Background
အိန္ဒိယနိုင်ငံ၏ အမျိုးသား အီလက်ထရွန်နစ်ကူးသန်း ရောင်းဝယ်ရေးမူဝါဒသစ် (မူကြမ်း)ကို လာမည့် သီတင်းပတ် အနည်းငယ်အတွင်း ထုတ်ပြန်ကြေညာသွားဖွယ်ရှိကြောင်း အိန္ဒိယထိပ်တန်းသတင်းဌာန အသီးသီးက ဖော်ပြသည်။
ထိုင်းနိုင်ငံ၏ ပို့ကုန်သည် ယခုနှစ်အတွင်း ၁ဒသမ၂ ရာခိုင်နှုန်းနှင့် ၂ဒသမ ၅ ရာခိုင်နှုန်းကြား ကျုံ့နိုင်ဖွယ်ရှိသည်ဟု ထိုင်းနိုင်ငံ ွှ့န ့ညငလနမျငအပ သ် ွှ့ငေ ဃော့ဘနမ သ် ဃသာနမခန (ွှ့ဃဃ) က ခန့်မှန်းထားကြောင်း၊ ယင်း ရာခိုင်နှုန်းများသည် သုံးနှစ်အတွင်း အနိမ့်ဆုံးအဆင့်ဖြစ်ကြောင်း သိရှိရသည်။
အိန္ဒိယအစိုးရသည် ဘာစမာတီမဟုတ်သည့် ဆန်ဖြူ တင်ပို့မှုကို တားမြစ်သည့် အမိန့်ကြော်ငြာစာကို ကြာသပတေး နေ့က ထုတ်ပြန်ခဲ့ကြောင်းThe Economic Times သတင်းစာ တွင် ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံအစိုးရသည် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ တစ် ထရီလီယံခန့်ရှိလာမည့် တိုင်းပြည်၏ ဒစ်ဂျစ်တယ် စီးပွားရေးအဆောက်အအုံ ၏ အမှန်တကယ်ရှိမည့် အရွယ်အစား ကို တိုင်းတာရန် ပုဂ္ဂလိကအေဂျင်စီ တစ်ခုအား ငှားရမ်းရန် စီစဉ်လျက်ရှိ ကြောင်း တရားဝင် စာရွက်စာတမ်း တစ်ခုအရ သိရသည်။
၂၀၂၃ ခုနှစ် ဇွန်လတွင် တောင်ကိုရီးယားနိုင်ငံအတွင်း စားသုံး သူဈေးနှုန်း တိုးတက်မှုနှုန်း နှေးကွေးလာသည်မှာ ငါးလ ဆက်တိုက် မှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်သကဲ့သို့ ၃ ရာခိုင်နှုန်းအောက် ကျဆင်း လာသည်မှာလည်း ၂၁ လတာကာလအတွင်း ပထမဆုံးလအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ၏ စာရင်းအင်း ဌာနက ၄-၇-၂၀၂၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
၂၀၂၃ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံသို့နိုင်ငံခြားတိုက်ရိုက် ရင်းနှီး မြှုပ်နှံမှု (ငှီ်ု္) စီးဝင်မှု ကျဆင်းလာကြောင်းနှင့် ယခင်ကတည်းက ရင်းနှီးမြှုပ်နှံမှုစီးဝင်မြဲနိုင်ငံများဖြစ်သည့် အမေရိကန်ပြည်ထောင်စု၊Mauritius၊ နယ်သာလန်နှင့် Cayman ကျွန်းစုတို့မှ အရင်းအနှီး စီးဝင် မှုများ သိသိသာသာ လျော့ကျကာ စင်ကာပူနှင့် ့ဗန နိုင်ငံတို့မှ အရင်းအနှီးစီးဝင်မှု သိသိသာသာ မြင့်တက်လာကြောင်း တရားဝင် စာရင်းများအရ သိရသည်။
တောင်ကိုရီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ အကြား ၈ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် အဖြစ် နှစ်နိုင်ငံတိုက်ရိုက် ငွေကြေးလဲလှယ် အသုံး ပြုနိုင်ရေးအတွက် ၂၉-၆-၂၀၂၃ရက်က သဘော တူညီမှုရရှိခဲ့ကြောင်း ဖော်ပြထားသည်။
တရုတ်နိုင်ငံ ယူနန်တက္ကသိုလ်မှ သုတေသီများသည် အာဖရိကမှ တောရိုင်းနှစ်ရှည်ပင် မျိုးစိတ်ဖြင့် နှစ်စဉ်ပုံမှန် Oryza sativa ကိုဖြတ်၍ နှစ်စဉ် စိုက်ပျိုးရန် မလိုအပ်သော PR23 အမည်ရှိ နှစ်ရှည်ဆန်မျိုးစုံကို တီထွင်ထုတ်လုပ်ခဲ့ကြောင်း၊ ရာသီတိုင်း စိုက်ပျိုးသော ပုံမှန်စပါးများနှင့် မတူကြောင်း၊ PR23 သည် လေးနှစ်တစ်ကြိမ် စိုက်ပျိုး၍ လေးနှစ်တွင် ရှစ်ကြိမ်ဆက်တိုက် ရိတ်သိမ်းနိုင်ကြောင်း၊ ရိတ်သိမ်းပြီးတိုင်း သန်မာသော အမြစ်ပါသည့် အပင်များဖြစ်ကြောင်း၊ PR23 အထွက်နှုန်းမှာ တစ်ဟက်တာလျှင် ရှစ်တန်ဖြစ်ကြောင်း အစီရင်ခံတင်ပြထားပြီး ပုံမှန်ရေသွင်းစပါးနှင့် နှိုင်းယှဉ်နိုင်ကြောင်း၊ သို့သော် စိုက်ပျို
ကမ္ဘာ့စီးပွားရေးကျဆင်းမှုနှင့် ပထဝီဝင်နိုင်ငံရေးအပြောင်းအလဲများကြားတွင် ဘေဂျင်းနှင့် ဘရပ်ဆဲလ်တို့ကြား စည်းလုံးညီညွတ်မှုနှင့် မဟာဗျူဟာမြောက်ဆက်ဆံရေးကို မြှင့်တင်ခြင်းသည် ဥရောပသမဂ္ဂခေါင်းဆောင် Charles Michel ၏ တရုတ်နိုင်ငံသို့ လာရောက်မည့်ခရီးစဉ်အတွင်း အစီအစဉ်တွင် ထိပ်တန်းမှ ပါဝင်လိမ့်မည်ဖြစ်ကြောင်း တာဝန်ရှိသူများနှင့် ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ဆောင်းရာသီထုတ်ကုန်များဖြစ်သော အနွေးထည်၊ ဘောင်းဘီ၊ ခြေအိတ်များမှအစ လျှပ်စစ်အပူပေး စက်များအထိ တင်ပို့မှုသည် ယူကရိန်းအကျပ်အတည်းနှင့် စွမ်းအင်ထောက်ပံ့မှု ကွာဟချက်ကြောင့် အခက်အခဲ ကြုံနေရသည့် ဥရောပသားများ ဆောင်းရာသီ အအေးဒဏ် ကြိုတင် ပြင်ဆင်ရန်အတွက် တရုတ်ရောင်းချသူများထံ ရောက်ရှိလာ သည့် ဆောင်းတွင်းသုံး ပစ္စည်းများ အမှာစာ မြင့်တက်လာခဲ့ ကြောင်း သိရှိရသည်။