Main menu

Background

Tuesday, 1 Oct 2019

      မြန်မာနိုင်ငံဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍမြှင့်တင် ခြင်း  စီမံကိန်း မိတ်ဆက်ခြင်းအခမ်းအနားကို စက်တင်ဘာ ၂၄ ရက် နံနက် ၉း၃၀ နာရီတွင် နေပြည်တော်ရှိ Horizon Lake View Resort Hotel ၌  ကျင်းပရာ ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ World Trade Organization (WTO) Enhanced Integrated Framework (EIF) အစီအစဉ်၏ မြန်မာနိုင်ငံ ဆိုင်ရာ  Focal Point ဖြစ်သူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့်  ဆွစ်ဇာလန် နိုင်ငံ၊ဂျီနီဗာမြို့ရှိ EIF Executive Director ဖြစ်သူ Dr.

Thursday, 5 Sep 2019

      နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်ပ နိုင်ငံများ၏   ရင်းနှီးမြှုပ်နှံမှုကလည်း  လွန်စွာပင် အရေးကြီးသည့် အခန်းကဏ္ဍက ပါဝင်နေသည်။ ဈေးကွက်စီးပွားရေးစနစ် ကျယ်ကျယ် ပြန့်ပြန့်  ဖြစ်ပေါ် လာရေးအတွက် ပြည်ပမှရင်းနှီးမြှုပ်နှံမှုများကို ဖိတ် ခေါ်ရမည်ဖြစ်သည်။ လက်ရှိ    မြန်မာနိုင်ငံအစိုးရအနေဖြင့်   တိုင်းပြည်စီးပွားရေး အလျင်အမြန် ဖွံ့ဖြိုးတိုးတက်ရန်အတွက်  တွန်းအားပေးဆောင်ရွက် နေသလို ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ မြောက်မြားစွာ ဝင်ရောက်လာ ရေးအတွက်ကိုလည်း စည်းရုံးအကောင်အထည်ဖော်  ဆောင်ရွက် လျက်ရှိသည်ကို မြင်တွေ့နေရသည်။ တာဝန်ယူမှုရှိသော  ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ပေါ်လာစေရေ

Monday, 2 Sep 2019

       မြန်မာနိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်သော  စပါးများကို  အုပ်စုများ  ခွဲခြားသတ်မှတ်ထားပါ သည်။ စိုက်ပျိုးရေးဌာနက  ခွဲခြားထားသော အုပ်စု များမှာ ဧည့်မထ၊ လက်ရွေးစင်၊ ငစိန်၊  မြီးတုံးနှင့် ဗြတ်ဟု ငါးအုပ်စုဖြစ်ပါသည်။ အခြေခံမှာ စပါးစေ့ ၏ အလျား၊ အလျားနှင့်အနံအချိုး၊ ဆန်စေ့အလျား၊ ဆန်စေ့၏ အလျားနှင့်အနံအချိုးတို့ဖြင့် ခွဲခြားထား ပါသည်။  ယခင်  ကုန်သွယ်လယ်ယာဌာနသည် ဝယ်ယူရေးအတွက် အခြေခံပြီး  စပါးများကို ဧည့် မထ၊ ငစိန်၊ မြီးတုံး၊အထူးဧည့်မထ၊ ကောက်ညှင်း နှင့်  ငကျွဲဟုခြောက်အုပ်စု  ဖြစ်ပါသည်။  အဆိုပါ အုပ်စုခွဲခြားထားသည်များမှာ  မူရင်းမျိုး၊ စပါး၏ အရှည်နှင့်  ဗြက်၊  အရည်အသွေးတို့ကိုလိုက်ပြီး ခွဲခြားခြင်းဖြ

Wednesday, 21 Aug 2019

   ယခု ၂၀၁၉ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်ကုန်ပိုင်း အထိ ကမ္ဘာ့သကြား  လိုအပ်ချက်မှာ တန်ချိန် ၂ ဒသမ ၅ သန်းအထိပင်ရှိလာနိုင်ကြောင်း အာဆီယံ သကြားလုပ်ငန်းပူးပေါင်းအဖွဲ့က  ခန့်မှန်း သုံးသပ် ထားသည်။ ၂၀၁၉ ခုနှစ်၏  နှစ်ဦးပိုင်းမှ စတင်ပြီး မြန်မာနိုင်ငံ  အပါအဝင်   အာဆီယံနိုင်ငံများ၏ သကြားဈေးနှုန်းမှာ ကျဆင်းလာခဲ့ရသည်။ ထိုကဲ့သို့ သကြားဈေးများ ကျဆင်းလာမှု ကြောင့် အာဆီယံ သကြားလုပ်ငန်း ပူးပေါင်းအဖွဲ့ သည် ၂၀၁၉ ခုနှစ် ဇွန်လက ဗီယက်နမ်နိုင်ငံ ဟိုချီ မင်းမြို့တွင် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့သေး သည်။ အဆိုပါ အစည်းအဝေးမှ ကမ္ဘာ့သကြား လိုအပ်ချက်နှင့်ပတ်သက်ပြီး ခန့်မှန်းချက်တစ်ရပ် ထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

