Background
အစိုးရက စွက်ဖက်ပါရစေဟုဆိုလျှင် နိုင်ငံ ရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းကို လွတ်လွတ်လပ်လပ် ကိုယ်ထင်ရာလုပ်ကိုင်လိုသူများက ကြိုက် ကြမည် မထင်ပါ။ အထူးသဖြင့် စီးပွားရေးလုပ်ငန်း ရှင်များက အစိုးရနှင့် ဆက်ဆံရသောလုပ်ငန်းများ တွင် အစိုးရက တတ်နိုင်သမျှ လျှော့စေလိုသည်။ လုံးဝမပတ်သက်လို အစိုးရက ပါဝင်မှုမရှိလျှင် ပိုကောင်းသည်ဟု ယူဆကြသည်များကို မကြာ ခဏပွတ်တိုက်မိနေပါသည်။ အစိုးရက စွက်ဖက် သည်ဟုဆိုရာတွင် နိုင်ငံနှင့်ချီသော လုပ်ငန်းများ တွင် အစိုးရကဏ္ဍက မပါဝင်လျှင် မရသည်များရှိသည်ကို ပုဂ္ဂလိကလုပ်ငန်းရှင်များ နားလည်ရန် လိုအပ်ပါသည်။ အစိုးရ၏ စည်းမျဉ်းစည်းကမ်းမူ ဘောင်များသည် စီးပွားရေး လုပ်ငန်းများ
လယ်ယာကဏ္ဍကိုအခြေခံထားသည့် မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်အများအပြားတင်ပို့နေသည်သာမကဘဲ ပဲမျိုးစုံကို လည်း တင်ပို့ရောင်းချမှုရှိနေသည်။ ထိုကဲ့သို့ ပဲမျိုးစုံတင်ပို့ရောင်းချနေရာတွင် မြန်မာ့ပဲဈေး ကွက်မှာ အိန္ဒိယနိုင်ငံကိုသာ အဓိကအားထား နေရသည်မှာ ကာလအတော်ကြာပြီဖြစ်သည်။ အိန္ဒိယနိုင်ငံဈေးကွက်ကိုသာအားထားနေရသည့် မြန်မာ့ပဲ ဈေးကွက်မှာ ကျဉ်းမြောင်းလှသည်။ ပဲတင်သွင်းမှုများပြားသည့် တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံများသို့လည်း ပဲတင်သွင်းနိုင်အောင် ကြိုးပမ်းကြရမည်ဖြစ်သည်။ ထို့အပြင် ပဲတီစိမ်းကို ကမ္ဘာနှင့်အဝန်း စားသုံးလျက်ရှိရာ မြန်မာ့ပဲတီစိမ်းကို ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက် နိုင်ရန် ကြိုးစားအားထုတ
အာဖရိက နိုင်ငံတစ်နိုင်ငံဖြစ်သည့် အိုင်ဗရီကို့စ်နိုင်ငံက မြန်မာနိုင်ငံမှ တင်ပို့သည့် ဆန်တန်ချိန် ၁၈၀၀၀ ကို စားသုံးရန်မသင့် ဟုဆိုကာ ဖျက်ဆီးလိုက်ကြောင်း Ghana Web သတင်းဌာနနှင့် Africa News သတင်းဌာန တို့က ဧပြီ ၁၇ ရက်တွင် ရေးသားဖော်ပြ လာကြသည်။ အဆိုပါသတင်းမှာ မြန်မာ့ဆန်ဈေးကွက်ကို ထိခိုက်စေသည်သာမကဘဲ မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကိုလည်း များစွာကျဆင်း စေခဲ့သည်။ Ghana Web သတင်းဌာန၏ အဆိုအရ မြန်မာနိုင်ငံမှ တင်ပို့ လာသည့်ဆန်ကို အိုင်ဗရီကို့စ်နိုင်ငံသာမကဘဲ တခြားအာဖရိကနိုင်ငံများဖြစ်သည့် တိုဂိုနှင့် ဂါနာနိုင်ငံများကလည်း မြန်မာ့ဆန်ကို လက်ခံခြင်းမရှိဘဲ ငြင်းဆန်ခဲ့ကြောင်းသိရသည်။ အိုင်ဗရီကို့စ်နိုင်ငံ
နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်နှင့်အတူ ပိုမိုဖွံ့ဖြိုး တိုးတက်လာတော့မည့် ချင်းရွှေဟော်ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက် မှုသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည့်စုံကြွယ်ဝမှုတို့ အတွက် အဓိက ကျသည့်အချက်ဖြစ်ပါတယ်။ ကုန်သွယ်မှုသည် စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန်အတွက် အဓိကမောင်းနှင်အားတစ်ရပ် ဖြစ်ပါတယ်။ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်တွင်းကုန် သွယ်မှုသာမက နိုင်ငံတကာနှင့် ကုန်သွယ်မှုလုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်နိုင်ရေးသည် မဖြစ်မနေဆောင်ရွက်ရမည့် ကဏ္ဍတစ် ရပ်ဖြစ်သည့်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ပြည်ပနိုင်
