Background
(၆၈)ကြိမ်မြောက် ဗန်ကောက် လက်ဝတ် ရတနာပြပွဲကို ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ the Queen Sirikit National Convention Center (QSNCC) ကျင်းပလျက်ရှိပါကြောင်း၊ ယင်းပြပွဲသို့ ရောင်းသူ/ဝယ်သူနှင့် ဧည့်သည်၃၀ဝ၀ဝ ဦးရေခန့် လာရောက်မည်ဟု ခန့်မှန်းထားကြောင်း၊ ကုန် သွယ်မှု တန်ဖိုးဘတ် ၃ ဘီလီယံကျော် ရရှိနိုင်မည် ဟု မျှော်လင့်ရကြောင်း အပြည်ပြည်ဆိုင်ရာ ကုန် သွယ်မှု မြှင့်တင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဖြစ်သူ l Mr. Phusit Ratanakul Sereroengrit က ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ ဖွင့်ပွဲ မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
နေထိုင်မှုကုန်ကျစရိတ်နှင့် ထုတ်ကုန်ဈေးနှုန်း များအနက် ထုတ်ကုန်ဈေးနှုန်းများနှင့် ကိုက်ညီမှု ရှိစေရေးသည် ၎င်း၏ ဦးစားပေးများထဲက တစ်ခုဖြစ် ကြောင်း၊ ပို့ကုန်ဈေးကွက်အသစ်များ ရှာဖွေရေးကို လည်း အရှိန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ထိုင်းကုန်သည်များအတွက် အခွင့်အလမ်း များ ပေါ်ပေါက်စေရေး ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းမှု များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ဝန်ကြီးအသစ်ဖြစ်သူ l Mr. Phumtham Wecha-yachaiက ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ် ပထမ ခြောက်လပတ်အတွင်း ဖိလစ်ပိုင်နိုင်ငံတွင် ဆန်စပါးထုတ်လုပ်မှု မြင့် တက်လာခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက သြဂုတ် ၁၅ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့ သည်။
ဖိလစ်ပိုင်စာရင်းအင်း အာဏာပိုင်အဖွဲ့က အတည်ပြု ထုတ်ပြန်သည့် ကိန်းဂဏန်းအချက် အလက်များအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇွန် လအထိ ဆန်စပါးထွက်ရှိမှုနှုန်းသည် မက်ထရစ် တန် ကိုးသန်းရှိပြီး ၂၀၂၁ ခုနှစ်နှင့်၂၀၂၂ ခုနှစ် အလားတူကာလက ထွက်ရှိမှုမှာ မက်ထရစ်တန် ၈ဒသမ၇ သန်းသာရှိခဲ့၍ အထွက်နှုန်း မြင့်တက် ခဲ့ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ယခုနှစ် ပထမ ခုနစ်လအတွင်း နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုသည် ဘတ် ၅၈ ဒသမ ၉ ဘီလီဘံထိ မြင့်တက် လာကြောင်း၊ ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံ ငါးနိုင်ငံ မှာ ဂျပန် (ဘတ် ၁၉ ဒသမ ၈၉ ဘီလီယံ)၊ စင်ကာပူ (ဘတ် ၁၂ ဒသမ ၉၂ ဘီလီယံ)၊ တရုတ် (ဘတ် ၁၁ ဒသမ ၅၅ ဘီလီယံ) ၊ အမေရိကန် (ဘတ် ၃ ဘီလီယံ)နှင့် ဂျာမနီ (ဘတ် ၁ ဒသမ ၂၉ ဘီလီယံ) အသီးသီးဖြစ် ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှ ထိုင်းနိုင်ငံသား ၃၅၉၄ ဦးအတွက် အလုပ်အကိုင်များ ဖန်တီးပေးနိုင် ခဲ့ကြောင်း အစိုးရ၏ ဒုတိယပြောရေးဆိုခွင့်ရှိသူMs. Rachada Dhnadirek က ပြောကြားခဲ့သည်။
