်ဟု ငါးအုပ်စုဖြစ်ပါသည်။ အခြေခံမှာ စပါးစေ့ ၏ အလျား၊ အလျားနှင့်အနံအချိုး၊ ဆန်စေ့အလျား၊ ဆန်စေ့၏ အလျားနှင့်အနံအချိုးတို့ဖြင့် ခွဲခြားထား ပါသည်။ ယခင် ကုန်သွယ်လယ်ယာဌာနသည် ဝယ်ယူရေးအတွက် အခြေခံပြီး စပါးများကို ဧည့် မထ၊ ငစိန်၊ မြီးတုံး၊အထူးဧည့်မထ၊ ကောက်ညှင်း နှင့် ငကျွဲဟုခြောက်အုပ်စု ဖြစ်ပါသည်။ အဆိုပါ အုပ်စုခွဲခြားထားသည်များမှာ မူရင်းမျိုး၊ စပါး၏ အရှည်နှင့် ဗြက်၊ အရည်အသွေးတို့ကိုလိုက်ပြီး ခွဲခြားခြင်းဖြ
ယခု ၂၀၁၉ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်ကုန်ပိုင်း အထိ ကမ္ဘာ့သကြား လိုအပ်ချက်မှာ တန်ချိန် ၂ ဒသမ ၅ သန်းအထိပင်ရှိလာနိုင်ကြောင်း အာဆီယံ သကြားလုပ်ငန်းပူးပေါင်းအဖွဲ့က ခန့်မှန်း သုံးသပ် ထားသည်။ ၂၀၁၉ ခုနှစ်၏ နှစ်ဦးပိုင်းမှ စတင်ပြီး မြန်မာနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံများ၏ သကြားဈေးနှုန်းမှာ ကျဆင်းလာခဲ့ရသည်။ ထိုကဲ့သို့ သကြားဈေးများ ကျဆင်းလာမှု ကြောင့် အာဆီယံ သကြားလုပ်ငန်း ပူးပေါင်းအဖွဲ့ သည် ၂၀၁၉ ခုနှစ် ဇွန်လက ဗီယက်နမ်နိုင်ငံ ဟိုချီ မင်းမြို့တွင် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့သေး သည်။ အဆိုပါ အစည်းအဝေးမှ ကမ္ဘာ့သကြား လိုအပ်ချက်နှင့်ပတ်သက်ပြီး ခန့်မှန်းချက်တစ်ရပ် ထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။