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကို ဥရောပသမဂ္ဂ မှ စောင့်ကြည့်လျက်ရှိသည်ကို လူတိုင်းသိထားပြီးဖြစ်ပါတယ်။ အဲ့ဒီလို စောင့်ကြည့်မှုများနောက်ကွယ်ကနေ ကုန်သွယ်မှု အပေါ်မည်ကဲ့ သို့အကျိုးသက်ရောက်မှု ရှိလာမည်ဆိုသည်ကို ရင်တထိတ်ထိတ်နဲ့ စောင့်နေကြရတယ်။
ဥရောပသမဂ္ဂ (EU) ဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်နေသည့် နိုင်ငံ ၂၈ ခုကို ပေါင်းစည်းထားပြီး ကမ္ဘာ့အကောင်းဆုံး စီးပွားရေး ဘုံစနစ် တစ်ခုကို ပိုင်ဆိုင်ထားသည့် နိုင်ငံ၊ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ EU နိုင်ငံတွေရဲ့ပြည်တွင်းအသားတင် ထုတ်လုပ်မှုGDP ယူရို ၁၅ ဒသမ ၃ ထရီလီယံ အထိရှိ ခဲ့လို့ အမေရိကန်ပြည်ထောင်စုထက်ပင် ပမာဏပိုမိုခဲ့ပြီး ကမ္ဘာ့ကုန်သွယ်မှုရဲ့၁၅ ရာခိုင်နှုန်းခန့်အထိရှိခဲ့ပါတယ်။ EU ၊ တရုတ်၊ အမေရိကန်တို့ဟာ ကမ္ဘာ့ကုန်သွယ်မှုအင်အားကြီးနိုင်ငံများအဖြစ် ရပ်တည်နေတာလည်း ဖြစ်ပါ တယ်။
မြန်မာနိုင်ငံသည် ၁၉၉၁ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ကမ္ဘာ့ အကောက်ခွန်အဖွဲ့၏ အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပြီး ၁၉၉၄ ခုနှစ် ဒီဇင် ဘာ ၅ ရက်တွင် အပြည်ပြည်ဆိုင်ရာ စည်းဝါးညီကုန်ပစ္စည်း အမျိုး အစား ခွဲခြား သတ်မှ တ်ခြ င်းနှ င့် သင်္ကေတ အမှတ်အသားပေးခြင်းဆိုင်ရာသဘောတူညီချက် (The International Convention on The Harmonized Commodity Description and Coding System (HS) ၏ စာချုပ်အဖွဲ့ဝင်နိုင်ငံ ဖြစ်လာ ခဲ့ပါ သည်။ ထို့အပြင် မြန်မာနိုင်ငံသည် ၁၉၉၇ခုနှစ်ဇူလိုင်လ ၂၃ရက်နေ့တွင်အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာ ခဲ့ပါသည်။ မြန်မာနိုင်ငံ အကောက်ခွန်ဦးစီးဌာနအနေဖြငHS Con- vention =စာချုပ်အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် ကုန် ပစ္စည်း အမ
မန်မာနိုင်ငံသည် ဒေသတွင်း တိုင်းပြည်များနှင့် နှိုင်းယှဉ်လျှင် ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး တိုင်းပြည်စာရင်းတွင်ရှိနေပြီး အာဆီယံ ၁၀ နိုင်ငံတွင်လည်း မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုGDP သည် (၇)အဆင့်တွင်သာ ရှိနေပါတယ်။ တစ်ဦးချင်းဝင်ငွေရရှိမှုတွင်လည်း အိမ်နီးချင်းတရုတ်၊ ထိုင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက များစွာ နိမ့်ကျ နေတာကို တွေ့ရပါတယ်။ ၂၀၁၅ ခုနှစ်စာရင်းအရ စီးပွားရေးလုပ် ကိုင်ရန် လွယ်ကူမှုအညွှန်းကိန်း (Ease Of Doing Business Index )ကို အာဆီယံနိုင်ငံအလိုက် နှိုင်းယှဉ်လေ့လာလျှင် မြန်မာနိုင်ငံသည် အောက်ဆုံးအနေအထားတွင် တွေ့ရပါတယ်။ နိုင်ငံပေါင်း ၁၈၉နိုင်ငံ အနက် မြန်မာနိုင်ငံ၏ အဆင့်သည် ၁၆၇ နေ
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံတစ်နိုင်ငံဖြစ်သကဲ့သို့ မြန်မာ့ရေမြေ သဘာဝ သည်လည်း စိုက်ပျိုးရေးအတွက် ကောင်းမွန်ဖြစ်ထွန်းသည့် ရာသီဥတုရရှိပါသည်။ သို့အတွက် မြန်မာနိုင်ငံ ဒေသအနှံ့အပြား သည် ဒေသအလိုက် အောင်မြင်ဖြစ်ထွန်းသည့် သီးနှံများစိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ ဥပမာ-ဧရာဝတီတိုင်းဒေသကြီးတွင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု အများဆုံးထွက်ရှိသည့် တိုင်း ဒေသကြီးအဖြစ် လည်းကောင်း၊ မကွေး တိုင်းဒေသကြီး တွင် ဆီထွက်သီနှံ အများဆုံးထွက်ရှိသည့် တိုင်း ဒေသကြီးအဖြစ် လည်းကောင်း၊ ရှမ်းပြည်နယ်သည်လည်း ကော်ဖီ၊ ထောပတ်၊ လိမ္မော်အစရှိသည့် သီးနှံ များအောင်မြင် ဖြစ်ထွန်းလျက်ရှိသည့် တိုင်းဒေသကြီး /ပ