Thursday, 15 Aug 2019

မြန်မာ့ဆန်များ ပြည်ပဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင် ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ဆန်စက်များ၏ ထုတ် လုပ်မှုကျင့်စဉ်များ၊ သန့်ရှင်းရေးကောင်းများ၊ဆန်စက်များ၏ အရည် အသွေးအဆင့်အတန်းများ စသည်တို့ကို အလေးထားဆောင်ရွက်သင့် ပေသည်။ ၂၀၁၉ ခုနှစ် မေလခန့်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်တန်ချိန် တစ်သိန်းတင်ပို့နိုင်ရန်အတွက် သက်ဆိုင်ရာနယ်ပယ်မှ တာဝန်ရှိသူများက ဆန်စက်အရည်အချင်း စစ်ဆေးကြရာတွင် အား နည်းချက်များစွာတွေရှိခဲ့ရသည်။ အဆိုပါ ဆန်တန်ချိန်တစ်သိန်းတင် ပို့ရန်အတွက် လျှောက်ထားသည့် ဆန်စက်စုစုပေါင်း ၁၀၃ စက်ရှိပြီး ထိုဆန်စက်များကို တရုတ်နိုင်ငံနှင့် ရေးထိုးခဲ့သော Quarantine Protocol လိုအပ်သောအချက်အလက်မ

Wednesday, 7 Aug 2019

         လက်ဖက်လေးတစ်ပန်းကန် စားမည်ဆိုလျှင် ကြက်သွန်ဖြူ လေးနှင့်မှ လေကျေပြီး  စားကောင်းသည်ဟု ယူဆမိပါသည်။ အနံ့ လေးသင်းသင်းနှင့် အရသာကောင်းသော ရှမ်းကြက်သွန်ဖြူနှင့် လက်ဖက်ကိုစားချင်သဖြင့် ရှမ်းကြက်သွန်ဖြူကို နွှာရန်ကြိုးစားမိပါသည်။ သို့ရာတွင် ရှမ်းကြက်သွန်ဖြူကနွှာရာတွင် အမြွှာသေးလေးများကြောင့် ခွာရခက်နေသဖြင့် ကြက်သွန်ဖြူမထည့်သော လက်ဖက်တစ်ပန်းကန်ကိုသာ စားခဲ့ဖြစ်သည်။ ကြက်သွန်ဖြူဟု ဆိုသည်နှင့် အရွယ်အစားသေးငယ်သော မြန်မာကြက်သွန်ဖြူနှင့် ရှမ်းကြက်သွန် ဖြူများနှင့် အမြွှာလည်းကြီးမား၊ ခွာရလည်းလွယ်ကူသော ကြူကုတ် ကြက်သွန်ဖြူများကို နှိုင်းယှဉ်မြင်ယောင်မိကြမည်သာဖြစ်ပါသည်။ မြန်မာ အိမ်ရှင်မများကိုမေးကြည့်လ

Thursday, 1 Aug 2019

ကုန်သွယ်မှုပြုရာတွင် မိမိနိုင်ငံ၏စိုက်ပျိုးထုတ်လုပ်မှုကို အခြေခံ၍ ပြည်ပဈေးကွက်ရှာဖွေရသလို ပြည်ပဈေးကွက်အရ ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှု များကိုလည်း ပြောင်းလဲဆောင်ရွက်ရန်လည်း လိုအပ်ပါတယ်။ မိမိတို့ရည်မှန်းထားသောဈေးကွက်များအတွက် ဈေးကွက်ရှိသော နိုင်ငံရဲ့ကုန်သွယ်မှုမူဝါဒများကိုလည်း သိရှိထားရန် လိုအပ်ပါတယ်။ မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်မှုများပြုရာတွင် တရုတ်နိုင်ငံဟာ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်တဲ့အတွက် တရုတ် နိုင်ငံရဲ့ ကုန်သွယ်မှုမူဝါဒများ အနက် သကြားတင်သွင်းမှု မူဝါဒများကို လေ့လာကြည့်ခဲ့ပါတယ်။ တရုတ်ပြည်သူသမ္မတနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOFCOM) က ၂၀၁၈ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် ကြေညာ

Pages