နိုင်ငံအများအပြားက ဆန်တင်ပို့မှု တားမြစ်ပြီးနောက် ဆန်တင်ပို့မှုနှင့် ဈေးကွက်တည်ငြိမ်ရေး မဟာဗျူဟာကို စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန (MOIT) က ရေးဆွဲနေကြောင်း MOIT၏ ပို့ကုန်သွင်းကုန်ဌာနက လက်ထောက် ညွှန်ကြားရေးမှူးTran Quoc Toan က ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ် သြဂုတ်လပထမ ရက် ၂၀ အတွင်း တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်တင်ပို့မှုသည် ယခင် နှစ် အလားတူကာလကတင်ပို့မှုဝင်ငွေနှင့် နှိုင်းယှဉ် လျှင် ၁၆ဒသမ၅ ရာခိုင်နှုန်းကျဆင်းခဲ့သည်ဟု ကိုရီး ယားအကောက်ခွန်ဝန်ဆောင်မှုဌာန (Korea Customs Service) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ နိုင်ငံ၏အဓိကပို့ကုန်ဖြစ်သည့် ချစ်ပ်ပြားများနှင့် ရေနံ ထွက်ပစ္စည်းများ တင်ပို့မှု လျော့ကျခဲ့၍ ပို့ကုန်တင်ပို့မှု ကျဆင်းခဲ့ရသည်ဟု သြဂုတ်၂၁ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
ထိုင်းနိုင်ငံ၏ အဓိက ကုန်သွယ်ဖက်နိုင်ငံများ၏ စီးပွားရေး နှေးကွေး နေမှုနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမတည်ငြိမ်မှုများ ဖြစ်စေသော နိုင်ငံရေး ပဋိပက္ခအပါအဝင် ပြဿနာများစွာသည် ထိုင်းပို့ကုန်ကဏ္ဍတွင် ကြုံတွေ့ နေရဆဲဖြစ်ကြောင်း၊ပို့ကုန်လုပ်ငန်းရှင်များကလည်း ပို့ကုန်တိုးမြှင့်ရန် လိုအပ် သော လုပ်ငန်းစဉ်များဆောင်ရွက်ရန် ဘဏ္ဍာငွေများ လျာထားနိုင်ရေးအတွက် အစိုးရသစ်တစ်ခု အမြန်ဖွဲ့စည်းရေးကို တောင်းဆိုနေကြကြောင်း ထိုင်းပို့ကုန် လုပ်ငန်းရှင်များကောင်စီ၏ဥက္ကဋ္ဌဖြစ်သူ Mr. Chaichan Chareonsuk က ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ၏ အမျိုးသား အီလက်ထရွန်နစ်ကူးသန်း ရောင်းဝယ်ရေးမူဝါဒသစ် (မူကြမ်း)ကို လာမည့် သီတင်းပတ် အနည်းငယ်အတွင်း ထုတ်ပြန်ကြေညာသွားဖွယ်ရှိကြောင်း အိန္ဒိယထိပ်တန်းသတင်းဌာန အသီးသီးက ဖော်ပြသည်။
ထိုင်းနိုင်ငံ၏ ပို့ကုန်သည် ယခုနှစ်အတွင်း ၁ဒသမ၂ ရာခိုင်နှုန်းနှင့် ၂ဒသမ ၅ ရာခိုင်နှုန်းကြား ကျုံ့နိုင်ဖွယ်ရှိသည်ဟု ထိုင်းနိုင်ငံ ွှ့န ့ညငလနမျငအပ သ် ွှ့ငေ ဃော့ဘနမ သ် ဃသာနမခန (ွှ့ဃဃ) က ခန့်မှန်းထားကြောင်း၊ ယင်း ရာခိုင်နှုန်းများသည် သုံးနှစ်အတွင်း အနိမ့်ဆုံးအဆင့်ဖြစ်ကြောင်း သိရှိရသည်။
အိန္ဒိယအစိုးရသည် ဘာစမာတီမဟုတ်သည့် ဆန်ဖြူ တင်ပို့မှုကို တားမြစ်သည့် အမိန့်ကြော်ငြာစာကို ကြာသပတေး နေ့က ထုတ်ပြန်ခဲ့ကြောင်းThe Economic Times သတင်းစာ တွင် ဖော်ပြထားသည်။